ဘွတစ်ကွေ့ မှာလေ...
----------------
အလှုအကြောင်းတွေကနေ သတိရလိုက်တာ လွန်ခဲ့ တဲ့  ငါးနှစ်ခြောက်နှစ်လောက်ကပေါ့  ကြံကြံဖန်ဖန်ကြုံရပုံပေါ့ 
ကျနော်တို့ ဘက်မှာ တောဖိတ်မြို့ ဖိတ် ဆရာလေးတွေ ဆန်ခံတန်းဆွမ်းရှိတယ် တော်တော်တော့ များတယ် တစ်ချို့ အပတ်ဆို ရာကျော်တယ် ပုံမှန်ဟင်းခတ်စတီးဇွန်း တစ်ဇွန်းဆန်တောင် အပါးစေ့ လောင်းရတာ
မချောင်ဘူး...ကံကောင်းထောက်မလို့  အဲ့ အတွက်တကူးတကတော့ ကြောင့် ကြစိုက်မနေရသေးဘူး..
အဲ့ လိုတစ်ဇွန်းဆန် လောင်းသက်က မိဘတွေရှိကတည်းက ဆိုတော့ ဆယ်စုနှစ်တွေတော်တော်ကြာခဲ့ ပြီ...အဲ့ တော့  တစ်ချို့ စာသင်တိုက်တွေက သီလရှင်တွေနဲ့  မျက်မှန်းတန်းမိတာတွေ ရှိတယ်ပေါ့ လေ..ဖအေကိုယ်တိုင်က သီလရှင်တွေရဲ့ ချို့ တဲ့ တတ်တဲ့ သဘာဝအပေါ် အလေးထားစိတ်များလို့  လမ်းထဲမှာ ဆန်လောင်းတဲ့ ဒိုင်ခံအိမ်တွေထဲက တစ်အိမ်လိုဖြစ်နေတယ် အဲ့ တော့ ဆရာလေးတွေနဲ
့ပိုရင်းတော့ တာပေါ့ လေ
နောက်တော့ တစ်ချို့ ဆရာလေးအကြီးတန်းတွေက ဆိုင်းဘုတ်လေး မော့ မော့ ကြည့် ပြီး နွေဦးပေါက်ရာသီ စာမေးပွဲကာလရောက်လာပြီဆို ဗေဒင်ဝင်တွက်ပြီး ယတြာယူတေယ့ တာပဲ...အဲ့ ကာလဆို ဆရာလေးတွေ ကို ဖရီးတွေတွက်ရင်း သူတို့ ဘ၀ဇာတ်ကြောင်းတွေ အခက်အခဲတွေ အတွင်းပြဿနာတွေ
တီးခေါက်စပ်စုခွင့် ရတော့ တာပါပဲဗျာ..
လူ့ လောကီသဘောမို့ စာမေးပွဲအောင်ချင်လို့ ဗေဒင်တွက်ယတြာယူတာ အဆန်းမဟုတ်ပါဘူးလို့ သဘောထားတာရယ် ကျနော်ကိုယ်က ဟေးလားဝါးလား ခပ်ပေါ့ ပေါ့ စကားပြောတတ်တော့ ဆရာလေးတွေနဲ့  အဖွဲ့ ကျတာပေါ့ ဗျာ..
တစ်ခါတော့ အသက် ၃၀ နားနီးနေပြီဖြစ်တဲ့  အကြီးတန်းဆရာလေးတစ်ပါးက ပြောလာပုံက နွေဦးပေါက်စာမေးပွဲပြီးလို့ ရွာပြန်ရင်တဲ့  အလှုခံလို့ များများရအောင်ယတြာလေးတဲ့ ...အဟီးးး...ရုတ်တရက်တော့  စိတ်ထဲက ရယ်ချင်ချင်ဖြစ်သွားတာပေါ့ ဗျာ...ကျနော်တို့ က ဘုရားစာတွေထဲက ကောင်းနိုးရာရာတွေ ကောက်သင့် ကောက် ရွေးထုတ် လာဘ်ပွင့်  ကံပွင့်  ငွေဝင်ဂါထာတွေ ရွတ်ရ ဖတ်ရ ပုတီးစိတ်ရနဲ့  ဖတ်ဖတ်ကိုမောလို့  အဲ့ ဒါ သာသနာ့ နွယ်ဝင်က လာဘ်ရွှင်အောင်ယတြာ ဆိုတော့  ရယ်ချင်မိတာပေါ့ ဗျာ...အဖြစ်က ကျနော်တို က ဆရာလေးတွေဆီက
ပြန်တောင်းရမယ့် ကိစ္စလို့ ထင်ထားတာ..ခ်
ရယ်ချင်စိတ်က ခဏပါ..တကယ်ကြတော့  သူတို့ တွေရဲ့  လက္ခဏာရှားပါးတာကို အတော်လေး သိနေတာရယ် ပြီးတော့ ဒါက ကိုယ့် ကိုယုံကြည်အားကိုးတဲ သဘောလို့  တွက်လို့ ရတာရယ် ငွေကြေးလက္ခဏာ တော်ယုံ မပြတ်လတ်ပဲ ဒါမျိုး ပြောမှာ မဟုတ်တာရယ်ကို ချက်ချင်းသတိထားမိတော့  သူ့ မွေးသကက္ကရာဇ်မေးကာက်တွက်ပြီး အညွန့် လှုတွေ ဘာတွေ့ ပေါ့  ယတြာအရွက်လှုပုံလှုနည်းတွေ ပြောပြပေးပြီး လာဘ်ရွှင်ဂါထာလို့ နာမည်ကြီးတဲ့  ဒိဝါတပတိအာဒိစ္စောကို ဘယ်လိုရွတ်ပါပေါ့ လေ..ဟဲဟဲ
အဲ့ ဆရာလေး ပြန်သွားမှ ပြန်တွေးမိတယ် အကြီးတန်းဆရာလေးကို လူဝတ်ကြောင် ဂျလေဘီ ငါက လာဘ်ရွှင်ဂါထာ ပြန်ပေးမိလျက်သားပါလား...လို့ ...
အဟီးး..အဖြစ်က ကြုံလိုက်ရင် အဲ့ လိုတွေပါလေ...အဲ အဲ့ ဆရာလေးက သုညကြွင်း တနင်္လာ သိုက်ဖွားဆိုတာတော့  အသေမှတ်မိပါ့ ဗျာ...ခိခိ..
===================================
သိုက်ဖွားရဲ့ အဓိကလက္ခဏာက တွေးပူကြံကြောက်တွေ ဒီတော့  ကိစ္စတစ်ခုခုဆို တွက်ပြီ ကိုယ့် တာကိုယ်လုံအောင် အရင်တွက်ပြီးမှ အပြင်ကိုကြည့် တယ် ဒီတော့  ဆင်းရဲမှာ စိုးသွားတဲ့  သိုက်ဖွားက မဆင်းရဲအောင်အရင်ကြံတော့  ပစ္စည်းဥစ္စာ စုလွယ်သွားပြီးချမ်းသာဖို့ လွယ်သွားတာမျိုး...
ပြောင်းပြန်သဘောက ဘာကိုမှ အလေးအနက်မရှိတော့ တဲ့ သိုက်ဖွားဆို ရရစားစားဖြစ်သွားတယ်..ဒါကို သိုက် သဘော စေ့ စပ်ခြင်းသဘော တံခါးပွင့်  ဗျဲလရမ်းသိုက်ဖွားလို့ ဆိုနိုင်တယ်..
.ဆင်းရဲမှာ အကြောက်လွန်တဲ့  သိုက်ဖွားကတော့  စေ့ စပ်တာအိုဗာဖြစ်သွားရင် သံသယ၀ါဒီဘက်ရောက်သွားတတ်တယ်..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..