
'''ပုလဲအရောင်မမှိန်''
--------------------
ထူးချွန်ထက်မြက်ပြီး သိပ်တော်နေတဲ့ သူတွေနဲ့ ဆုံရင် သူတို့ ဟာ ပထမ သိမ်ငယ်သွားတတ်တယ်.
.နောက်တော့ ထက်မြက်သူက သတင်းမွှေးလာလေလေ
သိမ်ငယ်စိတ်ကနေ မနာလိုစိတ်တွေဝင်လာလေလေ..၊
တစ်ချို့ ကတော့  အဲ့ မှာတင်ရပ်သွားတယ်..သိမ်ငယ်လို့ ရှောင်ရပ် ရပ်တာမျိုးပေါ့ ..၊
တစ်ချို့ ကတော့  ရပ်ပေမယ့်  အခါအခွင်သင့် ရင် အပြစ်ပြောရှုံ့ ချတာ အတင်းတုတ်တာတွေ ဖြစ်လာတယ်..၊ ဒိထက် ဆိုးသွားတတ်သူက အဲ့ ဒီထက်မြက်သူကို ပြိုလဲသွားအောင် ဒုက္ခရောက်အောင် ကြံစီတော့ တယ်...
ကြံစီနေတုန်းမှာပဲ ထက်မြက်သူတော်သူတွေဟာ လူ့ သဘာဝအရ တစ်ခါတစ်ရံ အနဲအပါး အချွတ် အချော်ဖြစ်သွားရင် အားရပါးရ ကျေနပ်သွားပြီး ပုံကြီးချဲ့ အခမဲ့ ကြော်ငြာပေးသူ ထလုပ်လိုက်တော့ တယ်...
အချိန်တစ်ခုရောက်လာတဲ့ အခါ အများအားဖြင့် တော့ ထူးချွန်ထက်မြက်သူတွေသာ '''ပုလဲအရောင်မမှိန် '' ဖြစ်ကျန်ခဲ့ ပြီး သိမ်ငယ်မိရာကနေ မနာလိုဖြစ်သွားတဲ့ သူတွေသာ ခွေးကတိုးဝက်ဝင် လူတောမတိုးနဲ့  သမိုင်းရဲ့ ဖုံလေဖုံလွင့် အဖြစ်နဲ့ မထင်မရှားဇာတ်သိမ်းသွားတာများတယ်
သူတို့ အမည်တွေ အတွက်လည်း ဘယ်သူမှ ရာပြည့် ပွဲတွေ အမှတ်တရပွဲတွေ ဆုတောင်းပွဲတွေ လုပ်ပေးဖို့ နေနေသာသာ သတိတောင် မရကြတော့ ဘူး သတိရရင်လည်း ဆဲခံကြရတော့ တယ်...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..