.
...တို့ ၏ဂုဏ်ကျေးဇူးတော်ကြောင့် .....(စတေးတပ်တစ်ခုကနေ..)
--------------------
အမျိုးထဲက ဦးလေးတစ်ဝမ်းကွဲက သူ့ အိမ်မှာ အဲကွန်းတစ်လုံးတပ်လိုက်တဲ့ အကြောင်း ဓါတ်ပုံလေးတစ်ပုံ ရိုက်ပြီး သူ့ အကောင့် ပေါ်တင်လိုက်ရောဗျ...အဲ့ ဒီအထိက မထူးဆန်းသေးဘူး...စာက ဘာရေးထားသလဲဆိုတော့  ''' ရတနာသုံးပါး အနန္တငါးပါးတို့ ၏ ဂုဏ်ကျေးဇူးတော်ကြောင့်  ကျနော့် အိမ်မှာ အဲကွန်းတစ်လုံး တတ်နိုင်ခဲ့ ပါပြီ '''တဲ့ .....သူ့ စတေးတပ်လေးဖတ်ပြီး ရုတ်တရက် သဘောတကျနဲ့  ရီလိုက်မိသေးတယ်...နောက်တော့  တစ်ခုခုကို တွေးမိပြီး မရီရက်ခဲ့ တော့ ဘူး.. .လွမ်းစရာကောင်းသွားတယ်....ပြီးတော့  ခံစားချက်မျိုးစုံဖြစ်သွားပြီး အတွေးစဉ်တွေလည်း ဆက်ကုန်တယ်...တစ်ခါတစ်လေ ကိုယ့် ဝမ်းနာ ကိုယ်သာသိ ဘ၀တွေ အကြောင်းလည်း စာနာမိသလို....ဘယ်သူ့ ကို စိတ်တိုရမှန်း မသိတော့ တဲ့  ခံစားချက်တွေလည်းဝင်လာတယ်...အဲ့ ဦးလေးဝမ်းကွဲက ဘီအက်စီ အိုင်စီကြီး.ဇနီးမယား သားတစ်ယောက်နဲ့ ..လောလောဆယ် ဘ၀ကို....
ဘ၀ထိုထို လူထိုထို
တစ်ချို့ တွေရဲ့ ဘ၀တွေဟာ
တစ်စုံတရာရဲ့ ဖိအားအောက်မှာ
ငိုချင်းရှည်တို့  ညတာရှည်ခဲ့ ..။
'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Monday, April 27, 2015
''အလိုက်ကောင်းလို့ သာ ''...(ဓါတ်ပုံတစ်ပုံ သတင်းတစ်ပုဒ်မှ တစ်ဆင့် တွေးတောစရာတွေ....)
'
'အလိုက်ကောင်းလို့ သာ ''...(ဓါတ်ပုံတစ်ပုံ သတင်းတစ်ပုဒ်မှ တစ်ဆင့် တွေးတောစရာတွေ....)
-------
မန္တလေးက မီးရထားဂုံးကျော်တံတားတစ်စင်းရဲ့ သရုပ်ပျက်နေတဲ့  ဓါတ်ပုံတစ်ပုံတစ်ပုံဟာ မကြာသေးခင်က ဖွရွာကြီးထဲကို ပျံ့ နှံ့ လာတော့  ကျနော့် ဝေါပေါ်လည်းရောက်လာတော့ တာပေါ့ ..၊ ဓါတ်ပုံနဲ့ ပတ်သက်ပြီး သရော်သံ ကလော်သံ ဝေဖန်သံ လေကန်သံ ဟာသသံ သံသယသံတွေ ထုံးစံအတိုင်း ဆူညံ ပွက်လောရိုက်နေတော့ တာပေါ့ ..နောက်နေ့ ထုတ် ဂျာနယ်တစ်စောင်မှာတော့  ဒီဓါတ်ပုံဟာ မန္တလေးက မီးရထားဂုံးကျော်တံတားတစ်စင်းဖြစ်ကြောင်းနဲ့  ပတ်သက်ရာပတ်သက်ကြောင်းတွေကို ဗျူးထားတဲ့  သတင်းလေးအဖြစ်ပါလာတော့ တယ်...အဲ့ ဒီတော့ မှ အတွေးပွားမိရင်း အတိတ်က အရိပ်လေးတွေ တစ်ချို့  စိတ်အာရုံမှာထင်ဟတ်လာတော့ တယ်.....

နောက်ဆုံး ရွေးခြယ်ပိုင်ခွင့် ....

နောက်ဆုံး ရွေးခြယ်ပိုင်ခွင့် ....
---------
အဆိပ်ခပ်ထားတဲ့ အစာ စားပြီးသေမလား ...ဓားနဲ့ ကွပ်မျက်ခံပြီး သေမလားလို့  လမ်းရွေးခိုင်းလာတဲ့ အခါ...
ကိုယ်တိုင်ရဲ့ ကိုယ့်  သေခြင်းကို တုန်လှုပ်လွန်းအားကြီးနေလို့  လမ်းမရွေးနိုင်တော့ ဘူး တွေဝေခဲ့ ပြီ....အဲ့ အချိန် ဘေးက လူက အဆိပ်စားတဲ့ လမ်းသာ ရွေးလိုက်ပါတော့ လေ.... သူများလက်ထဲက ဓားချက်နဲ့ စာရင်..ကိုယ်တိုင် နှိုက်စားသွားတဲ့ အဆိပ်က.....
ပိုကောင်းတဲ့  သေလမ်း ဟုတ်မဟုတ် ရှိမရှိ မဆိုတတ်ပေမယ့်  ''' ကိုယ့် လက်နဲ့ ကိုယ်သေခွင့်  ဆိုတဲ့  '' အကြံပေးသူကို ကျေးဇူးတင်ခြင်းကြီးစွာဖြင့် ...
နေ့စဉ် ဘ၀တွေမှာ ကိုယ့် သေလမ်း ကိုယ်တိုင် ရွေးခြယ်ပိုင်ခွင့် ရဖို့ ဆိုတာတောင် လွယ်တဲ့ ကိစ္စ မဟုတ်ဘူး.....
(တြင်းန၀င်း ) .''စလောင်းဖုံး ၂ ချပ် တီးရင် ကျား ကိုက်တတ်တယ် ဆိုတဲ့  ဆိုရိုးစကားကနေ...
(တြင်းန၀င်း ) .''စလောင်းဖုံး ၂ ချပ် တီးရင် ကျား ကိုက်တတ်တယ် ဆိုတဲ့  ဆိုရိုးစကားကနေ...
----------------------------------------------
''စလောင်းဖုံး ၂ ချပ် တီးရင် ကျား ကိုက်တတ်တယ် ဆိုတဲ့  ဆိုရိုးစကားဟာ ဆရာကြီးတွေ လက်ထဲရောက်တော့ .......... အလွန် အစွမ်းထက်တဲ့ .....တြင်းန၀င်း ယတြာပညာခန်းကြီး ဖြစ်သွားပါတယ်.......
တြင်းန၀င်းဆိုတာ သုံးနံပေါင်း ၉ န၀င်းဓါတ်သဘောပါ...ဒွေးန၀င်းဆိုတာကတော့  ၂နံပေါင်း န၀င်းဓါတ်ပါ...အခါတိုင်ပညာတွေ အများစုမှာ တနင်္ဂနွေတိုင်ကို နမူနာထားပြလေ့ ရှိပါတယ်
တနင်္ဂနွေတိုင်အရ ပန်းယတွဲ ပဉ္စပွတ်+စတုရန်း = ကြာသာပတေးနံ+ ဗုဒ္ဓဟူးနံ= ၅+၄=၉ =ဒွေးန၀င်း ဂုဏ်ရည်သဘောပါ...ဒီသဘောအရ သစ်စိမ့် တွဲ ဆပွတ်+တြိရန်း= သောကြာနံ + အင်္ဂါနံ= ၉ ဒွေးန၀င်း၊ အလယ်တွဲဆိုတဲ့  အမြစ် စနေနံ အညွန့် ၇ +တနင်္လာနံ အညွန့် ၂=၉=ဒွေန၀င်းဂုဏ်ပါ။
-တြင်းန၀င်း ဆိုတဲ့  သုံးနံပေါင်းမှာတော့  တနင်္လာနံအညွန့်  ၂ + ဗုဒ္ဓဟူးနံ စတုန်းရန်းအညွန့်  ၄ + အင်္ဂါနံ တြိရန်း အညွန့်  ၃ = ၉ န၀င်းဂုဏ်သဘောပါပဲဗျား..
Subscribe to:
Posts (Atom)