Powered By Blogger
Saturday, August 8, 2015
စကားအလင်္ကာ
စကားအလင်္ကာ
-----------
ဂလုထဲမှာ စာတစ်ပုဒ် သွားရေးရင်းက သုံးမိတဲ့  အသုံးအနှုံးတစ်ခုကို ကိုယ့် ဟာကိုယ်ပြန်သတိထားမိသွားတယ်...
အဲ့ မှာ ကျနော်တို့ ယဉ်ကျေးမှု့ ရဲ့  ကရုဏာသဘော အကြင်နာပါတဲ့ သဘော သိမ်မွေ့ တဲ့ 
သဘော စာပေနဲ့ စကားပရိယာယ် အဆင့် အတန်းမြင့် တဲ့ သဘော ကို သွားတွေ့ တယ်...
အဲ့ မှာ ခေတ်အခြေအနေနဲ့  ဟတ်ပြီး ဖီလင်လဲဝင်သွားတယ် လျော့ ကျလာနေတဲ့ ယဉ်ကျေးမှု့ ကောင်းတွေကို သမျှောလဲသမျှောမိသလို အမျိုးအမည်မသိတဲ့ ခံစားမှု့ တွေ ဖြစ်သွားတယ်...
ကျနော် မထင်မှတ်ပဲ သုံးမိတဲ့  စကားလုံးကဆင်းရဲချို့ တဲ့ တာကို ''''ဆင်းရဲချို့ တဲ့ တယ် ''' လို့  ဒဲ့ မပြောပဲ
 ''' လက္ခဏာရှားပါးလှတယ် ''' လို့  သွယ်ဝိုက်ပြီး သုံးမိခဲ့ တာပါပဲဗျာ...
ဒီအသုံးဟာ ကျနော် ထွင်သုံးတာမဟုတ်ပဲ ကျနော်တို့ ငယ်ငယ်က ရှေးလူကြီးမိဘတွေ သုံးနှုံးကြတာကို နားရေ၀နေရာက စွဲနေပြီ
အခုလို တိုက်ဆိုင်တဲ့ နေရာမှာ ဆင်းရဲတယ်လို့  မသုံးရက်လို့  နှိမ်ရာများကျနေမလားလို့ 
ဆိုပြီးဖြစ်လာတဲ့ စိတ်ကနေ လက္ခဏာရှားပါးလှတယ်လို့ ပရိယာယ်နဲ့ သုံးခဲ့ တော့တာပါပဲဗျာ...
.
လွမ်းစရာကောင်းတဲ့  ရှေးအသုံးလေးတွေထဲကတစ်ခုပေါ့ လေ..
လက္ခဏာရှားပါးတယ်ဆိုတာ ဆင်းရဲလို့  ပင်ပင်ပမ်းပမ်း အလုပ်တွေ လုပ်ကိုင်စားသောက်
အသက်မွေး ၀မ်းကြောင်းခဲ့ ရတာ နှစ်တွေကြာလာတော့  လက်ဖ၀ါးပြင်တွေဟာ မွေးရာပါလို
နူးညံ့ မနေတော့ ပဲ လက်အရေးကြောင်းတွေတောင် မထင်ရှားတော့ ပဲ
လက်ဖ၀ါး အရေပြားတွေတောင် အသားမာတက် ကြမ်းတမ်းနေပြီဆိုတဲ့ 
သဘောကို ပရိယာယ်နဲ့ ပြောတာလို့ ဆိုကြောင်းကြားဖူးပါတယ်ဗျား.
ဘွတစ်ကွေ့ မှာလေ...
ဘွတစ်ကွေ့ မှာလေ...
----------------
အလှုအကြောင်းတွေကနေ သတိရလိုက်တာ လွန်ခဲ့ တဲ့  ငါးနှစ်ခြောက်နှစ်လောက်ကပေါ့  ကြံကြံဖန်ဖန်ကြုံရပုံပေါ့ 
ကျနော်တို့ ဘက်မှာ တောဖိတ်မြို့ ဖိတ် ဆရာလေးတွေ ဆန်ခံတန်းဆွမ်းရှိတယ် တော်တော်တော့ များတယ် တစ်ချို့ အပတ်ဆို ရာကျော်တယ် ပုံမှန်ဟင်းခတ်စတီးဇွန်း တစ်ဇွန်းဆန်တောင် အပါးစေ့ လောင်းရတာ
မချောင်ဘူး...ကံကောင်းထောက်မလို့  အဲ့ အတွက်တကူးတကတော့ ကြောင့် ကြစိုက်မနေရသေးဘူး..
အဲ့ လိုတစ်ဇွန်းဆန် လောင်းသက်က မိဘတွေရှိကတည်းက ဆိုတော့ ဆယ်စုနှစ်တွေတော်တော်ကြာခဲ့ ပြီ...အဲ့ တော့  တစ်ချို့ စာသင်တိုက်တွေက သီလရှင်တွေနဲ့  မျက်မှန်းတန်းမိတာတွေ ရှိတယ်ပေါ့ လေ..ဖအေကိုယ်တိုင်က သီလရှင်တွေရဲ့ ချို့ တဲ့ တတ်တဲ့ သဘာဝအပေါ် အလေးထားစိတ်များလို့  လမ်းထဲမှာ ဆန်လောင်းတဲ့ ဒိုင်ခံအိမ်တွေထဲက တစ်အိမ်လိုဖြစ်နေတယ် အဲ့ တော့ ဆရာလေးတွေနဲ
့ပိုရင်းတော့ တာပေါ့ လေ
နောက်တော့ တစ်ချို့ ဆရာလေးအကြီးတန်းတွေက ဆိုင်းဘုတ်လေး မော့ မော့ ကြည့် ပြီး နွေဦးပေါက်ရာသီ စာမေးပွဲကာလရောက်လာပြီဆို ဗေဒင်ဝင်တွက်ပြီး ယတြာယူတေယ့ တာပဲ...အဲ့ ကာလဆို ဆရာလေးတွေ ကို ဖရီးတွေတွက်ရင်း သူတို့ ဘ၀ဇာတ်ကြောင်းတွေ အခက်အခဲတွေ အတွင်းပြဿနာတွေ
တီးခေါက်စပ်စုခွင့် ရတော့ တာပါပဲဗျာ..
တစ်ခါတော့ အသက် ၃၀ နားနီးနေပြီဖြစ်တဲ့  အကြီးတန်းဆရာလေးတစ်ပါးက ပြောလာပုံက  နွေဦးပေါက်စာမေးပွဲပြီးလို့ ရွာပြန်ရင်တဲ့  အလှုခံလို့ များများရအောင်ယတြာလေးတဲ့ ...အဟီးးး...ရုတ်တရက်တော့  စိတ်ထဲက ရယ်ချင်ချင်ဖြစ်သွားတာပေါ့ ဗျာ...ကျနော်တို့ က ဘုရားစာတွေထဲက ကောင်းနိုးရာရာတွေ ကောက်သင့် ကောက် ရွေးထုတ် လာဘ်ပွင့်  ကံပွင့်  ငွေဝင်ဂါထာတွေ ရွတ်ရ ဖတ်ရ ပုတီးစိတ်ရနဲ့  ဖတ်ဖတ်ကိုမောလို့  အဲ့ ဒါ သာသနာ့ နွယ်ဝင်က လာဘ်ရွှင်အောင်ယတြာ ဆိုတော့  ရယ်ချင်မိတာပေါ့ ဗျာ...အဖြစ်က ကျနော်တို က ဆရာလေးတွေဆီက
ပြန်တောင်းရမယ့် ကိစ္စလို့ ထင်ထားတာ..ခ်
ရယ်ချင်စိတ်က ခဏပါ..တကယ်ကြတော့  သူတို့ တွေရဲ့  လက္ခဏာရှားပါးတာကို အတော်လေး သိနေတာရယ် ပြီးတော့ ဒါက ကိုယ့် ကိုယုံကြည်အားကိုးတဲ သဘောလို့  တွက်လို့ ရတာရယ် ငွေကြေးလက္ခဏာ တော်ယုံ မပြတ်လတ်ပဲ ဒါမျိုး ပြောမှာ မဟုတ်တာရယ်ကို ချက်ချင်းသတိထားမိတော့  သူ့ မွေးသကက္ကရာဇ်မေးကာက်တွက်ပြီး အညွန့် လှုတွေ ဘာတွေ့ ပေါ့  ယတြာအရွက်လှုပုံလှုနည်းတွေ ပြောပြပေးပြီး လာဘ်ရွှင်ဂါထာလို့ နာမည်ကြီးတဲ့  ဒိဝါတပတိအာဒိစ္စောကို ဘယ်လိုရွတ်ပါပေါ့ လေ..ဟဲဟဲ
အဲ့ ဆရာလေး ပြန်သွားမှ ပြန်တွေးမိတယ် အကြီးတန်းဆရာလေးကို လူဝတ်ကြောင် ဂျလေဘီ ငါက လာဘ်ရွှင်ဂါထာ ပြန်ပေးမိလျက်သားပါလား...လို့ ...
အဟီးး..အဖြစ်က ကြုံလိုက်ရင် အဲ့ လိုတွေပါလေ...အဲ အဲ့ ဆရာလေးက သုညကြွင်း တနင်္လာ သိုက်ဖွားဆိုတာတော့  အသေမှတ်မိပါ့ ဗျာ...ခိခိ..
===================================
သိုက်ဖွားရဲ့ အဓိကလက္ခဏာက တွေးပူကြံကြောက်တွေ ဒီတော့  ကိစ္စတစ်ခုခုဆို တွက်ပြီ ကိုယ့် တာကိုယ်လုံအောင် အရင်တွက်ပြီးမှ အပြင်ကိုကြည့် တယ် ဒီတော့  ဆင်းရဲမှာ စိုးသွားတဲ့  သိုက်ဖွားက မဆင်းရဲအောင်အရင်ကြံတော့  ပစ္စည်းဥစ္စာ စုလွယ်သွားပြီးချမ်းသာဖို့ လွယ်သွားတာမျိုး...
ပြောင်းပြန်သဘောက ဘာကိုမှ အလေးအနက်မရှိတော့ တဲ့ သိုက်ဖွားဆို ရရစားစားဖြစ်သွားတယ်..ဒါကို သိုက် သဘော စေ့ စပ်ခြင်းသဘော တံခါးပွင့်  ဗျဲလရမ်းသိုက်ဖွားလို့ ဆိုနိုင်တယ်..
.ဆင်းရဲမှာ အကြောက်လွန်တဲ့  သိုက်ဖွားကတော့  စေ့ စပ်တာအိုဗာဖြစ်သွားရင် သံသယ၀ါဒီဘက်ရောက်သွားတတ်တယ်..
အကျိုးပေးခြင်း မပေးခြင်းသဘော
အကျိုးပေးခြင်း မပေးခြင်းသဘော
------------------
ကျနော့် အတွေ့ အကြုံတွေအရ  '' အကျိုးပေးအလုပ် '' ဆိုတာ အဲ့ အလုပ်က ကံမကောင်းရင်တောင် ထမင်းကျွေးနေတဲ့  အလုပ်မျိုးဖြစ်နေပြီး အဲ့ ''အလုပ်ကြောင့်  ဘ၀ပြန်ပျက်မသွားစေတတ်တာမျိုးပဲ '''လို့  တွေ့ ရတယ် ချမ်းသာတာ မချမ်းသာတာနဲ့  တိုက်ရိုက် ချိတ်ဆက်လို့  မရတတ်ဘူး...
အကျိုးပေးအလုပ် (၀ါ) ဘယ်အလုပ်နဲ့ အကျိုးပေးလဲ နဲ့  သက်ရောက်
အကျိုးပေးအလုပ် (၀ါ) ဘယ်အလုပ်နဲ့ အကျိုးပေးလဲ နဲ့  သက်ရောက်
--------------
ပထမဆုံး စတွေးစရာလိုတာက အဲ့  '' အကျိုးပေးအလုပ်''ဆိုတာ ဘာကို ဆိုလိုတာလဲ လို့  တွေးစရာရှိလိမ့် မယ်...ပြီးတော့ အကျိုးပေးတယ်ဆိုတာ ဘယ်ထောင့် ကကြည့် ပြီး ပြောမှာလဲ ဆိုတာလဲ မေးစရာရှိမယ် ဘာသာရေးထောင့် ကလား ပိုက်ဆံအနဲအများထောင့် ကလား နာမည်ကြီးယုံလေးလားစသဖြင့် တွေပေါ့ 
ကြက်ရိုး..
ကြက်ရိုး..
---
ရေဘေးထိတဲ့ မြွေသားတွေ ဈေးကွက်ဖြစ်နေတာတွေ့ တော့ ဘိုကလေး မြင်းကကုန်း အနောက်ဖက်က ရွာတွေရောက်တော့ ကြုံခဲ့ တာလေး  သွားသတိရတယ်...အဲ့ ရွာတွေကို ချောင်းရိုးလေးတွေအတိုင်း နာရီနဲ့ ချီပြီး မော်တော်သေးသေးလေးတွေနဲ့  သွားရတော့  သွားချင်တဲ့ ရွာကိုမှောင်စပျိုးမှ ရောက်တယ် အဲ့ တော့  ထမင်းစားဖို့  ဟင်းစားမရှိတော့ ဘူးပေါ့ လေ...
အဲ့ မှာ ရွာအိမ်က လူက ဟင်းစားသွားရှာလိုက်ဦးမယ် ဆိုပြီး အိမ်အောက်ဆင်းသွားတာ
.  '' ကတော့  ကတော့  '' နဲ့  ကြက်အော်သံ ခပ်သဲ့ သဲ့ တစ်ချက်ကြားလိုက်ရပြီး နောက် သိပ်မကြာဘူးဗျာ့   ကြက်သားကာလသားဟင်း ရောက်လာပြီး ထမင်းစားကြစို့ တဲ့ .
..အဲ့ ညက ဟင်းက တစ်သက်မမေ့နိုင်လောက်အောင်ချိုချက်ပေါ့ ...ဒါပေမယ့် စားနေရင်းက စောစောက ကတော့ ကတော့ ကြက်သံနားထဲပြန်ကြားလာပြီး ကြက်မျက်ခွက်ကြီး မြင်ယောက်လာတာ
ကိုက်လက်စ ကြက်ပေါင်ရိုး ဆက်ကိုက်ရမှာတန်းလန်းကြီးဖြစ်သွားပါရာဗျာ...
အဟီးးး..ဒါပေသိ ကြက်ကလေးကို သနားသွားတာက ခဏပဲဖြစ်တာ.ဆာဆာနဲ့ ရော လပ်ဆပ်လွန်းအားကြီးနေတာရောက .ကြက်က စားလို့ က မတရားကောင်းနေတော့ ကြက်ရိုး ဆက်ကိုက်မိတော့ တာပါပဲဗျာ..ဟီးး...လွယ်ပါဘူး ရသရဲ့ ဆွဲဆောင်မှု့ ကိုငြင်းရတာ နဂိုကကို  သဘာဝ ဗမာကြက်သားက ခပ်ကြိုက်ကြိုက်နဲ့ ဆိုတော့ လေ...ဟီးဟီး..အဲ..နောက်တော့  ခရီးသွားလို့ တည်းအိမ် ကို အချိန်မတော် ရောက်ရင် လမ်းမှာစားခဲ့ ပြီတွေဘာညာနဲ့ ရွှီးပြီး ရှိတာပဲ လုပ်ပါ ဘာညာတွေပေါ့ လေ...ဟဲဟဲ..