Powered By Blogger

Saturday, September 12, 2015

လူပါ Killing Field ထဲ ရောက်နေတဲ့ အကြာင်း

လူပါ Killing Field ထဲ ရောက်နေတဲ့ အကြာင်း
----------------------------------------
နေ့ ခင်းက ဗုဒ္ဓတိုင် စွန့် စားတိုင်မှာ လာတာ ၇၅ ဒီဇင်္ဘာမွေး  ဗုဒ္ဓဟူးသားတဲ့  အသက် ၄၀ အင်္ဂါ မရဏသက်ရောက်ထဲမှာပေါ့ ...အဓိပတိဖွားပေါ့   လစိတ်က တနင်္ဂနွေလစိတ်...ပိုက်ပိုက်တော့  ရှိပုံရတယ် မအေနဲ့ လာတာ (ဒီအရွယ်ကြီးကို ခ် ငိငိ )..သူ့ အမေကလာဖူးတယ်  ..ထုံးစံအတိုင်း ဘာကြည့် ပေးရမလဲ ဒဲ့ မေးတော့  ကျောက်ခွဲစက်ထောင်မလို့ တဲ့  ကျောက်တွေသွင်းမလို့ တဲ့  အဲ့ ဒါ လုပ်ရင် ဘာညာပေါ့ ....

အင်္ဂါသက်ရောက်မှ တနင်္လာနံ အလုပ် စမလို့ လို့ ကြားလိုက်တာနဲ့  စတွန့် သွားတယ်...အခါတိုင်ကလည်း  အင်္ဂါနံ စက် ခိုက်နေတာ...ဒါနဲ့ အတော်လေးခေါင်းစားသွားပြီး ဘယ်ကစပြောရမလဲလို့ တွေဝေသွားတယ်...အလုပ်မဖြစ်ပါဘူးဗျာလို့  တုံးတိကြီးပြောလွှတ်လိုက်ရမှာကလဲ အားနာစရာ...ငိငိ..ဒါနဲ့ ..



အင်း..ဒါနဲ့  အခုကျောက်သွင်းမယ့် အလုပ်က အခုမှလား ၃၉ နှစ်တုန်းက မလုပ်ခဲ့ ဘူးလားလို့  စကားစလိုက်တော့ ....အင်း အခုမှစမှာ..လို့ ဖြေတယ်...ဒါဆို စီစဉ်ပြီးသလောက်ဖြစ်နေပြီပေါ့ ..လို့ ဆိုတော့ ( ဒါက အတွေ့ အကြုံတွေအရ ဘာလုပ်ငန်းလုပ်ချင်လို့ လို့ လာရင် တစ်ဝက်လောက်က စနေပြီးသား တိုးရခက်ဆုတ်ရခက်တောင် ဖြစ်နေတတ်တာများပြီ...)..ဟုတ်..စီစဉ်ထားတွေတော့ ရှိနေပြီ...တဲ့  ( ဒါဆို အလုပ်စဖို့  ပိုက်ဆံသုံးနေပြီသဘောပေါ့ ) ....
ရုပ်ကြည့် ရတာ  မလုပ်နဲ့  အချိန်မဟုတ်သေးဘူး ၂၀၁၆ ထဲရောက်အောင်ခဏစောင့် ပါလို့  တားလဲ ဇွတ်လုပ်မယ့် ရုပ်ကြီးလို့ ကလည်း အကဲခတ်လို့ ရနေတယ်

အဲ့ မှာ ကျနော်ကအကျိုးပေးနံ နဲ့  သက်ရောက်ကံနဲ့  မရောသွားအောင် စရှင်းတယ် မူလဇာတာအရ တနင်္လာ အလုပ်သဘော ကျောက်ခွဲတာ ကျောက်သွင်းတာ ကားထောင်တာ ကားသွင်းတာ ကျောက်သွားတူးတာတွေကို ကန့် ကွက်စရာတော့ မရှိဘူး..ဒါပေမယ့်  အခု အသက် ၄၀ ဆိုတာ တနင်္လာနံခိုက် တဲ့ သဘောရှိလို့ 
ဒီလို နှစ်ကြမှ ကျောက်လုပ်ငန်းတွေလုပ်မယ် ကားထောင်မယ် ကားဝယ်ရောင်းစလုပ်မယ်ဆို ကောင်းဖို က ခက်ခဲတယ်..အတော်ရုန်းကန်ရနိုင်သလို ထင်သလိုဖြစ်လာဖို့ မလွယ်ဘူး...

အထူးသဖြင့်  လာမယ့်  ၁၁လပိုင်းလောက်ကနေ မွေးလ ဒီဇင်္ဘာလကြား အသက်၄၀ ပြည့် ခါနီးက လူရော အလုပ်ရော အန္တရယ်များတဲ့  ဇုံထဲ ဖြတ်ရဦးမှာ...သဘောကဗျာ..ကံမကာင်းတဲ့ နှစ်မှာ ဖေါင်ဒေးရှင်းစချဆောက်တဲ့ တိုက်က ကြာကြာမခံတာမျိုးပေါ့  တစ်ချို့ ဆောက်လက်စတန်းလန်းရပ်နေတာမျိုးပေါ့ .  ဟိုဟာကြည့် ဗျာ...ရတနာပုံဈေးကြီး ဖေါင်ဒေးရှင်းချတဲ့ နှစ်မကောင်းတော့  ကြာကြာမခံပဲ မီးထလောင်တာမျိုးပေါ့  ဗိုလ်ချုပ်ဈေးကြတော့ အချိန်အခါကောင်းနဲ့ မိတော့  ဈေးသက်တန်းကို နှစ်မနဲဘူး သဘာပေါ့ ...လို့  ခြေဆင်းလေး ပစ်လိုက်တော့  ဆိုလိုတာ အထာပေါ်က်သွားပြီ
တွေသွားပြီပေါ့ လေ...သူ့ အမေလည်း တွေသွားတာပေါ့ ..လောင်းပလန် အလုပ်သဘောကြံလာကြတာကိုး....

ကျနော်က ဆက်ပြောတယ်...တစ်ခုတော့ ရှိတယ်..အခု ၉လပိုင်းကနေ ၁၀လပိုင်းလကုန် ၁၁လပိုင်း ပထမပတ်အထိ အလုပ်ကို တက်သုတ်ရိုက်ပြီး ခြေခံချထားနိုင်မယ်ဆိုရင် စကြည့် ပေါ့  အကယ်၍ ၁၁လပိုင်း ပထမပတ်အထိ အလုပ် မစနိုင်သေးဘူးဆိုရင် ဆက်မလုပ်နဲ့  ၂၀၁၆ ဇန္န၀ါရီမှာ ပြန်စကြည့်  မရရင် လာမယ့်  သင်္ကြန်ကျော်မှပြန်စပေါ့ ...အခု တစ်လခွဲအတွင်း စတာဖေါင်ဒေးရှင်းသဘောပဲ ဒီဇင်္ဘာမှာ  ဘရိပ်ခဏဖြစ်နိုင်တယ် အဲ ဒါကိုသီးခံရမှာ...ပြီးတာ့ အဲ့ အလုပ်က အကျိုးအမြတ်များများချက်ချင်း ရနိုင်တာထက် အလုပ်ကို လည်ပတ်နေအောင် စသွားနေရမှာက လာမယ့်  သင်္ကြန်လောက်အထိဖြစ်နေလိမ့် မယ်
သင်္ကြန်ကျော်အောင်ထိမ်းလာနိုင်ရင်တော့  အလုပ်ဖြစ်နိုင်ပြီဗျ...ဆိုတော့ ....

အားတက်လာပုံရတယ်...မျက်နှာက..အဲ့ မှာ သူ့ အမေက ယတြာလေးတဲ့ .....သဘောက ယတြာနဲ့ တက်သုတ်ရိုက်ပြီး ခုတစ်လခွဲအတွင်း ဖေါင်ဒေးရှင်းချထားမယ်ပေါ့ လေ..ဒါနဲ့  ဘုရားပတ်တဲ့ ယတြာပေးရတယ် ကံ့ ကော်+သပြေ+ ရွက်လှ+ စပယ်တွေနဲ့  ပတ်ခိုင်းတာ တစ်ပတ်တစ်ကြိမ်သွားပတ် သုံးပတ်ပေါ့ အိမ်မှာလည်း ယတြာ အရွက်တွေထိုးပေါ့ ..

ဒါနဲ့  ပြီးတော မှ လူကိုပါ သတိထပ်ပေးလိုက်ရတယ်...အခုအသက် ၄၀က တကယ်ဆို အလုပ်ကို ရစ်တာတင်မကဘူး လူပါ Killing Field ထဲ ရောက်နေတဲ့ အကြာင်း အချိန်မရွေး သွေးတိုးပြီး ပစ်လဲသွားနိုင်တယ် ကားမတော်တဆမှု့ ဖြစ်နိုင်တယ် ခေါင်းတစ်ခြမ်းခဲတာ ခါးနာတာတွေရော..နောက်တစ်ခါ ဒေါသအမှားကြောင့်  ပြဿနာတွေ အကြီင်္းကြီးဖြစ်တတ်တဲ့ နှစ်မျိုး အထူးသဖြင့်  လာမယ် ၁၁ နဲ့ ၁၂ လပိုင်း ( သက်ရောက် အင်္ဂါနဲ့ အင်္ဂါလစိတ်ပ်ါထပ်) ကို တော်တော်လေး စိတ်ရှည်သတိထားပြီးကျော်ရလိမ့် မယ် ဗုဒ္ဓဟူးသား ဆိုတာ နဂိုကကို စိတ်ကလက်တစ်ဆစ်လောက်...အဓိပတိဖွား ဗုဒ္ဓဟူးသားက အဲ့ လက်တစ်ဆစ်ကို စကွဲတင်စိတ်မြန်တာ..ရူးကနဲပဲ  အဲ့ ဒါကိုထိမ်းနိုင်မှလို့  ဆက်ပြောတော့  စိတ်တိုလွယ်တာကို အဲ့ ဗုဒ္ဓဟူးရော သူ့ အမေရောက ထောက်ခံချက်က မြန်ချက်ပဲ..စိတ်တိုတတ်တယ်ပြောတာကိုများ ဂုဏ်ခံစရာသလိုလို...ဟီးဟီး

သူတို့ ပြန်သွားတော့ တွေးပြီးကျန်ခဲ့ တယ် ပြန်တော့ ချီတက်သွားကြပြီ ဘာတွေဖြစ်ကုန်မလဲတော့ မသိ...လို့  အဟီးးး...
--------------------------------
အခုဟောသွားတာပြန်ရေးတာ တကယ့် အလုပ်ထဲမှာ ပြောတဲ့ စတိုင်ပါပဲ အပိုမပါသလာက်ပါပဲ ဖြုတ်ထားခဲ့ တာတောင်သိပ်မရှိပါဘူး..ဟောချိန်က မမြန်မကြာပါ.. ဟောတာထက် တိုင်ပင်တဲ့  စတိုင်ပါ....ဒီဆွေးနွေးချက်မှာ ကျနော်က  ကိုယ့် ကိုယ် အမှု့ ပြန်ပတ်လာနိုင်တဲ့  အနေအထားကနေ အရင် လွတ်အောင်ရှောင်သွားတာသေသေခြာခြာဖတ်ရင် မြင်ရလိမ့် မယ်...သူ့ အလုပ် မအောင်မြင်နိုင်ဘူးလို့  ဒဲ့ မပြောဘူး...ဘယ်လို လုပ်ကြည့်  ကြိုးစားကြည့်  မရရင်နောက်ပြန်ဆုတ် ခဏအချိန်ပြန်စောင့်  ဘယ်လမှာတော့  အခြေအနေဘယ်လိုရှိတယ်ဆိုတာ ကြိုချပြထားလိုက်တာပါ....သဘောက ကျနော်ကြိုထောက်ထားတဲ့ လတွေမှာ သူ့ အလုပ် ဘရိပ်ဖြစ်နေရင် ကျနော်ကြိုဟောထားလို့  သူက ကျနော့် ကိုသတိရနေလိမ့် မယ်..

.ကျနော်က စကြည့် ပါလို့  ပြောတဲ့ လတွေ စလို့ ရသွားပြီး ကျနော်မှာ သလို ဆက်လုပ်သွားရင်လည်း ကျနော်နဲ့  မငြိတော့ ဘူး....( စကြည့် လို့ ရတဲ့ လတွေ ရွေးပေးရတဲ့ အကြောင်းက
အဓိပတိဖွား  ဗုဒ္ဓဟူး ဟာ မူလမဟာဘုတ်အရ  တနင်္လာနံ ကုန်ပစ္စည်းအကျိုးပေးနံ အားရှိနေပါတယ်...တနင်္လာနံ နဲ့   ဗုဒ္ဓဟူး ဟာ  ကုလား ကိုရှာ ဆိုတဲ့  မိတ်ဓါတ်လဲ ရထားပါတယ်..ဒီတော့  သက်ရောက်ညံ့ လို့  အဖုအထစ်တွေ ရှိတတ်ပေမယ့်  သူသာ ဇွဲရှိမယ် စိတ်ရှည်မယ် ကျနော်မှာတာတွေလိုက်နာမယ် အချိန်စောင့် နိုင်မယ်ဆို ဖုဖုထစ်ထစ် နဲ့  သွားရင်း သင်္ကြန်ကျော်လာရင် အလုပ်စဖြစ်လာနိုင်သေးလို့ ပါ...သူသာ စိတ်မရှည်ရင်တော့  မရဘူးပေါ့ လေ...


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..