.(0_0) ..
ကြယ်မြင် လမြင် မိုးယို နေထိုး ကြမ်းကြားလေစိမ့် နေတဲ့ ခနော်နီခနော်နဲ့ လေးတိုင်စင် တဲစုတ်လေးထဲမှာ
--------------
စာဖတ်ရတာတော့ ပျော်တယ်..ဒါပေမယ့်  ဒေါ်လာတစ်ထောင်တန်တဲ့  အက်စ်အီးကားတဲ့ ..ရှေးခေတ်ဟောင်းအောင်းမေ့ဘွယ်ဖြစ်ရပါတယ်ဆရာ..ခ်ခ် အဲ..အဲ့ လိုစာလုံးလေးတွေ မြင်ရင် ဒီစာအုပ်ရေးတဲ့ ခေတ်ကို မှန်းလို့ ရတယ်ပေါ့  အိုင်ဆေးကိုသိမ်းမောင်..ဟုတ်ပါ့ ကိုထင်ကျော်...ဟီးး.
.အဲ..စာရဲ့ မတ်စိကတော့ အရင် နှစ်ပေါင်း ၂ ထောင့် ၅ရာလောက်ကတည်းက အန်းတိတ် မတ်စိမျိုးပဲ ခုခေတ်ရော နောက်တော်တော်ကြာတဲ့  ခေတ်တွေအထိရော ခေတ်အဆက်ဆက် ဒီ မတ်စိကိုပဲ တစ်နည်းနည်းနဲ့  ပုံဖေါ်ပြနေဦးမှာပဲဗျာ့ ...''''လူဆိုတာ သိတတ် ခံစားတတ်တဲ့ စိတ် ရှိနေတာကိုး.''' ဟဲဟဲ...ဒါပေမယ့်  အဲ့ မတ်စိ ကို မှီပြီး သူပေးချင်တဲ့ မတ်စိအပြင်...နောက်ထပ် အတွေး မတ်စိ တစ်ခု ထွက်လာတတ်သေးတာကို ရေးတဲ့ စာအုပ်မျိုး ပုံပြင်တစ်ချို့ နဲ့ အရပ်စကား ဇာတက စကားတစ်ချို့ ကလွဲရင် တစ်ခြား စာရေးဆရာတွေ အဟောဆရာတွေ ရေးတာပြောတာ မဖတ်ခဲ့ ရ မကြားခဲ့ ရသ လောက်ပဲ...ဘယ်လို အတွေးမျိုးလည်း ဆိုတော့  ...
''''စိတ်ဆင်းရဲရတာချင်း အတူတူကွာ....စားချင်တာဝယ်စား သွာချင်ရာထွက်သွား ၀တ်ချင်တာဝယ်ဝတ် ဟော်တယ်မှာအိပ် ဆွစ်ဇာလန်တောင်ထိပ်မှာ နှင်းလျှောစီး.အီဖယ်လ်မျှော်စင်မှာ အိမ်သာတက် ကမ္ဘာပတ်ရင်း ဘောစိဘ၀ နဲ့  စိတ်ဆင်းရဲနေရတာက ကြယ်မြင် လမြင်မိုးယို နေထိုး ကြမ်းကြားလေစိမ် နေတဲ့ ခနော်နီခနော်နဲ့ လေးတိုင်စင် တဲစုတ်လေးထဲမှာ ထမိန်ရေသောက် ၀ါးဆစ်ခြမ်းခေါင်းအုံး ဂုံနီခြုံ အိပ်ပြီး စိတ်ဆင်းရဲ နေရတဲ့ ဘ၀မျိုးထက် ပိုကောင်းမယ်''' ..လို့ လေ.....ဟီးဟီး...အဲ့ လို တွေးဘူးကြတယ်ဟုတ်..အဟိ.......ခ်ခ်...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..