
RC 2 လှိုင်နယ်မြေ တက္ကသိုလ်အလွမ်းပြေဆိုပြီး ဖွရွာထဲက ဂရုမှာ ပိုစ်သုံးခု သွားရေးထားတာလေးပါ..
---------------------------------------
(ပုံတွေက ဖွရွာက ဂရုထဲကပါ)
RC 2 လှိုင်နယ်မြေ တက္ကသိုလ်အလွမ်းပြေ
---------------------------------------
(၁) ရင်ဖွင့် အလွမ်းနဲ့  နဲနဲလောက်ပြန်လွမ်းပါရစေဗျား..
(၂) ပထမနေ့ မှာပေါ့ ဗျာ...
(၃) အကြွားပိုပို လှိုင်တက္ကသိုလ်မှာပေါ့ ..
(၄) လွတ်လပ် ကောင်းကင်ပြာအောက်က....
----------------------
----------------------
ရင်ဖွင့် အလွမ်းနဲ့  နဲနဲလောက်ပြန်လွမ်းပါရစေဗျား..
----
လှိုင်နယ်မြေတို့  RC 2 တို့ ဆိုတဲ့ အသံကြားရင် သွေးနွေးသွားတတ်တယ်..ကျနော်တို့ တက်ခဲ့ ကျောင်းကြီးပါလားပေါ့ ..ကျနော်တို့ က ယူနီဗာစတီကို အူးနီဗာစတီလို့ စနောက်ခေါ်ခဲ့ တာလဲ အဲ့ လှိုင်ရောက်မှပါပဲ၊ ၈၃/၈၄တွေမှာ အဲ့ လှိုင်ထဲမှာပေါ့ ၊ အာစီတူးက ကျနော်တို့ အိမ်နဲ့ ဝေးလို့  အိမ်က ဝေးဝေးသွားရတာကြောင့် ရယ် ကျနော်တို့ စိတ်ဝင်စားတဲ့  ဒဿနိကမေဂျာ ပထမနှစ် ဒုတိယနှစ်က ရန်ကုန်မှာ အဲ့ အာစီတူးမှာပဲ ရှိနေတာရယ် နောက်... အာရုံနောက်စရာ မြို့ ပြနဲ့ ဝေးပြီး '''လွတ်မြောက်နယ်မြေလေး တစ်ခု '''လို ဖြစ်နေတာရယ်ကြောင့်  အဲ့ ဒဿနိကမေဂျာတစ်ခုထဲလျှောက် အဲ့ အာစီတူးထဲ တစ်ခါထဲ တန်းရောက် သွားပါရောဗျာ...
လွမ်းစရာကောင်းတာတွေ အများကြီးထဲမှာ ကျနော်တို့ တက်ရတဲ့ အဆောင်တွေက စဉ့် ကြွေအုပ်စီ သီရေတာ Tဆောင်တွေနဲ့ အတော်လှမ်းတဲ့ နေရာမှာ သွပ်မိုး ပျဉ်ထောင် တဲရှည်တန်းကြီးလိုဖြစ်နေတဲ့ နေရာမှာ ခပ်ငုတ်ငုတ်နဲ့ တက် ရတာလည်းပါတယ် အဲ့ နောက်ပေါက် တဲတန်းရှည်လိုလို အဆောင်တန်းကြီးတွေ မှာ ဘူမိဗေဒမေဂျာသမားတွေ ဘူမေဂျာလို့  သွားသွားနောက်ခဲ့ တဲ့  အီးမေဂျာ.မနုဿဗေဒတန်း အရှေ့ တိုင်းပညာဆိုတဲ့  ပါဠိသမား စိတ်ပညာသမားတွေ ပါတက်ရတယ်..ဒဿနိကမှာ တက်တော့  ရန်ကုန်နေက အရမ်းနဲ ပြီး နယ်စုံက သူတွေသာများလို့ ဒေသအနှံ့ က အတန်းဖေါ်တွေနဲ့  ဘော်ဒါဖြစ်ရတာကလည်း ပျော်စရာကောင်းတယ်...အတန်းတွေက လူအရမ်းနဲတော့ ရင်းနှီးလွယ်တယ် စိတ်ပညာတို့ ဒဿနိကတို့ ဆိုရာမကျော်ဘူး မနုဿဆို ဆယ်ဂဏန်းလောက်ဆိုတော့  အချင်းချင်း ရင်းနှီးလွယ်ကုန်တယ်...
မှတ်မှတ်ရရအဖြစ်တစ်ခုကတော့  စိတ်ပညာအတန်းမှာသွားပြီး '''ဤအခန်းဟာ ဆိတ်ပညာအခန်းဖြစ်သည် ပဲ ဟဲဟဲဟဲ.'' .လို့ ရေးခဲ့ လို့  ဌာနမှုးဒေါပွပြီး ဆရာကြီး ဦးကောင်းညွန့် ကိုတိုင်ထားတုန်း..အင်္ဂလိပ်စာဆရာ အတန်းဝင်တော့  ဆရာက ဟိန္ဒူလူမျိုး အသားက အမဲလွန်ပြီး အနက်ဖက်တောင်ခပ်လုလု အဲ့ ဆရာက သူလာတိုင်း သူ့ အနှစ်သက်ဆုံး ဖြူဆွတ်နေတဲ့ ရှပ်အဖြူ လက်စကနဲ့ မှ အတန်းဝင်စာသင်...တစ်နေ့  ကျနော်တို့ အခန်းက ဘော်ဒါ ငပွေးတစ်ယောက်က..'''''.ဟာာ..အတန်းရှေ့ မှာ အင်းကျီ အဖြူ တစ်ထည်လေထဲ လွင့် နေတယ်ဟေ့ .ဘယ်သူ့ အင်းကျီလဲဟေ့ ..'''..လို့  အချင်းချင်း မကြားတစ်ကြားလေး လှမ်းနောက်တော့ ..ဘောဖက်လှည့် စာရေး အတန်းဖက်ကျောခိုင်းထားပေမယ့်  နားပါတဲ့ ဆရာက ကြားသွား...အထာပေါက်......အဲ့ မှာ အုပ်စုလိုက်ကြီး ဆရာကြီးရုံးခန်းရောက်သွားတော့ ပါပဲဗျာ..
ဆရာကြီးက သိပ်သဘောကောင်းတယ်...စကားစမြည်တွေ ထိုင်ပြောပြီး ရယ်ကျဲကျဲလုပ် နောက် အဲ့ လောက်ကြီးတော့ မလုပ်ပါနဲ ကွာလို့ သာပြောပြီး ပြန်လွှတ်လိုက်တော့ တာကြောင့်  ဒွတ်ခတော့ ရောက်ပြီဆိုပြီး စိတ်ပူနေမိတာကနေ ဆရာကြီးကို သိပ်ကြည်ညိုသွားကြပါရောဗျာ...အဲ့ တုန်းက ဒဿနိကဌာနမှုးက ဆရာမကြီးဒေါ်ခင်နုပါဗျား..(သူ့ သမီး လှလှနွဲ့ နွဲ ခပ်ချောချောလေးကို ဆရာမကြီးနဲ့ ပါလာရင် ခိုးချောင်းကြည့် ခဲ့ ရတာကလည်း အမှတ်တရပါပဲဗျားးးးး)
ပထမနေ့ မှာပေါ့ ဗျာ...
-----------
ကိုယ်တက်ချင်တဲ့  အာစီတူးကို တက်ခွင့် ရပြီဆိုတော့ ပျော်တာပေါ့ အမေရယ်ဖြစ်သွားတာပေါ့ ဗျာ...ကျောင်းအဆောက်အဦးတွေက အပြင်ကဖြတ်သွားဖြတ်လာနဲ့  ခပ်ဝေးဝေးက လှမ်းမြင်ရတာ သိပ်စမတ်ကျနေတာကိုး...၊ စမတ်သာကျတယ် ပထမဆုံးနေ့ မှာ ပြဿနာစတက်တော့ တာပါပဲ..စတိတ်သားလေးတွေကနေ ၀ုန်းဆို အူးနီဘာစတီကြီးထဲ တရားဝင် ကျောင်းသားအဖြစ်နဲ့  စခြေချရတော့  လူက အိမ်ကအထွက် ဘစ်ကား စစီးကတည်းက မြောက်ကြွမြောက်ကြွနဲ့ ပေါ့ ...အဆောက်အဦးကြီးကလည်း အားပါးပါး ကောင်းမှကောင်း ဖြစ်နေတာပေါ့ ..ဒါပေမယ့်  ကျောင်းအဟန့် က သိပ်ကြီးနေတော့  လူက ကျောင်းဟိတ်ပိပြီး ကျောင်းထဲစ၀င်တော့  နဲနဲတော့ ကျွတ်နေမိသေးတာ.ပတ်ဝန်းကျင်ကိုတောင် ရဲရဲမကြည့် ရဲသေးဘူး..ပြီးတော့  စတိတ်ကနေ ကိုယ်လျှောက်တဲ့ မေဂျာလာတက်တာ ကိုယ့် တစ်ယောက်ထဲ ဆိုတော့  ချက်ချင်း ဘော်ဒါဟောင်းတွေကမတွေ ရသေးဘူးလေ...အများစုက အာစီသရီးမှာဖြစ်ကုန်တယ်...
ဒါနဲ့  မြေပုံကပါမလာတာနဲ့  တွေ့ ရာကြုံရာ ကျောင်းသားကြီးဆီက တောင်းထားလိုက်တဲ့  ကျောင်းမြေပုံကြည့် ပြီး ကိုယ် တက်ရမယ့် အခန်းရှာတာ..မြေပုံဖတ်က မကျွမ်းတော့  Tဆောင်တွေ ရောက်သွားလိုက် ဌာနတွေ ဘက်တက်သွားလိုက်နဲ့ ရွာလည်နေတာပေါ့ ဒီကြားထဲ .မိန်းကလေးတွေ အုပ်လိုက်အုပ်လိုက် ၀င်ဝင်သွားတဲ့ အခန်းက ဌာနအခန်းများလားလို့ အပေါ်မော့ မကြည့် မိပဲ အခန်းဝ လှမ်းကြည့် လိုက်တော့  ကျောင်းသူ အစ်မကြီး တစ်ယောက်က ''ဟိတ် ဘာကြည့် တာလဲ '' လို့ လှမ်းအော်တာ ခံလိုက်ရသေးတယ်..အဲ့ မှာ လန့် ပြီး ရှက်ရှက်နဲ့ လစ်တော့  နောက်ကနေ ရယ်သံလေးတွေက ကြားလိုက်ရသေးတယ်...လက်စသပ်တော့ သူတို့ သန့် စင်ရေးလုပ်တဲ့ အခန်းဖြစ်နေတာကိုးဗျာ..စရောက်ရောက်ချင်း မအူမလည်ဆို ခံရတာပါပဲဗျာ...
.
ကျောင်းက စဉ့် အုပ်တွေကြောင့်  အေးနေပေမယ့်  ကိုယ့် မှာက အခန်းရှာရင်း ချွေးတွေပျံနေပြီ...ပြီးတော့  ဘဲတွေက သိပ်မတွေ့ ရပဲ ကျောင်းသူလေးတွေ အုပ်လိုက် အုပ်လိုက်နဲ့ ပဲတွေ့ နေရတော့  သွားလည်း မမေးရဲဘူး..ကျောင်းပုံပြင်တွေက ကြားဘူးထားတော့  ချွန်တွန်းလုပ်ခံရမှာကလည်း ကြောက်နေတာ...နောက်တော့  စတိတ်က ဘော်ဒါ တစ်ပွေတွေ့ မှ ၀မ်းသာသွားပြီး မေးစမ်းလိုက်တော့ မှ ကိုယ်တက်ရမယ့်  ဒဿနိက အဆောင်တွေဘက် ရောက်တော့ တယ်..အဲ့ မှာ နဖူးနဲ့  လက်နဲ့ ရိုက်မိတော့ တာပါပဲဗျာ.....ကိုယ်ထင်ထားတာက သီရေတာတွေမှာ စမတ်ကျကျနဲ့  တက်ရမယ် ထင်ထားတာလေ. ...အခုဟာက ရွာက မူလတန်းကျောင်းလေးလို အုပ်ပတ်ကားလေးစီ သစ်တိုင်လေးထူ သွပ်လေးမိုးထားတာ အမိုးမှ အသစ်ကျပ်ချွတ်...အသစ်ကလေးတွေနဲ့  သေပြီဆရာ့  ပူလိုက်မယ့် ဖြစ်ခြင်းပေါ့ လေ...လူလည်း စိတ်ဓါတ်တွေကို ကျသွားတာပဲ...သီးခြားကြီး ရွာပြင်ထုတ်ထားတာကျနေတာပဲပေါ့ လေ...ဟီးဟီးးး..
အကြွားပိုပို လှိုင်တက္ကသိုလ်မှာပေါ့ ..
-------------
အဲ့ တုန်းက အသက်တွေက ၁၇လောက်နေ ၂၀ကြားလောက်ပေါ့ ဗျာ..ဒါပေမယ့်  ကိုယ့် ဟာကိုယ်တော့  လူဖြစ်ပြီထင်နေတာပေါ့ ..ကြီးစိတ်သာ ၀င်လာနေတာ စတိတ်တုန်းကလို ဂျလေဘီကျချင်တဲ့  အကျင့် တစ်ချို့ ကလည်း သူငယ်နာ မစင်သေးသလိုက ပါလာသေးတာကျောင်းစိမ်းမြင်ရင် လွမ်းသလိုလို ဘ၀ကြီးခြားသွားပြီလိုလို အဲ့ စတိတ်က ကျောင်းသားတွေကိုပဲ ကလေးလေးတွေလိုလို ကိုယ့် ဟာကိုယ်တစ်ယောက်ထဲ ..လွတ်နေတာ လွတ်နေတာ...ဟီးးး..၊ ယူနီဗာစတီမှာ ပထမနှစ်ဆိုတဲ့ အရှိန်ကလည်း နဲတဲ့ ပါဝါမဟုတ်ဖူး..အဲ့ တော့  လူကသွေးတော့ နဲနဲကြွနေတယ်၊ တစ်လ နှစ်လလောက် အတန်းတက်ပြီးချိန်လောက်ရောက်တော့ ကျောင်းထဲ ဗွက်ထမတတ်.ခြေချင်းလိမ်ထပ်ပြီးလို့  တဖြည်းဖြည်း ကျောင်းအနဲ့ အသားကျ ကျောင်းအထာလေးတွေ နပ်လာပြီပေါ့ ဗျာ....
.ကားဂိတ်မှာ စတိတ်သား လေးတွေနဲ့ အတူတူ ကားရပ်စောင့် နေရင် ကျနော်တို့ က ကိုယ်ဟာ တက္ကသိုလ် ကျောင်းတော်သားကြီးဆို ပြီး ဂုဏ်ကခံမိသေးတာ.. ဂုဏ်ခံချင်စရာကောင်းတာကလည်း မပြောနဲ့ လေဆိုသလိုပဲ ဆယ်တန်း အောင်ဖို့ ဆိုတာ အဲ့ ခေတ်က လွယ်တဲ့ သဘောမရှိဘူးလေ...ခိခိ..၊ အဲ တက္ကသိုလ်ကျောင်း သားမှန်း အရပ်ထဲကလူတွေ သူများတွေ သိအောင် ဘာလုပ်ရသလဲဆိုတော့  ဆင်ဝင်လိုက်လို့ ရအောင် အချောင်ကြီးကျယ်နေသေးတဲ့  လွယ်အိပ်ထဲ မထည့် ဘဲ ကျောင်းကထုတ်ပေးတဲ့ ပြဌာန်းစာအုပ် ပေပါ ၀မ်းတို့ တူးတို့ ကို သူများမြင်အောင်လက်က ကိုင်ထားရသေးတာ.ဒီဘက်ခေတ် သံရုံးစာကြည့် တိုက်တွေက ဘိုစာအုပ်ထူကြီးတွေ အိမ်ကိုငှားပြီး မနိုင်မနင်းနဲ့ လျှာထွက်အောင် ပွေ့ ပြီး လမ်းသလားသွားနေတဲ့ မချောလေးတွေမြင်ရင် အဲ့ တုန်းက ပြဌာန်းစာအုပ်ကို ပါးပါး ၂ အုပ်ကို သက်သက် ထုတ်ကိုင်ပြီး ကျောင်းသွားတက်ခဲ့ တာကိုသွားသတိရသေးဗျား...ဟဲဟဲ..
ကားဂိတ်မှာ ယူနီဗာစတီသားကြီးဆိုပြီး ပဲထုနေတုန်း ပြိုင်ဘက်ပေါ်လာတာက ပေါ်လစ်တင်ထားလို့ ပြောင်လက်နေတဲ့  စက်မှု့ သုံး တီပေတံအရှည်ကြီးတွေ ကိုင်လာတဲ့ ကျောင်းတော်သားတွေပါပဲဗျား..သူတို့ ကိုကြည့် ရတာလည်း အာအိုင်တီ ကျောင်းတော်သားတွေ ဆိုပြီး လိုင်းကားဂိတ်မှာ တီ တကားကားနဲ့  ကားအလာကို လှမ်းမျှော်ရင်း ကိုယ့် ဖက် အမှတ်တမဲ့ လှမ်းကြည့် တာကိုက အပေါ်ကနေ ကြည့် နေသလိုလိုလို့  ကိုယ်ကထင်..မျက်စိနောက်စရာ ဆိုပြီး သိပ်က ကြည့် မရချင်ဘူးပေါ့ ...အမှန်က မနာလိုနေမိတာနဲ့ တူပါရဲ့ ..ဟဲဟဲ.. သူတို့ က ဆယ်တန်း အမှတ်တော်တော်မြင့် မှ အဲ့  အင်စတီကျူ့ တွေ ရောက်တာကိုး..အဟီးး..ခုနေပြန်စဉ်းစားရင် လူငယ်ဘ၀က ကိုယ့် စိတ်လေးတွေ ပြန်မြင်နေရလို့  ရယ်စရာလေးတွေ ပြန်ဖြစ်နေတဲ့  အကွက်ကလေးတွေပေါ့ ဗျာ..
----------------------
တက္ကသိုလ်ရဲ့ ပထမရက်တွေမှာ အိုးတိုးအန်းတန်းဖြစ်ခဲ့ သလောက် အချိန်နဲနဲရလာတော့  ကိုယ် သဝေမထိုးဘူးတဲ့ နေရာမရှိတော့ သလောက်လည်းဖြစ်ပြီ သူငယ်ချင်း အုပ်စုလေးတွေလည်း စုမိ ဖွဲ့ မိသွားခဲ့ ပြီလေ..မေဂျာတူရော မတူရော ကျောင်းသွားကျောင်းပြန်မှာ မျက်မှန်းတန်းမိကုန်ကြတော့  ရဲတင်း သွက်လက်လာခဲ့ ပြီ..အဲ့ ကာလတွေမှ T ဆောင်တွေထဲမှာ ကဲနေကြတာက စက္ကူမြှားလေးတွေ လုပ်ပြီး နောက်ဆုံးခုံတွေကနေ သီရေတာ ဆင်ခြေလျှော ခုံတွေမှာကျောပေးထိုင်နေတဲ့ ကျောင်းသူလေးတွေကို လှမ်းပစ်ဆော့ နေကြတာမျိုးလဲပါခဲ့ တာပေါ့ လေ..၊ပထမတော့  ကျောင်းသူလေးတွေက သည်းခံကြသေးတယ် နောက်တော့ သူပစ် ကိုယ်ပစ်တွေဖြစ် ပွစိတွေထိုးတော့  ဟေးးးလို့ အော်ပြီး ဝေါကနဲ ထွက်ပြေးကြတာပေါ့ ..။
အာစီတူးက တစ်ခုကောင်းတာက လူစုံတယ် အလွှာအသီးသီးပဲ တိုင်းနဲ့ ပြည်နယ် ဒေသအစုံကလည်း ကျောင်းအဆောင် အပြင်ဆောင်တွေနေပြီး လာတက်ကြသလို ချော်တွင်းကုန်း ရန်ကင်း ကမ္ဘာအေး မြောက်ဥက္ကလာ ကျောက်ရေတွင်း တောင်ဥက္ကလာ ပုဏ္ဏမီ စသဖြင့် ပေါ့ လေ ပေါင်းရတဲ့ ဘော်ဒါတွေက အပြင်မှာ ဆုံမိဖို့ ခက်တဲ့ မြို့ နယ်သားတွေ နယ်သားတွေနဲ့ သွားပေါင်းမိတော့  အပေါင်းအသင်း အတော်စုံတယ်..ပြီးတော့ ပိုစုံတာက အနုပညာနယ်က နာမည်ရစပြုနေသူတွေပါ အဲ့ မှာ သွားဆုံနေတော့  ကျောင်းက လူစည်ပြီး အတော် ပျော်စရာကောင်းနေတာမျိုးပဲ..ပြီးတော့  အားနာနာ ရှက်ရှက်နဲ့ အပွင့် လင်းဆုံး ပြောရရင် အာစီတူးကျောင်းသူ တော်တော်များက တော်တော်လေး လှတဲ့ သူတွေ ပေါမှပေါပဲ...အဲ့ တော့  မိန်းထဲကလူတွေ အာအိုင်တီက ဆရာသမားလေးတွေပါ ပဲထုပြီး ခြေစကြ်ာ လာဖြန့် နေတော့  တာပေါ့ ဗျား...ဒါပေမယ့်  ကျောင်းထဲရောက်သွားရင် အကုန်လုံးက ကျောင်းသား ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပျော်ဝင်သွားပြီး တစ်ရောင်ထဲဖြစ်သွားတာကလည်း အဲ့ တုန်းက ကျောင်းသားဘ၀ကို မမေ့ နိုင်တော့ တာမျိုးကို ဖြစ်သွားစေတာနဲ့ တူတာပါပဲဗျာ...
အခုနေ ပြန်လမ်းလျှောက်ကြရအောင်လို့ များ လာပြောရင် နိုး ဟင့် အင်း ဆိုပြီး တာ့ တာ့ ပဲလုပ်မိမယ့်  သဘောရှိတဲ့  အဲ့ တုန်းက လမ်းလျှောက်ခဲ့ ကြပုံကလည်းတွေးကြည့် ရင် အမှတ် ရစရာတွေချည်းပါပဲ...စတိတ်တုန်းက လှိုင်တက္ကသိုလ်က ကိုယ့် အိပ်မက်..လှိုင်ရောက်တော့  မိန်းထဲရောက်ဖို့ က ကိုယ့် အိပ်မက်ဖြစ်သွားပြန်ရောဗျား.. လူငယ်ဘ၀ရဲ့  တစ်ခုပြီး တစ်ခု တစ်ဆင့် ပြီးတစ်ဆင့် ရောက်ချင်နေတဲ့  ရွေ့ လျားအိပ်မက်တွေပေါ့ လေ..ဟီးဟီး..
အဲ့ ကာလမှာ ဘော်ဒါတွေ အဖွဲ့ လိုက်ကြီးတွေနဲ့ ရော ကိုယ့် ပစ္စည်းလေးနဲ့  ရော လမ်းလျှောက်ကြမ်းခဲ့ ပုံကလည်း...အေဒီလမ်းကိုဖြတ် တပ်ဝင်းကြီးကိုကျော် ကမ္ဘာအေးဖက်လည်း ဖေါက်ထွက် လျှောက်ခဲ့ ဖူးတယ်...လှိုင်နယ်မြေ ကျောင်းဝင်းကနေ မိန်းဘက်ကို တော့  ခဏခဏကိုလမ်းလျှောက်ပြန်ဖူးတယ်..အဲ့ တုန်းက ဝေးတယ်လို့ ကို မထင်မိဘူး.ဟဲဟဲ.....မိန်းထဲက အဆောင်တွေမှာ နယ်ကလာတက်တဲ့  ဘော်ဒါတွေ ရှိနေတာရယ် အဖွဲ့ တွေပါနေတာရယ်က ခြေညောင်းဖို့ ကိုတောင် မေ့ နေတယ်.
.ကျောင်းကနေ လမ်းတစ်လျောက် သစ်ပင်အုပ်အုပ်ကြီးတွေရဲ့ အောက်ကနေ တော်ကီထုလိုက် စလိုက်နောက်လိုက် နဲ့  လျှောက်လာပြီး အင်းလျားကန်ဘောင် အစပ်ပေါ် လှမ်းတက်လိုက်တာနဲ့ ကန်ရေပြင်ကိုဖြတ်လာတဲ့ လေက လူကို အညောင်းပြေသွားစေတယ်လေ...တကယ့် ကို လွတ်လပ် ကောင်းကင်ပြာအောက်က လွမ်းစရာကောင်းတဲ့  လှိုင်နယ်မြေကျောင်သား ဘ၀လေးတစ်ခုကို အဲ့ တုန်းက ရခဲ့ ပါရဲ့ ဗျာ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..