Powered By Blogger

Tuesday, April 28, 2015

တနင်္ဂနွေသမီး အဓိပတိဖွားကို အမည်ပေးလိုက်ပုံ...



တနင်္ဂနွေသမီး အဓိပတိဖွားကို အမည်ပေးလိုက်ပုံ...
-------------
တနင်္ဂနွေသမီးလေး ၂၀၁၄ မွေးဖြစ်လို့  ၄ကြွင်းမဟာဘုတ် အဓိပတိဖွားပေါ့ ..စိနသွေးတစ်ဝက်ပါသူလေးပါ ..ဒီတော့ အသားဖြူမှာပါ ဖအေရော မအေပါဖြူပါတယ်၊ ကျနော်တို့ မဟာဘုတ်လိုင်းကနေ အမည်ပေးတဲ့ အခါ မူလမဟာဘုတ်ရယ် မွေနံ တနင်္ဂနွေတိုင်ရယ် ၂ ခုကို ပင်မဦးစားပေး အဖြစ် စဉ်းစားပါတယ်..

မွေးနံတိုင် တနင်္ဂနွေတိုင်အရ တနင်္ဂနွေသားသမီးတိုင်းမှာ ပန်းယဆိုတဲ့  ကြာသာပတေး+ဗုဒ္ဓဟူး အတွဲ၊ သစ်စိမ့် ဆိုတဲ့  သောကြာနံ+ အင်္ဂါနံ အတွဲ နဲ့  အလယ်တွဲ အမြစ်အညွန့် ဆိုတဲ့  စနေ+တနင်္လာနံရှိပါတယ်။ ( တစ်ခြားနေ့သားတိုင်းစမှာလည်း နံသင့် သာကွဲသွားတယ် ဒီလို သုံးတွဲစလုံးရှိနေတာပါပဲ။

အဲ့ ဒီမှာ တိုင်စဉ်ဖွဲ့ စည်းပုံအရ တနင်္ဂနွေသားသမီးနံဟာ အလယ်မူလဖြစ်လို့  အပေါ်က ကြာသာပတေး ၊ တနင်္လာ ၊ သောကြာဟာ တနင်္ဂနွေသားသမီးတွေရဲ့  အညွန့် နံ သုံးနံ ထွက်လာပါတယ်...



အမည်ပေးဖို့ စစဉ်းစားတဲ့ အခါ ၄ကြွင်း မဟာဘုတ်အရ တနင်္ဂနွေ နံ ဟာ အပေါ်တန်း ၄ အိမ် မှာရှိနေပါတယ်..ဒီတော့  တနင်္ဂနွေနံကို  ရှေ့ ဆုံးကထားလိုက်ပါတယ်။

ကြာသာပတေး၊တနင်္လာ၊ သောကြာ အညွန့်  သုံးနံ ထဲက ဘယ်နံနဲ့  တနင်္ဂနွေနံကိုတွဲရမလဲလို့  စဉ်းစားတဲ့ အခါ...ကြာသာပတေး နံဟာ ၄ကြွင်းမဟာဘုတ်မှာ ပုတိ အိမ် အောက်တန်းမှာ ဖြစ်နေလို့  ကြာသာပတေးနံ အညွန့် ဟာ မသန့် ဘူးဆိုပြီး ပယ်လိုက်ပါတယ်..

ဒီတော့  တနင်္လာနဲ့  သောကြာ အညွန့် နံ ၂လုံးကျန်ပါတယ်...၄ကြွင်း မဟာဘုတ်မှာ အဲ့ ဒီ့ တနင်္လာနံရော သောကြာနံပါ မဟာဘုတ်အပေါ်လေးလုံးတန်းမှာပါ..ဒီတော့  တနင်္ဂနွေနံ +တနင်္လာနံ (သို့ ) တနဂ်နွေနံ+ သောကြာ  ဆိုပြီး အမည်ပေးမယ်ဆို ပေးလို့ ရပါပြီ  ဥပမာ အိမ့် ချစ် (သို့ )အေးသီ လို့ ပဲဆိုပါတော့ ...

ဗေဒင်အလိုအရ သန့် သထက်သန့် အောင် ထပ်ကြည့် တဲ့ အခါ တနင်္လာနဲ့ သောကြာ အညွန့် မှာ တနင်္လာနံဟာ စနေနံ နဲ့ အတွဲဖြစ်ပြီး သောကြာနံဟာ အင်္ဂါနံနဲ့ အတွဲဖြစ်ပါတယ်...သောကြာနံ +အင်္ဂါနံ အတွဲက  သောကြာနံရော အင်္ဂါနံဟာ  ၄ကြွင်းမဟာဘုတ်မှာ  အပေါ် ၄အိမ်မှာချည်းထိုင်နေပြီး စနေနံ+တနင်္လာနံက 
စနေနံကတော့  ၄ကြွင်းမဟာဘုတ်မှာ မရဏအိမ်က နံ ဖြစ်နေပါတယ် ဒီတော့  သဘောက ဒီ တနင်္လာနံနဲ့ သောကြာနံမှာမှ  သောကြာနံ အညွန့် ဟာ တနင်္လာနံ အညွန့် ထက် ပိုသန့် တယ်ဆိုတဲ့ သဘောထွက်လာပါတယ်...

ဒီတော့ နောက်ဆုံး အမည်ပေးလိုက်တာကတော့ ( တနင်္ဂနွေနံအစ ---သောကြာနံအဆုံး ) အမည်ပေးမယ်ပေါ့ ဗျာ...။..

.( ဒီနေရာမှာ ဆန်းပညာက စနစ်ကိုပါယူပြီး ပေးရမယ်ဆိုရင် ( တနင်္ဂနွေ အစ + သောကြာနံ အလယ် +တနင်္ဂနွေနံ အဆုံး) နဲ့  (သောကြာနံ အစ + တနင်္ဂနွေနံအလယ်+သောကြာနံ အဆုံး ) ပေးမှာပါ..အကြောင်းက တနင်္ဂနွေ အစ သောကြာနံဟာ ဆန်းပညာအရ အမည်အောက်စိုက်ဖြစ်လို့  တစ်ခါတစ်ရံလူမှု့ စည်းသဘောတွေကို ဂရုမစိုက်တတ်သဘောဖြစ်တတ်ပါတယ်..ဒါပေမယ့်  အများစုကို သတိထားခဲ့ မိသလောက်က အရေးတကြီးသဘောမတွေ့ ရဘူး ဘ၀စည်းစိမ်တွေပညာရေးတွေပြိုလဲသွားတာမျိုးတွေမတွေ့ ရဘူး သဘောက ဘ၀ကိုထိခိုက်လောက်တာမျိုးတွေ မတွေ့ ခဲ့ ရတာရယ်  အခု အမည်လာပေးတဲ့ မိဘကလည်း အမည်တစ်လုံးကို ပိုးဆိုးပက်စက် နဲ့ အကြားရ နားအမြင်ကပ်တဲ့  အမည်မဖြစ်တော်ပြီ တအားခရေဇီ ဖြစ်နေတဲ့ သဘောမရှိလို့  ......

ပုံမှန် တနင်္ဂနွေ အစ + သောကြာအဆုံးသတ် နဲ့  '' အေးသီတာသင်း..'' (သို့ ) '' အေးမြသဒ္ဒါသင်း '' ဆိုတဲ့ အမည်လေးထဲက တစ်ခုခုသာပေးလိုက်ပါလို့ သာ ပေးလိုက်ပါတယ်.( ဒါမှမဟုတ် အိမ်မှာ ကြိုက်တဲ့ အမည်တွေ စပ်ကြည့်  ပါ တနင်္ဂနွေအစ နဲ့ အဆုံးက သောကြာနံဖြစ်နေရရပြီ လို့ ပါ မှာလိုက်ပါတယ် သူတို့ ကတော့  ၂ မျိုးစလုံးကြိုက်တယ် ဖအေက ငါ့ သမီး ရိုးရိုးပဲကောင်းတယ်ဆိုတဲ့ အမူအယာနဲ့   အေးသီတာသင်းကို ပိုကြိုက်တယ် မအေက ခေါ်ရမှာ လျှာရှည်တဲ့ အမည် အေးမြသဒ္ဒါသင်းကို ပိုကြိုက်နေပါတယ်....

(အေး) ကို ယူတာက စိနသွေးတစ်ဝက်ပါနေတဲ့ အနွယ်ဖြစ်နေတော့ သာမန်ထက် သွက်လက်နိုင်တယ် ၄ကြွင်းက စွာလေ့ ရှိတယ်  အဓိပတိဖွားက ပိုစွာတတ်တယ် ဒီတော့  အစွာဘက်ပိုများနိုင်လို့  အအေးဓါတ်အမည်နဲ့  ထိမ်းထားဖို့ စဉ်းစားလိုက်တာပါပဲ....။တနင်္ဂနွေနံမှာ (သင်း) ကို ကောက်တွဲလိုက်တာက  ကလေးမိခင်ရဲ့ အမည်မှာ ...'' သင်း ''တစ်လုံး ပါနေလို့ အတော်ပဲဆိုပြီး ဆွဲစိလိုက်တာပါပဲဗျာ...မအေက သူ့ အမည်ပါနေလို့  သဘောကျသွားပါတယ်ဗျားးး

ဒါတွေဟာ တစ်ထိုင်တည်းမှာ ထိုင်စဉ်းစားအမည်ပေးသွားတာပါပဲဗျာ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..