Powered By Blogger
Saturday, September 12, 2015
မွေးချိန်မဟာဘုတ်
မွေးချိန်မဟာဘုတ်
------------
ပထမ အချက်က ဗေဒင်ပညာဆို ခက်ခဲရမယ် သာမန်လူတွေအလုပ်မဟုတ်ဘူးလို့ အများစုက ထင်နေခဲ့ ကြတယ်...အဲ့ ဒီတော့  တွက်ချက်ရတာ လွယ်ကူတဲ့ ဗေဒင်တွေဆို မယုံချင်ဘူး အထင်သိပ်မကြီးဘူးပေါ့ ..တကယ်ကတော့  တွက်ချက်ရတာလွယ်ကူတဲ့ ဗေဒင်ဆိုတာ အချိန်တွေအများကြီး အတွေ့ အကြုံတွေအများကြီးစုလာပြီးမှ အများအတွက် လွယ်လွယ်နဲ့ ထိလည်းထိရောက်အောင်  အလွယ်နည်းလေးတွေ ထုတ်ချလိုက်တဲ့ သဘော...အလွယ်နည်းဆိုတာ ပရုပ်ဆီသဘောပါ့   အဲ့  အလွယ် အစ တွေကို လိုက်နှိုက်လိုက်ရင် အတွင်းကြေအတွက် ပရုပ်ဆီနဲ့ မရတော့ သလိုပဲ တကယ့်  ကိစ္စတွေကြတော့  ခက်နက်နက် တွေးနှိုက်ထားတဲ့  သဘောတရားတွေနဲ့ မှ ဗေဒင်က အလုပ်ဖြစ်တော့ တာ...
ကျနော် ရေးပြနေတဲ့  မွေးချိန်မဟုတ်သဘောက မိုးပေါ်ကကျလာတာမျိုးတော့ မဟုတ်ဘူး ဒီလိုဆိုရင် ဟိုလိုရော မဖြစ်နိုင်ဘူးလား ဆိုတာမျိုး အတွေးအခေါ်တွေ သဘောက စခဲ့ တာ၊ ပြီးတော့  အဲ့ မွေးချိန်အတွက် အစ ရှိတယ်  အဲ့ အစ က ကောဇာသက္ကရာဇ် ခုနှစ်ကိုတောင် မဟာဘုတ်ဖွဲ့ ရာဇ၀င်ခင်းပြနေရင် လို့ စတွေးတာက မွေးချိန်မဟာဘုတ်က တွေးမိဖို့  လမ်းကြောင်းအစပဲ..
ဘာဘဲဖြစ်ဖြစ်  ကိုယ့် အတွေးကိုယ်အရင်လက်ခံနိုင်ဖို့ ပဲလိုတယ်...ကိုယ်အရင်အသုံးတဲ့ ပြီးတာပဲ သူများ လက်မခံတာ လက်ခံတာက သူတို့ ကိစ္စလို့ ပဲ သဘောထားတာ အရင်ကတည်းကပဲ...ပြီးတော့ ဗေဒင်ယတြာဆိုတာ  တစ်ဘ၀တာအသုံးလေးလို့ ပဲ သဘောထားတာလေ...သေခြာတာ ကျနော်က မွေးချိန် မဟာဘုတ် အသစ်တစ်ခုကို ကိုယ့်  ဘရိမ်းနဲ့ ကိုယ်တွေးပြီး ကိုယ့် အလုပ်မှာ အသုံးတည့် အောင် အလုပ်လုပ်သွားနိုင်ခဲ့ တယ်ဆိုတာတော့ သေခြာတယ်....အရာရာ စာပေ စာအုပ် ဆရာသခင်တွေရဲ့  လက်ဝေခံချည်း သက်သက် တပည့်  မဟုတ်ခဲ့ ဘူးဆိုတာကိုက ပျော်စရာပဲ..အဂ
----------------------------------
မွေးချိန်မဟာဘုတ်
------------
အလွန်ရိုးစင်းတယ် မွေးချိန်အရ တည်နေတဲ့  အခါတိုင်ရဲ့ မူလ အလယ် အခြာကို  ဒဲ့  မဟာဘုတ် လုပ်လိုက်တာပဲ....ဆိုပါတော့  အင်္ဂါနေ့  မနက် ၇ နာရီမှာ မွေးလာတဲ့  အင်္ဂါသားသမီး ဆို....အဲ့ အချိန်ဟာ ဘောမ တိုင် (၀ါ) အင်္ဂါတိုင်....ဒီတော့  အင်္ဂါ အခါက ၃ ကို ဘင်္ဂ အိမ်က စပြီး မဟာဘုတ်ထူလိုက်ရင် ၃ ကြွင်းမဟာဘုတ်ဖြစ်လာတယ် ဒီတော့  အင်္ဂါနေ့ မနက် ၇နာရီမွေးတဲ့  အင်္ဂါသားသမီးဟာ ၃ကြွင်းမဟာဘုတ် စရိုက်နဲ့ မွေးလာသူတွေ ဖြစ်တယ်.လို့ ဆိုတာ...
နောက်တစ်ခါ...စနေနေ့  မနက် ၁၀နာရီမှာ မွေးလာရင် အဲ့ အခါတိုင်ဟာလည်း ဘောမ တိုင်  ၃ကြွင်းမဟာဘုတ်ပဲ ဖြစ်တယ်...ဒီတော့  အဲ့  စနေသားဟာ ၃ကြွင်းမဟာဘုတ်မွေးချိန်နဲ့ မွေးလာတဲ့ စနေသားဖြစ်တယ်..
ဥပမာ  မူလ မဟာဘုတ် ၁ကြွင်း  စနေ အထွန်းဖွား ကို စနေနေ့  မနက် ၁၀နာရီမှာ မွေးလာတယ်ဆိုရင် သူဟာ မူလမဟာဘုတ် ၁ကြွင်းတွေရဲ့  စရိုက် ကာရိုက်တာတွေရော...မွေးချိန် စနေမနက် ၁၀နာရီကြောင့် ဖြစ်လာတဲ့  ၃ကြွင်း ကာရိုက်တာစရိုက်တွေပါ ၂ မျိုးရောနေတဲ့  စတိုင်ကို တွေ့ ရလိမ့် မယ်...
သဘောက ၁ကြွင်း အထွန်းဖွား စနေချင်းတူပေမယ့်  စနေမနက် ၈ နာရီ ဂုရုတိုင် ၅ကြွင်းမဟာဘုတ်မွေးချိန်နဲ့ မွေးလာတဲ့  စနေနဲ့  စနေမနက် ၁၀နာရီ  ဘောမတိုင် ၃ကြွင်းမဟာဘုတ်မွေးချိန်နဲ့  မွေးလာတဲ့  စနေ မှာ ကာရိုက်အသေးစိတ်မှာ ကွဲသွားပြီဆိုတဲ့ သဘော...သဘောက  စနေ မနက် ၈ နာရီမွေးတဲ့  စနေ အထွန်းဖွားက စနေမနက် ၁၀နာရီမွေးတဲ့ စနေထက် လူမှု့ ဆက်က်ဆံရေး စကားပြော တော်ကီထုတာ  ပိုကောင်းတာ မြင်ရလိမ့် မယ် ဆိုတာ စနေမနက် ၈နာရီ မွေး ၅ကြွင်းမဟာဘုတ်ရဲ့  အားကြောင့် သဘော....
ဒီမွေးချိန်မဟာဘုတ်အယူအဆကို ဘယ်ဆရာ ဘယ်စာအုပ်ကမှ ရတာ မဟုတ်ပဲ ကျနော့် ကိုယ်ပိုင်အတွေးအခေါ်ကနေ စရခဲ့ ပြီး စောင့် ကြည့် ခဲ့ တာလို့ တော့  ရဲရဲပြောပါတယ်
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..