Powered By Blogger

Saturday, September 12, 2015

သူ့ နေရာနဲ့ သူ.....



ဆေးကုစရာ ငွေမရှိတော့ လို့  ကိုယ့် ကျေးဇူးရှင် ဖအေကို ဆေးမကုနိုင်တော့ လို့  ဖအေသေသွားရတယ်ဆိုတဲ့ ဘ၀ဆိုးကြီးကို ...
--------------------
ကျနော့် ကိုယ်ကျနော် ကံကောင်းတယ်လို့ ထင်တဲ့ တစ်ချက်က သူများတွေ လိုရာဆွဲပြောတဲ့  အဆိုအမိန့် တွေ  ဓမ္မတွေကို ကိုယ်ပိုင်ခေါင်းနဲ့  မတွေးမခေါ်ပဲ  သံယောင်လိုက်  ဟုတ်လိုက်တာ ဆိုတာမျိုး လိုက်မလုပ်ခဲ့ တာပါပဲ...၊

 ပိုကံကောင်းတာက အရာတော်တော်များများဟာ သူ့ နေရာနဲ့ သူ အသုံးကျ တန်ဘိုး ရှိကြတယ်ဆိုတာကို ဘ၀နဲ့ ရင်းပြီး  သိခဲ့ ရတာပါပဲဗျာ.

..တစ်ချို့  ကျနော့် လို အခြေအနေမျိုး ကိုယ်တွေ့ ကြုံဘူးလောက်မှာပါ ကျောက်ကပ်ပျက်သွားလို့ စက်နဲ့ ဆေးနေရချိန် စက်နဲ့ မှ မဆေးရရင် ရက်ပိုင်းအတွင်း သေမယ်

 ဆေးနိုင်ရင် လပေါက် နှစ်ပေါက်အထိ အသက်ဆက်ရှင်နေဦမယ် ဆိုတဲ့  အနေအထားနဲ့  ကျောက်ကပ်ဆေးနေရတဲ့ ကိုယ့် ကျေးဇူးရှင် ဖအေ့ အတွက် ကျောက်ကပ်ဆေးခ '' ငွေ '' ....

မရှိမဖြစ်အခြေအနေနဲ့  ငွေ......

ကိုယ့် လက်ထဲ မရှိတော့ မှာကို  အချိန်အမျှ တွေးတွေးပြီး သောကကြီးနေခဲ့ ရတဲ့ အချိန်တွေဟာ ကျောက်ကပ်ဝေဒနာကို တိုက်ရိုက်ခံစားနေရတဲ့ ဖအေ ထက်တောင် ပိုနေသလားလို့ ထင်မိခဲ့ ရတဲ့ ကာလတွေ.

..အဲ့  ငွေ အကြောင်း အဲ့ အချိန်ကဆို  မျက်ရည်တောင် တောက်တောက်ကျတယ်.

.ကိုယ့် လက်ထဲမှာ ကျောက်ကပ်ဆေးခတွေ ပေးနေရလို့  တစ်စတစ်စလျော့ လာတဲ့ ဓန...

ရှာဖွေသမျှ ဖအေ့ ဆေးဘိုးသုံးပေးနေရာက ငွေ အလျင်မမီတဲ့ အခါ  ထုခွဲရောင်းချလိုက် တစ်ခုပြီးတစ်ခု လျော့ ကျလာနေတဲ့  အတွင်းပစ္စည်းတွေ..

.ဆက်မတွက်ရဲ မတွေးရဲတော့ ဘူး

ဆေးကုစရာ ငွေမရှိတော့ လို့  ကိုယ့် ကျေးဇူးရှင် ဖအေကို ဆေးမကုနိုင်တော့ လို့  ဖအေ သေသွားရတယ်ဆိုတဲ့ ဘ၀ဆိုးကြီးကို ကိုယ့် ဖအေကို အဖြစ်ခံလိုက်ရမှာ မြေမြိုမှာထက် သောကကြီးနေမိတဲ့   .....

တွေးမိတိုင်း မျက်ရည်တို့ က ထိမ်းမနိုင်သိမ်းမရ ကျမိခဲ့ ရတဲ့  ဖအေကိုချစ်တဲ့  သား  သားကိုချစ်တဲ့  ဖအေရဲ့ ဘ၀.....။...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..