Powered By Blogger

Saturday, December 19, 2015

ကိန်းခန်း တာဝန်ကျေ တကယ့် ဖြစ်ရပ်...



ကိန်းခန်း  တာဝန်ကျေ တကယ့် ဖြစ်ရပ်...
-------
ကိန်းခန်ုးဆိုတာ ...ဥပမာ အင်္ဂါ သက်ရောက်နဲ့  ဟူးသက်ရောက်မှာ  ( တနင်္လာနံ +သောကြာနံ အတွဲ နိစ္စပြကြိုးတွဲ အနိဌာရုံများ တိုက်ဆိုက်ခြင်းသဘော သွားကျိုး သွားကိုက် သူခိုးကိန်း ကိုကျော်သိန်း ကိုသန့် ကျော် ဒုက္ခရောက် ဒုက္ခပေး  နဲ့  ချောင်းသာ အရပ်သွားရင် အန္တရာယ်များ သဘောက ကိန်းခန်းသဘော

တာဝန်ကျေသဘောက အဲ့  နံတွဲကိုကောက်ပြီး ဒီသက်ရောက်မှာ ချောင်းသာမသွားနဲ့ ငွေဆောင်တော့ ရတယ် ကိုကျော်သန်းတို့ ကိုသန့ ကျော်တို့ ဆိုတ့ အမည်ရှင်တွေနဲ့  ဆက်ဆံရင် သတိထား အရင်လို မဟုတ်ပဲ ရစ်တတ်တယ် သူခိုးသတိထား ပျောက်တတ်ရှတတ်တယ် သွားရောဂါသတိထား စသဖြင့်  ကြိုသတိပေးတာက ကိတ်းခန်းသဘောကို ဖြစ်တတ်တာ ဖြစ်ဖူးတာ တွေ နဲ့  ကိုယ့် ဒေသဆိုင်ရာ ပညတ်တွေနဲ့  တွေးနိုင်သလောက်တွေးပြီး ဟောထားတာ

အပြင်ဖြစ်ရပ်တွေ သတိထားပြီး နားပြန်စွင့်  ကိုယ်တိုင် အင်္ဂါ နဲ့ ဟူးကို ဂြိုလ် ၈ ခွင်ကို  ၅ကြိမ်မက ပတ်ခဲ့  ပြီး တာတွေကို မှတ်မိသလောက် ပြန်မှတ်တမ်းတင်တွေးတဲ့ အခါ  အဲ့  တနင်္လာ+ သောကြာ အပြန်အလှန် နံတွဲ အနိဌာရုံ အတွဲ ကြောင့်  အာရုံနောက် အုံးတွေစား သွားလေးဘာလေးနဲနဲကိုက်တတ် နဲနဲပါးပါး ပျောက်တတ် ရှိတတ်တာမျိုးက
ဘ၀ပျက်သွားသူ မတွေ့ ခဲ့ ရသလောက်ပဲ  တစ်ခြား ဒုက္ခ တွေ တော့ ရှိချင်ရှိမယ် ဥပမာ သောကြာသား အင်္ဂါ သက်ရောက်ဖြတ်တော့  တော်တော်လေး နေမကောင်းတာ ယဉ်တိုက်မှု့ တွေကြုံတတ်တာက ဇာတာ+ ၄ ခွင်မြောက် ဘုမ္မိသဘော)  အင်္ဂါ သက်ရောက်မှာ အပျော်ခရီး ချောင်းသာ နံတွဲကို သတိပေးချက် ထုတ်ထားပေးပေမယ့်  သတိပေးချက် ရှိတဲ့ ကြားထဲက သွားခဲ့ သူတွေ တစ်ပုံကြီး ရှိခဲ့ ပြီး  ချောင်းသာက ပြန်လာတာ သိသမျှ သူတို့ အားလုံလိုလို  ပြောပလောက်တဲ့  ဒုက္ခကြီးတွေ အသက်အန္တရာယ်တွေ သေသွားတာမျိုးတွေ ဆိုတဲ့ မှတ်တမ်းကျနော် တော့ မရခဲ့ ဘူး...

ဆိုလိုနေတာက လူ့ မှာ ကံရှိတယ် သံသရာကံလဲရှိနေတယ် သူ့ နည့် သူ့ ဟန်နဲ့  ကိုးကွယ်ယုံကြည် မှု့  ဆိုင်ရာ ကုသိုလ်ကောင်းမှု့ တွေ ရှိနေတယ်ဒါတွေကို
ထည့် တွေးထားရတယ်  ဖြစ်မယ် မဖြစ်ဖူး ကြိမ်းသေ မဆိုနိုင်ဘူး ဖြစ်တန်ရာခြေနဲ့  ဖြတ်တတ်တာတွေကို ကိန်းခန်း သဘော ချိန်ဆပြီး မပြောပေးမိ
မဖြစ်လိုက်ရလေအောင်သာ  ပြောရမယ့်  ဗေဒင်အလုပ်ဆိုင်ရာ တာဝန်ရှိသမျှ ကိုယ်က ဟောပေးခြင်းလို့ ဆိုနိုင်တယ် ယတြာကြိုကာထားလို့  ရဲရဲသာသွားပါ
ဘာမှ မဖြစ်စေရပါဘူးလို့ 
 ''' သံသရာက ပါလာတတ်ပြီး ဘယ်အချိန် ဖြတ်ကနဲ ၀င် ကောင်းကျိုးဆိုးကျိုးပေးမယ်မှန်း မသိနိုင်သေးတဲ့  အတိတ် ကံကို ကျော်ပြီး မပြောပေးနိုင်ဘူး ''
ယတြာတွေ လုပ်ပေးပါများလို့  လုပ်ပေးခဲ့ သမျှ အထိတော့   အဲ့ လို အလန့် တကြား ဟောကိန်းတွေမှာတော့  အိုကေနေခဲ့ သေးတာချည်းပဲ လို့ သာ ဆိုနိုင်တယ်ပေါ့ ဗျာ..

-------------



No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..