တကယ်လားတဲ့ ..
----
ငယ်တုန်းကပေါ့  အတိုအထွာဆို မှတ်တာပဲ..ဟုတ်တာမဟုတ်တာ သင့် မသင့်  ယုတ္တိရှိမရှိ မစဉ်းစားပါဘူး..မှတ်တာသာများတာ မလုပ်ဖူးတာက ၅ပုံ ၄ပုံခွဲကျော်ကျော်...နောက်တော့  တွေးပြီ...ကြည့် လေ..သူများကို ဖဲ့ တယ်ဆိုတာ အကုသိုလ်မဟုတ်လား..ဒေါသမူစိတ်တွေ ပြင်းထန်နေပြီမဟုတ်လား..
အဲ့ လို သေစေကျိုးစေ ဒုက္ခရောက်စေချင်လို့  ဖဲ့ ပါပြီဆိုမှ မေတ္တာကပို့ ရဦးမယ်တဲ့  ဓာရဏပရိပ်က ရွတ်ရဦးမယ်တဲ့ ...ဓမ္မနဲ့ အဓမ္မ ပြဒါးတစ်လမ်းသံတစ်လမ်းဗျားး..
အဲ့ လိုတွေ တွေးမိလာတော့  အဲ့ လို စာတိုပေစ နည်းတွေ ကို လုပ်တော့ ဘူးပေါ့ ..ယုတ္တိမရှိဘူးလို့  ယူဆလိုက်တာပေါ့ ..ပြီးတော့  မေတ္တာဝါဒီ ကို အလွဲသုံးစားလုပ်တယ်ထင်တော့ တာပေါ့ ဗျာ...
တစ်ခါက ရယ်ရတယ်..ရုံးသမားမလေး...ရုံးသားချင်းမတည့် လို့ ပေါက်ကွဲနေတာ သူပြောတာက နည်းတွေစုံပြီ အဓိဌာန်တွေလည်များပြီး ကျောက်ခဲရေစိမ်လည်း
လုပ်ပြီးပြီ မရဘူး တွေးမိတာနဲ့  ဒေါသထွက်သတဲ့ ..ကျနော်ကလည်း ပြောလိုက်တာပေါ့  ပေါက်ကွဲနေမှတော့  ဘယ်ကိုမေတ္တာပို့ လို့ ရောက်ဦးမှာလဲ..အဲ့ မေတ္တာကြီးက ပို့ လိုက်တိုင်း..ကိုယ့် ရှေ့ တင် ပြုတ်ပြုတ်ကျနေမှာပေါ့ ..ခင်ဗျားဟာက ဒေါသနဲ့  မေတ္တာနဲ့  ဟာမိုနီမှမဖြစ်တာ...သိပ်ဒေါထွက်နေရင် မေတ္တာပို့ မနေနဲ့  ကျိမ်စာသာတိုက်လိုက်...လက်ငင်းကတော့  ခင်ဗျာ့ စိတ်ထဲ အားရသွားလို့ ကျေနပ်သွားလိမ့် မယ်...လို့ ပြောလိုက်တော့ ...အဟီးးး..ဆြာကလဲ တကယ်လားတဲ့ .ဘယ်လောက်တောင် ဒေါသတွေလှိမ့် ထွက်ပြီး..လူသတ်ချင်နေလည်း သိပေါင်ဗျာ.....ခိခိ..
လောကီသဘောက ရင်ဆိုင်ရမယ့် ကိစ္စတွေ အမြဲရှိနေပြီး ရင်ဆိုင်ရပြီဆိုရင် နည်းကို မျိုးစုံပဲ...တကယ် စစဉ်းစားရတာ ပထမဆုံက ကိုယ့် ခွန်အားကို အရင်တွက်ရတာပါပဲ...နိုင်ခြေရှိရင် ဖဲ့ ပြီပေါ့ ...မနိုင်လောက်သေးဘူးဆိုရင် အားမွေးပြီး ရှောင်ပေးထားတယ်ပေါ့ ...မေတ္တာ သဘောက အလွန်မြင့့်တယ်..တော်ယုံ ဓမ္မစိတ်နဲ့  မ၀င်စားနိုင်ပါဘူး..မေတ္တာဓါတ်နဲနဲဝင်လာပြီဆိုရင်တောင် အင်္ဂါရုပ်ကိုက အကြည်ဓါတ်ဝင်လာတာ ထင်ရှား သိလာတာမျိုးပဲ..မေတ္တာဓါတ်မရိသေးဘူးဆိုရင်လည်း ရုပ်ကို ဘယ်လောက်ဖုံးဖုံး မျက်နှာကိုက ရှစ်ခေါက်ချိုးလို့  ဘေးကလူတွေက အလိုလိုသိနေတာမျိုးပဲ...လှိုင်းတွေ ပျံ့ ထွက်သွားလို့  သွားရိုက်ခတ်တဲ့ သဘောမျိုး.....စာမေတ္တာလောက်နဲ့ ကတော့  လောကရဲ့ တိုက်ပွဲခေါ်သံထဲ သွားဖိုက်ချင်လို့ လည်း လွယ်လွယ်နဲ့ ရတတ်ပါဘူး..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..