
ဘ၀တစ်ခုရဲ့ ကောက်ကြောင်း (သို့ ) ရောသမမွှေ
--------
အခုပထမ ဘ၀တစ်ခုရဲ့  ပုံကြမ်းကို ၁ကြွင်းနှစ်မွေး သောကြာ ရာဇဖွား သားသမီးတွေကို နမူနာပြပြီး ရေးပြပါ့ မယ်နော်..
ကိုယ့် ကောက်ကြောင်းကို မြင်သာနိုင်သလောက် မြင်သာအောင် ကြိုးစားရေးပြတဲ့ သဘောပါ...ဟောတာမျိုး မဟုတ်သလို အဟောထုတ်တာလည်းမဟုတ်ပါဘူး...ဒီလမ်းကြောင်းကို ပုံကြမ်းရပြီဆိုရင် ကိုယ့် ဘ၀ကို လောကဓံတရား အတက် အကျတွေကြားမှာ ဘယ်လို တည်ငြိမ်အောင် သောကနဲအောင် ထုဆစ်သွားရင် အဆင်ပြေမလဲ ဆိုတာကို ခန့် မှန်းလို့ ရအောင်ပါ...ပြီးတော့  ဘ၀တစ်ခု ဖြစ်တည်လာမှု့ နဲ့ သွားရာလမ်းကြောင်းဟာ အလွန်ရှုတ်ထွေးကျယ်ပြန့် လွန်းလို့ ..အခု ပုံကြမ်းဟာ ဆင်းရဲသားဘ၀ ချမ်းသာတဲ့ ဘ၀ကလာတာ မလာတာ.အမျိုးအနွယ်အယူသဘောတွေ..ကြီးပြင်းရာဒေသ သဘောတွေ ခေတ်ပညာ တတ်မတတ်သဘောတွေ မပါပါဘူး..စာရွက်ပေါ်မှာ .( မွေးရက် မွေးလ မွေးနှစ် ) သုံးချက်ထဲနဲ့  လူမမြင်ရ သူမပြောပြပဲ သူဌေးလား ဆင်းရဲသားလား လူဖြူလား လူဝါလား ကျားလား မလား မသိနိုင်ပါဘူး..သိတယ်ဆိုရင်တော့ အခါတိုင်သုံးရင် (သို့ ) အကြားအမြင်ရနေရင်တော့  ပြောနိုင်မလား မပြောတတ်ပါဘူး....ဒါကြောင့်  ပုံကြမ်းလို့  ပြောတာပါ.......
ဘ၀ဖြည်တည်မှု့ အစ..
--------------------
သောကြာသားသမီး ရာဇဖွား ဟာ မွေးမွေးချင်းက နေ အသက် ၂၁ နှစ်အထိ (သောကြာဂြိုလ်အိမ်ကြီး ၂၁နှစ်ဆိုတဲ့ အထိမှာ ဘ၀တစ်ခု စပြီးဖြစ်တည်လာပါတယ်.)..၁ကြွင်းမှာ သောကြာနေ့ သားဟာ မဟာဘုတ် အပေါ်တန်းမှာ ဖြစ်နေလို့  ဒီ ရာဇဖွား သောကြာသားသမီးတွေဟာ ဆင်းရဲလွန်းတဲ့ မိဘတွေကနေ မွေးလာသူဖြစ်ပါစေ သူများဆန်ပြုတ် ၅ဇွန်းသောက်ရတဲ့ အချိန်မှာ..သူဟာ တစ်ဇွန်း ပိုသောက်ခွင့် ရလို့  ဆန်ပြုတ် ၆ ဇွန်းသောက်ရတဲ့  ကုသိုလ်ကံလေးတော့ ပါလာသေးတယ်လို့  ယူနိုင်ပါတယ်....ဒါဟာ အပေါ်တန်းမွေးရဲ့ အကျိုးကျေးဇူးပါ..၆ ဇွန်းမကပဲ ၁၀ဇွန်းအထိ တက်ရမရက မွေးချိန်ရဲ့ အခါတိုင် သဘာဝက စကားပြောပါလိမ့် မယ်....
ဒီတော့  သောကြာရာဇဖွားရဲ့ ဘ၀ဖြစ်တည်နေမှု့  အသက် ၂၁နှစ်တာကာလဟာ မဟာဘုတ် အပေါ်တန်းမှာ ဖြစ်နေလို့  သူဟာ ၁ကြွင်းရဲ့ မရဏဥာဉ်အဆိုးအားတွေ အပြင်းအထန်သောင်းကျမ်း ဆိုးသွမ်းနေတာ ရှိကောင်းရှိမယ်...သေကွင်းသေကွက်တွေ မကြာခဏ ရင်ဆိုင်ရကောင်းရင်ဆိုင်ရမယ် ပျက်ဆီးခြင်းမလှပျက်ဆီးပါပြီလို့ ထင်ရကောင်းရင်ကောင်းမယ်..ဒါပေမယ့်  လွယ်လွယ်နဲ့ တော့  သူ့ ဘ၀ ပြိုလဲမသွား ထောင်တန်းထဲမရောက် သေကံမရောက်လွယ်သေးဘူးလို့  သိလိုက်နိုင်သလို မိဘတွေလောင်းရိပ်ကြောင့်  ဖြစ်လာနိုင်တဲ့  လောကဓံ အတက်အကျပြင်းထန်မှု့ တွေအောက်မှာ သောကြာရာဇဖွားဟာ မဟာဘုတ်အပေါ်မွေးဖြစ်လို့  အရိပ်တော ပိုရလာနိုင်သေးတဲကံရှိသူ ...လောကဓံတရားအပြင်းတွေလာရင်တောင် ဒဲ့ မလာ သွယ်ဝိုက်အဖျားလေးသာ အခတ်ခံရသူလို့ သိနိုင်ပါတယ်....
ိ သောကြာဂြိုလ်သက် အဲ့ ဒီ ၂၁ နှစ်တာ ကာလရှည်ကြီးဟာ လူ့ သဘာဝ ငယ်ဘ၀ လက်မျု့ စက်မျု့ အသက်မွေးဝမ်းကြောင်းစသဖြင့်  ပညာတစ်ခုခု သင်ယူ ဆည်းပူးနေရာ ကာလလို့  တစ်ချက် သိနိုင်ပါတယ်...ဒီ သဘော ရဲ့  သဘာဝ က ရှေးအတီတေခေတ် ဘုန်းတော်ကြီးကျောင်း ပညာသင်သားဖြစ်စေ ရဟန်းသီလရှင်ဖြစ်စေ လယ်သမားသား ယာသမားသမီးဖြစ်စေ လက်မှု့ စက်မှု့  အနုပညာ စသဖြင့် အတတ်မျိုးစုံတွေကို သင်ယူ ခွင့် အတွက် ( ဆရာကောင်းသမားကောင်း ကျောင်းကောင်း) တွေနဲ့  ဆုံစည်းသင်ယူခွင့် ရလွယ်သူလို့  သိနိုင်ပါတယ်..ဒါကို ပိုပြီးအထောက် အကူပြုနေတာ ပညာဆိုတဲ့  ကြာသာပတေးနံဟာ ၁ကြွင်းမဟာဘုတ်မှာ..အဓိပတိအိမ် (၀ါ)မဟာဘုတ်အပေါ်တန်းမှာရှိနေခြင်းက အထောက်အကူပြုနေတယ်လို့ မြင်နိုင်ပါတယ်...ဒီအထောက်အပံ့ ရဲ့ သဘောဟာ အကောင်းဖက်ပါသွားရင် ခပ်ပျင်းပျင်းသမားတောင် ပညာတစ်ခုခုတော ထမင်းစားလက်မှတ် အဖြစ် ရလွယ်သွားနိုင်ပြီး..မိဘနဲ့ ပတ်ဝန်းကျင်ကောင်းနဲ့  ၀ီရိယကိုသာ အား ထပ်ထည့် လိုက်ရင် သူလိုက်တဲ့ ပညာမှာ ပညာချွန်သူဖြစ်လာနိုင်တယ်လို့  ထပ်မြင်လို့ ရပါပြီ....
အဲ့ ဒီလို အခြေအနေကောင်းတွေကို ဖျက်ဆီးပစ်နိုင်တဲ့ အခြေအနေက မရဏဥာဉ် အဆိုး ဘယ်လောက်အထိ အားကြီးသလဲက စကားပြောပြန်ပါတယ်..ရာဇဖွားသောကြာဟာ အတေအပေစိတ်တွေ အလွန်အကျွံလွှမ်းမိုးခံသွားရရင်...(သို့ ) အဲ့ ဒီလို အတေအပေတွေ ရှိတဲ့  လူ့ အဖွဲ့ အစည်းထဲ ရောက်သွားရင် မဟုတ်တာမှန်သမျှ လုပ်ရဲသူ ဘယ်သူ့ ကိုမှ လူမထင်တော့ သူ...စသဖြင့်  အတော့်ကို ဆိုးရွားတဲ့  လူတေလူပေ တစ်ယောက် အဖြစ် ဒီအသက် ၂၁ နှစ်အတွင်းမှာဖြစ်လာပါလိမ့် မယ်....ဒါဟာ မရဏဥာဉ်ဆိုတာလည်း လူ့ ဘ၀ရဲ့  ကောင်းသောဖြစ်တည်မှု့ ဆိုးသောဖြစ်တည်မှု့ တွေမှာ အချောင်နေမကျန်ခဲ့ ဘူး..မရဏဥာဉ်ကပါ ဘ၀ဖြည်တည်မှု့ တစ်ခုကို ၀င်အရောင်ခြယ်တယ်ဆိုတာပါပဲ....
ပြောရရင် သောကြာသားသမီး ရာဇဖွားအပါအ၀င် အထွန်း၊သိုက်၊အဓိပတိ ၊စတဲ့ အပေါ်တန်းလေး အိမ်မွေးတွေဟာ သူတို့ အသက် ၂၁ နှစ်အထိကတော့  ကံသိပ်ဆိုးနေရင်တောင် ထမင်လေးးတော့  သာသာလေးဝါးနေရသေးတယ်လို့  ပါ.....
အဆိုးဘက်အားသာ လွန်းသွားတဲ့  သောကြာသားသမီးဟာ အော့ ကြောလန်အောင်ဆိုးနေတတ်ပေမယ့်  လွယ်လွယ်နဲ့ တော့ မသေတတ်သေး အလွန် အလွန် ကံမဆိုးသေးရင် ထောင်တန်းအမှု့ တွေက ကပ်လွတ်ချင်လွတ်နေတတ်သေး အသက်ဘေးဒဏ်တွေ ဝေဒနာဒဏ်တွေက ကပ်လွတ်တတ် သေးတာဟာလည်း မဟာဘုတ်ရဲ့ အပေါ်တန်းမျာမွေးလာခြင်းရဲ့ အကျိုးတရားလေးပါ...
ခြုံပြောရရင် သောကြာသားသမီးရာဇဖွား မဟာဘုတ်အပေါ်မွေးဖြစ်လို့  အတိတ်ကံမကောင်း အကြောင်းမလှလို့  တောင်းစားရရင်တောင် မွေးစကနေ ဒီအသက် ၂၁နှစ်အတွင်းမှာ လွယ်လွယ်ကူကူ ပိုက်ဆံရပါတယ်ပေါ့ ဗျာ.( မဟာဘုတ် ဖရိမ်ကနေစောင်းပေးရေးသွားတာပါ.)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..