Powered By Blogger

Saturday, August 8, 2015

စကားအလင်္ကာ

စကားအလင်္ကာ
-----------
ဂလုထဲမှာ စာတစ်ပုဒ် သွားရေးရင်းက သုံးမိတဲ့  အသုံးအနှုံးတစ်ခုကို ကိုယ့် ဟာကိုယ်ပြန်သတိထားမိသွားတယ်...

အဲ့ မှာ ကျနော်တို့ ယဉ်ကျေးမှု့ ရဲ့  ကရုဏာသဘော အကြင်နာပါတဲ့ သဘော သိမ်မွေ့ တဲ့ 
သဘော စာပေနဲ့ စကားပရိယာယ် အဆင့် အတန်းမြင့် တဲ့ သဘော ကို သွားတွေ့ တယ်...
အဲ့ မှာ ခေတ်အခြေအနေနဲ့  ဟတ်ပြီး ဖီလင်လဲဝင်သွားတယ် လျော့ ကျလာနေတဲ့ ယဉ်ကျေးမှု့ ကောင်းတွေကို သမျှောလဲသမျှောမိသလို အမျိုးအမည်မသိတဲ့ ခံစားမှု့ တွေ ဖြစ်သွားတယ်...

ကျနော် မထင်မှတ်ပဲ သုံးမိတဲ့  စကားလုံးကဆင်းရဲချို့ တဲ့ တာကို ''''ဆင်းရဲချို့ တဲ့ တယ် ''' လို့  ဒဲ့ မပြောပဲ
 ''' လက္ခဏာရှားပါးလှတယ် ''' လို့  သွယ်ဝိုက်ပြီး သုံးမိခဲ့ တာပါပဲဗျာ...

ဒီအသုံးဟာ ကျနော် ထွင်သုံးတာမဟုတ်ပဲ ကျနော်တို့ ငယ်ငယ်က ရှေးလူကြီးမိဘတွေ သုံးနှုံးကြတာကို နားရေ၀နေရာက စွဲနေပြီ

အခုလို တိုက်ဆိုင်တဲ့ နေရာမှာ ဆင်းရဲတယ်လို့  မသုံးရက်လို့  နှိမ်ရာများကျနေမလားလို့ 
ဆိုပြီးဖြစ်လာတဲ့ စိတ်ကနေ လက္ခဏာရှားပါးလှတယ်လို့ ပရိယာယ်နဲ့ သုံးခဲ့ တော့တာပါပဲဗျာ...
.
လွမ်းစရာကောင်းတဲ့  ရှေးအသုံးလေးတွေထဲကတစ်ခုပေါ့ လေ..

လက္ခဏာရှားပါးတယ်ဆိုတာ ဆင်းရဲလို့  ပင်ပင်ပမ်းပမ်း အလုပ်တွေ လုပ်ကိုင်စားသောက်
အသက်မွေး ၀မ်းကြောင်းခဲ့ ရတာ နှစ်တွေကြာလာတော့  လက်ဖ၀ါးပြင်တွေဟာ မွေးရာပါလို
နူးညံ့ မနေတော့ ပဲ လက်အရေးကြောင်းတွေတောင် မထင်ရှားတော့ ပဲ
လက်ဖ၀ါး အရေပြားတွေတောင် အသားမာတက် ကြမ်းတမ်းနေပြီဆိုတဲ့ 
သဘောကို ပရိယာယ်နဲ့ ပြောတာလို့ ဆိုကြောင်းကြားဖူးပါတယ်ဗျား.



No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..