ဒီမှာကြည့် စမ်း ငါပုဏ္ဏားလေး ဖြစ်သွားပြီ..
---
ငယ်ငယ်က ဗိုက်ထဲ သံတအားထတယ်...ထဆို ညစ်ညစ်ပတ်ပတ်တွေထဲနေရတာကိုး ဆော့ တာကိုက ဖုတ်တောထဲ ဒီတော့ လက်သည်းကြားဘာညာပေါ့ ..
အဲ့ တော့  ချီးပန်းတာပေါ့ ..ချီးပန်းပုံက အောက်ကချည်းပဲမဟုတ်ဖူး ပြို့ တက်လာပြီး အန်ချလိုက်တာပါ ပါသေး...အထက်လှန် အောက်လျှော အဆင့် အထိမရောက်ပဲ အန်ပုံက သံကောင် ကြီး တစ်ကောင်လောက် စ အန်ချတာမျိုးပဲ..ဖြူဖြူရှည်တုတ်တုတ် တစ်ကောင်လောက်ထဲ.
အဲ..အဲ့ မှာ အမေက လာ လာ... ပုဏ္ဏားလေး လုပ်ပေးမယ် ဆိုပြီး ခေါ်ပြီး ထုံး တွေတာပေးတော့ တာပါပဲဗျာ....ထုံးတားတာက..လည်ပင်းမှာ ကန့် လန့် က သုံးရစ် ရင်ဘတ်မှာ သုံးရစ် ဗိုက် တစ်ရစ်လောက်ပေါ့ ...အဲ့ ဒါကို ပျော်နေချက်က နဖူးမှာပါ တားပေး လို့ ပြောလို့ မအေက နဖူးမှာပါ သုံးရစ်တားပေးလိုက်တယ်..ဟီးဟီး
အဲ့ တော့ မှ ကွကိုယ် မောင်နှမတွေကို သွားပြီး ဒီမှာကြည့် စမ်း ငါပုဏ္ဏားလေးဖြစ်သွားပြီ ဆိုပြီး ထုံးတားထားတွေ ပြပြပြီး သဘောတွေ ကျနေတော့ တာပါပဲဗျာ..အသားကမဲမဲနဲ့ လူက နံရိုး အပြိုင်ပြိုင်နဲ့  တူချက်ပေါ့ ...ခိခိ...အဲ ..ထူးဆန်းတာက သံကောင်က အဲ့ လို ထုံးတားလိုက်ရင် မအန်တော့ ပဲ အောက်ကနေပဲ အသေကောင်လေးတွေဖြစ်ပြီး ထွက်ကျသွားတော့ တာပါပဲဗျာ.....
အဲ့ သံကောင်ကြီးကို မှတ်မိနေပုံများ နန်းကြီးသုတ် အဖြူတွေစားတိုင်း ငယ်ငယ်က ပါးစပ်ထဲက အန်ချလိုက်တဲ့ သံကောင်တုတ်တုတ်ကြီးကိုချည်း သွားသွား သတိရတတ်တယ်..နန်းကြီးတုတ်တုတ်တွေနဲ့  သန်ကောင်တုတ်တုတ်တွေက တော်တော်တူတာ.အဟီးး
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..