'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, February 21, 2015
'' ကြက်တန်း...''
'' ကြက်တန်း...''
-----------------
ကြက်သားရောင်းတဲ့ ကြက်တန်းကြီးပဲဆိုကြပါစို့ ..ကြက်သားကြီးငယ် ဆိုက်ပေါင်းစုံရောင်းတဲ့ ကြက်သည်တွေ တန်းစီလို့ ပေါ့ ..ပုံမှန်ဝယ်လက်နဲ့ .သူ့ ဖေါက်သည်နဲ့ သူပါပဲ...အနဲနည်းအများ အလေးခိုးတတ်လေ့ ရှိတယ် ဒါကလည်း အစဉ်အလာဆိုတော့ ချိန်ခွင်လျှာတို့  ပေါင်ချိန်အလေးတို့  နဲနဲလေးမှ လက်မကစားလိုက်ရင် အပြစ်တစ်ခုလိုခံစားနေရတတ်လို့  နဲနဲလေး အချိန်ခိုးပေးမှ စိတ်လက်ပေါ့ ပါးကြတယ်..
တော်ကီကောင်းတဲ့ အသည် အပိုထည့် ပေးတတ်တဲ့ အသည် အနဲဆုံးသာ အချိန်ခိုးတဲ့ အသည် စသဖြင့် ပေါ့  သူ့ အသည်နဲ့ သူ အားနဲချက် အားသာချက်တွေ ရှိတယ် တော်ကီမှာသာယာတဲ့ သူက တော်ကီဆီမှာဝယ်နေကျဖေါက်သည်ဖြစ်နေတယ် လက်သာပြီးများများရတာကြိုက်တဲ့ ဝယ်လက်က များများ ထည့် ပေးတဲ့ သူဆီမှာဝယ်နေကျပေါ့ ...ဒါအကျဉ်းချုပ်တာပါ
တစ်ခါတစ်လေ အဲ့ ကြက်တန်းမှာ ကြက်သည်ချင်းချင်း လေတိုက်ပွဲတွေ အော်ကြီး ဟစ်ကျယ်ဖြစ်ကုန်ရာကနေ အိုဗာဖြစ်သွားတဲ့ အခါ ကြက်ခုတ်တဲ့ ဓားမကိုယ်စီဆွဲပြီး သတ်ကြတော့ တာပါပဲ....၊ စဖြစ်တဲ့  အကြောင်းအရာ အများဆုံးက ကိုယ့် ဆီက ဖေါက်သည်က ဟိုဖက် ကကြက်သည်ဆီပြောင်းပြီး သွားဝယ်လို့ ကစတာများတယ်..သဘောက တော်ကီပဲကောင်းပြီး လက်မသာတော့  ၀ယ်နေကျဖေါက်သည်က တော်ကီသိပ်မကောင်းပေမယ် လက်သာပြီး အသားတုံး အပိုလေး ဘာလေးထည့် ပေးတတ်တဲ့ ကြက်သည်ဆီပြောင်းဝယ်တယ်ပေါ့ လေ..ခေတ်က ကျပ်တည်းလာတော့ သဘာဝတော့ ကျသား...တော်ကီကောင်းတာက ဗိုက်ထဲကို တစ်ယောက်စာ ကြက်သားတုံးလေး ဘာလေး အပို ထွက်မလာတတ်ဖူးလေ...
အဲ့ မှာ ကျန်ခဲ့ တဲ့ တော်ကီသည်က သူ့ ဆီကဖေါက်သည်ကို ဟို လက်သာတဲ့ ကြက်သည်က ခေါ်ရောင်းရမလားတို့  အညှိုးထား ရန်ရှာပေါက်ကွဲတော့ တာမျိုးကစတော့ တာပါပဲ ပထမတော့  လက်သာတဲ့ ကြက်သည်ကို စောင်းမြောင်းပြောတာမျိုးတွေ သူ့ ဆီဝယ်နေကျကနေ လက်သာတဲ့ ဆီပြောင်းဝယ်သွားတဲ့ ဖေါက်သည်ကို အတင်းပြန်ရောင်းတော့  ၀ယ်နေကျ ဖေါက်သည်က ပိုစိတ်ကုန်လာရင်း ရှောင်လာတာ ကွေ ပတ်သွားတာ...လက်သာတဲ့ ကြက်သည်ကလည်း ရွဲ့ ပြီး ပိုထည့် ပေးပြန်တာ..အဲ့ တော့ တော်ကီကြက်သည်က ပိုမျက်မုန်းကျိုး ပိုစောင်းမြောင်းပြောလာ...နောက်ဆုံးတော့  ကြက်သည်တွေ ရန်ထဖြစ်ကုန်တော့ တာပါပဲဗျာ
တကယ်က တော်ကီကြက်သည်က သူ့ ဆီက ၀ယ်နေကျဖေါက်သည် ဟိုလက်သာတဲ့ ကြက်သည်ဆီ ဘာလို့ ပြောင်းဝယ်သွားလဲ ငါများ ရိပ်လွန်းလို့ လား အသားတုံးထည့် ပေးတာ ကပ်စီးနဲလွန်းလို့ လား အချိန်ခိုးလွန်းလို့ လား အရင်ပြန်မစစ်ဆေး ကိုယ့် အပြစ်ရှိမရှိ အရင်မရှာပဲ ဟိုလက်သာတဲ့ ကြက်သည်ကို ငါ့ ဖေါက်သည်တွေ လုရမလားလို့ စောင်းမြောင်းပြီး ရန်သွားရှာရာက ကြက်သည်တွေ နှစ်ဖက် နောက်က သားတွေသမီးတွေ လင်တွေမယားတွေ တစ်မျိုးလုံးလိုလို ပါလာပြီး ကြက်ရုံထဲ ဆူညံပွက်လောတွေ ရိုက်တော့  နောက်တော့  ဈေးခေါင်းရုံးရောက်တော့ တာပါပဲ...
တစ်ခါတစ်ခါကြတော့ လည်း လက်သာတဲ့ ကြက်သည်က သူ့ ဆိုင်ပိုရောင်းအားတက်အောင် ဖေါက်သည်လုတာမျိုးက ရှိသေးတယ်...အဲ့ ဒီအခါမှာလည်း ကွိုင်တွေထပူကုန်ပြန်တာပါပဲဗျာ...ဒါကလည်း အပြစ်ဆိုရခက်တယ် ဈေးသည်ဆိုတာကိုယ့် ပစ္စည်းများများရောင်းချင်တာက သဘာဝကကျနေတာကိုး
တစ်ချို့ ဖေါက်သည်တွေကတော့ အဲ့ ရက်တွေမှာ ကြက်သား မစားတော့ ပဲ သက်သက်လွတ်တွေ ပြောင်းစားတာ ငါးဟင်းတွေပြောင်းစားတာတွေဖြစ်ကုန်တယ်.
လောဘဒေါသမောဟတွေ ထူပြောလှတဲ့ လူတို့ ရွာ..ကြက်တန်းထဲက ဖြစ်နေကျ မရိုးနိုင်လွန်းတဲ့  ဇာတ်ထုတ်တွေပေါ့ လေ..အမှန်တော့  ကြက်သားစားသူတွေမှာ အပြစ်ရှိပုံမရပါဘူး..၀ယ်သူဆိုတာ သူဝယ်ချင်တဲ့ သူဆီမှာ လိုက်ဝယ်မှာပါပဲ ..ပြဿနာအရင်းခံက ကြက်သည်တွေက ကိုယ့် ကြက်သားကို ၀ယ်လက်ကြိုက်အောင် ကိုယ့် ဆီကနေခွာမသွားအောင် စွံအောင် မရောင်းနိုင်တဲ့ ကိစ္စက အဓိကကျတဲ့ သဘောလို့ တွက်ဆရတာပါပဲဗျာ....
Labels:
အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..