(ˆ▽ˆ)
လမ်းထိပ်က စိတ်မနှဲ့ တဲ့ သူတောင်သိတယ်
------------------
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပါ့ မလား တဲ့ ဗျ...ဟားဟား...မင်းမေးတိုင်း ငါက ဖြေရမှာလားကွ..လို့  ဆရာတစ်ယောက်ရဲ့ စကားကို ယူပြောလိုက်တာပေါ့ ...ခ်ခ်..ပြီးမှ..ခုနှစ်ပိုင်းမှာ.တစ်ချို့ တွေက အားမနာ ပါးမနာနဲ့  မေးမေးလာတယ်ဗျ..သူတို က ကြုံတုံးလေး အလကားမတ်တင်း သိချင်ယုံသက်သက် ပါးစပ်ဆော့ မေးတာ ဗေဒင်ဆရာက အဆင်မသင့် ရင် ဘ၀နဲ့ ရင်းရမှာ နိုင်ငံရေးကြောင့်  မတော်လို့ ဂျေးအောင်းသွားရင် အဲ့ ဒီ နိုင်ငံရေးမေးတဲ့ ကောင်တွေ ဘယ်ကောင်မှ ထောင်ဝင်စာ လာတွေ့ မှာမှုတ်ဖူး.. .တကယ်ပါ..နိုင်ငံရေးကြောင့်  တောထဲထွက်ပြေးရတဲ့ ဆရာတွေ ဂျေးအောင်းခဲ့ ရတဲ့ ဆရာတွေကို တကယ်လေးစားတယ်.
သူတို့ လို ကိုယ်တောင် မစွန့် စားရဲသေးဘူး.ဟိုအပတ်ကလည်း ပြောမနာဆိုမနာ ငယ်ပေါင်း သူငယ်ချင်းတွေထဲက တစ်ကောင် ဒီလိုပဲ ပါးစပ်ဆော့ မေးတာပဲ..ဒီကောင်မေးတော့  ကျနော်က '''' ဟယောင် ဒါက ဘာမှတောင် တွက်နေစရာမလိုဘူး.....ဒေါ်စု သမ္မတဖြစ်မယ်ပဲ ငါပြောမှာပဲ နောက်မှ ဘာဖြစ်ဖြစ် အရေးကြီးတာ အခု ကောင်တွေ မြန်မြန်ညောင်းသွားဖို့ က ပိုအရေးကြီးတယ်.. ဟုတ်တယ်မလား..တိုင်းပြည်မွဲသွားတာ ဘယ်ပြည်ပကကောင်တွေ လက်ထက်မှာ မဟုတ်ဘူး ဒီကောင်တွေလက်ထဲမှာပဲ ရုပ်ပိုင်းရော စိတ်ပိုင်းပါ မွဲတေ စုတ်ပြတ်သွားတာ တောင်းနေကြအိမ်က ထမင်းတောင်း စားရတာ အရင်လို သားငါးလေးတောင် သိပ်မပါတော့ ပဲ အဖြူထည်နဲ ပဲငပိပုံချည်းပဲ စားနေရတဲ့  လမ်းထိပ်က စိတ်မနှဲ့ တဲ့ သူတောင်သိတယ်.'' .လို့ ပြောလိုက်တာပေါ့ ဗျာ....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..