Powered By Blogger

Saturday, August 8, 2015

အကျိုးပေးခြင်း မပေးခြင်းသဘော

အကျိုးပေးခြင်း မပေးခြင်းသဘော
------------------
ကျနော့် အတွေ့ အကြုံတွေအရ  '' အကျိုးပေးအလုပ် '' ဆိုတာ အဲ့ အလုပ်က ကံမကောင်းရင်တောင် ထမင်းကျွေးနေတဲ့  အလုပ်မျိုးဖြစ်နေပြီး အဲ့ ''အလုပ်ကြောင့်  ဘ၀ပြန်ပျက်မသွားစေတတ်တာမျိုးပဲ '''လို့  တွေ့ ရတယ် ချမ်းသာတာ မချမ်းသာတာနဲ့  တိုက်ရိုက် ချိတ်ဆက်လို့  မရတတ်ဘူး...



သဘောက ၃ကြွင်းမွေးတွေ ဟာ သူတို့ မဟာဘုတ်က အထွန်းအိမ်က တနင်္လာ နံ အလုပ် ဖြစ်တဲ့  ကားမောင်းစားတာနဲ့  ကျောက်လောကထဲ ၀င်အလုပ်လုပ်နေတဲ့ အခါ ဂြိုလ်မကောင်း ကံမပွင့် သေးရင် ပျင်းကြောဆွဲအလုပ်လုပ်နေရင်တောင်လချုပ်ဆွဲရင် ထမင်းမှန်မှန်စားနေရသေးတဲ့ သဘောတွေ့ နိုင်တယ် အဲ့ အလုပ်က တိုက်ရိုက်ဆိုးကျိုး ပြန်လာတာ မတွေ့ ရသလောက်ပေါ့  ( လူ့ မတရား လောဘကြောင့် ဖြစ်တာ လောင်းကစားဖက်လို့ ဖြစ်တာ လူ့ စာရိတ္တပျက်လို့ ဖြစ်တာ မျိုးနဲ့  မဆိုင်)

ဒီလိုပဲ ၆ကြွင်း တစ်ယောက်ဟာ သူ့ မရဏအိမ်က နံ သင့် တနင်္လာနံ သဘော ကားမောင်းစားတယ် ကျောက်လောက၀င်တယ်  ကောင်းကျိုးကံ ဆိုက်ရောက်နေချိန်တွေမှာ အလုပ်ဖြစ်နေ သယောင်ထင်ရတယ် ကာလတစ်ခုရောက်တဲ့ အခါ အဲ့ ကားကပဲ ဒုက္ခပြန်ပေးသွားတာ ကျောက်တွေ အချီကြီးအလိမ်ခံလိုက်ရလို့  ဘ၀အဆင့် မြေကြီးပြန်ရောက်သွားတာတွေ တွေ့ ခဲ့ ရတယ် ကားနဲ့ ရှာထားသမျှ ကျောက်နဲ့ ရှာထားသမျှ ပြန်ပါသွားတယ် တစ်ခါတစ်လေ အိပ်ထဲကပါ ထပ်ပါသွားတယ်.....ဒီလိုသဘော

ဒါဟာ ယေဘူယျ အချက်အလက်တွေအရသဘောပါ...အဲ့ ဒီမှာမှ အကျိုးမပေးဘူးဆိုတာတွေဟာ အလျော်အစားပေးထားရတာကြောင့်  သို့ မဟုတ် အလုပ်စတိုင်ချိန်းလုပ်သွားမိတာကြောင့်  အကျိုးပြန်ပေးနေတာတွေလည်းရှိပါတယ်..ဥပမာ ၆ကြွင်းဟာ ကားထောင်တော့ သာ အကျိုးမပေးတာ ကားဝပ်ရှော့ ထောင်တော့  အကျိုးပြန်ပေးနေတာမျိုးပေါ့

ဒါကြောင့်  ကျနော်က ဒီမဟာဘုတ်ဟာ အရှင်ပညာသဘောပိုဆန်ပါတယ်လို့ ဆိုတာပါ အတွေ့ အခေါ်တွေအများကြီးပါပါတယ်...ပုံသေမဆန်ပါဘူး  ညှိုနှိုင်းလို့ ရတဲ့ သဘောရှိတယ် ရုန်းထွက်လို့ ရတဲ့ အခွင့် အရေးရှိတယ် ကံကြမ္မာဆိုးကို ခေါင်းငုံ့ မခံပဲ လွတ်မြောက်အောင် ကြံဆဖို့ အခွင့် အရေးရှိတယ်ပေါ့ လေ

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..