Powered By Blogger

Thursday, May 21, 2015

ဘယ်အရပ်မှာနေတဲ့ လူ



ဘယ်အရပ်မှာနေတဲ့ လူ
---------------------
အွန်လိုင်းပေါ်က ဟမ်းဖုံးနဲ့ ချိတ်ဆက်သုံးတဲ့  လက်ကိုင်ဖုံးခွက် ကြော်ငြာပေါ့  ဟမ်းဖုံးရဲ့ နားကြပ်ပေါက်မှာ ထိုးပြီး လိုင်းဖုံးလို စိမ်ပြေ နပြေ ပြောနေလို့ ရတယ်ပေါ့ ၊ ကျနော်တို့ လို လိုင်းဖုံးသာ အကျင့် ဖြစ်နေ ဟမ်းဖုံးပြောဖို့  လမိုင်း မကပ်သေး ဖီလင် မလာသေး ပါးယား အားမရတတ်တဲ့ လူတွေဆို သဘောကျလောက်တယ်ပေါ့ .

.အဲ့ မှာ အဲ့ ဖုံးပြောခွက်ပုံကို ကြည့် ရင်း..ဒီ ဖုံးခွက် စထွင်သူဟာ ဒီ အိုင်ဒီယာကို ဘယ်လို စရပါလိမ့် လို့ တွေးမိသွားတယ်ဗျ...ငါတို့ လို လက်ကိုင်ဖုံး မှ တော်ကီထုရတာ အားရတယ်ထင်နေသေးတဲ့  ဖီလင်သမားဖြစ်နေလို့  ကိုယ်ချင်းစာမိသွားရင်း တွေးမိတာလား..ကိုယ်တိုင် လိုင်ဖုံး ဖီလင်သမား မဟုတ်ပေမယ့်  လက်ကိုင်ဖုံးသမား ဖီလင်သမားတွေ ရဲ့ စိတ်ကို ၀င်ခံစားကြည့် တာလားပေါ့ ....

ယေဘူယျသဘော တွေးမိသလောက်ကတော့ လူ့ အသုံးအဆောင်တွေကို စပြီး အိုင်ဒီယာရသူ တီထွင်သူတွေဟာ လူတွေ သုံးစွဲရတာ အဆင်ပြေစေချင်တဲ့ ကိုယ်ချင်းစာတရား သဘောရှိကြပုံရတယ်လို့ တွေးမိတယ်....နောက်မှ အများစုအတွက် ထုတ်ကုန်သဘော အသွင်ပြောင်းသွားပုံရတယ်ပေါ့ ..အဲ့ ဒီကနေ ဆက်တွေးမိတာက ကမ္ဘာပေါ်မှာ လူတွေရဲ့ စိတ်ပင်ပမ်းမှု့  ရုပ်ပင်ပမ်းမှု့ ကနေ သက်သာနိုင်သမျှ သက်သာအောင် အချိန်မကုန်အောင် အချိန်တွေ ပိုထွက်လာအောင် လူအသုံးအဆောင်ပစ္စည်းတွေ စ စ ထွက်ပေါ်လာတတ် တာဟာ ဘယ်အရပ်မှာနေတဲ့ လူတွေဆီက တကယ်တန်း စေတနာပါပါနဲ့  လက်တွေ့ ကျကျ လူတွေ အဆင်ပြေပါစေဆိုပြီး ထွက်လာတာ ပိုများနိုင်မလဲလို့ တွေးမိတဲ့ အခါ...
------------------
ဘယ်အရပ်ကလူတွေက ပိုများလဲငင်...
-----------
တွေးတုန်းပဲ...ဟီးးး
--------------
ငင့် .....ခိခိ

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..