
လမ်းရွေးပြီဆိုတဲ့ အခါ....
--------------
♪♫ ♪ ♫ ♪♫
ငါ လိုချင်တာ ဘာလဲ သိလား..ချစ်မေတ္တာ.ဟေ့  မေတ္တာတစ်ခုကလွဲ...အလကားပဲဟေ...
ကိုယ် တကယ် လိုချင်တာ ဘာလဲကို အသေအခြာ ပြန်တွေးတောရတာ နဲနဲတော့  အချိန်ပေးခဲ့ ရတယ်...၊ အဲ့ လိုတွေးပြီတဲ့  အခါ ကိုယ်တကယ်လိုချင်တာကို ရဖို့  လုပ်ရတဲ့ အခါမှာ ဖြစ်လာနိုင်ခြေတွေ ကြုံလာနိုင်ခြေတွေကို တွက်ရတာ ပိုခက်တယ်...ဘာလို့ ဆိုတော့  ကိုယ်လိုချင်တာ အတွက် သွားရာလမ်းမှာ စွန့် လွှတ်ခဲ့ ရမယ့်  အရာတွေဟာ ကိုယ် သဘောကျတဲ့  ကိုယ်သာယာတဲ့  အရာတွေ အများကြီး ပါလာနေတတ်လို့ ပဲ..
..ဒီအရာတွေ ကို စွန့် လွှတ်ရဖို့ ဆိုတာ တကယ်တော့  အတော့ ကို စွန့် စားရတဲ့ သဘောရှိတယ်. ..တော်ယုံတောင့် ခံနိုင်မှု့ နဲ့ မလွယ်လှဘူး....လိုချင်တဲ့ အနေအထားတွေရဖို့  တစ်ချို့ အရာတွေ စွန့် လွှတ်နိုင်တယ်လို့  တွေးလို့  တွက်လို့ ရလို့  ကိုယ်ရွေးခြယ်ထားတဲ့  လမ်းကို စလျှောက်ပြီဆိုတဲ့ အခါ ........
ပိုခက်တာက ကြားခရီးလမ်းမှာ ဘေးတွေရဲ့ မျိုးစုံ အမြင်တွေကိုလည်း တောင့် ခံရသလို ကိုယ်လိုချင်တဲ့ အခြေအနေဟာဘယ်လောက်ကြာမှ ရမယ်ဆိုတာကို တစ်ခါတစ်ရံ ခန့် မှန်းရခက်လောက်အောင် လျို့ ဝှက်တတ်တဲ့  ကံကြမ္မာ အလိုအရ ကြိုမသိနိုင်တာတွေကလည်း တစ်ခက်ပဲ
..ဒီလိုနဲ့  ဘ၀ရဲ့  အချိန်တွေ တစ်ချို့ နဲ့ နှလုံးသား အပိုင်းအစတွေတစ်ချို့ ကို ပေးခဲ့ လိုက်ရပြီး ကိုယ်လိုချင်တဲ့ အနေအထားတစ်ခုကို လုံးဝ မရသေးတာထက်စာရင် အတိုင်းအတာတစ်ခုလောက်တော့  ရနေခဲ့ ပြီလို့  တွေးလို့ ရလာတဲ့ အခါ ကာလရဲ့  ခြင်္သေ လည်ပြန်ဟာ....
..သြော်...ဒဏ်ရာတွေမနဲပါလားလေ......
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..