'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Thursday, May 21, 2015
ဘယ်အရပ်မှာနေတဲ့ လူ
ဘယ်အရပ်မှာနေတဲ့ လူ
---------------------
အွန်လိုင်းပေါ်က ဟမ်းဖုံးနဲ့ ချိတ်ဆက်သုံးတဲ့  လက်ကိုင်ဖုံးခွက် ကြော်ငြာပေါ့  ဟမ်းဖုံးရဲ့ နားကြပ်ပေါက်မှာ ထိုးပြီး လိုင်းဖုံးလို စိမ်ပြေ နပြေ ပြောနေလို့ ရတယ်ပေါ့ ၊ ကျနော်တို့ လို လိုင်းဖုံးသာ အကျင့် ဖြစ်နေ ဟမ်းဖုံးပြောဖို့  လမိုင်း မကပ်သေး ဖီလင် မလာသေး ပါးယား အားမရတတ်တဲ့ လူတွေဆို သဘောကျလောက်တယ်ပေါ့ .
.အဲ့ မှာ အဲ့ ဖုံးပြောခွက်ပုံကို ကြည့် ရင်း..ဒီ ဖုံးခွက် စထွင်သူဟာ ဒီ အိုင်ဒီယာကို ဘယ်လို စရပါလိမ့် လို့ တွေးမိသွားတယ်ဗျ...ငါတို့ လို လက်ကိုင်ဖုံး မှ တော်ကီထုရတာ အားရတယ်ထင်နေသေးတဲ့  ဖီလင်သမားဖြစ်နေလို့  ကိုယ်ချင်းစာမိသွားရင်း တွေးမိတာလား..ကိုယ်တိုင် လိုင်ဖုံး ဖီလင်သမား မဟုတ်ပေမယ့်  လက်ကိုင်ဖုံးသမား ဖီလင်သမားတွေ ရဲ့ စိတ်ကို ၀င်ခံစားကြည့် တာလားပေါ့ ....
ယေဘူယျသဘော တွေးမိသလောက်ကတော့ လူ့ အသုံးအဆောင်တွေကို စပြီး အိုင်ဒီယာရသူ တီထွင်သူတွေဟာ လူတွေ သုံးစွဲရတာ အဆင်ပြေစေချင်တဲ့ ကိုယ်ချင်းစာတရား သဘောရှိကြပုံရတယ်လို့ တွေးမိတယ်....နောက်မှ အများစုအတွက် ထုတ်ကုန်သဘော အသွင်ပြောင်းသွားပုံရတယ်ပေါ့ ..အဲ့ ဒီကနေ ဆက်တွေးမိတာက ကမ္ဘာပေါ်မှာ လူတွေရဲ့ စိတ်ပင်ပမ်းမှု့  ရုပ်ပင်ပမ်းမှု့ ကနေ သက်သာနိုင်သမျှ သက်သာအောင် အချိန်မကုန်အောင် အချိန်တွေ ပိုထွက်လာအောင် လူအသုံးအဆောင်ပစ္စည်းတွေ စ စ ထွက်ပေါ်လာတတ် တာဟာ ဘယ်အရပ်မှာနေတဲ့ လူတွေဆီက တကယ်တန်း စေတနာပါပါနဲ့  လက်တွေ့ ကျကျ လူတွေ အဆင်ပြေပါစေဆိုပြီး ထွက်လာတာ ပိုများနိုင်မလဲလို့ တွေးမိတဲ့ အခါ...
------------------
ဘယ်အရပ်ကလူတွေက ပိုများလဲငင်...
-----------
တွေးတုန်းပဲ...ဟီးးး
--------------
ငင့် .....ခိခိ
'''ပုလဲအရောင်မမှိန်''

'''ပုလဲအရောင်မမှိန်''
--------------------
ထူးချွန်ထက်မြက်ပြီး သိပ်တော်နေတဲ့ သူတွေနဲ့ ဆုံရင် သူတို့ ဟာ ပထမ သိမ်ငယ်သွားတတ်တယ်.
.နောက်တော့ ထက်မြက်သူက သတင်းမွှေးလာလေလေ
သိမ်ငယ်စိတ်ကနေ မနာလိုစိတ်တွေဝင်လာလေလေ..၊
တစ်ချို့ ကတော့  အဲ့ မှာတင်ရပ်သွားတယ်..သိမ်ငယ်လို့ ရှောင်ရပ် ရပ်တာမျိုးပေါ့ ..၊
တစ်ချို့ ကတော့  ရပ်ပေမယ့်  အခါအခွင်သင့် ရင် အပြစ်ပြောရှုံ့ ချတာ အတင်းတုတ်တာတွေ ဖြစ်လာတယ်..၊ ဒိထက် ဆိုးသွားတတ်သူက အဲ့ ဒီထက်မြက်သူကို ပြိုလဲသွားအောင် ဒုက္ခရောက်အောင် ကြံစီတော့ တယ်...
ကြံစီနေတုန်းမှာပဲ ထက်မြက်သူတော်သူတွေဟာ လူ့ သဘာဝအရ တစ်ခါတစ်ရံ အနဲအပါး အချွတ် အချော်ဖြစ်သွားရင် အားရပါးရ ကျေနပ်သွားပြီး ပုံကြီးချဲ့ အခမဲ့ ကြော်ငြာပေးသူ ထလုပ်လိုက်တော့ တယ်...
အချိန်တစ်ခုရောက်လာတဲ့ အခါ အများအားဖြင့် တော့ ထူးချွန်ထက်မြက်သူတွေသာ '''ပုလဲအရောင်မမှိန် '' ဖြစ်ကျန်ခဲ့ ပြီး သိမ်ငယ်မိရာကနေ မနာလိုဖြစ်သွားတဲ့ သူတွေသာ ခွေးကတိုးဝက်ဝင် လူတောမတိုးနဲ့  သမိုင်းရဲ့ ဖုံလေဖုံလွင့် အဖြစ်နဲ့ မထင်မရှားဇာတ်သိမ်းသွားတာများတယ်
သူတို့ အမည်တွေ အတွက်လည်း ဘယ်သူမှ ရာပြည့် ပွဲတွေ အမှတ်တရပွဲတွေ ဆုတောင်းပွဲတွေ လုပ်ပေးဖို့ နေနေသာသာ သတိတောင် မရကြတော့ ဘူး သတိရရင်လည်း ဆဲခံကြရတော့ တယ်...
ဒီမှာကြည့် စမ်း ငါပုဏ္ဏားလေး ဖြစ်သွားပြီ..
ဒီမှာကြည့် စမ်း ငါပုဏ္ဏားလေး ဖြစ်သွားပြီ..
---
ငယ်ငယ်က ဗိုက်ထဲ သံတအားထတယ်...ထဆို ညစ်ညစ်ပတ်ပတ်တွေထဲနေရတာကိုး ဆော့ တာကိုက ဖုတ်တောထဲ ဒီတော့ လက်သည်းကြားဘာညာပေါ့ ..
အဲ့ တော့  ချီးပန်းတာပေါ့ ..ချီးပန်းပုံက အောက်ကချည်းပဲမဟုတ်ဖူး ပြို့ တက်လာပြီး အန်ချလိုက်တာပါ ပါသေး...အထက်လှန် အောက်လျှော အဆင့် အထိမရောက်ပဲ အန်ပုံက သံကောင် ကြီး တစ်ကောင်လောက် စ အန်ချတာမျိုးပဲ..ဖြူဖြူရှည်တုတ်တုတ် တစ်ကောင်လောက်ထဲ.
အဲ..အဲ့ မှာ အမေက လာ လာ... ပုဏ္ဏားလေး လုပ်ပေးမယ် ဆိုပြီး ခေါ်ပြီး ထုံး တွေတာပေးတော့ တာပါပဲဗျာ....ထုံးတားတာက..လည်ပင်းမှာ ကန့် လန့် က သုံးရစ် ရင်ဘတ်မှာ သုံးရစ် ဗိုက် တစ်ရစ်လောက်ပေါ့ ...အဲ့ ဒါကို ပျော်နေချက်က နဖူးမှာပါ တားပေး လို့ ပြောလို့ မအေက နဖူးမှာပါ သုံးရစ်တားပေးလိုက်တယ်..ဟီးဟီး
အဲ့ တော့ မှ ကွကိုယ် မောင်နှမတွေကို သွားပြီး ဒီမှာကြည့် စမ်း ငါပုဏ္ဏားလေးဖြစ်သွားပြီ ဆိုပြီး ထုံးတားထားတွေ ပြပြပြီး သဘောတွေ ကျနေတော့ တာပါပဲဗျာ..အသားကမဲမဲနဲ့ လူက နံရိုး အပြိုင်ပြိုင်နဲ့  တူချက်ပေါ့ ...ခိခိ...အဲ ..ထူးဆန်းတာက သံကောင်က အဲ့ လို ထုံးတားလိုက်ရင် မအန်တော့ ပဲ အောက်ကနေပဲ အသေကောင်လေးတွေဖြစ်ပြီး ထွက်ကျသွားတော့ တာပါပဲဗျာ.....
အဲ့ သံကောင်ကြီးကို မှတ်မိနေပုံများ နန်းကြီးသုတ် အဖြူတွေစားတိုင်း ငယ်ငယ်က ပါးစပ်ထဲက အန်ချလိုက်တဲ့ သံကောင်တုတ်တုတ်ကြီးကိုချည်း သွားသွား သတိရတတ်တယ်..နန်းကြီးတုတ်တုတ်တွေနဲ့  သန်ကောင်တုတ်တုတ်တွေက တော်တော်တူတာ.အဟီးး
ကြယ်မြင် လမြင် မိုးယို နေထိုး ကြမ်းကြားလေစိမ့် နေတဲ့ ခနော်နီခနော်နဲ့ လေးတိုင်စင် တဲစုတ်လေးထဲမှာ
.(0_0) ..
ကြယ်မြင် လမြင် မိုးယို နေထိုး ကြမ်းကြားလေစိမ့် နေတဲ့ ခနော်နီခနော်နဲ့ လေးတိုင်စင် တဲစုတ်လေးထဲမှာ
--------------
စာဖတ်ရတာတော့ ပျော်တယ်..ဒါပေမယ့်  ဒေါ်လာတစ်ထောင်တန်တဲ့  အက်စ်အီးကားတဲ့ ..ရှေးခေတ်ဟောင်းအောင်းမေ့ဘွယ်ဖြစ်ရပါတယ်ဆရာ..ခ်ခ် အဲ..အဲ့ လိုစာလုံးလေးတွေ မြင်ရင် ဒီစာအုပ်ရေးတဲ့ ခေတ်ကို မှန်းလို့ ရတယ်ပေါ့  အိုင်ဆေးကိုသိမ်းမောင်..ဟုတ်ပါ့ ကိုထင်ကျော်...ဟီးး.
.အဲ..စာရဲ့ မတ်စိကတော့ အရင် နှစ်ပေါင်း ၂ ထောင့် ၅ရာလောက်ကတည်းက အန်းတိတ် မတ်စိမျိုးပဲ ခုခေတ်ရော နောက်တော်တော်ကြာတဲ့  ခေတ်တွေအထိရော ခေတ်အဆက်ဆက် ဒီ မတ်စိကိုပဲ တစ်နည်းနည်းနဲ့  ပုံဖေါ်ပြနေဦးမှာပဲဗျာ့ ...''''လူဆိုတာ သိတတ် ခံစားတတ်တဲ့ စိတ် ရှိနေတာကိုး.''' ဟဲဟဲ...ဒါပေမယ့်  အဲ့ မတ်စိ ကို မှီပြီး သူပေးချင်တဲ့ မတ်စိအပြင်...နောက်ထပ် အတွေး မတ်စိ တစ်ခု ထွက်လာတတ်သေးတာကို ရေးတဲ့ စာအုပ်မျိုး ပုံပြင်တစ်ချို့ နဲ့ အရပ်စကား ဇာတက စကားတစ်ချို့ ကလွဲရင် တစ်ခြား စာရေးဆရာတွေ အဟောဆရာတွေ ရေးတာပြောတာ မဖတ်ခဲ့ ရ မကြားခဲ့ ရသ လောက်ပဲ...ဘယ်လို အတွေးမျိုးလည်း ဆိုတော့  ...
''''စိတ်ဆင်းရဲရတာချင်း အတူတူကွာ....စားချင်တာဝယ်စား သွာချင်ရာထွက်သွား ၀တ်ချင်တာဝယ်ဝတ် ဟော်တယ်မှာအိပ် ဆွစ်ဇာလန်တောင်ထိပ်မှာ နှင်းလျှောစီး.အီဖယ်လ်မျှော်စင်မှာ အိမ်သာတက် ကမ္ဘာပတ်ရင်း ဘောစိဘ၀ နဲ့  စိတ်ဆင်းရဲနေရတာက ကြယ်မြင် လမြင်မိုးယို နေထိုး ကြမ်းကြားလေစိမ် နေတဲ့ ခနော်နီခနော်နဲ့ လေးတိုင်စင် တဲစုတ်လေးထဲမှာ ထမိန်ရေသောက် ၀ါးဆစ်ခြမ်းခေါင်းအုံး ဂုံနီခြုံ အိပ်ပြီး စိတ်ဆင်းရဲ နေရတဲ့ ဘ၀မျိုးထက် ပိုကောင်းမယ်''' ..လို့ လေ.....ဟီးဟီး...အဲ့ လို တွေးဘူးကြတယ်ဟုတ်..အဟိ.......ခ်ခ်...
သမ္မတ
(ˆ▽ˆ)
လမ်းထိပ်က စိတ်မနှဲ့ တဲ့ သူတောင်သိတယ်
------------------
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပါ့ မလား တဲ့ ဗျ...ဟားဟား...မင်းမေးတိုင်း ငါက ဖြေရမှာလားကွ..လို့  ဆရာတစ်ယောက်ရဲ့ စကားကို ယူပြောလိုက်တာပေါ့ ...ခ်ခ်..ပြီးမှ..ခုနှစ်ပိုင်းမှာ.တစ်ချို့ တွေက အားမနာ ပါးမနာနဲ့  မေးမေးလာတယ်ဗျ..သူတို က ကြုံတုံးလေး အလကားမတ်တင်း သိချင်ယုံသက်သက် ပါးစပ်ဆော့ မေးတာ ဗေဒင်ဆရာက အဆင်မသင့် ရင် ဘ၀နဲ့ ရင်းရမှာ နိုင်ငံရေးကြောင့်  မတော်လို့ ဂျေးအောင်းသွားရင် အဲ့ ဒီ နိုင်ငံရေးမေးတဲ့ ကောင်တွေ ဘယ်ကောင်မှ ထောင်ဝင်စာ လာတွေ့ မှာမှုတ်ဖူး.. .တကယ်ပါ..နိုင်ငံရေးကြောင့်  တောထဲထွက်ပြေးရတဲ့ ဆရာတွေ ဂျေးအောင်းခဲ့ ရတဲ့ ဆရာတွေကို တကယ်လေးစားတယ်.
သူတို့ လို ကိုယ်တောင် မစွန့် စားရဲသေးဘူး.ဟိုအပတ်ကလည်း ပြောမနာဆိုမနာ ငယ်ပေါင်း သူငယ်ချင်းတွေထဲက တစ်ကောင် ဒီလိုပဲ ပါးစပ်ဆော့ မေးတာပဲ..ဒီကောင်မေးတော့  ကျနော်က '''' ဟယောင် ဒါက ဘာမှတောင် တွက်နေစရာမလိုဘူး.....ဒေါ်စု သမ္မတဖြစ်မယ်ပဲ ငါပြောမှာပဲ နောက်မှ ဘာဖြစ်ဖြစ် အရေးကြီးတာ အခု ကောင်တွေ မြန်မြန်ညောင်းသွားဖို့ က ပိုအရေးကြီးတယ်.. ဟုတ်တယ်မလား..တိုင်းပြည်မွဲသွားတာ ဘယ်ပြည်ပကကောင်တွေ လက်ထက်မှာ မဟုတ်ဘူး ဒီကောင်တွေလက်ထဲမှာပဲ ရုပ်ပိုင်းရော စိတ်ပိုင်းပါ မွဲတေ စုတ်ပြတ်သွားတာ တောင်းနေကြအိမ်က ထမင်းတောင်း စားရတာ အရင်လို သားငါးလေးတောင် သိပ်မပါတော့ ပဲ အဖြူထည်နဲ ပဲငပိပုံချည်းပဲ စားနေရတဲ့  လမ်းထိပ်က စိတ်မနှဲ့ တဲ့ သူတောင်သိတယ်.'' .လို့ ပြောလိုက်တာပေါ့ ဗျာ....
ရိုးရိုးမိုး...

့ရွှေတွေ ငွေတွေများ ရွာလာရင် ကောက်ရအောင်လို့  ထွက်ကြည့် တာ ဒီဘက်က မိုးကတော့ ရေတွေပဲပါတယ်လို့ .ငိငိ..
ပေါ့ ပေါ့ ပါးပါး
အဲဒါ ဂလောက် လှတပတရှိတတ်တဲ့  ပန်းလေးတွေကို ဘာလို့ သစ်ခွလို့  မလှမပ နာမည်ကြီးပေးလိုက်ရတာလဲလို့ စဉ်းစားကြည့် တော့ သစ်ပင်ခွကြားတွေမှာ အပေါက်များတာ တွေ့ ရလို့ နဲ့ တူပါရဲ့ ပေါ့ လေ...အာ့ နဲ့  အင်းး..အစကတည်းက အုန်းပင်တွေမှာသာ ကပ်ပေါက်ရင် အုန်းခွ တွေဘာတွေများ ဖြစ်နေမလားမသိပေါ့ ....ခ်ခ်..ပေါ့ ပေါ့ ပါပါး အလွယ်ကြိုက်တာများ အမည်ပေးတာကအစ ပေါ့ ပေါ့ ပါးပါးလွယ်လွယ်ပဲ..အဲ အဲ..အဲ့ လိုလေးတွေးမလို့ ရှိတုန်း...ဟာ..သစ်ခွဆိုတာ...ဓမ္မာသောကနာမည်ကြီးပါလား..အာ့ ကြောင့် နဲ့ တူတယ် မစံပယ်တွေ မနှင်းဆီတွေသာ အမည်ပေးကြတာ မသစ်ခွလို့  မပေးကြတာများလားမသိလို့ ပေါ့ လေ...(..အင်းး..တော်မှ...တော်ကြာ ခွာညိုတွေ ဘာတွေပါလာရင် ဒီ ခွာ ကြီးက ဘာကြီးတုံး ဘာညာလာနေရဦးမှာ..ငိငိ)
(>_<)
ဘယ်ညာ....
ဘယ်ညာ....
------------------
သူများကို ဟောပြောတာထက် ကိုယ်ရွေးခြယ်ရမှာတွေ ပယ်ရမှာတွေကို ကိုယ်တိုင် ချိန်ဆတတ်စေဖို့  ရည်ရွယ်ပါတယ်ဗျာ.....
အခုပြတဲ့  ပုံက ဂျပန်မှာ ကျောင်းဆက်တက်နေတဲ့  ဗုဒ္ဓဟူးသမီး မရဏဖွားလေးပါ..၉၀ ဖွား ဖြစ်ပြီး အခု အသက် ၂၄ ပြည့် ခါနီးပါပြီ အင်္ဂါသက်ရောက်ဆိုပါတော့ ....
ခဏပြန်လာတုန်း သူ့ မအေက ခေါ်လာတာပါ ဆရာဝန်မလေးပါ....ပြဿနာက မကြီးမသေးပါ....သူ့ ကိုယ်သူ ယုံကြည်မှု့ တွေ ကျဆင်းလာတာကို ထိုင်ပြောပေးရတာပါဘဲ....စာတွေက အရမ်းခက်လို့  ပြီးအောင်မှဆက်ဖတ်နိုင်ပါ့ မလားလို့  သူ့ ကိုယ်သူ စိတ်ပူလာလို့ ပါ.....ဒါဟာ အင်္ဂါသက်ရောက်ရဲ့  စိတ်ဖိစီးမှု့ များလာတဲ့ သဘောတရားတစ်ခုပါဘဲ...ကြွယ်ဝသူတွေဖြစ်လို့  စကော်လာသမား မဟုတ်ဘဲ ကိုယ့် ပိုက်ဆံနဲ့ ကိုယ်သွားတက်နေသူပါဘဲ...ခွန်အားမြှင့် တင်ပေးရတာ လွယ်ပါတယ်...
Subscribe to:
Posts (Atom)