'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, May 16, 2015
လောကကို ဒုက္ခဘုံကြီးအဖြစ် ရှု့ မြင်ခြင်း နဲ့ 
လောကကို ဒုက္ခဘုံကြီးအဖြစ် ရှု့ မြင်ခြင်း နဲ့ 
-----------------------------------
ဒဿနပညာရဲ့ အသက်က မေးခွန်းတွေမေးနေဖို့ နဲ့ တွေးဖြစ်ဖို့ က အဓိကပဲ လက်တွေ့ ထလုပ်တာမလုပ်တာက အဓိကမကျသေးဘူး..သိပ္ပံဒဿနသဘောဝင်သွားမှ
အတွေးကို လက်တွေ့ ထစူးစမ်းဖို့ ဖြစ်လာတော့ တာမျိုးပဲ...အဲ့ ဒီ လက်တွေ့ ထလုပ်ဖြစ်ဖို့ ဆိုတာဟာ ခံစားမှု့  (၀ါ) သိလိုစိတ် (၀ါ) အတွေး နဲ့  မေးခွန်းတွေက အရင် စဖြစ်မလာပဲလက်တွေ့ သဘောကို ရောက်မလာနိုင်ဘူး..ဆိုပါတော့  အများစု ဘာလို့ ဆင်းရဲနေကြတာလဲ ဆိုတာကို တွေးမိမှ အဲ့ ဆင်းရဲလွတ်တဲ့ နည်းလမ်းရှိသလားဆိုတဲ့ နောက်မေးခွန်းဖြစ်လာတာပဲ..ကိုယ့် ဟာကိုယ် ဆင်းရဲလို့ ဆင်းရဲနေမှန်းတောင် မသိရင် ဆင်းရဲလွတ်တဲ့ နည်းလမ်း ရှိသလားဆိုတဲ့  နောက်မေးခွန်း ထပ်ဖြစ်မလာနိုင်ဘူး..ပြီးတော့  ဆင်းရဲနေကြတယ်လို့ ဘာလို့ တွေးမိတာလဲ က အမေးကို မေးခွန်းထပ်ဆင့် တာမျိုးပါဖြစ်လာပြီ..
နတ်ဆိုးကိုမှ သဘောကျတဲ့ သူတွေ ရှိတတ်တာလည်း လောကီ လောက လောက သဘော

နတ်ဆိုးကိုမှ သဘောကျတဲ့ သူတွေ ရှိတတ်တာလည်း လောကီ လောက လောက သဘော
-----------------------
လောက ဆိုတာ နာဇီဝါဒကို အခုအထိ ယုံကြည်သူ အာဏာရှင် ဖက်ဆစ်ဝါဒကို ဒီမိုကရေစီ အယောင်ဆောင်ပြီး သွယ်ဝိုက်ကျင့် သုံးသူ ကွန်မြူ မှ ကွန်မြူ..ဟူစိန်သာ သူရဲကောင်း ဘင်လာဒင်သာ လူစွမ်းကောင်းလို့ လက်ခံထားသူ စေတန်တွေ နတ်ဆိုးတွေကို မှ အရမ်းရမ်းကို သဘောကျ ကိုးကွယ်သူ ခရစ်တော် ရှင်သန်ထမြောက်မှာကို မမျှော် ၆၆၆ နတ်ဆိုးလောင်းလေးကို ကိုသာ မျှော်နေသူတွေ ..စသဖြင့်  အကွဲကွဲအပြားပြား ဆန္ဒတွေ ဖီလင်တွေ ရှိနေတတ်တာ.....
လောကရဲ့ အဖြူအမဲသဘော နေ လ သဘော ကုသိုလ် နဲ့ အကုသိုလ်သဘော ယင်နဲ့ ယန်သဘော ဓမ္မ နဲ့ အဓမ္မသဘော. ဖိုနဲ့ မသဘော မြောက်ဝန်ရိုးစွန်းနဲ့ တောင်ဝင်ရိုးစွန်းသဘော.နေ့ နဲ့ ည သဘော .အချစ်နဲ့  သူ၏ ငပြောင် သဘော..ဟီဟိ...အဲ...အဲ့ ဒါ ဘာဆန်းတုံး...အမည်ဆိုးလှတဲ့  ရှင်ဒေ၀ဒတ်တို့ ဘာတို့ တွေ ဆို ပြုမိမှားတွေ အတွက် အချိန်ကျလာရင် မျက်နှာ မလိုက်တတ်တဲ့  သဘာဝတ္တတရား လောကရဲ့ အပြစ်ပေးမှု့  အပြစ်ဒဏ်ကို သမဒွတ် အာဏာ လုပ်ပိုင်ခွင့် ဆိုပြီး ကြားဖြတ် လွတ်ငြိမ်းချမ်းသာခွင့် တို့ လျှော့ ရက်တို့ တောင်မရှိပဲ ကွက်တိ အပြစ်ဒဏ်အတိအကျ ခံပြီးရင် ပစ္စေကဗုဒ္ဓါတွေ ဖြစ်လာဦးမယ့် အလောင်းလျာတွေလို့ စာထဲတောင် ဖတ်မိသေး..အဲ့ ရှင်ဆိုးကြီးကမှ ဘုရားလောင်းတွေဘာတွေ ဖြစ်သွားသေး ......
..ကိုယ့် မှာတော့ ဓမ္မသမားလိုလို ဘ၀သမားလိုလို နဲ့..အတ္တ တဏှာ ရမက် ကာမ တပ်မက်မှု့  ရယူလိုမှု့ မစွန့် လွှတ်လိုမှု့ ဆုတ်ထားလိုမှု့  အစေးတွေ ထူထူပြောပြောနဲ့  ကွဲသွားတဲ့ တတိယမြောက်ရီးစားဦးကို လွမ်းကောင်းကောင်း နဲ့ လွမ်းနေတာနဲ့  ဘယ်လောက်ကြာအောင်တောင် သံသရာဆက်လည် ရဦးမလဲမသိ......ဟီးဟီးး..
ဆူးခက်ပန်း
ဆူးခက်ပန်း
---
အနောက်တောင်တခိုက
တိမ်မဲညိုတို့ ပြိုဆင်းလာတဲ့ အခါ.......၊
လွမ်းမျက်ရည်စို့  ဝေ့ ကာသီ
ဟိုတစ်ခါတုန်းဆီက
ချစ်ဆုံးရယ်ပါလို့ 
နှုတ်ဖျားသကာနဲ့ မျက်ဝန်းကဗျာဖွဲ့ ခဲ့ သူ..။
ခုတော့ လည်း အိပ်မက်ချို အချစ်ခါးနဲ့ 
ထားရစ်ခဲ့ တွဲလက်ဖြုတ်ခဲ့ တော့ 
နော့ လေတဲ့ ရာသီတော်မိုးဦးဝဿန်တိုင်း
မိုးသက်ဆင် လွမ်းနှောင်ဖွဲ့  နှလုံးသားထဲမှာ
( ဆူးခက်ပန်းရဲ့  )
အလွမ်းမျက်ရည်မိုးတို့ အပြိုင်....။
တကယ်လားတဲ့ ..
တကယ်လားတဲ့ ..
----
ငယ်တုန်းကပေါ့  အတိုအထွာဆို မှတ်တာပဲ..ဟုတ်တာမဟုတ်တာ သင့် မသင့်  ယုတ္တိရှိမရှိ မစဉ်းစားပါဘူး..မှတ်တာသာများတာ မလုပ်ဖူးတာက ၅ပုံ ၄ပုံခွဲကျော်ကျော်...နောက်တော့  တွေးပြီ...ကြည့် လေ..သူများကို ဖဲ့ တယ်ဆိုတာ အကုသိုလ်မဟုတ်လား..ဒေါသမူစိတ်တွေ ပြင်းထန်နေပြီမဟုတ်လား..
အဲ့ လို သေစေကျိုးစေ ဒုက္ခရောက်စေချင်လို့  ဖဲ့ ပါပြီဆိုမှ မေတ္တာကပို့ ရဦးမယ်တဲ့  ဓာရဏပရိပ်က ရွတ်ရဦးမယ်တဲ့ ...ဓမ္မနဲ့ အဓမ္မ ပြဒါးတစ်လမ်းသံတစ်လမ်းဗျားး..
အဲ့ လိုတွေ တွေးမိလာတော့  အဲ့ လို စာတိုပေစ နည်းတွေ ကို လုပ်တော့ ဘူးပေါ့ ..ယုတ္တိမရှိဘူးလို့  ယူဆလိုက်တာပေါ့ ..ပြီးတော့  မေတ္တာဝါဒီ ကို အလွဲသုံးစားလုပ်တယ်ထင်တော့ တာပေါ့ ဗျာ...
မုန့် ဟင်းခါးဆိုင်ယတြာ
မုန့် ဟင်းခါးဆိုင်ယတြာ
----------
အင်္ဂါသက်ရောက်မှာ ငွေပဒေသာပင်လုပ်ပြီးဘုရားလှုထား ဆိုတဲ့ ယတြာမျိုးလည်းရှိတယ် အဲ့ တော့ ကနက္ကဒါန်ထီးအဖျားမှာ ငွေစက္ကူ တွဲလောင်းဆွဲပြီး ဘုရားစင်မှာလှုထားတာ ခရေညွန့် မှာ ငွေစက္ကူ သီပြီထိုးထားတာမျိုးတွေ လုပ်တယ်...ထိုင်းက ဘာသာရေးပွဲတွေပိုက်ဆံကို သီတံထိုးပြီး ပဒေသပင်ထိုးထားသလို မြင်နေကြပုံမျိုးးပေါ့ ....ခရေ= ငွေလာ...ဆိုပြီး ငွေဝင်အောင် ခရေ ညွန့် မှာ ပိုက်ဆံသီလှုတာကိုလည်း ဘယ်ဂြိုလ်ရောက်ရောက် တပွဲတိုးလုပ်တဲ့ နည်း အဖြစ်ယတြာပေးတတ်တယ်..
..(ဗေဒင်အကြံ သဘောပါပဲ..ယတြာထွေလီကာလီတွေကို ဘေ့ စစ်မပျောက်ပဲ ထွင်ချင်သလိုသာထွင် အမေးအမြန်းထူတဲ့ သူနဲ့ တွေ့ ရင် ယုတ္တိရှိရှိ ပြန်ဖြေနိုင်အောင် ကြိုပြီးတော့ တော့ တွေးထားပါပေါ့ ).....( အဲ့ ဒါတွေ လှုနည်းကတော့  တနင်္လာနေ့  မနက် ၉နာရီကနေ ၁၀နာရီခွဲကြား မှာ စလှုထား တစ်ပတ်တစ်ခါ ၂ပတ်တစ်ခါ တစ်လ တစ်လခွဲလောက်မှာ အသစ်လဲ အဟောင်းပိုက်ဆံကို လှုပစ်တာ ဘုရားပန်းဝယ်လဲလှုတာလုပ်တွေဘာတွေပေါ့ )
ဒါတွေက အများအတွက် မုန့် ဟင်းခါးချက်ပြီး ဆိုင်ဖွင့် ပြီး ရောင်းတဲ့ စတိုင်မျိုး ယတြာတွေ သဘောပဲ....ဆိုင်ရှင်အကြိုက် အရသာဖြစ်ချင်မှ ဖြစ်မယ် ကိုယ်ချက်ရောင်းပေမယ့် ကိုယ့်ဟာကိုယ် ကြိုက်ချင်မှကြိုက်မယ်..ကိုယ့် ဟာကိုယ် အိမ်စားဖို့  ရှယ်ချက်တာနဲ့ တူချင်မှတူမယ် ..ရောင်းကောင်းမှ ပိုက်ဆံရမှာမို့  ရောင်းကောင်းချင်ရင် ရောင်းကောင်းအောင်တော့ အများကြိုက်လိုက် ချက်ရောင်းရတဲ့ သဘောပဲ .အဲ့ ဒါနဲ့  အုန်းနို့ ခေါက်ဆွဲ အယောင်ဆောင်ထားတဲ့ နို့ စိမ်းခေါက်ဆွဲတွေ စားရတော့ တာပါပဲဗျာ...ခိခိ...တစ်ချို့ ယတြာတွေသဘောမှာလည်း ဒီသဘောရှိပါတယ်ပေါ့ လေ...
ဆရာဝယ်တာလား မသိ..ငိငိ --------
ဆရာဝယ်တာလား မသိ..ငိငိ
--------
ဒီမနက် ၇ခွဲလောက်ပေါ့ ဗျာ...လာခဲ့ လို့ ရလားလို့ လှမ်းမေးတာ ဟိုနေ့ က ကျောက်ကပ်ပျက်သွားလို့  လူးနေတဲ့ ဖအေကို သက်တောင့် သက်သာ ဂိစေချင်တဲ့ မောင်နှမတွေအုပ်စုထဲက အကိုအကြီးဆုံး တစ်ယောက်ပေါ့ ...( သူက ကျနော့် ဆီ အရင်ရောက်တာ...သူ သွားတဲ့ ဆရာနောက်ကို ချောင်းပြီးသူ့ ကျန်တဲ့ မောင်နှမ
တွေက လိုက်ရင်း အဲ့ လုပ်ငန်းတူ စီးပွားပြိုင်ဘက်လိုဖြစ်သွားတဲ့ မောင်နှမ ၂ယောက်ကြား ကျနော်က မီးစင်ကြည့် ကနေရတဲ့ ဘွပေါ့  ငိငိ).
လာပေါ့  ဆိုတော့  ၉နာခွဲလောက် ရောက်ချလာရင်း ပထမတော့  သူ့ အလုပ်ကိုပဲ ဆွေးနွေးနေရင် သူ့ လမ်းဖုံးကို ဖုံးကောလ်ဝင်လာရောဗျ... ဆေးရုံကတဲ့  သူ့ အဖေ ဂိ သွားပြီးတဲ့ .အဲ့ ဒီလိုပြောပြီး ဆက်ပြောတာက အဖေ့ ကိစ္စအတွက် ဆရာ့ ဆီ ညီမလေး လာသွားသေးလားတဲ့ ....(ဟားးး..ဆရာပေါက်တူးတော့ ဖြစ်ပြီပေါ့  လို့ စိတ်ထဲ တွေးလိုက်မိသေးတယ် အဟီးး) ..ဒါနဲ့  ပြီးခဲ့ တဲ့  တစ်ပတ်လောက်က ခင်ဗျားညီမ ခင်ဗျာ့ အဖေ ကျမ္မာရေး အတွက်လာသွားကြောင်း အဲ့ ကတည်းက တစ်ပတ်လောက်ပဲ ခံနိုင်တော့ မယ် လို့ ပြောပေးထားလိုက်ကြောင်း ဘာညာတွေပြောလိုက်ရတော့ တာပေါ့ ..( သက်တောင့် သက်သာ ဆိုတာကြီးတော့  မပြောလိုက်ပါဘူးဗျား)...အဲ့ မှာ အမွေကိစ္စတွေ တစ်စွန်းတစ်စ ထွက်လာတော့ တာပါပဲဗျားးး......
ဒါနဲ့ ကျနော်က အဲ့ ကိစ္စတွေကို တစ်လလဲဆွမ်း ၃လလဲဆွမ်းတို့  လပတ်ဆွမ်းကပ်ပြီးမှ ဆက်ဆွေးနွေးတာပေါ့ ..အခု ခင်ဗျား ဆေးရုံကိုအမြန်လိုက်သွား ဆေးရုံကိစ္စ မြေချကိစ္စတွေက သားအကြီးဆုံးလက်မှတ်ပါမှ ကောင်းမှာ ဘာညာနဲ့  စကားစအရင်ဖြတ်လိုက်တော့ ...သူလည်း ဟုတ်...ဆိုပြီးးး...ဆြာ့ ကို သူ့ အဖေအတွက်ကို ...ကျေးဇူးတင်လို့ ပါဆိုပြီး..ပွဲလည်းလှုပေးပါဆိုပြီး ၂ သိန်း ချပေးပြီး လစ်သွားရောဗျား..ဟားးးသေပြီဆရာ့ ...ငါ့ ကိုတော့  ဆရာမွေးသွားပြီဟ...လို့ ......ဟီးဟီးး...သူနဲ့  သူ့ ညီမက အလုပ်တူတယ် သူ က အခုသေသွားတဲ့  သူ့ အဖေနဲ့ က ငြိပြီး အိမ်ကထွက် လုပ်ငန်းခွဲထောင်တော့  အဲ့ ကတည်းက ကျနော်နဲ့ ပတ်သက်ခဲ့ တာ...အိမ်ကထွက်ပြီး အလုပ်ခွဲထူထောင် ကိုယ့် တံဆိပ်သစ်ကိုယ်တပ်သုံးပါ ရဲရဲခွဲထွက်ပါ ခင်ဗျားအဖေလက်အောက်မှနေရင် လောင်းရိပ်ပိ အကုသိုလ်များနေလို့  ခင်ဗျားဘ၀နလံထူမှာမဟုတ်ဘူး လို့ စပြီးချွန်တွန်းလုပ်ခဲ့ တာကလည်း ကျနော်ပဲဗျ...သူကလည်း ယုံပြီး လုပ်တော့ စီးပွားက မခံချင်စိတ်နဲ့  ၀ီရိယနဲ့ ပေါင်းပြီး ကံလိုက်ပြီး ထောင်တက်လာတာ.....သူ့ အဖေအလုပ်က ကျန်ခဲ့ တဲ့ သူ့ ညီမ က ဆက်လုပ်နေတာ ကလည်း အလုပ်က ဆက်ဖြစ်နေတယ်.....ဇာတ်လမ်းက ဂလိုတွေ....
အဲ့ မောင်နှမ ၂ ယောက် အလုပ်တူသွားပြီး ၂ယေက်စလုံး စီးပွား ထောင်တက်နေတာကလည်း တူနေချိန် အဖေ က အမွေကိစ္စတွေ မရှင်းမရှင်းနဲ့  လုပ်ထားခဲ့ တာ ဒီဇာတ်ထုတ်က နောက်ဆက်တွဲ ကိုရီးယား ဇာတ်လမ်းတွဲဖြစ်ဦးမှာဗျား....အဲ့ မောင်နှမ ၂ ယောက်က တစ်ယောက်နဲ့  တစ်ယောက် မြွေမြွေချင်း ခြေမြင်သလိုဖြစ်နေကြတာ တစ်ယောက်ကြံတာ တစ်ယောက်က အမြဲလှမ်းချက်နေတာ..တစ်ယောက်က ဘယ်ခြေလှမ်း လှမ်းရင် ဘာလုပ်တော့ မယ်ဆိုတာ နောက်တစ်ယောက်က တွက်မိ သိမိနေကြတာတွေက....၂ ယောက်စလုံး ၂ ကြွင်းမွေးတွေချည်း ဖြစ်နေလို့ ပါပဲဗျားးး....( အကြီးနှစ်ကြွင်းမွေးက အသက် ၄၀ကျော် အငယ်နှစ်ကြွင်းမွေးက ၃၀ကျော်တွေ...)
တရားရင်ဆိုင်နေတဲ့  အမှု့ သည် ၂ ယောက်က ဗေဒင်ဆရာတစ်ယောက်ထဲဆီမှာ....?
တရားရင်ဆိုင်နေတဲ့  အမှု့ သည် ၂ ယောက်က ဗေဒင်ဆရာတစ်ယောက်ထဲဆီမှာ....?
------
အမွေပွဲ ဖြစ်လာတော့ မယ့် မောင်နှစ်မ ကိစ္စ ရေးပြရင်း ကြံကြံဖန်ဖန် အမေးခံရတာမျိုးတွေရှိတယ် တရားရင်ဆိုင်နေတဲ့  အမှု့ သည် ၂ ယောက်က ဗေဒင်ဆရာတစ်ယောက်ထဲဆီမှာ ၀င်လာနေရင် ယတြာဘယ်လိုပေးမလဲ..ဆိုတဲ့ မေးခွန်းမျိုး အမေးခံရတာပေါ့ ..ဒါလည်း ဆရာတွေကို သွားကျပ်ခဲ့ တဲ့  ၀ဋ်တွေ .၀ဋ်လည်တာနဲ့ တူပါရဲ့ ဗျာ..ဒါကြောင့်  ကျနော်တို့ တွေ တွေးဘူး မေးဘူးတဲ့ မေးခွန်းတွေ ပြန်လာအမေးခံရတာမျိုးဖြစ်နေတာကိုး..ဟီးး...ကျနော်တို့ မေးတုန်းကတော့  အဖြေမရပါဘူး...အဲ့ လို ကြားညပ်နိုင်တဲ့  အခြေအနေမျိုး လက်တွေ့ ကြုံခဲတာတွေကို ကြံဖန်တွေးပြီး စိတ်ကူးထည် တက္ကိက ဆန်တဲ့ မေခွန်းမျိုးတွေ မေးလိုက်ရင် ဆရာတွေက တကယ်လို့  မင်းတို့  ဆရာဖြစ်လာခဲ့ ရင် သိမယ်ချည်း လုပ်ချသွားတာချည်းးပဲ ဒဲ့ ကိုမလာဘူး...ခိခိ...
ပထမ တစ်ချက်က ဒါမျိုးတွေ ကြုံလာရရင် ပထမပိုင်းမှာ တစ်ဖက်နဲ့ တစ်ဖက် ဆရာတစ်ယောက်ထဲစီရောက်နေတယ်ဆိုတာ ရိုးရိုးသားသား မသိသေးသူ နဲ့  တစ်ယောက်က အရင်သိ နောက်တစ်ယောက်က နောက်မှသိပြီး လိုက်လာတဲ့ သူ ဆိုပြီးပုံစံ ၂ မျိုးနဲ့ ကြု့ရလေ့ ရှိတယ်...
တစ်ယောက်နဲ့ တစ်ယောက်ဆရာတစ်ယောက်ထဲစီမှာ ဆိုတာ သူတို့ လည်းမသိသေး ဆရာလည်း မသိသေး.ခင်မှာ ၂ ယောက်စလုံးရဲ့  ကံကြမ္မာတွက်ရိုးအတိုင်း လုပ်ပေးစရာရှိတာ ပုံမှန်လုပ်ပေးနေတယ် တွက်ရိုးက ဖြစ်နိုင်ခြေရှိတဲ့  ရလာဒ်နိဂုံးတွေကို အရင်ကြိုပြောထားတယ်...
RC 2 လှိုင်နယ်မြေ တက္ကသိုလ်အလွမ်းပြေ

RC 2 လှိုင်နယ်မြေ တက္ကသိုလ်အလွမ်းပြေဆိုပြီး ဖွရွာထဲက ဂရုမှာ ပိုစ်သုံးခု သွားရေးထားတာလေးပါ..
---------------------------------------
(ပုံတွေက ဖွရွာက ဂရုထဲကပါ)
RC 2 လှိုင်နယ်မြေ တက္ကသိုလ်အလွမ်းပြေ
---------------------------------------
(၁) ရင်ဖွင့် အလွမ်းနဲ့  နဲနဲလောက်ပြန်လွမ်းပါရစေဗျား..
(၂) ပထမနေ့ မှာပေါ့ ဗျာ...
(၃) အကြွားပိုပို လှိုင်တက္ကသိုလ်မှာပေါ့ ..
(၄) လွတ်လပ် ကောင်းကင်ပြာအောက်က....
----------------------
----------------------
ရင်ဖွင့် အလွမ်းနဲ့  နဲနဲလောက်ပြန်လွမ်းပါရစေဗျား..
----
လှိုင်နယ်မြေတို့  RC 2 တို့ ဆိုတဲ့ အသံကြားရင် သွေးနွေးသွားတတ်တယ်..ကျနော်တို့ တက်ခဲ့ ကျောင်းကြီးပါလားပေါ့ ..ကျနော်တို့ က ယူနီဗာစတီကို အူးနီဗာစတီလို့ စနောက်ခေါ်ခဲ့ တာလဲ အဲ့ လှိုင်ရောက်မှပါပဲ၊ ၈၃/၈၄တွေမှာ အဲ့ လှိုင်ထဲမှာပေါ့ ၊ အာစီတူးက ကျနော်တို့ အိမ်နဲ့ ဝေးလို့  အိမ်က ဝေးဝေးသွားရတာကြောင့် ရယ် ကျနော်တို့ စိတ်ဝင်စားတဲ့  ဒဿနိကမေဂျာ ပထမနှစ် ဒုတိယနှစ်က ရန်ကုန်မှာ အဲ့ အာစီတူးမှာပဲ ရှိနေတာရယ် နောက်... အာရုံနောက်စရာ မြို့ ပြနဲ့ ဝေးပြီး '''လွတ်မြောက်နယ်မြေလေး တစ်ခု '''လို ဖြစ်နေတာရယ်ကြောင့်  အဲ့ ဒဿနိကမေဂျာတစ်ခုထဲလျှောက် အဲ့ အာစီတူးထဲ တစ်ခါထဲ တန်းရောက် သွားပါရောဗျာ...
လွမ်းစရာကောင်းတာတွေ အများကြီးထဲမှာ ကျနော်တို့ တက်ရတဲ့ အဆောင်တွေက စဉ့် ကြွေအုပ်စီ သီရေတာ Tဆောင်တွေနဲ့ အတော်လှမ်းတဲ့ နေရာမှာ သွပ်မိုး ပျဉ်ထောင် တဲရှည်တန်းကြီးလိုဖြစ်နေတဲ့ နေရာမှာ ခပ်ငုတ်ငုတ်နဲ့ တက် ရတာလည်းပါတယ် အဲ့ နောက်ပေါက် တဲတန်းရှည်လိုလို အဆောင်တန်းကြီးတွေ မှာ ဘူမိဗေဒမေဂျာသမားတွေ ဘူမေဂျာလို့  သွားသွားနောက်ခဲ့ တဲ့  အီးမေဂျာ.မနုဿဗေဒတန်း အရှေ့ တိုင်းပညာဆိုတဲ့  ပါဠိသမား စိတ်ပညာသမားတွေ ပါတက်ရတယ်..ဒဿနိကမှာ တက်တော့  ရန်ကုန်နေက အရမ်းနဲ ပြီး နယ်စုံက သူတွေသာများလို့ ဒေသအနှံ့ က အတန်းဖေါ်တွေနဲ့  ဘော်ဒါဖြစ်ရတာကလည်း ပျော်စရာကောင်းတယ်...အတန်းတွေက လူအရမ်းနဲတော့ ရင်းနှီးလွယ်တယ် စိတ်ပညာတို့ ဒဿနိကတို့ ဆိုရာမကျော်ဘူး မနုဿဆို ဆယ်ဂဏန်းလောက်ဆိုတော့  အချင်းချင်း ရင်းနှီးလွယ်ကုန်တယ်...
Subscribe to:
Posts (Atom)