.
...တို့ ၏ဂုဏ်ကျေးဇူးတော်ကြောင့် .....(စတေးတပ်တစ်ခုကနေ..)
--------------------
အမျိုးထဲက ဦးလေးတစ်ဝမ်းကွဲက သူ့ အိမ်မှာ အဲကွန်းတစ်လုံးတပ်လိုက်တဲ့ အကြောင်း ဓါတ်ပုံလေးတစ်ပုံ ရိုက်ပြီး သူ့ အကောင့် ပေါ်တင်လိုက်ရောဗျ...အဲ့ ဒီအထိက မထူးဆန်းသေးဘူး...စာက ဘာရေးထားသလဲဆိုတော့  ''' ရတနာသုံးပါး အနန္တငါးပါးတို့ ၏ ဂုဏ်ကျေးဇူးတော်ကြောင့်  ကျနော့် အိမ်မှာ အဲကွန်းတစ်လုံး တတ်နိုင်ခဲ့ ပါပြီ '''တဲ့ .....သူ့ စတေးတပ်လေးဖတ်ပြီး ရုတ်တရက် သဘောတကျနဲ့  ရီလိုက်မိသေးတယ်...နောက်တော့  တစ်ခုခုကို တွေးမိပြီး မရီရက်ခဲ့ တော့ ဘူး.. .လွမ်းစရာကောင်းသွားတယ်....ပြီးတော့  ခံစားချက်မျိုးစုံဖြစ်သွားပြီး အတွေးစဉ်တွေလည်း ဆက်ကုန်တယ်...တစ်ခါတစ်လေ ကိုယ့် ဝမ်းနာ ကိုယ်သာသိ ဘ၀တွေ အကြောင်းလည်း စာနာမိသလို....ဘယ်သူ့ ကို စိတ်တိုရမှန်း မသိတော့ တဲ့  ခံစားချက်တွေလည်းဝင်လာတယ်...အဲ့ ဦးလေးဝမ်းကွဲက ဘီအက်စီ အိုင်စီကြီး.ဇနီးမယား သားတစ်ယောက်နဲ့ ..လောလောဆယ် ဘ၀ကို....
ဘ၀ထိုထို လူထိုထို
တစ်ချို့ တွေရဲ့ ဘ၀တွေဟာ
တစ်စုံတရာရဲ့ ဖိအားအောက်မှာ
ငိုချင်းရှည်တို့  ညတာရှည်ခဲ့ ..။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..