Powered By Blogger

Sunday, May 17, 2015

THE PASSION....ရုပ်ရှင်နောက်ဆုံးအခန်း ခံစားမှု့ ..

THE PASSION....ရုပ်ရှင်နောက်ဆုံးအခန်း ခံစားမှု့ ..
-----------------
့သစ္စာပျက်အနမ်းလို့ တင်စားနိုင်လောက်တဲ့ .....
----
အဲ့ ရုပ်ရှင်ထဲမှာ ယေရှုက ဆင်းရဲသားအနှိမ်ခံလူတန်းစားတွေ အဖိနှိပ်ခံလူတန်းစားတွေ အပေါ် မေတ္တာထားတဲ့ အတွက် လူထုတွေအကြားကြည်ညိုသူတွေ များလာတယ်.. လူထုတွေကြားမှာ ယေရှုဟာ ဘုရားသခင်ရဲ့ သားတော်ဖြစ်တယ်ဆိုတဲ့  သတင်းစကားကလည်း နေရာအနှံ့ မှာကျယ်ပြန့် လာတော့ တယ်၊ ဒါကိုနန်းတော်က အုပ်ချုပ်သူတွေတစ်ချို့ နဲ့  အဲ့ သူတွေရဲ့ အသိုင်းအ၀ိုင်းက ကိုးကွယ်ယုံကြည်ကြတဲ့ အကိုးကွယ်ခံတွေက မကျေနပ်ကြဘူး..

အဲ့ ဒီရုပ်ရှင်ထဲမှာတော့  ယေရူ့ ရဲ့ ကားစင်တင်ခံရမယ့် နေ့ ဟာ ပူပြင်းလှတဲ့ နေ့ တစ်နေ့ပေါ့ ..ယေရူ့ ကို မလိုလားတဲ့ သူတွေဆိုတာ သူတို့ ရဲ့ အာဏာ ပါဝါသြဇာကြီးမားမှု့ ကို အနှောက်အယှက်ပြုမှာ စိုးနေတဲ့  အုပ်ချုပ်သူတွေရဲ့ အကိုးအကွယ်ခံတွေ နဲ့  သူတို့ နောက်လိုက်တွေကတော့ အားရ၀မ်းသာနဲ့ အော်ဟစ်နေကြတယ်..

ယေရူ့ ဟာ သူ့ ကို တင်မယ့် ကားစင်ကို ကိုယ်တော်တိုင် ပင်ပမ်းကြီးစွာ ထမ်းပိုးပြီး ဝေးလံလှတဲ့  တောင်ထိပ်ခရီးကို သည်ပိုးလာခဲ့ ရတယ်..တောင်ထိပ်ရောက်တော့  ယေရူ့ ဟာ လှုပ်တောင် မလှုပ်နိုင်တော့ လောက်အောင် ခြေကုန်လက်ပမ်းကျခဲ့ ပြီပေါ့ ...မလှုပ်နိုင်တော့ တဲ့ ယေရှု့ ကို လက်ဝါးကပ်တိုင်မှာ ခြေလက်တွေကို သံမှိုစွဲရိုက်ပြီး လက်မရွံ့ ပါးကွက်သားတွေက ကားစင်ထောင် လိုက်ကြတော့ တယ်..



ပူပြင်းလှတဲ့ မွန်းတည့် နေအောင်မှာ ယေရူဟာ ခေါင်းမှာပတ်ခွေ နှိပ်စက်ထားတဲ့ ဆူးခက်သရဖူက ယိုစီးထွက်ကျလာတဲ့  သွေးစီးကြောင်းနဲ့ အတူနာကျင်မှု့ ဒဏ်ကိုပါ ခံနေရတယ်..များမကြာခင်မှာ ကောင်းကင်တခွင်ဟာ အံ့ သြစဖွယ် မိုးသားတိမ်လိပ်တွေတက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးဟာ အမှောင်ထုလွှမ်းလာတော့ တယ်..

ဒီလို ရုပ်ချည်းပြောင်းလဲလာတဲ့ ကောင်းကင်အခြေအနေကြောင့် လက်မရွံ့ တွေဟာ သွေးပျက်ပြီး ခြောက်ခြားလာကြတော့ တယ်..ယေရှု့ ခရစ်တော်ဟာ နောက်ဆုံး ထွက်သက်ကို နှုတ်ခမ်းကလေး လှုပ်နိုင်ယုံမျှသာ အားယူလိုက်ပြီး....
'
'ဘုရားသခင် ဘယ့် အတွက်ကြောင့် များ ကျွန်ုပ်အား မျက်နှာလွှဲထားတော်မူပါသလဲ..''

လို့  ငြီးတွားရေရွတ်လိုက်တဲ့  စကားအဆုံးမှာ....မျက်လုံးထဲက မျက်ရည်တစ်ပေါက် ကမ္ဘာမြေကြီးပေါ်ကို ကျရောက်လာတော့ တယ်...

အဲ့ ဒီ့ အချိန်မှာပဲ မိုးသားတိမ်လိပ်တွေဟာ တလိမ့် လိမ့် ထပ်တက်လာပြီးလေပြင်းတွေကျ လျပ်စီးတွေလက် မိုးကြိုးတွေပစ် ကမ္ဘာမြေကြီးပါ လှုပ်ခပ်လာရင်း ငလျင်ကြီးပါ လှုပ်ခပ်ပြလိုက်တဲ့ အခါ..

..နန်းတော်တစ်ခွင်လုံး ဆောက်တည်ရာမဲ့ ဖြစ်ကုန်ပြီး အကိုးကွယ်ခံတွေရဲ ကျောင်းတော်တွေပါ သွက်သွက်ခါအောင် လှုပ်ရမ်းပြိုကျပျက်ဆီး ကုန်တော့ တယ်..အုပ်ချုပ်သူတွေရဲ့  ခိုင်မာတောင့် တင်း.မာကျောလှတဲ့ ကျောက်စိုင် ကျောက်သားထုတိုင်ကြီးတွေ အမိုးတွေဟာ အစိတ်စိတ်အမွှာမွှာလဲကျ ပြိုကွဲ ပျက်ဆီးပြီးမြေကြီးထဲကို နစ်မြုတ်ဝင်သွားတော့ တယ် ကွဲအက်သွားတဲ့ ကမ္ဘာမြေကြီးထဲက မီးတောက် မီးလျံတွေပါထွက်ပေါ်လာပြီး တွေ့ သမျှကို ၀ါးမြိုသွားတော့ တယ်...

များမကြာခင်မှာတော့ ယေရူ့ ခရစ်တော်ဟာ ဂူထဲကနေ ရှင်သန်ထမြောက်သွားလေတော့ တယ်...အမှတ်တရ စကားတစ်ခွန်းကတော့  သစ္စာပျက်သူ တပည်တစ်ယောက်ဖြစ်တဲ့ ဂျူးးဒက်ရဲ့ '''' ကျနော် နမ်းပြတဲ့ သူဟာ ယေရူ့ အစစ်ပဲ သူ့ ကိုဖမ်းပါ..''' လို့ ဆိုပြီး ယေရူ့ ကို သွားနမ်းပြလိုက်ချိန်မှာ ပြောခဲ့ တဲ့ သစ္စာပျက်အနမ်းလို့ တင်စားနိုင်လောက်တဲ့  စကားလုံးလေးပါပဲဗျာ..


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..