Powered By Blogger

Saturday, September 12, 2015

အပေါ်ကနေ ဆင်းလာတာ...


 အပေါ်ကနေ ဆင်းလာတာ...
-------------------
ဆိုပါတော့  ပျက်ဆီးခြင်း ငါးပါးမှောက်ကုန်တာ ပိုက်ပိုက်တွေ ခေါင်းစဉ်မျိုးစုံနဲ့ ရနေတဲ့ အပေါ်ကနေ အောက်ဆင်းလာတာမျိုးလို့ ...ဆိုပါတော့  ဘိန်းဖြူက စကာစက သိပ်ဈေးကြီးတယ် အဲ့ တော့ ဘောစိ သားသမီးတွေပဲ သုံးနိုင်ခဲ့ တာ အောက်က မူးပြဲချင်တော့  ဆရာကြီးပင့် တယ်ဆိုတဲ့ ဆေးခြောက်ရူရတာ..
နောက်တော့ ဘောစ်သားသမီးတွေကို ကပ်ပေါင်းနေတဲ့  ဘောမစိတစိတွေပါ ဘစ တွေ ဖြစ်လာတော့  ဆေးဘိုးလိုပြီ..အဲ့ မှာ ကျယ်ပြန့် လာတော့ တာမျိုး ဒါက အငြိမ်လိုင်း..ဘစတွေ ဘစဖို့  ဖန်မတောင့် တဲ့ အခါ ကွန်စ်တယ်ဆိုတဲ့  ကွန်မက်သာဇင်ကို အစားထိုးတော့ ချောင်းဆိုးပျောက်ဆေးရည်ပါ  မူးယစ်ဝင်ဖြစ်သွားတယ်..



အလှုပ်လိုင်းလဲဒီလိုပါပဲ အရင်က ဆေးပြားတွေက ဘောစိတွေကဲတဲ့ ဒိုင်လျိုနိုက်ကလပ်တွေမှာ ဥရောပ ဘက်ကလာတဲ့ ဆေးပြားတွေသုံးရတာ လွှတ်ဈေးကြီးတယ်
နောက်တော့ ရွှေတြိဂံက ဆေးပြားတွေ ကယ်မီကယ်ရောနည်းတွေနဲ့ ခပ်ပေါပေါရိုက်ထုတ်ပေးလိုက်တော့ မှ တော်တော်ကျယ်ပြန့် သွားတော့ တာ ဒါလဲ အပေါ်ကလာတဲ့ သဘောပဲ

ဖက်ရှင်သဘောပဲကြည့်  ဘယ်ဆင်းရဲသား မိန်းကလေးကမှ ဘောင်းဘီတို စမ၀တ်ခဲ့ ဘူး အဲ့ အပေါ်လွှာက မိန်းမတွေ စ၀တ်ပြခဲ့ တာ..အမြင်များလာရင် မျက်စိယဉ်
သဘောအရ အခုတော့ ပေါင်ပေါ်ဘောင်းဘီတိုလောက်ကတော့  ပျင်းတောင်ပျင်းသေးဖြစ်သွားပြီ သဘောက အခု မြင်နေရတဲ့ ဖက်ရှင်သစ်တွေ အများစု အပေါ်ကဆင်းလာတာများပါတယ် အောက်လူတွေ မြေသားတွေလက်ချက်က စခဲ့ တာနဲ တယ်ဆိုတာပဲ...

လစ်ဗင်းတူပဲ ဖြစ်ဖြစ် လင်ငယ် မယားငယ်ပဲပြောပြော သမားရိုးကျ အရပ်ထဲမှာ သမားရိုးကျလူတွေထဲမှာ အတော်နဲတယ် အရပ်သားတွေအများစုက သူတို့ ကို လူရာကို မသွင်းကြတာ...အဲ့ လစ်ဗင်းတွေ ဖြတ်ခုတ်တွေ လင်ငယ် မယားငယ်ကိစ္စတွေကမျက်နှာပြောင်ပြီး လက်ခံဆက်ဆံပေးနေတာ အဲ့ အပေါ်ကလူတွေချည်းပဲ ဟိုမင်းသမီး ဟိုမင်းသား ဟိုအဆိုတော်ထီး ဟိုအဆိုတော်မ လင်ငယ်မယားငယ် ရှုတ်လည်း ဟဲဟဲဟဲဟဲနဲ့ ..မျက်နှာကိုပြောင်ချက်တွေ ..

ညအိပ်ရာဝင်ရင် ကိုယ်လုံး တီးချွတ်အိပ်တာကို လူကြားထဲ အများသိအောင် ချရေးရဲတဲ့  မိန်းမမျိုးကို မြန်မာပြည်သားထဲက တစ်သက်လုံး ဒီတစ်ခါ ဖတ်ဖူးတယ်..ဘယ်ဆင်းရဲသူမ ဘယ်စက်ရုံ အလုပ်သမမှ အဲ့ လို အောက်မလွတ် ရေးတာမဖတ်ဖူးခဲ့ ဘူး  ဒေါက်တာ အောင်ခင်ဆင့် ရဲ့ ဖိုမဆက်ဆံရေးစာအုပ်တို့  ချက်ကြီးတို့ တောင် ငိုသွားလောက်တယ်...အွန်လိုင်းပေါ်ကနေ  စာတွေနဲ့  ကျားတွေရေ မတွေရော ဂေးတွေပါမကျန်   စိတ်လာအောင် မြူဆွယ်ခြင်းပေါ့  sex ကိစ္စ လိင်ကိစ္စဆိုတာ ဘာမှ မဟုတ်ပါဘူး ဖြစ်ရိုးဖြစ်စဉ်လေးပါလို့ ထင်လာကြတာပေါ့ .အဲ့ ဒါလည်း ၀ိုင်းအားကျ ဘရာဗို ၀မ်းစမိုး ဟုတ်ပါပေ့  သက်စ်ရိုက် ၀ိုင်းလုပ်တဲ့ သူတွေ အောတိုက်ပဲ....ဒါလဲ အပေါ်က အောက်ဆင်းလာတဲ့ သဘောပဲ...

သဘောက  အမျိုးကောင်းသား အမျိုးကောင်းသမီးလေးတွေ ပျက်ဆီးခြင်း အတော်များများက ပိုက်ဆံက်ို ခေါင်းစဉ်မျိုးစုံနဲ့ ရနေတဲ့  အပေါ်ကနေ ဆင်းလာတာလို့  ဒဲ့ ပြောတာ....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..