အသက်၁နှစ်သားကနေ အသက်၂၁ နှစ်သားအထိ သောကြာသားသမီးတွေ ဘာတွေဖြစ်..
------------အခုပုံမှာပြထားတာကို ကြည့် ရင် အနီးစက်သုံးစက်ဟာ အညံ့ သက်ရောက်တွေဖြစ်တဲ့  အင်္ဂါတွေ ဟူးတွေ စနေတွေ ဆိုတဲ့  ၃ နှစ်တာ ကို ပြထားတာပါ...သောကြာတွေ ဗလုံးရှုတ်ထွေးတွေ အဖြစ်များတဲ့  နှစ်တွေပေါ့ ....
မွေးစကနေ အသက် ၂၁ နှစ်အထိက ပင်မဂြိုလ်အိပ်ကြီး သောကြာဂြိုလ်ထဲမှာပါ...အဲ့  ၂၁ နှစ်ထဲမှာမှ မဆိုးပါဘူး ကောင်းသားပဲဆိုတဲ့  သက်ရောက် ကြာတေး+ရာဟု+သောကြာ+တနင်္ဂနွေ+တနင်္လာ ၅ နှစ်ပါနေပြီး သတိထား မြွေဖမ်းသွားမယ်ဆိုတာက ဂါ+ဟူး+နေ ၃ နှစ်ပါနေပါတယ်...
ဒီတော့ သောကြာတွေဟာ အသက် ၁နှစ်ကနေ ၃နှစ်ကြားဟာ သောကြာ+နွေ+လာ ၃ နှစ်ဟာ ဂွတ်နေလို့  အိုကေနေတာများပြီး တော်ယုံအဖျားအနာတွေကို ပေါ့ ပေါ့ ပါးကျော်သွားနိုင်လေ့ ရှိပါတယ်...၄ နှစ်သားကနေ ၆ နှစ်သားကြားဟာ အညံ့ ၃ နှစ်ဖြစ်လို့  ဆေးခန်းနဲ့ မိတ်ဆွေ ဖွဲ့ နေရတာမျိုးတွေ ကြုံလွယ်ပြီလို့  အလွယ်သိနိုင်ပါပြီ အဲ့ နှစ်တွေမှာ ဖျားနာချော်လဲဒူးပြဲမေးစိကွဲရင်ကျပ်ပေါ့ ...ပြီးတော့  မူလတန်းအရွယ်စပြီပေါ့ ..
အသက် ၇ နှစ်ဟာ ကြာသာပတေးသက်ရောက်စတင်ခဲ့ ရာဖြစ်ပြီးသက်ရောက်ကောင်းသဘောမို့  အိုကေပေါ့ ...အသက်၁၁ နှစ်တနင်္လာအထိ အလယ်တန်းကျေင်းသားဘ၀တွေကို
ခပ်ပျော်ပျော်ဖြတ်ရပါပြီ..အဆော့ မက်ကာလတွေဖြစ်ပြီးကာပူတိုက်ရင်တောင် စာမေးပွဲကြီးမှာ အောင်လွယ်ပါတယ်ပေါ့ ...
အသက် ၁၂၊၁၃၊၁၄ ဟာ အလယ်တန်းကုန်စ အထက်တန်းဝင်စ ဖြစ်ချိန် သက်ရောက်က အညံ့ ဖြစ်လို့  စာပျင်းအပျော်ကဲ ဂျလေဘီစရိုက်ကျောင်းစပြေးချင်စိတ်တွေ ၀င်လာပါပြီ အိမ်နဲ့ လည်း စရစ်လာပါပြီး အဖျားအနာတွေလည်းမကြာခဏကြုံရပါပြီ အဆော့ မက်လွန်းသေးရင် စာမေးပွဲကျတတ်ပါတယ် ..ဘိတ်ချီးကနေအောင်တတ်ပါတယ်...
၁၅ နှစ်နဲ့ ၁၆ နှစ်ဟာ ကြာသာပတေးနဲ့ ရာဟုသက်ရောက်ဖြစ်လို့  စန်းတွေပွင့် အပျော်တွေများ ရီးးစားတွေစများလာတတ် ဖွန်ကြောင် ပဲထုကာလတွေမို့  အကဲလွန်ရင် ၁၀တန်းကျပါတယ်လို့ ဆိုတာ မဆန်းပေါ့ ..ကြိုးစားရင် ခပ်မြင့် မြင့် ကတောင်အောင်ပါတယ်ပေါ့ ...ဒီတော့  သောကြာတွေ ၁၀တန်းကျရင် ဂြိုလ်ကိုလွယ်လွယ်နဲ့ အပြစ်မတင်ပါနဲ့ ကိုယ့် ဟာကိုယ် အပျော်လွန်ပြီး ဖုံးကနဲကျတာဖြစ်ဖို့ များတယ်လို့ ဆိုတာပါ...
ပျော်နေရင်ကနေ စွတ်တင်လိုက်လို့ အောင်သွားပြီး တက္ကသိုလ်ရဲ့  နှစ်ဦးပိုင်းကာလတွေဟာ အသက်၁၉နှစ် တနင်္လာသက်ရောက်ဖြစ်လို့ ရီးစားများလို့ ကောင်း ကဲလို့ ကောင်း အနီးကပ်မှ ကပ်စာကျက် အောင်တွေကာလပါ...အဲ့ နှစ်တွေမှာ ဂျလေဘီဘယ်လောက်ရိုက်ရိုက် ပြဿနာတွေ အဆုံးစွန်အထိ ဖြစ်မလာတတ်သေးသလို ကွိုင်တက်ရင်တောင် ရှင်းလို့ ရပါတယ်ပေါ့ ...
အသက် ၂၀ ဆိုတာ..အင်္ဂါသက်ရောက် ၀င်ပါပြီ တက္ကသိုလ်လည်း ပြီးခါနီးပါပြီ လူလည်းလေပါပြီ ကွိုင်တွေလည်းများတတ်ပြီအသည်းလည်းကွဲတတ်ပါပြီ စိတ်လေလွင့် သွားရင်ပတ်ရမ်းတဲ့ ကာလတွေပါ...အသက် ၂၀က အင်္ဂါ သက်ရောက် က နေ ၂၂ အထိ စနေသက်ရောက်အထိ သောကြာတွေဟာ အတော်ကြီးကို ဘရုတ်သုတ်ခနိုင်သလို တစ်ချို့ ဆို လေပြီး အိမ်ထောင်တွေကျ ခိုးရာတွေလိုက်တောင်ဖြစ်ကုန်တတ်ပါတယ်..
.တော နဲ့  ဆင်ခြေဖုံးတွေမှာတော့  အသက် ၁၆ နှစ်ရာဟု သက်ရောက်ကနေ အသက် ၁၈ နှစ် တနင်္ဂနွေသက်ရောက်အထိ ရီးစားနဲ့  လွန်ကျွံသွားတာ ယူလိုက်ရတာ.ဘဲများ စော်များရာကနေ ငပွေးတို့ ဘဲလူးမတို့  ဆိုပြီး အမည်တပ်ခံရတဲ့ အထိ ဖြစ်တတ်ပါတယ်...
အသက် ၂၂ နှစ်ဆိုတာဟာ သက်ရောက် အရသာ စနေသက်ရောက် ထဲ ကျန်နေခဲ့ သေးပေမယ့်  ဂြီုလ်အိပ်က တနင်္ဂနွေ ဂြိုလ် ၆ နှစ်ထဲ ၀င်ထိုင်သွားလို့  သောကြာတွေဟာ ကျောင်းပြီးစမှာတင် အလုပ်တွေပေါ်လာတတ်သလို့  တစ်ချို့  အိမ်ထောင်ကျတတ်ပြန်ပါတယ်...တနင်္ဂနွေဂြိုလ်အိပ် ကြီး ၆ျနှစ်ရဲ့ အားကနေ တွန်းပို့ လိုက်တာပါပဲ...
အသက် ၂၂ ကနေ အသက် ၂၇ အထိဟာ တနင်္ဂနွေဂြိုလ်အိပ်ကြီးဖြစ်နေတာရယ်..အသက် ၂၃ နှစ်ကြာသာပတေးသက်ရောက်ကနေ အသက် ၂၇ တနင်္လာသက်ရောက်အထိဟာ
ဂြိုလ်အိပ်ကောင်း သက်ရောက်ကောင်းတွေဖြစ်လို့  အတော်လေးကောင်းတဲ့  အလုပ်တွေ ရတာမျိုး လွတ်လွတ်လပ်လပ် အဖြစ်ဆုံးနှစ်တွေပါ...တစ်ချို့  ကောင်းမွန်တဲ့ အိမ်ထောင်တွေကျလွယ်ပါတယ် မပွေးပဲ တကယ်ယူရင်ကောင်းတယ်ပေါ့ လေ...
ဒါဟာ သောကြာတွေရဲ့  ငယ်ဘ၀ ပုံကြမ်းပါ....ရေရှည်အခြေခိုင်တဲ့ အလုပ်မျိုးတွေကို သောကြာတွေဟာ အသက် ၂၃ကနေ ၂၇ကြားမှာ ထူထောင်လို့ ရပါတယ်ဆိုတာ ဒီပုံကြမ်းကိုချိန်တာမျိုးပါပဲ....သဘောက ဂြိုလ်အိပ်နဲ့  သက်ရောက်ကို ဒီလို ခွချက်ကြည့် လိုက် မူလမဟာဘုတ်ဖက်ကြည့် လိုက်နဲ့  ချက်ကင်ဝင်တဲ့ သဘောပါ...
အဲ ပုံကြမ်းဆိုမှ ပုံကြမ်းပေါ့ နော်...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..