Powered By Blogger

Saturday, May 16, 2015

လောကကို ဒုက္ခဘုံကြီးအဖြစ် ရှု့ မြင်ခြင်း နဲ့ 




လောကကို ဒုက္ခဘုံကြီးအဖြစ် ရှု့ မြင်ခြင်း နဲ့ 
-----------------------------------
ဒဿနပညာရဲ့ အသက်က မေးခွန်းတွေမေးနေဖို့ နဲ့ တွေးဖြစ်ဖို့ က အဓိကပဲ လက်တွေ့ ထလုပ်တာမလုပ်တာက အဓိကမကျသေးဘူး..သိပ္ပံဒဿနသဘောဝင်သွားမှ
အတွေးကို လက်တွေ့ ထစူးစမ်းဖို့ ဖြစ်လာတော့ တာမျိုးပဲ...အဲ့ ဒီ လက်တွေ့ ထလုပ်ဖြစ်ဖို့ ဆိုတာဟာ ခံစားမှု့  (၀ါ) သိလိုစိတ် (၀ါ) အတွေး နဲ့  မေးခွန်းတွေက အရင် စဖြစ်မလာပဲလက်တွေ့ သဘောကို ရောက်မလာနိုင်ဘူး..ဆိုပါတော့  အများစု ဘာလို့ ဆင်းရဲနေကြတာလဲ ဆိုတာကို တွေးမိမှ အဲ့ ဆင်းရဲလွတ်တဲ့ နည်းလမ်းရှိသလားဆိုတဲ့ နောက်မေးခွန်းဖြစ်လာတာပဲ..ကိုယ့် ဟာကိုယ် ဆင်းရဲလို့ ဆင်းရဲနေမှန်းတောင် မသိရင် ဆင်းရဲလွတ်တဲ့ နည်းလမ်း ရှိသလားဆိုတဲ့  နောက်မေးခွန်း ထပ်ဖြစ်မလာနိုင်ဘူး..ပြီးတော့  ဆင်းရဲနေကြတယ်လို့ ဘာလို့ တွေးမိတာလဲ က အမေးကို မေးခွန်းထပ်ဆင့် တာမျိုးပါဖြစ်လာပြီ..



အဲ့ ဒီမှာမှ အခြေခံ ဘာသာဗေဒ ဒဿနသဘောတွေ ထပ်တွေးကြရပြန်ပြီ ဆင်းရဲတယ်လို့ ပြောတယ် ဒါဆို မေးစရာရှိတယ် ဆင်းရဲခြင်းဆိုတာရဲ့ အဓိပ္ပါယ်ဟာ ဘာကို ဆိုလိုတာလဲ ဘယ်အချက်တွေကို ဆင်းရဲတယ်လို့ ခေါ်သလဲ ဆင်းရဲတယ်လို့ ပြောရအောင် ဘာနဲ့  အနှိုင်းနဲ့ အနှိုင်းခံနဲ့  အနှိုင်းလုပ်ပြီးဆိုလိုသလဲ

ဆင်းရဲတယ်ဆိုတာ အစစ်အမှန်သဘောလား မာယာသဘောလား ပမာဏရှိလာ ခံစားချက်သက်သက် အထင်တွေပြောနေတာလား လက်တွေ့ ကျကျသိတာလား ကိုယ်တွေ့ လား တစ်ဆင့် စကားလား...တစ်ယောက်နဲ့ တစ်ယောက် ဆင်းရဲခြင်းသဘောကို ခံစားတဲ့ စံနှုံးတူနိုင်သလား မတူဘူးလား မတူရင်ဘာလို့ မတူတာလဲ တူရင်ဘာလို့ တူတာလဲ...

ဒီလိုလေး စ အမေးခံတဲ့ လူ့ အဖွဲ့ အစည်းဟာ အဲ့ ဒီလိုအမေးမခံတဲ့  လူ့ အဖွဲ့ အစည်းထက် နေသာထိုင်သာရှိတယ် အနာဂတ်အတွက် အိပ်မက်လို့ ကောင်းတယ် မျှော်လင့် နိုင်စရာတွေရှိတယ်....

တစ်ချို့ တွေကတော့  တွေးတာ မေးတာတောင် မတွေးကောင်း မမေးကောင်း ငရဲကြီးလိမ့် မယ်နဲ့ ခြိမ်းခြောက်ပြီး လူ့ သိလိုစိတ်ဗီဇပါ အတွေး အမေးလေကိုတောင် ပိတ်ဆို့ထားလိုက်တတ်ကြတယ်...ဘာလို့ ဒီလို အမေးမခံရဲ အတွေးမခံရဲတာပါ အကြောင်းပြချက်ရော ခိုင်လုံပါသလား..ဘာလို့ အကြောင်းပြချက်တွေကို ကျေလည်အောင် ထပ်ရှင်းမပြင်ချင်တာပါလဲ...ပိတ်ဆို့ ပြီ ဆိုရင် ဖေါက်ထွက်လိုမှု့ ဆိုတဲ့  သဘောတရားဟာ   သဘာဝတ္တတရားကြီး မှာ ရှိနေတယ်ဆိုတာကို ဘာလို့ ထည့် မစဉ်းစားပေးတာပါလဲ...စသဖြင့် ပေါ့ လေ....

ဒီနေ့  ကမ္ဘာတစ်ခွင်ရဲ့  အယူဝါဒမျိုးစုံ အပါအ၀င် လူသုံးပစ္စည်းမျိုးစုံဟာ အတွေး အမေးတွေကနေချည်း စတင်  ဖြစ်လာခဲ့ တာပဲ မဟုတ်ပါလား.....နောက်ဆုံး ဓမ္မတရားတွေ ဆိုတာတွေတောင် လောကကို ဒုက္ခဘုံကြီးအဖြစ် ရှု့ မြင်ခြင်း နဲ့ နေချင်သေးလည်း တစ်နေ့ နေ့  သေကိုသေရမယ်ဆိုတဲ့ သေခြင်းတရား၂ပါးကြောင့်  ဖြစ်တည်ပေါ်ထွက်လာတာလို့ မဆိုနိုင်ပါဘူးလား..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..