Powered By Blogger

Saturday, February 21, 2015

'' ကြက်တန်း...''


'' ကြက်တန်း...''
-----------------
ကြက်သားရောင်းတဲ့ ကြက်တန်းကြီးပဲဆိုကြပါစို့ ..ကြက်သားကြီးငယ် ဆိုက်ပေါင်းစုံရောင်းတဲ့ ကြက်သည်တွေ တန်းစီလို့ ပေါ့ ..ပုံမှန်ဝယ်လက်နဲ့ .သူ့ ဖေါက်သည်နဲ့ သူပါပဲ...အနဲနည်းအများ အလေးခိုးတတ်လေ့ ရှိတယ် ဒါကလည်း အစဉ်အလာဆိုတော့ ချိန်ခွင်လျှာတို့  ပေါင်ချိန်အလေးတို့  နဲနဲလေးမှ လက်မကစားလိုက်ရင် အပြစ်တစ်ခုလိုခံစားနေရတတ်လို့  နဲနဲလေး အချိန်ခိုးပေးမှ စိတ်လက်ပေါ့ ပါးကြတယ်..

တော်ကီကောင်းတဲ့ အသည် အပိုထည့် ပေးတတ်တဲ့ အသည် အနဲဆုံးသာ အချိန်ခိုးတဲ့ အသည် စသဖြင့် ပေါ့  သူ့ အသည်နဲ့ သူ အားနဲချက် အားသာချက်တွေ ရှိတယ်  တော်ကီမှာသာယာတဲ့ သူက တော်ကီဆီမှာဝယ်နေကျဖေါက်သည်ဖြစ်နေတယ် လက်သာပြီးများများရတာကြိုက်တဲ့ ဝယ်လက်က များများ ထည့် ပေးတဲ့ သူဆီမှာဝယ်နေကျပေါ့ ...ဒါအကျဉ်းချုပ်တာပါ

တစ်ခါတစ်လေ အဲ့ ကြက်တန်းမှာ ကြက်သည်ချင်းချင်း လေတိုက်ပွဲတွေ အော်ကြီး ဟစ်ကျယ်ဖြစ်ကုန်ရာကနေ  အိုဗာဖြစ်သွားတဲ့ အခါ ကြက်ခုတ်တဲ့ ဓားမကိုယ်စီဆွဲပြီး သတ်ကြတော့ တာပါပဲ....၊ စဖြစ်တဲ့  အကြောင်းအရာ အများဆုံးက ကိုယ့် ဆီက ဖေါက်သည်က ဟိုဖက် ကကြက်သည်ဆီပြောင်းပြီး သွားဝယ်လို့ ကစတာများတယ်..သဘောက တော်ကီပဲကောင်းပြီး လက်မသာတော့  ၀ယ်နေကျဖေါက်သည်က  တော်ကီသိပ်မကောင်းပေမယ်  လက်သာပြီး အသားတုံး အပိုလေး ဘာလေးထည့် ပေးတတ်တဲ့ ကြက်သည်ဆီပြောင်းဝယ်တယ်ပေါ့ လေ..ခေတ်က ကျပ်တည်းလာတော့ သဘာဝတော့ ကျသား...တော်ကီကောင်းတာက ဗိုက်ထဲကို တစ်ယောက်စာ ကြက်သားတုံးလေး ဘာလေး အပို ထွက်မလာတတ်ဖူးလေ...