သက်ရောက်အထာ
------------
သက်ရောက်တွေကို အခါတိုင်ထူကြည့် ရင် သက်ရောက်အထာပါ ပိုရိပ်မိလာမယ် ဆိုပါတော့  စနေသက်ရောက်ဆိုတာ စနေတိုင် ဒီတော့  ဒုက္ခသစ္စာတိုင်ပေါ့  အဲ့ စနေတိုင်မှာ သောကြာ နံ လူ့ အက်ရှင်တွေ အားလုံး ခိုက် ထဲ မှာ ခိုက်ဆိုတာ ကျပ်တည်းခြင်းသဘော...၊ ဒါကြောင့်  ရုန်းရတာခက်တယ်၊ အဲ့  သောကြာနံဟာ စနေသက်ရောက်မှာ တန်းစီသွားထိုင်တယ်....ဒီတော့  စနေသက်ရောက်မှာ သောကြာနံ သဘော အရွေ့  ပေါ်တတ်ပေမယ့်  စနေတိုင်ရဲ့  ခိုက် အား ငြိနေလို့  မကောင်းတဲ့  အရွေ့ တွေ ဖြစ်ကုန်တတ်တယ်လို့  မြင်နိုင်တယ်.. သဘောက စနေတိုင်ရဲ့  ဒုက္ခသစ္စာက သက်ရောက်မှာ လွှမ်းမိုးနေတယ် လို့ ဆိုလိုတာ ဒါကြောင့်  အရွေ့  သဘော ဖြစ်တဲ့  အိမ်ထောင်ပြုတာ စနေမှာ ပြုရင် ပြုရတာ အဆင်မချော ဆိုတာ စနေတိုင် ရဲ့  ခိုက်သတ္တိ အား ပါနေလို့ သဘော
သဘောက သက်ရောက် ၈ ခွင်စလုံးမှာ အခါတိုင်ရဲ့  ခိုက်သတ္တိတွေ လွှမ်းမိုးနေတယ် အဲ့ ခိုက်ကို ပတ်ပြေးနေတာလို့ ဆိုလိုတာ..သဘောက တနင်္ဂနွေသက်ရောက်မှာ အတုံးကြီးတဲ့ သူတွေ အရှက်ကွဲတတ်တာ အမှု့ ဖြစ်တတ်တာ စုန်းတိုက်ဓါတ်တိုက် နတ်တိုက် ခံရလွယ်တာဟာ တနင်္ဂနွေတိုင်က ခိုက် စနေနံရဲ့ သတ္တိသဘော...သောကြာသက်ရောက်မှာ ကြာသာပတေးတွေ အသေးစား ထိခိုက်ရှနာဖြစ်လွယ်တာ သောကြာတိုင်ရဲ့ ခိုက်က ကြာသာပတေးဖြစ်နေလို့ သဘော...အဲ့ လိုသာကြုံပေမယ့် ပြိုလဲမသွားပြန်တာက သောကြာ သက်ရောက် လွတ်လပ်လှုပ်ရှား အကောင်းသဘောက သူ့ အလုပ်အတိုင်း သူလုပ်ပေးနေတဲ့ သဘော...ဒီတော့  အဲ့ လိုတွေ ချိန်ညှိလိုက်ရင် ကောင်းရင် ဘယ်လောက်ကောင်းမယ် ညံ့ ရင် ဘယ်လောက်ညံ့ နိုင်လဲဆိုတာ ခန့် မှန်းလို့ လွယ်လာမယ်
ကိုယ့် အတွက်ကိုယ်ပြောတာပါ အများစီးပွားသဘောက လုပ်နေကျ ဗေဒင်သမားက တကူးတက တွေးနေစရာမလိုပဲ သူ့ ဟာသူ ခေါင်းထဲက ဖတ်ကနဲ့  အလုပ်လုပ်သွားတာ တစ်ချက်ချင်း အသည်းအသန်တွက်မနေရဘူး သဘောက နေမကောင်းတဲ့ တနင်္ဂနွေလာရင် လျှော့ မတွက်နဲ့  ၂၀၁၅ က တနင်္ဂနွေနံ မရဏမို့ 
ပါးပါးလေးမရဘူး ခံရတတ်တယ်ဆိုတာ အလိုလို ခေါင်းထဲက တစ်ပြိုင်နက်ထဲ ဆက်စပ်တွေးသွားပြီးသားသဘော...ကွန်ပြူတာနဲ့ ဆင်တယ် ဒေတာတွေက ခေါင်းထဲမှာ အများကြီး လိုအပ်တဲ့  ဒေတာတွေက တွက်တော့ မှ သူ့ ဟာသူ ထွက်ကျလာတာမျိုး
လာလည်သွားတယ် ...ဆရာရေ...
ReplyDelete