Powered By Blogger

Saturday, May 16, 2015

တရားရင်ဆိုင်နေတဲ့  အမှု့ သည် ၂ ယောက်က ဗေဒင်ဆရာတစ်ယောက်ထဲဆီမှာ....?





 တရားရင်ဆိုင်နေတဲ့  အမှု့ သည် ၂ ယောက်က ဗေဒင်ဆရာတစ်ယောက်ထဲဆီမှာ....?
------
အမွေပွဲ ဖြစ်လာတော့ မယ့် မောင်နှစ်မ ကိစ္စ ရေးပြရင်း ကြံကြံဖန်ဖန် အမေးခံရတာမျိုးတွေရှိတယ် တရားရင်ဆိုင်နေတဲ့  အမှု့ သည် ၂ ယောက်က ဗေဒင်ဆရာတစ်ယောက်ထဲဆီမှာ ၀င်လာနေရင် ယတြာဘယ်လိုပေးမလဲ..ဆိုတဲ့ မေးခွန်းမျိုး အမေးခံရတာပေါ့ ..ဒါလည်း ဆရာတွေကို သွားကျပ်ခဲ့ တဲ့  ၀ဋ်တွေ .၀ဋ်လည်တာနဲ့ တူပါရဲ့ ဗျာ..ဒါကြောင့်  ကျနော်တို့ တွေ တွေးဘူး မေးဘူးတဲ့ မေးခွန်းတွေ ပြန်လာအမေးခံရတာမျိုးဖြစ်နေတာကိုး..ဟီးး...ကျနော်တို့ မေးတုန်းကတော့  အဖြေမရပါဘူး...အဲ့ လို ကြားညပ်နိုင်တဲ့  အခြေအနေမျိုး လက်တွေ့ ကြုံခဲတာတွေကို ကြံဖန်တွေးပြီး စိတ်ကူးထည် တက္ကိက ဆန်တဲ့ မေခွန်းမျိုးတွေ မေးလိုက်ရင် ဆရာတွေက  တကယ်လို့  မင်းတို့  ဆရာဖြစ်လာခဲ့ ရင် သိမယ်ချည်း  လုပ်ချသွားတာချည်းးပဲ ဒဲ့ ကိုမလာဘူး...ခိခိ...

ပထမ တစ်ချက်က ဒါမျိုးတွေ ကြုံလာရရင် ပထမပိုင်းမှာ တစ်ဖက်နဲ့ တစ်ဖက် ဆရာတစ်ယောက်ထဲစီရောက်နေတယ်ဆိုတာ ရိုးရိုးသားသား မသိသေးသူ နဲ့  တစ်ယောက်က အရင်သိ နောက်တစ်ယောက်က နောက်မှသိပြီး လိုက်လာတဲ့ သူ ဆိုပြီးပုံစံ ၂ မျိုးနဲ့ ကြု့ရလေ့ ရှိတယ်...

တစ်ယောက်နဲ့ တစ်ယောက်ဆရာတစ်ယောက်ထဲစီမှာ ဆိုတာ သူတို့ လည်းမသိသေး  ဆရာလည်း မသိသေး.ခင်မှာ ၂ ယောက်စလုံးရဲ့  ကံကြမ္မာတွက်ရိုးအတိုင်း လုပ်ပေးစရာရှိတာ ပုံမှန်လုပ်ပေးနေတယ် တွက်ရိုးက ဖြစ်နိုင်ခြေရှိတဲ့  ရလာဒ်နိဂုံးတွေကို အရင်ကြိုပြောထားတယ်...



တစ်ယောက်နဲ့  တစ်ယောက် ဆရာတစ်ယောက်ထဲစီမှာ ဆိုတာလဲ မသိသေး...ဆရာကတော့ သိနေပြီ ဖုံးဖိထားရလို့ ရင်တထိတ်ထိတ်နဲ့  စကားထိမ်းရပြီ တွက်ရိုးအတိုင်းပဲပြောတယ် လုပ်နေကျယတြာတွေပဲ လုပ်ပေးနေတယ်...

သုံးယောက်စလုံးသိသွားချိန်မှာတော့  ဖြစ်လေ့ ရှိတာက တစ်ယောက်က ဆရာကို အထင်လွဲ စိတ်ကောက်ပြီး အရင်ခွဲခွာသွားလေ့ရှိတယ်...ဒီတော့  ဆရာလုပ်သူက ကျန်ခဲ့ တဲ့  သူနဲ့  ကံဆုံခွင့် ရှိသလောက် ဆက်စခန်းသွားတယ် တွက်ရိုးအတိုင်း လုပ်နေကျယတြာအတိုင်းနဲ့ ပဲ...

ဒီအခြေအနေ သုံးမျိုးကို ရင်ဆိုင်ရလေ့ ရှိတယ်...တွက်ရိုးနဲ့ ပတ်သက်လာရင် ယတြာနဲ့ ပတ်သက်လာရင် ဆရာဟာ သူလုပ်ပေးသမျှလူတွေကို ကောင်းစေချင်တဲ့ စိတ်ကတော့  အစကတည်းက ဒီစိတ်က နောက်လည်း ဒီစိတ်ပဲ စိတ်မပြောင်းသွားဘူး...အများအားဖြင့် ဆရာစီမှာ ကျန်ခဲ့ တဲ့ သူဟာ ခွဲခွာသွားတဲ့ သူထက် ပိုပြီး စိတ် ရင့် ကျက်နေလေ့ရှိတယ်..

နောက်ဆုံးတစ်ချက်က ဆရာဟာလည်း ပုထုဇဉ်သားသာဖြစ်လို့  အများအားဖြင့်  ဆရာလုပ်သူကို လေးစားသမှု့ ပိုရှိသူ ရင့် ကျက်သူ စေတနာကောင်းပုံရသူ ဓမ္မတရားရှိသူတွေကို ပိုပြီး စေတနာ ပိုသွားလေ့ရှိတယ်...ရှားရှားပါးပါးတစ်ချို့ ဆရာတွေကတော့  ပိုက်ဆံ ပိုရက်ရောတဲ့  သူနောက်ကို စေတနာ ပိုပါသွားတာမျိုးလည်းရှိတယ်...(ပညာသဘောအရတော့  ပေါ်တင်ဘက် မလိုက်ပဲ စိတ်ထဲကပဲ စေတနာက ဘက်လိုက်မိနေတာလို့ ပဲဆိုပါတော့ ).

အနိုင်အရှုံးသဘောတွေကတော့  ဆရာကပါ ၀င်ခြယ်လှယ်လို့ မရပေဘူး သူ့ ကံတွက်ရိုးအတိုင်းသာလျင် နောက်ဆုံးရလာဒ်တစ်ခု အဖြစ်အဖြေထွက်သွားတာမျိုးပဲ

ဒါပေမယ် ယတြာကူခံထားရတဲ့ သူအဖို့ တော့ ကံကြမ္မာရှုံးရင်တောင် ထွက်ပေါက်တွေရသွားတာ သက်သာခွင့် ရသွားတာမျိုးတွေ တွေ့ ရတယ်...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..