'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, September 12, 2015
သန္တတိ
.သန္တတိ
---
ပထမပိုင်း အမေနဲ့  ဒုတိယပိုင်း အဖေကွယ်လွန်ပြီးနောက်ပိုင်းမှာ ဘ၀အမြင်တွေ အတော်များများ ချိန်းကုန်တယ် စိတ်ကျသွားတာမျိုးမဟုတ်တာတော့  သေခြာတယ် သတိထားမိသလောက်က ကိုယ့် ခရီးစဉ်အတွက်မှာ ရုပ်ထက် စိတ်ဖက်ကို ဦးစားပေးလာတဲ့ ကိုယ့် စိတ်သဘောကိုပြန်ဖတ်လို့ ရလာတယ်..အဲ့ ဒါကြောင့်  သူများတွေ လိုချင်တာကို ကိုယ်လိုချင်တာလိုလိုနဲ့ လိုက်ပြီး ယောင်မနေပဲ ကိုယ့ စိတ်က တကယ် ဘာလိုချင်တာလဲကို
ကိုယ့် ဟာကိုယ် တော်တော်ရိမိသွားတာမျိုး...အဲ့ မှာ တစ်ချက် ကိုယ့် ဘ၀ကို နေသာထိုင်သာဘ၀ဖြစ်နေအောင် ပလန်ချနိုင်ခဲ့ တယ်...ကိုယ့် စိတ်နဲ့ ကိုယ့် ဘ၀ကျေနပ်စရာ ကောင်းနေတဲ့ ဘ၀ပေါ့ 
နောက်တော့  အမျိုးထဲက သက်ကြီးပိုင်းတွေ တဖြုတ်ဖြုတ်ကြွေ သဘောတွေ များလာတယ်..ရုပ်ဖြစ်စဉ် ဖြစ်ပျက်က မြင်သာပေမယ့် နာမ်ဖြစ်စဉ်ဖြစ်ပျက်က စာထဲ
ကသာသိထားရတာမျိုးဖြစ်ပြီး မြန်နှုးံက ရုပ်ထက် ၁၇ ဆ လောက်ပိုမြန်နေတော့  ကိုယ့် စိတ်က အတိတ်ဆိုတာ မနေ့ တနေ့ ကလောက်ပဲထင်.အချိန်တွေ သိပ်မကြာသေးဘူး ထင်နေတာ...သန္တတိ.တဲ့ ..ရေတွေ စီးနေတာ အဆက်မပြတ်ပုံက ရှေ့ က စီးချသွားတဲ့ ရေနေရာမှာ နောက်ရေ အစားဝင်ချ သွားတာ မြန်လွန်းအားကြီးတော့  ဒီရေက ဒီရေပဲ ထင်မိနေတာမျိုးပေါ့ လေ..နာမ်ကလည်း သေပြီး ပြန်ဖြစ်တာ မြန်လွန်းအားကြီးနေတော့  စိတ်က ငယ်ကစိတ် အခုစိတ် အတူတူပဲ ထင်နေတာ..ဒါကြောင့်  ငယ်ရီးစားရုပ်က စိတ်ထဲမှာ ဒီပုံရိပ်ပဲ ထင်နေတာ..ခုနေ ပြန်ဆုံရင်.ပြန်ဆုံမယ့် ဘုတ်ဆုံညနေများဖြစ်လေမလား...အဟင်းး :P
သက်ကြီးတန်းတွေ တစ်ဖြုတ်ဖြုတ်ကြွေနေလည်း ကိုယ့် အသက်နဲ့ မဆိုင်လောက်သေးဘူး ထင်နေသေးတော့ အေးဆေးပဲ..ပြီးခဲ့ တဲ့ လပိုင်းမှာတော့  အတွင်းကျကျ
ရင်းခဲ့ တဲ့  ကိုယ်နဲ့  အသက် လယ်ဘယ်တန်း ဘော်ဒါ တစ်ပွေ မထင်ထား ထင်ထားရင်းက တကယ် ကြွေကျတဲ့ အထဲ ပါသွားတော့ ..အဲ့ မှာ ကိုယ်တိုင်တောင် ကြွေမယ်ဆို လိုက် ကြွေလို့ ရနေပြီပဲလို့  တွေးလို့ ရလာတယ်...လန့် တာတော့ မလန့် ပါဘူး ဒက်က ရိုးနေပြီ...ပြီးတော့ စိတ်ပူပြီးထားခဲ့ ရမယ့် လူအခြေအနေမျိုးနဂိုကတည်းက မရှိရအောင် သက်သက် ကြံစီပြီးနေလာတာလေ...
.အဲ့  ကြွေမယ်ဆို ကြွေလို့ ရလောက်ပြီဆိုတဲ့ အတွေး ဖီလင်က အတော်လန်းတဲ့ ဖီလင်မျိုးပဲ....အရင်က ဟိုဟာ ဒီဟာလေး ၀ယ်ဖို့  လုပ်ချင်လေးလုပ်ဖို့  ဘာညာဆို အတော်လေး ချီတုံ ချတုံလေးဖြစ်နေသေးတာ..ဟိုငဲ့ ဒီငဲ့  ဟိုတွေးတုန့်  ဒီတွေးတုန့် နဲ့ စိတ်အတွေးက များခဲ့ သေးတာ... အခုတော့ ..သိပ်မတွေဝေတော့ ဘူး...၀ယ်ချင်တာဆို နဲနဲချိန် မြန်မြန် ၀ယ် သုံးချင်တာဆို နဲနဲချန် မြန်မြန် သုံးလိုက်တော့ တာပဲ..အသက်ဆိုတာ အချိန်မရွေးသေနိင်တယ်လေ.. အရှင်ဓါတ်ထဲမှာက အသေဓါတ်က ပါလာပြီးသား မဟုတ်လား....ဟဲဟဲ..ငိငိ..
Labels:
အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..