'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, April 28, 2015
၈နှစ်ဘ၀သံသရာ...
၈နှစ်ဘ၀သံသရာ...
------------------
ပုံလေးက အကျဉ်းချုပ်ယေဘူယျသဘောလေး ရေးထားတာပါ..ဂြိုလ်သဘာဝနဲ့  လူ့ သဘာဝကို ယှဉ်တွဲပြတာပါ..
မူလ သီအိုရီမှာ ရာဟုကနေ တနင်္လာ ဂြိုလ်အထိ ၄ နှစ်ကို ''အကောင်း (သို့  ) ရှာဖွေရလွယ် သဘော ''နဲ့  အင်္ဂါကနေ ကြာသာပတေး ၄ နှစ်ကို '' အဆိုး ရှာဖွေရခက် သဘော''လို့ ဆိုတယ်...
ကျနော့် အတွေ့ အကြုံ အရတော့  ကြာသာပတေးကို အကောင်းအဆိုး ရောနေတဲ့ သဘော ''ကံအကျရဲ့ အဆုံးသတ်နှစ် အတက်ခရီးရဲ့  နိဒါန်း '''လို ယူလိုက်တယ် ကိုယ့် တဘို့ တည်းကြည့် လွန်းသူတွေ မတော် လောဘဇောသမားတွေ အတွက် အဆိုးဘက်ကို ထပ်ဆွဲချသွားတတ်ပြီး မျှမျှတတ နဲ့  လုပ်တတ်ရင်ကြာသာပတေးက ကောင်းပါတယ်ပေါ့ လေ...ဒါကို ၈ နှစ်သံသရာ ဘ၀စက်ဝန်း ဂြိုလ်ပတ် လမ်းလို့  စိတ်ကူးလေးယဉ်ပြီး သတ်မှတ်ထားလိုက်ပါတယ်....
ရာဟုကနေ တနင်္လာ သက်ရောက်
------------------------------------------
ရာဟုကနေ တနင်္လာ သက်ရောက် ကို လောကဓံအကောင်း ၄ ပါး ခွင် လို့ ခေါ်ပြီး စာအချုပ်က ''လောကီစီးပွားတက် ကိုယ့် ကျင့် ပျက် ''လို့  ချုပ်ပြထားပါတယ်....သဘောက ရာဟုကနေ တနင်္လာ သက်ရောက် ၄နှစ်ထဲ အသက်ပိုင်း ရောက်နေတဲ့ အခါ စီးပွားရှာရလွယ်ပါတယ်. .ချောင်ပိတ်သွားရလောက်အောင် အခက်အခဲမျိုးတွေလည်း သိပ် မလာတတ်သေးပါဘူး..ခပ်ပျင်းပျင်းနဲ့  လုပ်စားနေရင်တောင် အလုပ်ဖြစ်နေတတ်ပြီး စီးပွားမှ စီးပွားသဘော လူတွေဆို အတိတ်ကံပေးသလောက်ကို ချမ်းသာလွယ်တဲ့ နှစ်တွေပါ...တော်ယုံအခက်အခဲတွေကိုကျော်နိုင်တယ်..
ဆိုးသွမ်းနေရင်တောင် အမှု့ ထဲ ချက်ချင်းမရောက်သွားတတ်ဘူး..ဖရီး ရိုက်နေရင်တောင်ကျွေးမယ့် သူရှိတယ် ကြွေး ရှိနေရင်လည်း လည်ပင်းဖြစ်လာ အတောင်မခံရသေးဘူး..ငိုပြထားလို့  ပတ်ပြေးနေလို့ ရသေးတယ် .နေမကောင်းရင် ဆေးကုရလွယ်ပြီး ပျောက်လွယ်တယ် ဘိုင်ပြတ်ခါနီးရင် ကံက မျက်နှာသာပေးနေသလိုမို့  ငွေက ပြန်ရလွယ်တတ်..ဘိုင်ပြတ်နေရင် ပိုက်ဆံလျှောက်ချေးသုံးနေလို့ ရလွယ်သေးတယ် စသဖြင့်  အဆင်ပြေသွားလွယ်တဲ့ သဘောရှိပါတယ် ဒီတော့  လူက ပေါ့တတ်ပါတယ်...ဘုရားတရားလုပ်ဖို့  မေ့ နေတတ်ပြီး ကဲချင်ကဲနေတတ်လို့  ကဲခွင့် လည်း ရလွယ်နေတတ်လို့  ကိုယ့် ကျင့် သီလ ပျက်လွယ်တယ်လို့  သတိပေးသဘောနဲ့ ထောက်ပြတာပါ...
ကျနော်က ထပ်ပြောတာက လူတစ်ယောက်ဟာထီတွေပေါက်မယ် ပေါက်တဲ့ ထီက အကျိုးရှိမယ် ရှာရတာလွယ်လို့  ဥာဏ်တွေ ၀ီရိယတွေပါထပ်ဖြည့် လိုက်ရင် အလုပ်ဖြစ်နေတတ်
တယ်..ရျွှေဝယ်လည်းအကျိုးရှိ မြေတိုက်ခန်းဝယ်လည်းအကျိုးရှိ တတ်လို့  စီးပွားတက်အောင်ကြံရင် ဒီဘက် ၄ နှစ်မှာကြံပါ အားထုတ်ပါ ကြိုးစားပါလို့  သတိပေး တိုက်တွန်းလေ့ရှိပါတယ်...ကျောင်းသားဆိုရင် အာပူလေးတိုက်သွားတောင် အောင်လွယ်ပါတယ်ပေါ့ ..မုန့် ဖိုးလည်း ရလွယ်ပါတယ်ပေါ့ ...
----------------
အင်္ဂါကနေ ကြာသာပတေး သက်ရောက်
-------------------------------
အင်္ဂါကနေ ကြာသာပတေး သက်ရောက် အထိ (တကယ့် အတွေ့ အကြုံတွေအရတော့  အင်္ဂါ +ဟူး+ စနေက အဓိကပိုဆန်တယ်).၄ နှစ်ကတော့  ဟိုဖက်အခြမ်းလောကဓံအကောင်းတွေလို မဟုတ်တော့ ဘူး..ကံကမျက်နှာသာ မပေးတော့ ဘူး..အရာရာခက်ခဲလာတယ် ရှာသလောက် မလောက်တော့ သလို ကြွေးတင်လွယ်လာတယ်..ကြွေးတင်သွားရင် စနေသက်ရောက်မကျော်မချင်း အကြွေးမကြေလွယ်တော့ သလို ကုန်သည်စကားနဲ့ ပြောရင်ကြွေးဆုံးမြေဆုံးနှစ်တွေဖြစ်တွယ် စွန့် စားမှားတွေဖြစ်လာတယ် ရောင်းမှားဝယ်မှားတွေဖြစ်လာတယ်....၀ီရိယ ကို ပိုထုတ်နေရတယ် နားခွင့် တောင်မရတတ်တော့ ဘူး..အားကိုးစရာလူတွေလည်း နဲသွားလို့  ကိုယ်တိုင်ထကြဲရသလို စုဆောင်းရခက်ခဲလှတယ်...ဒီဘက် လောကဓံအညံ့ မှာ စီးပွား တက်ခဲလွန်းသလို စီးပွားတွေ သိပ်တက်လာရင်တော့ အလျော်အစားပြန်ပေးရတတ်တယ်
ဒီတော့  ဒီဘက် လောကဓံအညံ့ ခွင်တွေမှာ. လူဟာ တစ်လ ၀င်တာနဲ့ ထွက်တာနဲ့ ကွက်တိလောက်ဖြစ်လည်ပတ်နေရင်ကျေနပ်လိုက်ပါ ရောင့် ရဲလိုက်ပါ....စီးပွားမတက်တာ အကြောင်း မဟုတ်သေးဘူး အရင့် အရင်က စုဆောင်းထားတာလေးတွေ အလွယ်နဲ့ မကုန်ဖို့ ပိုအရေးကြီးလို့  အင်္ဂါကနေ စနေကြားကို ''စီးပွားထိမ်းနှစ်တွေ ''လို့  သဘောထားပါလို့ မှာလေ့ရှိတယ်. ..အင်္ဂါကနေ စနေကြားဟာ အရာရာနီးပါး ခက်ခဲနေတတ်လို့  အားကိုးရာရှာရင် ဘုရားတရားတွေ လုပ်ဖြစ်လာတာ အဓိဌာန်တွေဝင်ဖြစ်တာ သီလစောင့် တာတွေလုပ်ဖြစ်လာတတ်လို့  လောကဓံအညံ့  ၄ နှစ်ကို
''' လောကီစီးပွားပျက် ကိုယ်ကျင့် တရားတက် '' လို့ တင်စားလိုက်တာပါပဲ..
ပြောင်းပြန်တွေ..
-----------------
အများအားဖြင့်  လူအများစုဟာ ရာဟုကနေ တနင်္လာကြားကို အခွင့် အရေးတွေ ရတတ်နေပေမယ့်  ၀ီရိယ နဲနဲပဲ ထုတ်တပ်ပြီး ကံပေးသလောက်နဲ့  ၄ နှစ်ခရီးကို ဖြတ်သွားတတ်ပြီး ကံအလှည့် မပေးတော့ ပါဘူးဆိုတဲ့  အဂီါကနေ စနေကြားရောက်မှ ထကြိုးစားတော့ တာ.စွန့် စားချင်လာတော့ တာတွေ ဖြစ်လာပြီး ထ လုပ်တော့  အရင်ကရထားတာလေးတွေပလုံသွား လျော့ သွားပြန်လို့  ကြာသာပတေး မျာ ဘ၀ကို အစကနေ ပြန်ပြန်ထူထောင်နေရတတ်သလို ဖြစ်နေတတ်တယ်.....ဒီတော့  စီးပွားသာထိမ်းလာရင် ကြာသာပတေးမှာအရင်း ရှိနေလို့  အဲ့ အရင်းကနေ ဘ၀တိုးတက်မှု့ တွေ ထပ်ဖြစ်လာတဲ့ အခွင့် အရေးရလာလွယ်တယ်လို့  သတိပေးလေ့ရှိပါတယ်...
ဒီတော့  လူတစ်ယောက်ရဲ့  ၈နှစ်တာ သက်တန်းဘ၀မှာ ကံတက်ကံကျသဘောတွေဟာ ဘယ်လိုတွေ ရှိသလဲဆိုတာ ဒီပုံလေးကြည့် ရင်မြင်သာလွယ်တယ်ပေါ့ နော်...
ယေဘူယျသဘော ချုပ်ရေးတာပါ....အမှန်တော့  ဒီသဘောတရားကဒိထက် ကျယ်ပြန့် ပါသေးတယ်....ဆိုပါတော့  အင်္ဂါကနေ စနေကြား ရောဂါဖြစ်လို့  ဆေးကုခံရပုံနဲ့  ရာဟုကနေ တနင်္လာကြား ရောဂါဖြစ်လို့ ဆေးကုခံရပုံ မှာ အဆင်ပြေပုံပြေနည်း ပျောက်ကင်းလွယ်ပုံ ဆေးအကုခံပုံတွေ မတူဘူးဆိုတာအထိ ကြည့် လို့ ရတယ်ပေါ့ လေ....
ဒီသဘောကို ကစားတတ်သွားတဲ့ အခါ သိသွားတဲ့ အခါ လောကဓံကို ခံနိုင်ရည်ရှိလာသလို ဘ၀ကို စောက်ထိုးဆင်း မသွားအောင်ထိမ်းသွားတတ်လို့  ရေရှည်မှာဘ၀တည်ငြိမ်မှု့ ရလာပါတော့ တယ် လောကဓံအကောင်းကြောင့် ရလာတော့ လည်း မြောက်မသွား...လောကဓံ အဆိုးကြောင့်  နဲနဲယိုင်တော့ လည်း ပြိုလဲမသွား တောင့် ခံထားနိုင်တယ်ပေါ့ လေ
အချုပ်ကလေး တစ်ခုက ကိုယ့် သဘောနဲ ကိုယ် အလုပ်စတိုင်ပြောင်းလဲတာ အရပ်ဒေသပြောင်းလဲတာတွေ ကို ကြံစည်မယ်လုပ်မယ်ဆိုရင် ကြာသာပတေကနေ တနင်္လာ ကြားမှာ လုပ်ရတာ လွယ်တတ်ပြီး ဒုက္ခသိပ်ရောက်သွားတာမျိုး မဖြစ်လွယ်သလို ကံသင့် ရင်အခြေအနေပိုကောင်းသွားတတ်ပါတယ်...အင်္ဂါ ကနေ စနေကြားကတော့  ပိုနေမြဲကျားနေမြဲအလိုက်သင့် မောင်ဘဦး နဲ့ ရရစားစား ၀ါးဝါးမြိုမြိုလေးသာနေ ငြိမ်ငြိမ်နေ ဟိုပြောင်းဒီပြောင်း လွယ်လွယ်လျှောက်မလုပ်နဲ့  စိတ်လည်းရှည်ပါ ကျမ္မာရေးလည်းဂရုစိုက် ပေါက်ကရလုပ်လို့  အဆင်မသင့် ရင်ပြိုလဲသွားမယ်ပေါ့ ...
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..