Powered By Blogger

Saturday, September 12, 2015

မာယာရေ


ရင်မှာ စေရာ ဝေဒနာ ခြေရာတွေ ချန်ထား....မာယာရေ
အပြုံးသဲ့ သဲ့  နှုတ်ဆက် ရုတ်တရက် ရက်စက် လှစ်ခွာသွားတဲ့ ...မာယာရေ..
အလွမ်းနေ့ ဆက် လှမ်းရရှေ့ ခက် ထားရစ်ခဲ့ .တိမ်တွေ ပြိုနေဆဲ....မာယာရေ...

မိဘမေတ္တာ ကြောင့် ဖြစ်လာတဲ့  အာစက်လျှာစက် (မူလတန်းလေးတွေ)



မိဘမေတ္တာ ကြောင့် ဖြစ်လာတဲ့  အာစက်လျှာစက် (မူလတန်းလေးတွေ)
----------------
ကိုယ့် ကလေး စာမေးပွဲ သွားဖြေကနီး မအေက ဘာလုပ်ပေးလိုက်ရမလဲလို့ မေးလာတော့  ကိုယ် ကလေးခေါင်းလေးကို ကိုယ့် ညာလက်နဲ့ အုပ်  ဥုံ..ပုဒိအာ ပုဒိအာ ပုဒိအာ စာကောင်းကောင်းဖြေနိုင်ပါစေလို့  မန်းပေးလိုက်ပါ လို့  မှာတာဟာ ကျနော့်  ရဲ့  တပွဲတိုးပညာရေးစတိုင်ပေါ့ 

..ဒီခေတ် အမေတွေက ပညာရေးကို ဘွဲ့ ရပြီးရော တော်ရိရော်ရိ သဘောမထားတာ့ ပဲ ကိုယ့် သားသမီးကို တော့ တန်းထဲ အမြဲပါနေစေချင်တော့  မူလတန်းလောက်ကတည်းက ယတြာကပါနေပြီလေ
မိဘမေတ္တာ ကြောင့် ဖြစ်လာတဲ့  အာစက်လျှာစက် နဲ့  ဘုရားရှင်ရဲ့  ဥာဏ်တော်သုံးပါးကို ပေါင်းစပ် အာရုံပြု စေလိုက်တာပါပဲ

သူ့ နေရာနဲ့ သူ.....



ဆေးကုစရာ ငွေမရှိတော့ လို့  ကိုယ့် ကျေးဇူးရှင် ဖအေကို ဆေးမကုနိုင်တော့ လို့  ဖအေသေသွားရတယ်ဆိုတဲ့ ဘ၀ဆိုးကြီးကို ...
--------------------
ကျနော့် ကိုယ်ကျနော် ကံကောင်းတယ်လို့ ထင်တဲ့ တစ်ချက်က သူများတွေ လိုရာဆွဲပြောတဲ့  အဆိုအမိန့် တွေ  ဓမ္မတွေကို ကိုယ်ပိုင်ခေါင်းနဲ့  မတွေးမခေါ်ပဲ  သံယောင်လိုက်  ဟုတ်လိုက်တာ ဆိုတာမျိုး လိုက်မလုပ်ခဲ့ တာပါပဲ...၊

 ပိုကံကောင်းတာက အရာတော်တော်များများဟာ သူ့ နေရာနဲ့ သူ အသုံးကျ တန်ဘိုး ရှိကြတယ်ဆိုတာကို ဘ၀နဲ့ ရင်းပြီး  သိခဲ့ ရတာပါပဲဗျာ.

..တစ်ချို့  ကျနော့် လို အခြေအနေမျိုး ကိုယ်တွေ့ ကြုံဘူးလောက်မှာပါ ကျောက်ကပ်ပျက်သွားလို့ စက်နဲ့ ဆေးနေရချိန် စက်နဲ့ မှ မဆေးရရင် ရက်ပိုင်းအတွင်း သေမယ်

 ဆေးနိုင်ရင် လပေါက် နှစ်ပေါက်အထိ အသက်ဆက်ရှင်နေဦမယ် ဆိုတဲ့  အနေအထားနဲ့  ကျောက်ကပ်ဆေးနေရတဲ့ ကိုယ့် ကျေးဇူးရှင် ဖအေ့ အတွက် ကျောက်ကပ်ဆေးခ '' ငွေ '' ....

မရှိမဖြစ်အခြေအနေနဲ့  ငွေ......

ကိုယ့် လက်ထဲ မရှိတော့ မှာကို  အချိန်အမျှ တွေးတွေးပြီး သောကကြီးနေခဲ့ ရတဲ့ အချိန်တွေဟာ ကျောက်ကပ်ဝေဒနာကို တိုက်ရိုက်ခံစားနေရတဲ့ ဖအေ ထက်တောင် ပိုနေသလားလို့ ထင်မိခဲ့ ရတဲ့ ကာလတွေ.

..အဲ့  ငွေ အကြောင်း အဲ့ အချိန်ကဆို  မျက်ရည်တောင် တောက်တောက်ကျတယ်.

.ကိုယ့် လက်ထဲမှာ ကျောက်ကပ်ဆေးခတွေ ပေးနေရလို့  တစ်စတစ်စလျော့ လာတဲ့ ဓန...

ရှာဖွေသမျှ ဖအေ့ ဆေးဘိုးသုံးပေးနေရာက ငွေ အလျင်မမီတဲ့ အခါ  ထုခွဲရောင်းချလိုက် တစ်ခုပြီးတစ်ခု လျော့ ကျလာနေတဲ့  အတွင်းပစ္စည်းတွေ..

.ဆက်မတွက်ရဲ မတွေးရဲတော့ ဘူး

ဆေးကုစရာ ငွေမရှိတော့ လို့  ကိုယ့် ကျေးဇူးရှင် ဖအေကို ဆေးမကုနိုင်တော့ လို့  ဖအေ သေသွားရတယ်ဆိုတဲ့ ဘ၀ဆိုးကြီးကို ကိုယ့် ဖအေကို အဖြစ်ခံလိုက်ရမှာ မြေမြိုမှာထက် သောကကြီးနေမိတဲ့   .....

တွေးမိတိုင်း မျက်ရည်တို့ က ထိမ်းမနိုင်သိမ်းမရ ကျမိခဲ့ ရတဲ့  ဖအေကိုချစ်တဲ့  သား  သားကိုချစ်တဲ့  ဖအေရဲ့ ဘ၀.....။...

ငြိမ်းစေသောငြိမ်း



 ငြိမ်းစေသောငြိမ်း
----------
ဗေဒင်နဲ့ ပတ်သက်လာတာကြာခဲ့ ပြီ၊ မြေသားကစပြီး ကောင်းကင်ကလူတွေအထိ အလွှာစုံနဲ့ လည်း ဆုံဘူးခဲ့ ပြီ၊ အတွေ့ အကြုံတွေစုလိုက်ရင် လူ ဆိုတာ လူ့  သဘောအခြေခံတွေမှာ အတူတူတွေချည်းများတယ်ဆိုတာ သိခဲ့ ပြီ၊ အဖတ်တင်ကျန်ခဲ့ တာကတော့  လောကကိုရော ကိုယ့် ကိုယ်ကိုယ်ပါ ရယ်စရာတွေ  ကြံဖန်ပြီး ရှာကြည့် တတ်လာတဲ့ အကျင့် ကြီးက ငယ်ကျင့်  သရော်တော်တော်ပြောတတ်ကြည့် တတ်တဲ့ အကျင့် ကို ဓာတ်ဆီထပ်လောင်းသလို ဖြစ်လာတာ ပိုများလာတယ်ဆိုတာပါပဲ..သူတကာထက်ချွန်နေတဲ့ လောဘတောင် ကိုယ့် အတွက် ဟာသခန်းတစ်ခုဖြစ်နေတာမျိုး...ခ်ခ်

RC 2 မှာ တက်ခဲ့ တုန်းက အမှတ်တရလေး ကျောင်း ဂလု မှာ သွားရေးထားတာလေးပြန်သယ်လာတာ..ငိငိ



RC 2 မှာ တက်ခဲ့ တုန်းက အမှတ်တရလေး ကျောင်း ဂလု မှာ သွားရေးထားတာလေးပြန်သယ်လာတာ..ငိငိ
Na Win Thi Ha
September 6 at 5:55am · Edited
ရှစ်စရာလေး တဲ့ 
------------
RC 2 ကျောင်းသားဘ၀ လွမ်းမောစရာ အမှတ်တရ အဖြစ်တွေထဲ အမှတ်တရတစ်ခုက အဲ့ ကျောင်းရောက်မှ ကြားဖူးတဲ့ အသုံးအနှုံး ၂ ခုပဲဗျ..တစ်ခုက နယ်က သူငယ်ချင်း က ချစ်စရာလေး ကို ရှစ်စရာလေးလို့ ပြောလိုက်တာလေး....ကြားခါစက ရယ်လိုက်ရတာဆိုတာ သူ ကိုယ်က စကား မပီတာလားလို့ ထင်မိသေးတာ. ဘော်ဒါက ပြောပြီးမှ ရယ်ကျဲကျဲ နဲ့  ငါတို့ ဘက်မှာ အဲ့ လေသံပဲ ထွက်လာတာ နှုတ်ကျိုးနေပြီတဲ့ ..နောက်တော့ နားယဉ်ပြီး သဘောကျသွားတယ်..သူ့ လေမိပြီး ...ချစ်တယ် ကို ရှစ်တယ်ချည်းလုပ်တော့ တာ. အဟီးးး:P  😁😁  .။

နောက်တစ်ယောက်က လည်း ကိန်းတွေရေတော့ အသုံးတစ်မျိုးနဲ့ ကြားရပြန်ပါရောဗျာ သူ့ ဟာသူသတိထားရင် ပုံမှန်ပဲ သူတို့ ဒေသဓလေ့ စိတ်နဲ့ လွတ်လွတ်လပ်လပ်ဆို တစ်မျိုးဖြစ်သွားတာ ပထမ အဆန်းကြီးပေါ့  နောက်တော့  ချစ်စရာ့ အသုံးလေးတွေ ဖြစ်သွားတယ် ခုနှစ်ကို ခွင် လို့ အသံထွက်တာဆယ့် ခွန် ဆို ဆယ့် ခွင် ခွန်ခွန် ဆို ခွင်ခွင် လို့  ထွက်တာ..ဟီးး. tongue emoticon .အဲ အဲ့ လို ချစ်ဖို့ ကောင်းတဲ့  ဒေသသုံးလေးတွေကြောင့် ပဲ ဘော်ဒါကဏ္ဍတွေကြားမှာ အကန့် တွေမရှိတော့ ပဲ ငယ်ပါင်း စတိတ်ပေါင်းတွေလို လွှတ်ရင်းနှီးကုန်ကြတော့ တာပါပဲဗျာ... :P  😁😁 .
Like   Comment   Share   Translate
----------------------------
မန့် ...သန်းထွန်း ဆိုလဲ သန်းထွင်း တဲ့...ဟီး
· September 6 at 6:07am
========
မန့် ...ကျနော်တို့မြင်းခြံနယ်ဘက်မှာ နသတ်ကို ငသတ်အသံထွက်ကြပါတယ် ကျနော်ကိုတိုင်အဆောင်မှာမောင့်လပြည့်ဝန်းသီချင်းကို မောင့်လပြည့်ဝင်းလို့ဆိုမိလို့သူငယ်ချင်းတွေဝိုင်းရယ်ကြတာအမှတ်တရလေးတွေပါ
Like · Reply · 2 · September 6 at 9:52pm
==========
မန့် ...ထမင်းစားတော့
ဟင်းကိုတစွင်းနှစွင်း
ပေးလို့ပြောတာကော
· September 6 at 10:35pm

'''သမိုင်းရဲ့ ဓားစာခံများ ''


 '''သမိုင်းရဲ့ ဓားစာခံများ ''
----
ဒဿနပညာနယ်မှာ '''သမိုင်းရဲ့ ဓားစာခံများ '' ဆိုတဲ့  အသုံးအနှုံးတစ်ခုရှိပါတယ်၊ သဘောတရားက ၀မ်းဘိုင်ဝမ်း သဘောမဟုတ်ပဲ ဒေသကြီးတစ်ခုလုံး နိုင်ငံကြီးတစ်ခုလုံး ကမ္ဘာကြီးတစ်ခုလုံး ကို အချိုးအကွေ့  ဖြစ်စေတဲ့  လူ (သို့ ) လူတစ်စု ကို ရည်ညွှန်းတာမျိုး...အဲ့ အချိုးအကွေ့ ဟာ ကောင်းဖို့  (သို့ )ဆိုးဖို့ သဘောဖြစ်တယ်၊ အဲ့ အချိုးအကွေ့ အတွက် မွေးဖွားပေးလာသလို  သူတို့ ကို သမိုင်းရဲ့ ဓားစာခံများ လို့ တင်စားလိုက်တာဖြစ်ပြီး အများအားဖြင့်  သမိုင်းရဲ့ ဓားစားခံတွေဟာ သူတို့ ကိုယ်သူတို့  သမိုင်းရဲ့ ဓားစာခံတွေ အဖြစ်မွေးလာကြောင်း မသိကြသလို တစ်ခြားတွေကလည်း သူတို့ ဟာ သမိုင်းရဲ့ ဓားစာခံတွ အဖြစ်လောကထဲရောက်လာသူတွေလို့  မသိနိုင်ဘူး...အဖြစ်အပျက်ကြီးတစ်ခု သူတို့ ကြောင့်  အချိုးအကွေ့ ကြီးတစ်ခုလို ဖြစ်သွားတော့ မှသာ အများက သူတို့ ကိုသိကြတော့ တာမျိုးဖြစ်လာပြီး သူတို့ ဟာလည်း သမိုင်းတွင်ကျန်ခဲ့ တဲ့ သူတွေ ဖြစ်ကုန်ကြတယ်..

ကားသစ် ငြီးကြပါ ဦးပုဏ္ဏား



ကားသစ်
--
ကားသစ်တွေ အကြောင်းပြုပြီး ဘ၀မှာ တုန်လှုပ်စရာကောင်းတဲ့  ကိစ္စ ၂ ခု စွဲနေအောင်ကြုံဘူးတယ် တစ်ခုက ဆရာနဲ့ ၊ နောက်တစ်ခုက ကိုယ်တိုင်မျက်စိအောက်မှတင်...
ကိုယ်တိုင်ကတော့  တစ်နှစ်ကကြုံတာ....လမ်းထဲမှာ အတော်လေးရင်းနှီးတဲ့  လင်မယား စုံတွဲရှိတယ်...သူတို့ ကအောက်ထိပ်  ကျနော်တို့ က အပေါ်ထိပ်
ကျားက ကားဝယ်ရောင်း နဲ့ ပွဲစား အဲ့ ကာလက  ၀ယ်ရောင်း ပွဲစားလုပ်ရယုံတင်မကဘူး ရန်ကုန်က ကားကို မန္တလေး အ၀ယ်သမားအထိတောင် လိုက်တက်ပို့ ပေးနေရတဲ့ အချိန်...

ကိုးကွယ်ရာ

ကိုးကွယ်ရာ
---
ကျနော်တို့ အမျိုးက လူစုံတယ်..လိုင်းလည်းစုံတယ်..အဲ့ တော့  အပြင်လူတွေများများလိုက်ကြည့် စရာမလိုပဲ ကိုယ့် အမျိုးတွေဆီကနေ သင်ယူခွင့် ရနေသလိုကြီးပေါ့ ..

ကျနော့် အမေက ၁ ပီပီ ငယ်ငယ်ကတည်းက ရုန်းကန်လာရတာဆိုတော့  ကိုယ့် ဒူးကိုယ်ချွတ်စိတ်က ပြင်းထန်ပုံရတယ်...ဗေဒင်ဆရာတွေ အထက်လိုင်းသမားတွေ အများကြီးနဲ့ မထသ အမျိုးတွေကြောင့်  တွေ့ ဘူး ဆုံဘူးပေမယ့်  ဘယ်သူ့ ကိုမှ ဆရာ မမွေးခဲ့ ဘူး..ကြုံတုန်းလေးပဲ...၊ဖအေကြတော့  ၆ ကြွင်း စီးပွားရေးသမားမို့ ထင်ပါရဲ့  ဒါနခန်းလုပ်ဖို့  ဘုန်းကြီးကျောင်းတောင် ၂ ကျောင်း ခွချက် ဒကာ လုပ်ထားတဲ့ စတိုင်..။

အမျိုးထဲက မထသလင်မယားတစ်စုံကလည်း လောကီဗေဒင်ကျွမ်းတဲ့ ဘုန်းကြီးကျောင်းတစ်ကြောင်းကို ဒကာရင်းလုပ် ဆည်းကပ်ထားတယ် ကျနော်တို့ လည်း အဲ့ ကျောင်းဒကာတွေ ဂရုပေါ့ ..ဒါပေမယ့် မတူတာက အဲ့ မထသလင်မယားက အဲ့ ဘုန်းကြီးကလွဲ တစ်ခြားဘုန်းကြီးကို ဘုန်းကြီး မထင် သဘော ရှိတယ်..လောကီကိုးကွယ်နည်းတွေပေါ့ လေ...

အပေါ်ကနေ ဆင်းလာတာ...


 အပေါ်ကနေ ဆင်းလာတာ...
-------------------
ဆိုပါတော့  ပျက်ဆီးခြင်း ငါးပါးမှောက်ကုန်တာ ပိုက်ပိုက်တွေ ခေါင်းစဉ်မျိုးစုံနဲ့ ရနေတဲ့ အပေါ်ကနေ အောက်ဆင်းလာတာမျိုးလို့ ...ဆိုပါတော့  ဘိန်းဖြူက စကာစက သိပ်ဈေးကြီးတယ် အဲ့ တော့ ဘောစိ သားသမီးတွေပဲ သုံးနိုင်ခဲ့ တာ အောက်က မူးပြဲချင်တော့  ဆရာကြီးပင့် တယ်ဆိုတဲ့ ဆေးခြောက်ရူရတာ..
နောက်တော့ ဘောစ်သားသမီးတွေကို ကပ်ပေါင်းနေတဲ့  ဘောမစိတစိတွေပါ ဘစ တွေ ဖြစ်လာတော့  ဆေးဘိုးလိုပြီ..အဲ့ မှာ ကျယ်ပြန့် လာတော့ တာမျိုး ဒါက အငြိမ်လိုင်း..ဘစတွေ ဘစဖို့  ဖန်မတောင့် တဲ့ အခါ ကွန်စ်တယ်ဆိုတဲ့  ကွန်မက်သာဇင်ကို အစားထိုးတော့ ချောင်းဆိုးပျောက်ဆေးရည်ပါ  မူးယစ်ဝင်ဖြစ်သွားတယ်..

သန္တတိ


.သန္တတိ
---
ပထမပိုင်း အမေနဲ့  ဒုတိယပိုင်း အဖေကွယ်လွန်ပြီးနောက်ပိုင်းမှာ ဘ၀အမြင်တွေ အတော်များများ ချိန်းကုန်တယ် စိတ်ကျသွားတာမျိုးမဟုတ်တာတော့  သေခြာတယ်  သတိထားမိသလောက်က ကိုယ့် ခရီးစဉ်အတွက်မှာ ရုပ်ထက် စိတ်ဖက်ကို ဦးစားပေးလာတဲ့ ကိုယ့် စိတ်သဘောကိုပြန်ဖတ်လို့ ရလာတယ်..အဲ့ ဒါကြောင့်  သူများတွေ လိုချင်တာကို ကိုယ်လိုချင်တာလိုလိုနဲ့ လိုက်ပြီး ယောင်မနေပဲ ကိုယ့ စိတ်က တကယ် ဘာလိုချင်တာလဲကို
ကိုယ့် ဟာကိုယ် တော်တော်ရိမိသွားတာမျိုး...အဲ့ မှာ တစ်ချက် ကိုယ့် ဘ၀ကို နေသာထိုင်သာဘ၀ဖြစ်နေအောင် ပလန်ချနိုင်ခဲ့ တယ်...ကိုယ့် စိတ်နဲ့ ကိုယ့် ဘ၀ကျေနပ်စရာ ကောင်းနေတဲ့ ဘ၀ပေါ့ 

နောက်တော့  အမျိုးထဲက သက်ကြီးပိုင်းတွေ တဖြုတ်ဖြုတ်ကြွေ သဘောတွေ များလာတယ်..ရုပ်ဖြစ်စဉ် ဖြစ်ပျက်က မြင်သာပေမယ့် နာမ်ဖြစ်စဉ်ဖြစ်ပျက်က စာထဲ
ကသာသိထားရတာမျိုးဖြစ်ပြီး မြန်နှုးံက ရုပ်ထက် ၁၇ ဆ လောက်ပိုမြန်နေတော့  ကိုယ့် စိတ်က အတိတ်ဆိုတာ မနေ့ တနေ့ ကလောက်ပဲထင်.အချိန်တွေ သိပ်မကြာသေးဘူး ထင်နေတာ...သန္တတိ.တဲ့ ..ရေတွေ စီးနေတာ အဆက်မပြတ်ပုံက    ရှေ့ က စီးချသွားတဲ့ ရေနေရာမှာ နောက်ရေ အစားဝင်ချ သွားတာ မြန်လွန်းအားကြီးတော့  ဒီရေက ဒီရေပဲ ထင်မိနေတာမျိုးပေါ့ လေ..နာမ်ကလည်း သေပြီး ပြန်ဖြစ်တာ မြန်လွန်းအားကြီးနေတော့  စိတ်က ငယ်ကစိတ် အခုစိတ် အတူတူပဲ ထင်နေတာ..ဒါကြောင့်  ငယ်ရီးစားရုပ်က စိတ်ထဲမှာ ဒီပုံရိပ်ပဲ ထင်နေတာ..ခုနေ ပြန်ဆုံရင်.ပြန်ဆုံမယ့် ဘုတ်ဆုံညနေများဖြစ်လေမလား...အဟင်းး :P

သက်ကြီးတန်းတွေ တစ်ဖြုတ်ဖြုတ်ကြွေနေလည်း ကိုယ့် အသက်နဲ့ မဆိုင်လောက်သေးဘူး ထင်နေသေးတော့ အေးဆေးပဲ..ပြီးခဲ့ တဲ့ လပိုင်းမှာတော့  အတွင်းကျကျ
ရင်းခဲ့ တဲ့  ကိုယ်နဲ့  အသက် လယ်ဘယ်တန်း ဘော်ဒါ တစ်ပွေ  မထင်ထား ထင်ထားရင်းက တကယ် ကြွေကျတဲ့ အထဲ ပါသွားတော့ ..အဲ့ မှာ ကိုယ်တိုင်တောင် ကြွေမယ်ဆို လိုက် ကြွေလို့ ရနေပြီပဲလို့  တွေးလို့ ရလာတယ်...လန့် တာတော့ မလန့် ပါဘူး ဒက်က ရိုးနေပြီ...ပြီးတော့ စိတ်ပူပြီးထားခဲ့ ရမယ့် လူအခြေအနေမျိုးနဂိုကတည်းက မရှိရအောင် သက်သက် ကြံစီပြီးနေလာတာလေ...

.အဲ့  ကြွေမယ်ဆို ကြွေလို့ ရလောက်ပြီဆိုတဲ့ အတွေး ဖီလင်က အတော်လန်းတဲ့ ဖီလင်မျိုးပဲ....အရင်က ဟိုဟာ ဒီဟာလေး ၀ယ်ဖို့  လုပ်ချင်လေးလုပ်ဖို့  ဘာညာဆို အတော်လေး ချီတုံ ချတုံလေးဖြစ်နေသေးတာ..ဟိုငဲ့ ဒီငဲ့   ဟိုတွေးတုန့်  ဒီတွေးတုန့် နဲ့ စိတ်အတွေးက များခဲ့ သေးတာ... အခုတော့ ..သိပ်မတွေဝေတော့ ဘူး...၀ယ်ချင်တာဆို နဲနဲချိန် မြန်မြန် ၀ယ်  သုံးချင်တာဆို နဲနဲချန် မြန်မြန် သုံးလိုက်တော့ တာပဲ..အသက်ဆိုတာ အချိန်မရွေးသေနိင်တယ်လေ.. အရှင်ဓါတ်ထဲမှာက အသေဓါတ်က ပါလာပြီးသား မဟုတ်လား....ဟဲဟဲ..ငိငိ..

တစ်ကိုယ်တော် မတွန့် စေရအသုံး


တစ်ကိုယ်တော် မတွန့် စေရအသုံး
-------------
ဆိုပါတော့  ကိုယ့် စိတ်တွေ တအားညစ်နေတဲ့ အခါ ဘူနေတဲ့ အခါ ဘာမှ အာရုံမလာတော့ တဲ့ အခါ ခေါင်းကိုက်နေတဲ့ အခါ
အန္တရယ်အနံ့ တွေခံစားမိနေတဲ့ အခါ ကျမ္မာရေးတွေ ညံ့ နေတဲ့ အခါ တစ်ခုခုက ပိတ်ဆို့ နေတယ်လို့  ခံစားနေရတဲ့ အခါ
တစ်ခုခုနဲ့  လုပ်ကြံခံနေရတယ် ပြုစားခံနေရတယ်လို့ ထင်နေတဲ့ အခါ  ကိုယ့်  မတွန့် စေရ အညွန့်  ၁ ညွန့်  အရွက်
တစ်ရွက်နဲ့ ကိုယ့် ဦးခေါင်း ကိုယ့် ဘော်ဒီ ကို ကိုယ့် ကိုယ်ကိုယ်  မကြာခဏ ပုတ်ပုတ်ပေးနေလိုက်ရင်  အညံ့  အသက်သဘောတွေ
ွ လျော့ ကျ သက်သာသွားလေ့ ရှိပါတယ်...

ဒီလို လုပ်တဲ့ အခါမှာ နေ တွေရက်တွေ အခါတိုင်တွေ စောင့် နေစရာမလိုပါဘူး..
.နေရာ မလိုပါဘူး...ဥပမာ တနင်္လာသား ဘူနေရင် သပြေ ၁ရွက် (သို့ ) ၁ညွန့်  (သို့ ) အရိုးလေးတစ်ရိုးနဲ့ ပဲ လုပ်သွားယုံပါပဲ
 ပြီးတော့  သုံးလေးရင်ဆက်တိုက်ပေါ့ ၊  ဒီ လို တစ်ကိုယ်တော်လုပ်တာကို  အင်တာဗျူးတွေသွားရင် အန္တရယ်များပုံရတဲ့ နေရာတွေသွားရင်
ရုံးမှာ စစ်ဆေးရေးလာမယ်ဆိုရင် လူကြီးနဲ့ ဝင်တွေ့ စရာရှိတယ်ဆိုတဲ့ အခါ စသဖြင့်  ထူးခြားအရေးတွေအတွက်
သွားခါနီး လုပ်သွားလို့ ရပြီး ကိုယ့် ခေါင်းကိုကိုယ် ကိုယ့် မတွန့် စေရ အရွက်လေးနဲ့  လေးငါးချက် ပုတ်သွားယုံလေးပါပဲ

တနင်္ဂနွေ ဆို....သစ္စာ၊ သဇင်၊ မရမ်း ၊ ဒန့် ကျွဲ
တနင်္လာ.....သပြေ ၊သြဇာ ၊ ဒန့် သလွန်
အင်္ဂါ....ခရေ အလွယ်ဆုံး
ဟူး......စပယ် စိန်ပန်း ကသစ် အုန္နဲ
ကြာတေး....စွယ်တော် လောက်သေ
သောကြာ....ပိတောက် ပိန္နဲ စိန်ခြယ် ဇော်ကြား စက္ကူပန်းရွက်
စနေ....မာလကာ မန်ကျီး...သင်အူ

ဂြိုလ်လေး သက်ရောက်လေးက ကောင်းနေသားပဲလို့ ဆိုပေမယ့်  (လစိတ်သဘောတရား)




ဂြိုလ်လေး သက်ရောက်လေးက ကောင်းနေသားပဲလို့ ဆိုပေမယ့် 
------------
ဒါကိုပြတာက လူတစ်ယောက်ဟာ ဘုမ္မိကြီးမှ ဘုမ္မိလေးမှ အသက်ဘယ်လောက်ရောက်မှ ဘယ်ကိန်းကျမှ အမှားပြုမိရင် ဘ၀ပျက်နိုင်တယ် ကိန်းတွေ ဘုမ္မိကြီးတွေ ဘာညာမတိုက်ဆိုင်သေးရင် ဂြိုလ်ကောင်းနေရင် သက်ရောက်ကောင်းနေရင် ဘ၀မပျက်နိုင်ဘူး လို့ ပုံသေမမှတတ်နဲ့ ဂြိုလ်ကောင်းလဲ  လစိတ် မကောင်းချိန်မှာ ရမ်းကားရင် တစ်သက်စာ ကားသွားနိုင်တယ် ဆိုတာကို ပြချင်တာပါ

ဒီပုံက ၂ လပိုင်း မွေး တဲ့  ဘယ်မဟာဘုတ်နဲ့  မွေးတဲ့  ဘယ်အသက်ပိုင်းရောရောက် ကျားမ မရွေး ကမ္ဘာပေါ်က ရှိသမျှ သောကြာသားသမီး အကုန်အတွက် ပြတဲ့  တစ်နှစ်တာ ဂြိုလ်ပတ်လမ်းပါ..

မွေးချိန်မဟာဘုတ်


မွေးချိန်မဟာဘုတ်
------------
ပထမ အချက်က ဗေဒင်ပညာဆို ခက်ခဲရမယ် သာမန်လူတွေအလုပ်မဟုတ်ဘူးလို့ အများစုက ထင်နေခဲ့ ကြတယ်...အဲ့ ဒီတော့  တွက်ချက်ရတာ လွယ်ကူတဲ့ ဗေဒင်တွေဆို မယုံချင်ဘူး အထင်သိပ်မကြီးဘူးပေါ့ ..တကယ်ကတော့  တွက်ချက်ရတာလွယ်ကူတဲ့ ဗေဒင်ဆိုတာ အချိန်တွေအများကြီး အတွေ့ အကြုံတွေအများကြီးစုလာပြီးမှ အများအတွက် လွယ်လွယ်နဲ့ ထိလည်းထိရောက်အောင်  အလွယ်နည်းလေးတွေ ထုတ်ချလိုက်တဲ့ သဘော...အလွယ်နည်းဆိုတာ ပရုပ်ဆီသဘောပါ့   အဲ့  အလွယ် အစ တွေကို လိုက်နှိုက်လိုက်ရင် အတွင်းကြေအတွက် ပရုပ်ဆီနဲ့ မရတော့ သလိုပဲ တကယ့်  ကိစ္စတွေကြတော့  ခက်နက်နက် တွေးနှိုက်ထားတဲ့  သဘောတရားတွေနဲ့ မှ ဗေဒင်က အလုပ်ဖြစ်တော့ တာ...

သက်ရောက်အထာ


သက်ရောက်အထာ
------------
သက်ရောက်တွေကို အခါတိုင်ထူကြည့် ရင် သက်ရောက်အထာပါ ပိုရိပ်မိလာမယ်  ဆိုပါတော့  စနေသက်ရောက်ဆိုတာ စနေတိုင်  ဒီတော့  ဒုက္ခသစ္စာတိုင်ပေါ့  အဲ့ စနေတိုင်မှာ သောကြာ နံ  လူ့ အက်ရှင်တွေ အားလုံး ခိုက် ထဲ မှာ ခိုက်ဆိုတာ ကျပ်တည်းခြင်းသဘော...၊ ဒါကြောင့်  ရုန်းရတာခက်တယ်၊  အဲ့  သောကြာနံဟာ  စနေသက်ရောက်မှာ တန်းစီသွားထိုင်တယ်....ဒီတော့  စနေသက်ရောက်မှာ သောကြာနံ သဘော  အရွေ့ ပေါ်တတ်ပေမယ့်  စနေတိုင်ရဲ့  ခိုက် အား ငြိနေလို့  မကောင်းတဲ့  အရွေ့ တွေ ဖြစ်ကုန်တတ်တယ်လို့  မြင်နိုင်တယ်.. သဘောက စနေတိုင်ရဲ့  ဒုက္ခသစ္စာက သက်ရောက်မှာ လွှမ်းမိုးနေတယ် လို့ ဆိုလိုတာ ဒါကြောင့်  အရွေ့  သဘော ဖြစ်တဲ့  အိမ်ထောင်ပြုတာ စနေမှာ ပြုရင် ပြုရတာ အဆင်မချော ဆိုတာ စနေတိုင် ရဲ့  ခိုက်သတ္တိ အား ပါနေလို့ သဘော

သဘောက သက်ရောက် ၈ ခွင်စလုံးမှာ အခါတိုင်ရဲ့  ခိုက်သတ္တိတွေ လွှမ်းမိုးနေတယ် အဲ့ ခိုက်ကို ပတ်ပြေးနေတာလို့ ဆိုလိုတာ..သဘောက တနင်္ဂနွေသက်ရောက်မှာ  အတုံးကြီးတဲ့ သူတွေ အရှက်ကွဲတတ်တာ အမှု့ ဖြစ်တတ်တာ စုန်းတိုက်ဓါတ်တိုက် နတ်တိုက် ခံရလွယ်တာဟာ တနင်္ဂနွေတိုင်က ခိုက် စနေနံရဲ့ သတ္တိသဘော...သောကြာသက်ရောက်မှာ ကြာသာပတေးတွေ အသေးစား ထိခိုက်ရှနာဖြစ်လွယ်တာ သောကြာတိုင်ရဲ့ ခိုက်က ကြာသာပတေးဖြစ်နေလို့ သဘော...အဲ့ လိုသာကြုံပေမယ့် ပြိုလဲမသွားပြန်တာက သောကြာ သက်ရောက် လွတ်လပ်လှုပ်ရှား အကောင်းသဘောက သူ့ အလုပ်အတိုင်း သူလုပ်ပေးနေတဲ့ သဘော...ဒီတော့  အဲ့ လိုတွေ ချိန်ညှိလိုက်ရင် ကောင်းရင် ဘယ်လောက်ကောင်းမယ် ညံ့ ရင် ဘယ်လောက်ညံ့ နိုင်လဲဆိုတာ ခန့် မှန်းလို့ လွယ်လာမယ်

ကိုယ့် အတွက်ကိုယ်ပြောတာပါ အများစီးပွားသဘောက လုပ်နေကျ ဗေဒင်သမားက တကူးတက တွေးနေစရာမလိုပဲ သူ့ ဟာသူ ခေါင်းထဲက ဖတ်ကနဲ့  အလုပ်လုပ်သွားတာ တစ်ချက်ချင်း အသည်းအသန်တွက်မနေရဘူး သဘောက နေမကောင်းတဲ့ တနင်္ဂနွေလာရင် လျှော့ မတွက်နဲ့  ၂၀၁၅ က တနင်္ဂနွေနံ မရဏမို့ 
ပါးပါးလေးမရဘူး ခံရတတ်တယ်ဆိုတာ အလိုလို ခေါင်းထဲက တစ်ပြိုင်နက်ထဲ ဆက်စပ်တွေးသွားပြီးသားသဘော...ကွန်ပြူတာနဲ့ ဆင်တယ် ဒေတာတွေက ခေါင်းထဲမှာ အများကြီး လိုအပ်တဲ့  ဒေတာတွေက တွက်တော့ မှ သူ့ ဟာသူ ထွက်ကျလာတာမျိုး

အနေကဇာ


အနေကဇာ

ကျနော်က တစ်ခါတစ်ခါ ရုပ်ဝါဒီဘက်ဆန်ပြီး တစ်ခါတစ်ခါ စိတ်ဝါဒီဘက်ဆန်ဆန်သွားတယ်. .အကြောင်းအရာပေါ်တော့ မူတည်တတ်တယ်..။ အိမ်သစ်တက်လို့  ဘုရားရုပ်ပွားတော် အသစ် ထူ ပူဇော်တဲ့ အခါ  တစ်ချို့ တစ်လေ မေးတတ်တယ် ( အများအားဖြင့် စိနနွယ်တွေကမေးတာပါ ကိုယ့် အရပ်က စိနနွယ်တွေက များတယ်လေ)...ဘုရားသွားပင့် လာ အိမ်က အရန်သင့် ရှိပြီးသား ဘုရားကျောင်းဆောင်မှာ ပင့် လာတဲ့ ရုပ်ပွားတော်ကို သီတင်းသုံးစေပြီးပေမယ့်  အနေကဇာ မတင်အားသေးလို့  ဒီအတိုင်းပူဇော်ထားတာ ဖြစ်ပါ့ မလား ဘာက်ညာလှုတွေ လှုလို့ ဖြစ်လားလို့ မေးတတ်တယ်( ခဏခဏအမေးခံရတယ်)

ကျနော်က ဖြစ်တယ် ပန်းလှတာ ဆွမ်းကပ်သစ်သီးကပ် ဘာညာတွေ ရတယ်...ဘုရားလှုတာ ကုသိုလ်ရတာပဲ ..ပြီးတော့  ဒီလိုဗျာ...အစ်မကြီးတို့  ဘုရားကနေ ဘုရားသွားပင့် လာကတည်းက ဘုရားအမှတ်နဲ့  ပင့် လာတာမဟုတ်လား အစ်မကြီးတို့ စိတ်ထဲမှာ ဘုရားလို့ သိနေတာကိုက အနေကဇာတင်တင် မတင်တင် ဘုရားက ဘုရားဖြစ်နေပြီ..အဲ့ ဒါကြောင့်  ဘုရားကို ရည်စူးလှုတာနဲ့ ကောင်းမှု့ ဖြစ်နေပြီ....အနေကဇာတင်မှ ဘုရားဖြစ်တာမဟုတ်ဘူး...တစ်ခုတော့ ရှိတယ်
အနေကဇာတင်တော့ ဘာကောင်းလဲဆိုတော့  အိမ်ကို ဘုန်းကြီးပင့် ရမယ် ဆွမ်းကပ် ဘာညာနဲ့  ကောင်းမှု့ တွေလုပ်ရမယ်ဆိုတော့  အနေကဇာတင်တာကိုမှီပြီး ဒါနခန်းတွေ လုပ်ခွင့် ရလို့  ကိုယ့် မှာ ကုသိုလ်တွေဖြစ် အိမ်လည်း ပိုသန့် သွားသလိုဖြစ်လို့  စိတ်ပိုသန့် သွားတာပေါ့ ဆိုတာမျိုး ပြန်ပြောဖြစ်တယ်...

သဘောကတော့  စိတ် အကြောင်း အဓိကပြောတာပါ ပြိုကျထားတဲ့ ဘုရားငုတ်တို ပဲ ဖြစ်စေ ဒီ ဘုရားငုတ်တိုကြီးကို  ဘုရားလို့ သိနေတာနဲ့ တင် ဘုရားဖြစ်နေပြီ လို့  ဆိုတဲ့ အကြောင်း...

ဒီဘက်ခေတ် မင်္ဂလာဧည့် ခံပွဲတွေတောင် တကယ်တန်းဆို အလှုတော် မင်္ဂလာသဘော ဒါနခန်းဆန်တယ်  ဘာလို့ ဆိုတော့  ဧည့် ခံပွဲမတိုင်ခင်ကို စာချုပ်နဲ့  ဥပဒေအရာရှိနဲ့  လက်ထပ်ပြီးသား တွေဖြစ်နေကြတာများပြီ  ဒီတော့  ဧည့် ခံပွဲလုပ်လုပ် မလုပ်လုပ် အကြင် လင်မယားဖြစ်နေပြီးသား.
..ဒါကြောင့်  ဖိတ်စာမှာတောင် စာရေးပုံပြောင်းတယ် လက်ထပ်ထိမ်းမြားပြီး၍  အခု ညနေ မင်္ဂလာဧည့် ခံပွဲသို့  တန်ဘိုးကြီး လက်ဖွဲ့ များများ လာပို့ ကြပါလို့ ရေးကုန်ကြတာမျိုးပေါ့ ...

လူလယ်ခေါင်ကြမှဖလားလက်စုံနှိုက် မောင်မယ် လက်နှစ်ဖက်ထပ် ပုဝါပတ်တဲ့  တဘူဘူနဲ့ ခရုသင်းမှုတ် စုလျားရစ်ပတ်သဘော လူကြားထဲ မင်္ဂလာဆောင်တာမျိးက ရှားသွားပြီ...ဒီတော့  ခေတ်စတိုင် လက်မှတ်ထိုးအရင်လုပ် ပြီးမှ ဧည့် ခံပွဲသဘောကြတော့  လက်မှတ်ထိုးရက်ရွေးတာက တည်ဆဲ ဥပဒေ သဘောဝင်လို့  အဓိက မိန်းရက်ဖြစ်သွားတယ် ဧည့် ခံပွဲက အလှုလုပ်တဲ့  ဒါနခန်းသဘောဆန်သွားတာ လက်မှတ်ထိုးထားပြီးမှ ဧည့် ခံပွဲ မလုပ်ဘူးဆိုလဲ လက်မှတ်ထိုးပြီးသားကထိုးပြီးသားသဘောပေါ့  အဲ့ သဘောကို နှစ်ဦး သဘောတူ မြို့ နယ်တရားရုံက ဥဒေအရာရှိရှေ့ မှာ လက်ဂျာသွင်း မှတ်ပုံတင်စာရင်းသွင်း တရားဝင်တံဆိပ်တုံးထု လက်မှတ်ထိုးယူကြတဲ့  စုံတွဲတွေမှာ တွေ့ နိင်တယ်။

အောင်မြင်တာများတဲ့  ပညတ်သံထွက်နဲ့ ယတြာအစားအစာကပ်လှု ဆုတောင်းပေးနည်း...


အောင်မြင်တာများတဲ့  ပညတ်သံထွက်နဲ့ ယတြာအစားအစာကပ်လှု ဆုတောင်းပေးနည်း...
---------
ကျနော်အသုံးများတဲ့ စတိုင်ပါ
--
ဆိုပါတော့  အလုပ်ရှာနေတာ မလေး ၊ စင်္ကာပူ မှာ ဆိုပါတော့ 
မလေးမှာ အလုပ်ရှာနေတယ် ဆိုလာတဲ့ အခါ....
ကိုယ်စား ဗမာပြည်ကလူက မလေးရောက် သောကြာသား အလုပ်မြန်မြန်ရစေချင်လို့  ဆိုလာတဲ့ အခါ...

အလုပ် အတွက်က အာလူးကြော်
သောကြာသားဆိုလို့  သီဟိုစေ့ နဲနဲ
မလေး ဆိုလို့  ဖယုံယို လက်၂ ဆစ်လောက် ပန်းကန်တစ်ချပ်ထဲအတူတူထည့် ပြီး ဘုရားကပ် ဆုတောင်း
ဆုတောင်းပုံက  မလေးက သောကြာသားဘယ်သူ အလုပ်မြန်မြန်ရပါစေ...လို့  ဆုတောင်းစေတယ်...
နေ့ လည်စွန့် ပေါ့ လေ.တစ်ပတ်ဆယ်ရက်လောက်တော့ မနက်တိုင်းကပ်ပေးပါဆိုတာမျိုး..

စလုံးမှာ အလုပ်ရှာနေတဲ့  စနေသားဆိုပါတော့ 
အလုပ်အတွက် အာလူးကြော်
စနေသားဆိုလို့  ထန်းလျက် တစ်လုံး (သို့ )နို့ တစ်ဖန်ခွက်
စင်္ကာပူမို့  ပေါက်ဆီတစ်လုံး (သို့ ) စပယ်ပန်း နဲနဲ ဘုရားကပ်
စင်္ကာပူမှာ အလုပ်ရှာနေတဲ့ စနေသားအလုပ်မြန်မြန်ရပါစေ...သဘော...
--------------
ကာယကံရှင်က အဲ့ နိုင်ငံမှာနေပြီး ဒဲ့ အလုပ်ရှာနေတုန်း ဘုရားလှုနိုင်တယ်ဆိုရင် အလုပ်= အာလူးကြော် နဲနဲ ကပ်တာနဲ့ တင်လုံလောက်တာများတယ်..
-------------
အလုပ်လိုသူ သက်ရောက်ကောင်း လစိတ်ကောင်းရင် တော်တော်မြန်တတ်ပြီး လစိတ်မကောင်းရင် ခဏတော့ စောင့် ရတတ်တယ်..တစ်ခါတစ်လေ ဗျူး ၂ ခု ၃ခုလောက် ဗျူး ပယ် ဗျူး ပြီးမှ အလုပ်ရတတ်တယ်.
--------------------
ဗမာပြည်ကနေ မလေး စလုံး သွားခါနီးဆိုရင်တော့  အဲ့ ပညတ်ယတြာတွေနဲ့  ဘုရားပတ်ယတြာကို တွဲပေးလိုက်ရင် အဆင်ချောသွားလေ့ ရှိတယ်
-------------
ဒီယတြာမျိုးတွေဟာ ဗေဒင်ဆရာရဲ့ ဆရာဂုဏ်သြဇာလွှမ်းမိုးသွားတဲ့ သတ္တိအားလည်း ပါနေလေ့ ရှိတယ်..ယတြာပေးတဲ့ ဆရာကိုယုံလို့ သဘော...
ကိုယ့် ဟာကိုယ် ၀ယ်သောက်တဲ့  ပါရာစီတမော နဲ့ .ဆေးခန်းက ဆရာဝန် ပေးလိုက်တဲ့  ပ်ါရာစီတမောမှာ တံဆိပ်ချင်းတူနေတာတောင် ဆရာဝန်ပေးလိုက်တဲ့  ပါရာစီတမောက ပိုဆေးစွမ်းနေသလိုလို ထင်ရတာမျိုး...


လူပါ Killing Field ထဲ ရောက်နေတဲ့ အကြာင်း

လူပါ Killing Field ထဲ ရောက်နေတဲ့ အကြာင်း
----------------------------------------
နေ့ ခင်းက ဗုဒ္ဓတိုင် စွန့် စားတိုင်မှာ လာတာ ၇၅ ဒီဇင်္ဘာမွေး  ဗုဒ္ဓဟူးသားတဲ့  အသက် ၄၀ အင်္ဂါ မရဏသက်ရောက်ထဲမှာပေါ့ ...အဓိပတိဖွားပေါ့   လစိတ်က တနင်္ဂနွေလစိတ်...ပိုက်ပိုက်တော့  ရှိပုံရတယ် မအေနဲ့ လာတာ (ဒီအရွယ်ကြီးကို ခ် ငိငိ )..သူ့ အမေကလာဖူးတယ်  ..ထုံးစံအတိုင်း ဘာကြည့် ပေးရမလဲ ဒဲ့ မေးတော့  ကျောက်ခွဲစက်ထောင်မလို့ တဲ့  ကျောက်တွေသွင်းမလို့ တဲ့  အဲ့ ဒါ လုပ်ရင် ဘာညာပေါ့ ....

အင်္ဂါသက်ရောက်မှ တနင်္လာနံ အလုပ် စမလို့ လို့ ကြားလိုက်တာနဲ့  စတွန့် သွားတယ်...အခါတိုင်ကလည်း  အင်္ဂါနံ စက် ခိုက်နေတာ...ဒါနဲ့ အတော်လေးခေါင်းစားသွားပြီး ဘယ်ကစပြောရမလဲလို့ တွေဝေသွားတယ်...အလုပ်မဖြစ်ပါဘူးဗျာလို့  တုံးတိကြီးပြောလွှတ်လိုက်ရမှာကလဲ အားနာစရာ...ငိငိ..ဒါနဲ့ ..