Powered By Blogger

Tuesday, April 28, 2015

ထူးဆန်းနေတာက..



ထူးဆန်းနေတာက..
-----
ဆဒန်ဟူစိန်က အာဘောင်အာရင်းသန်သန်နဲ့ ကမ္ဘာကြီးကို  ဖြဲပြလာတာ ကြာပြီပေါ့ ..ကိုယ့် ကို တိုက်ရိုက်မထိသေးရင် ကိုယ့် ကိုယ်ကျိုးစီးပွားကို အပွန်းမခံချင်တဲ့ ကမ္ဘာကြီးကတော့ ကြိတ်ပြီး အာရုံနောက်နေပြီပေါ့ လေ၊ နောက်ဆုံးတော့  လူမိုက်ကြီး အန်ကယ်ဆန်တို့ တပ်တွေ ၀င်ဖဲ့ တဲ့ စခန်းရောက်ရောဆိုပါတော့၊

အဲ့ မှာ စိတ်ဝင်စားနေကြပုံက အန်ကယ်ဆန်တို့ တွေ ဘယ်လိုလက်နက်အသစ်အဆန်းတွေနဲ့ များ ပွဲထုတ်ပြီးချသုံးပြီး အနိုင်ယူမလဲဆိုတာပါပဲဗျာ..ဒါလည်း သဘာဝကျသားပါပဲ လူ၂ယောက်ရန်ဖြစ်တာ ကိုယ့် လူမပါရင် ပွဲလိုဝိုင်းကြည့် တာမျိုးလိုပဲ တကယ့် ခေတ်သစ်စစ်ကားအစစ်ကိုကြည့် ရပြီဟဲ့ ဆိုပြီး တစ်ချို့ က ကြိတ်တောင်ဝမ်းသာနေကြသေးတာ...စစ်ပွဲက ခန့် မှန်းထားတာတာထက် စောပြီး ပြီးသွားသလိုဖြစ်လို့  အားမလိုအားမရတောင်တစ်ချို့ ဖြစ်ကျသေးတယ်တဲ့ ..နောက်ဆက်တွဲ ကားဗုံးခွဲတာ ဘာညာက ပင်မစစ်ပွဲနဲ့ တော့  တိုက်ရိုက်မဆိုင်ပေါ့ လေ...ဟဲဟဲ..



.ဟိုလေလုံးကြီးတဲ့ ဆဒန်လည်း သူကြီးထားတဲ့  လေလုံးထဲက စစ်ပွဲတကာတို့ ၏မိခင်စစ်ပွဲကြီးတို့  အမိမြေကို ကာကွယ်ကြတို့  မိစ္ဆာတွေကို ရှင်းပစ်ကြလော့ တို့  ဆိုတဲ့ လေလုံးထဲကလို ဘယ်လောက်အထိ အတ်ကယ်ဆန်တပ်တွေကို အပီ ပြန်ဖဲ့ မလဲလို့  စောင့် ကြည့် ကြတာပေါ လေ့..အဲ့ မှာ ပွဲကြည့် ပရိပ်သတ်ကြီးအများစု မတိုင်ပင်ရပါပဲနဲ့ စိတ်ထဲမှာ  ကြိုတွေးထားတဲ့ အချက်က တကယ်တန်းဖဲ့ ပြီဆိုရင် အန်ကယ်ဆန်တို့ တပ်အင်အား လက်နက်အင်အား နဲ့ ဆဒန်တို့ တပ်ကလက်နက်အင်အား တပ်အင်အားက တောင့် တင်း ခိုင်မာပုံ ဘာမှ မဆိုင်တော့  ဆဒန်တပ်တွေနောက်ဆုံး ရှုံးမှာပဲဆိုတာ ကြိုတွက်ထားပြီးသားပေါ့ ဗျား...အဲ တွက်ထားသလိုပဲ နောက်ဆုံးတော့ လည်း ဆဒန်တပ်တွေလည်း ကား သွားတာပါပဲ...အဲ့ မှာ ဆဒန်တပ်တွေ လက်နက်ချရတာက မထူးဆန်းဘူးလို့  တွက်ထားကြပြီးသား......

အထူးအဆန်းဖြစ်နေတာက အဖက်ဖက်က အင်အားကြီးပါတယ်ဆိုတဲ့ အန်ကယ်ဆမ်တပ်က တပ်သားတွေ အကျအဆုံး ကိန်းဂဏန်းတွေ တက်တက်လာတာကိုး......

အံ့ သြ ထူးဆန်းနေကြတာ..သူ့ နိုင်ငံသားတွေကတောင် အစာမကြေတော့ ဘူး ပါဝါကြီးရဲ့ သားနဲ့  ဒီလောက်တောင် အကျအဆုံးအများခံရသလားပေါ့ လေ .သဘောက ကျသင့် တာထက် ပိုကျဆုံးနေပြီလို့  ထင်လာနေကြတာကိုး..အဲ့ လိုထင်မိတာလည်း အမှားတော့  မဟုတ်ပေဘူး..ဘာလို့  ဆိုတော့  အန်ကယ်ဆန်တပ်တွေရဲ့  အင်အားတောင့် တင်းပုံနဲ့  ပြယုဂ်က လွှတ်အထင်ကြီးစရာ ကောင်းနေခဲ့ တာကိုးဗျား....


အမှန်တော့ ..ဓမ္မ အတိုင်းပါပဲ လူဆိုတာ အချိန်မရွေး နေရာမရွေး အသက်အရွယ်မရွေး ဘာညာတွေမရွေး အကြောင်းအမျိုးမျိုးနဲ့  သေတတ်တယ်ပေါ့ လေ..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..