'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, February 6, 2015
မျိုးဆက်လိပ်..ပုံပျက်..
အဲ ဒါနဲ့  လဒ ၂ ကောင် အဲ သူ့ ဘော်ဒါကြီးတွေဖြစ်တဲ့  ဟင်္သာ ၂ ကောင် က သူတို့ ပါးစပ် ဘယ်ညာမှာ ကိုက်ချီထားတဲ့  တုတ်တန်းလေးအလယ်မှာ ပါးစပ်နဲ့ ကိုက်ပြီး ခို လိုက်သွားဖို့  ဖိုးရွှေလိပ်ဟာ ပြင်ဆင်ပါတော့ သတဲ့ ...
ဒီတစ်ခါတော့  သူ့ ဘိုးအေးလိပ်ဖိုးဖိုး လက်ထက်ကလို လမ်းမှာ တွေ့ ရမယ့်  လူတွေရဲ့  မြေပြင်ကနေ မကောမက အော်ပြော ဝေဖန်တာကို မြင်နေကြားနေလိုက်ရလို့ မခံချင်စိတ်နဲ့  ပြန်ပြောဖို့ ပါးစပ်ဟလိုက်ချိန်မှာ တုတ်တန်းကို ငုံခဲထားတဲ နှုတ်က ပွင့် ပြီး မြေပေါ်ပြုတ်ကျ ဂန် သွားတာမျိုးမဖြစ်ရအောင်ဆိုပြီး......
.ပြင်ပက အသံတွေ မကြားအောင် အိုင်ဖုံး ဆစ် လမ်းဖုံး ရွှေရောင်လေးမှာ ပါလာတဲ့ နားကြပ်ပုံစံတူ အင်နားကြပ်လေးကိုတပ် အော့ ကြောလန် ဒီဂျေ အကျယ်ကြီးဖွင့် ၊ သင်္ကြန်မှာ ပဲထုပြီး ကဲဖို့  အတွက် လမ်းဘေးက ၀ယ်ထားတဲ့  အပြင်ကို မမြင်ရတော့ သလောက် မှောင်မဲနေတဲ့  ယူနန်ဖြစ် ပလတ်စတစ် ရေသဘင် မျက်မှန်အနက်ကြီးကို စတိုင်နဲ့ တပ်ပြီး ဘော်ဒါကြီးတွေဖြစ်တဲ့  ဖိုးဟင်္သာတို့  ၂ ကောင် ကိုက်ချီသွားမယ့်  တုတ်တန်း အလယ်မှာ ပါးစပ်နဲ့ ငုံပြီး မီးပုံပျံ ဦးဘယ်သူ ဆိုလား အဲ အဲ သူ ခိုစီးသွားသလို ကောင်းကင်ခရီးကနေ လိုက်သွားပါရောတဲ့ ....'ဒီနေရာမှာ ဒန်တီးဒန်ပေါ့ လေ...
သတို့ သမီးဖအေ....
အမျိုးထဲကပေါ့ ..အဲ့ ဖအေက သိပ်ရိုးတယ်လည်း မဟုတ်ပါဘူး..ခေတ်လူပါပဲ....အဲ့ ဒါ သူ့ သမီး အကြီးဆုံးက အမေရိကား အခြေချသမားနဲ့  အိမ်ထောင်ကျပါရောဗျာ..ဟိုကို လိုက် အတူတူ နေပြီး ထုံးစံ အတိုင်း ကျောင်းတွေ တက်ကြ ငွေတွေ စုကြပေါ့ လေ အခု ဆောင်းဦးပေါက်မှာ မှ ဒီကို ခဏပြန်လာပြီး မင်္ဂလာဧည် ခံပွဲ လုပ်ကြတယ်ပေါ့ လေ...ပြန်လာတော့  မိသားစုတွေပြန်ဆုံပြီး သတို့ သမီးအဖေလည်း ပျော်လို့  ရွှင်လို့  တောက်လျှောက် အကောင်း... ဧည့် ခံပွဲနေ့ ဟိုသတို့ သား နဲ့ သတို့ သမီးနဲ့  တွဲထွက်လာကတည်းက အဲ့ ဖအေ နောက်ကနေ မျက်စိ မျက်နှာပျက်နေပုံများ သမီး မွေးထုတ်ထားတဲ့ မအေထက် ဆိုးနေပါရောဗျာ..အမှတ်တမဲ့ ဆို သဘော မတူပဲပေးစားရတာများလားထင်ရတယ်၊ ..အဲ စတိတ်စင်ပေါ်က.. သြဘာစာတွေဘာတွေ ဖတ်လို့  ပန်းကုံးတွေ လက်ထပ် လက်စွပ်တွေ ဘာညာ သာရကာတွေ လည်း လုပ်ပြီးလို့  နေရာအသီးသီးလည်း ယူပြီးရော ငြိမ်နေတဲ့  ခန်းမထဲ ရှိုက်သံကြီးက အကျယ်ကြီး ထွက်လာတော့ တာကိုးးး.
'' အရက်ကိစ္စ ''
ပြန်စဉ်းစားရင် ရယ်စရာတော့ ကောင်းသား..ဆယ်တန်းလောက်အထိက အရက် စစ်စစ် မသောက်ဖူးသေးဘူး အဲ .မသောက်ရဲသေးဘူးက ပိုမှန်မယ်..ရမ် အနံ့ က ဖုံးမရဘူးလေ..ပြီးတော့ လည်း အဲ့ တုန်းက ခေတ်စားတာက ဘောလုံးလို့ ခေါ်ခဲ့ ကြတဲ့  ဒဗလျူမြိုတာရယ် ကော်မက်သာဇင်ဆိုတဲ့  ကွန်မော့ တာ နဲ့  မန်ကျီးဖျော်ရည်ကို တဆေးဖေါက်ထားပြီး ဒိုင်လျိုလေးရောင်တဲ့  စိမ်ရည်တွေပဲ ရှိသေးတော့  ဒါတွေသာ လက်တည့် စမ်းခဲ့ ရတာ...ဆေးလိုင်းနဲ့  စိမ်ရည်လိုင်းက မတူဘူး..ဒဗလျူဆိုတဲ့ ဘောလုံးက စိတ်ကြွဆေးပဲ သူက ထုံပြီး မြောက်နေတာ ရန်ဖြစ်လို့ ကောင်းတယ်..လူတကိုယ်လုံးထုံနေလို့  ရင်ဘတ်တွေ ခေါင်းတွေ ပုခုံးတွေ ကိုလက်သီးပြင်းပြင်းနဲ့ ထိုးရင်တောင် မနာဘူး..ဒီဆေးက ရှေ့ တန်းသုံးလို့ ဆိုတာပါပဲ.စစ်ဆေးရုံကနေ ထွက်လာတာတဲ့  မိုင်းထိတဲ့ ခြေတွေလက်တွေ အရေးပေါ်ဖြတ်တောက်ရတဲ့ အခါ ဒီဆေးကြောင့်  ထုံနေလို့  နာကျင်တဲ့ ဝေဒနာ မခံစားရပဲ အစိမ်းသားကြီးတွေ လွှနဲ့ တိုက်ဖြတ်တော့ သုံးတာတဲ့  ကျနော်တို့ လက်ထဲရောက်တော့ မူးယစ်ဆေးဖြစ်သွားရော...အဲ့ ဆေးတစ်ပြားက အရက် ၄ ပက်စာလောက်မူးပြီး တကိုယ်လုံး ထုံနေတတ်တယ် ကျနော်တို့ ကတော့  တစ်ခြမ်းစီ မြိုတာပါပဲ....
'' တစ်ခုခုကိုယုံလိုက်ပါ..''
ကျနော်ကပြောပါတယ်..လူ့ သဘာဝက တစ်ခါတစ်ခါ အားငယ်တတ်တယ် အဲ့ တော့  တစ်ခုခု ယုံကြည်စရာလေးရှိမှ အားတွေတက်ပြီး နေသာထိုင်သာရှိတာ...တစ်ခုခုကိုမှ မယုံရရင် မနေနိုင်ဘူး ယုံကြည်နိုင်စရာတွေ တစ်ခုမှမရှိတော့ ဘူးဆိုရင် မတည်ငြိမ်တော့ သလိုလို အားကိုးရာမဲ့ သွားသလိုလိုကြီးနဲ့  ခံစားလာရတယ်..တစ်ချို့ များ ဘယ်သူ့ ကိုမှ ယုံနိုင်စရာမရှိ ကိုယ့် အနာဂတ်ကိုလည်း ပိုကောင်းလာလိမ့် မယ် ဒါမှမဟုတ် အခု သောကတွေကနေ လွတ်မြောက်မယ်လို့  ယုံနိုင်စရာမရှိတော့ လို့ ငါ့ ဘ၀တော့ မြွေကိုက်သွားပါပီ စေလာပဲ ကောင်းပါလယ်လေ ဆိုပြီး ဘာညာတောင် လုပ်သွား သေးမှုတ်လား...
အဲ့ ဒါကြောင့်  ယုံကြည်လောက်စရာလေးတွေ လိုက်ရှာရင်းက ယုံကြည်လောက်စရာတွေ ပေါ်လာပေးရတော့ တာမျိုးပဲ...တစ်ချို့ ကတော့  မွေးကတည်းကအယုံခိုင်းလိုက်တာတွေကို ယုံပြီး အားငယ်လာရင် အဲ့ ဒီ့ ဟာနဲ့ ဆွဲတင်တယ်။ တစ်ချို့ ကတော့  မွေးကတည်းက အယုံခိုင်းလိုက်တာတွေကို ဆက်မယုံတော့ ပဲ ကိုယ့် ဟာကိုယ် ယုံကြည့် မှု့ အသစ်တွေ လိုက်ရှာတယ်လေ. ဘယ်လောက်အထိကို တစ်ခုခုကို ယုံချင်နေသလဲဆိုရင် ဘယ်ဝါဒ ဘယ်စနစ်တွေမှ မယုံဘူး ငါ့ ကိုယ်ငါပဲ ငါယုံတယ် တို့  ဘာဘာ ဘာမှ ယုံနိုင်စရာမရှိပါဆိုတာကိုပဲ ဒါဟာ ငါ့ ယုံကြည်ချက်ပဲလို့ တောင် ပြောလာတဲ့ လူတွေတောင် ရှိလာတာကြည့် လေ...ဆိုတော့ ...အဲ့ ဒါ စကားကပ်ပြောတာတဲ့ .။
အဲ့ ဒါကြောင့်  ယုံကြည်လောက်စရာလေးတွေ လိုက်ရှာရင်းက ယုံကြည်လောက်စရာတွေ ပေါ်လာပေးရတော့ တာမျိုးပဲ...တစ်ချို့ ကတော့  မွေးကတည်းကအယုံခိုင်းလိုက်တာတွေကို ယုံပြီး အားငယ်လာရင် အဲ့ ဒီ့ ဟာနဲ့ ဆွဲတင်တယ်။ တစ်ချို့ ကတော့  မွေးကတည်းက အယုံခိုင်းလိုက်တာတွေကို ဆက်မယုံတော့ ပဲ ကိုယ့် ဟာကိုယ် ယုံကြည့် မှု့ အသစ်တွေ လိုက်ရှာတယ်လေ. ဘယ်လောက်အထိကို တစ်ခုခုကို ယုံချင်နေသလဲဆိုရင် ဘယ်ဝါဒ ဘယ်စနစ်တွေမှ မယုံဘူး ငါ့ ကိုယ်ငါပဲ ငါယုံတယ် တို့  ဘာဘာ ဘာမှ ယုံနိုင်စရာမရှိပါဆိုတာကိုပဲ ဒါဟာ ငါ့ ယုံကြည်ချက်ပဲလို့ တောင် ပြောလာတဲ့ လူတွေတောင် ရှိလာတာကြည့် လေ...ဆိုတော့ ...အဲ့ ဒါ စကားကပ်ပြောတာတဲ့ .။
မယုံကြည်ရပါကြောင်းသက်သေ...
သူများ ပစ္စည်းကိုခိုးရင် ခိုးခြင်းအတွက် အပြစ်ရှိတယ်လို့ ဆိုပါတယ် ။ ဒီ့ အတွက် သူများပစ္စည်းကို မခိုးရ ခိုးတာသေခြာရင် ခိုးခြင်းအတွက်ပြန်ပေးဆပ်ရမယ့်  အပြစ်ဒဏ် ဘယ်လောက် ဘယ်လောက် ဆိုပြီး ဥပဒေ မှာ ပြဌာန်းသတ်မှတ်ထားတာ အများစု သိပါလိမ့် မယ်...ဒါပေမယ့်  အဲ့ အများစုကပဲ ဥပဒေဆိုတာ
တကယ်တော့  ပုံပြီး ယုံမှတ်လို့  စိတ်ချ မထားကြဘူး ဆိုတာ သေခြာတဲ့  သက်သေပြချက် တစ်ခုက ညစဉ် အိပ်ယာဝင်တိုင်း အိမ်တံခါးတွေကို ပိတ် ကာ သော့ တွေခတ်ပြီးမှ အိပ်ယာဝင်တာကို ကြည့် ရင် ဥပဒေဆိုသည်မှာလည်း ပုံပြီး ယုံထားလို့ ရကောင်းဦးမယ့် အရာတွေထဲမှာ မပါဝင်နိုင်ပါသေးကြောင်း။
မျက်မှောက်ခတ် လူတွေ ပြဌာန်းတဲ့  မျက်မှောက်ခေတ် လူလုပ် ဥပဒေကိုတောင် မျက်မှောက်ခေတ်ထဲက လူတွေတစ်ချို့ ကပဲ ဖေါက်ဖျက်ပစ်လိုက် ဖို့ ဝန်မလေးကြပါဘူးဆိုရင် သေပြီးမှ ပြန်ခံရနိုင်တယ်ဆိုတဲ့  နောင်ဘ၀ကြရင် ဘာဘာ ညာညာဆိုတာတွေကို အလွယ်တကူ ဖေါက်ဖျက်ပစ်လိုက်ဖို့  ပိုပြီးဝန်မလေးကြလောက်ပါဘူးဆိုတာ..
တကယ်တော့  ပုံပြီး ယုံမှတ်လို့  စိတ်ချ မထားကြဘူး ဆိုတာ သေခြာတဲ့  သက်သေပြချက် တစ်ခုက ညစဉ် အိပ်ယာဝင်တိုင်း အိမ်တံခါးတွေကို ပိတ် ကာ သော့ တွေခတ်ပြီးမှ အိပ်ယာဝင်တာကို ကြည့် ရင် ဥပဒေဆိုသည်မှာလည်း ပုံပြီး ယုံထားလို့ ရကောင်းဦးမယ့် အရာတွေထဲမှာ မပါဝင်နိုင်ပါသေးကြောင်း။
မျက်မှောက်ခတ် လူတွေ ပြဌာန်းတဲ့  မျက်မှောက်ခေတ် လူလုပ် ဥပဒေကိုတောင် မျက်မှောက်ခေတ်ထဲက လူတွေတစ်ချို့ ကပဲ ဖေါက်ဖျက်ပစ်လိုက် ဖို့ ဝန်မလေးကြပါဘူးဆိုရင် သေပြီးမှ ပြန်ခံရနိုင်တယ်ဆိုတဲ့  နောင်ဘ၀ကြရင် ဘာဘာ ညာညာဆိုတာတွေကို အလွယ်တကူ ဖေါက်ဖျက်ပစ်လိုက်ဖို့  ပိုပြီးဝန်မလေးကြလောက်ပါဘူးဆိုတာ..
'''မကောင်းဘူးဆိုတာ ဘာမကောင်းတာလဲ'''
သယ်ချင်းတစ်ယောက်ရဲ့ အမေးက '' မဟာဘုတ် တိုင်ထိပ်မှာ ရှိတိုင်း မကောင်းဘူးဆိုတာ ဟုတ်ပါသလား မသိလို့ပါ ဥပမာ စနေအဓိပတိ '' လို့ မေးပါတယ်။ အမေးတိုသလောက် ဖြေရတာပာာ ပညာသဘောနဲ့ ဆိုရင် ကျယ်ပြန့် ပါတယ်..ဟုတ်တယ် မကောင်းဘူးလို့ အလွယ်ဖြေလိုက်ရင်တော့ ပြီးတယ်..ဒါပေမယ့်  မေးခွန်းတစ်ခုကို စစ်စစ် ပေါက်ပေါက် လိုက်မေးတတ်တဲ့ သူနဲ့ တိုးရင် လွယ်လွယ်ဖြေလိုက်မှု့ ဟာ ကိုယ့် အဖြေနဲ့ ကိုယ် အကျပ်တွေပြန်ရိုက်သွားနိုင်ပါတယ်..ဒါကို အကယ်၍ မကောင်းဘူးဆိုရင် ကျနော်သာဆိုရင် ဘယ်လိုတွေ မကောင်းတာလဲလို့ စပြီး ဆက်မေးမိတော့ မယ်လို့  တန်းစီပြီး မေးခွန်းတွေ တစ်ခုပြီး တစ်ခု ဆက်တိုက်ထုတ်ပြလိုက်တာပါ...ဝေ့ လည်ကြောင်ပတ်လုပ်တာမဟုတ်ဖူးလို့ ပါ. ဒိုင်ယာလက်တစ် ဆန်ဆန် ဆင့် ကဲ ဆင့် ကဲ မေးခွန်းထုတ်နည်းသဘောမျိုလည်းဖြစ်ပါတယ် ..ဟီးး
'' နို့ ညှပ်အိမ်..''
အဲ့ ကိစ္စက ဘယ်သူကစထွင်ခဲ့ မှန်းတော့ မသိဘူးဗျ...ကျနော်ကတော့ လောကီပညာတစ်ချို့ တို့ ဗေဒင်ယတြာတို့  သဘောက ယုံချင်ယုံမယုံချင်နေ သဘောပဲလို့ သတ်မှတ်ထားတယ်၊ ကိုယ့် အတွက် မယုံပေမယ့်  သူများက ယုံချင်ယုံနေတတ်တာ...အဲ့ တော့ လာတုန်းလေး စိတ်ချမ်းသာဖို့  ယုတ္တိရှိရှိလေးတော့ ပြောပြီးတတ် ယတြာပေးတတ်တယ်...
တစ်အိမ်လုံးစာတွက်တာ လူကြီးတွေချည်း၅ယောက် နဲ့ လူငယ်တွေ အငယ်ဆုံးဆရာမ တောင် အသက် ၄၂ တဲ့ ။ တစ်အိမ်လုံးဘိုးဘွားရိပ်သာနဲ့ နလံထစခန်းတွဲထားသလိုပဲ..။ အဲ့ မှာ ဆရာမက အားလုံးပြီးမှ သူ့ အိမ်က နို့ ညှပ် လိုဖြစ်နေတာကြောင့် များလားလို့ ပြောလာတယ်...အဲ့ တော့  ကျနော်က ပြန်မေးရတယ် အခုအိမ်မှာနေတာ ဘယ်လောက်ကြာပြီလဲဆိုတော့  ၃ နှစ်လောက်ရှိပြီတဲ့ 
(မြောက်ဒဂုံမှာ)..ပြောင်းလာကာစက နို့ မညှပ်သေးဘူးတဲ့ ၊ နောက်တော့  ခေါင်းရင်အိမ်က လူတွေက ကျမတို့ ခြေရင်းအိမ်ကိုဝယ်လိုက်လို့ နို့ ညှပ်လိုဖြစ်သွားတာ ပြီးတော့ အိမ်တွေမြှင့် ဆောက်လိုက်တော့ ကျမတို့ အိမ်ကပုကျန်ခဲ့ တယ်တဲ့ ဗျာ...
'' ကောင်းခြင်း မကောင်းခြင်းနဲ့ ဗေဒင် ''
ဆရာမဟာဘုတ်တိုင်ထိပ်မှာရှိတိုင်းမကောင်းဘူးဆိုတာဟုတ်ပါသလား မသိလို့ပါ ဥပမာ စနေအဓိပတိ
Na Win Thi Ha အဲ့ မကောင်းဘူးဆိုတာ ဘာမကောင်းတာလဲမှ မသိတာ..နောက်တစ်ခါ တစ်ခုခု မကောင်းဘူးလို့  သိပြီဆိုပါတော့ ဘယ်လောက် အတိုင်းအတာအထိ မကောင်းတာလဲ နဲနဲလား များများလား မွေးကတည်းကလား ကြီးမှလား မသေမချင်းမကောင်းတာလား ဆိုပြီး ထပ်မေးစရာထပ်ရှိလာမယ်၊ နောက်တစ်ခါ ဘာလုပ်မိလို့ မကောင်းဘူးလို့ ပြောတာလဲ သူ့ အလိုလိုမကောင်းတာလား ထပ်မေးရဦးမယ်...နောက်တစ်ခါ မကောင်းဘူးဆိုရင် ကောင်းအောင် လုပ်လို့ မရတော့ ဘူး လို့ ထပ်မေးစရာပေါ်လာဦးမယ်...နောက်တစ်ခါ ဆိုပါတော့  အဲ့ နှစ်ထဲမှာ စနေ အဓိပတိဖွားတွေ ကမ္ဘာတဟ်ခွင်မှာ ထောင်နဲ့ ချီမွေးလာတာ ဘယ်နှစ်ယောက်က မကောင်းဘူးလဲပေါ့ ..ကောင်းတဲ့ လူရောမရှိတော့ ဘူးလားပေါ့  .ပြီးတော့  စနေ အဓိပတိဖွားမှာ မိန်းမလည်းရှိမယ် ယောက်ျားလဲရှိမယ် ဒီတော့  ဘယ်သူက ပိုမကောင်းဘူးလဲလို့ ထပ်မေးစရာရှိလာမယ်...အဲဒါ အဟောတစ်ခုကို ကျနော် စ စဉ်းစားတဲ့ ပုံပါပဲဗျာ
---------------------------------------
အိုင်ဒီယာ
လက်ဆောင်ရတာ..လေးတယ် ပလာစတာမိုလောင်းလေး မိတ်အင်ဘယ်ကမှန်းမသိဘူး ခုမှမြင်ဘူးတယ် မိုက်တယ် သံလိုက်နဲ့  ရေခဲသေတ္တာတံခါးမှာ ကလေးအရုပ်လေးတွေ သံလိုက်နဲ့ ကပ်တာမျိုးလေး..
ရှေ့ ဖက်က...
ကျောဖက်ကသံလိုက်
'' မြည်းတစ်ကောင်နဲ့ သားအဖ နှစ်ယောက် ပုံပျက်...'''
အဲ့ ဒါနဲ့  ခရီးထွက်လာလိုက်ကြတဲ့  မြည်းတစ်ကောင်နဲ့ သားအဖ ၂ယောက်ဟာ ဖွရွာထိပ်ကြီးအနားကို
အရောက်မှာ..တစ်စုံ တစ်ရာကို သတိရလိုက်တာနဲ့ တုန့် ကနဲ ရွာထိပ်မှာရပ် သားအဖ နှစ်ယောက် ကျိတ်ကျိတ် ကျိတ်ကျိတ်နဲ့ ခေါင်းချင်းဆိုင် တိုင်ပင်နေကြသတဲ့ ။
အတန်ကြာတွေဝေနေကြသေးရာက နောက်တော့ ယတိပြတ် ဆုံးဖြတ်ချက် ချလိုက်ကြပြီး အရင်က ပြဿနာဖြစ်ခဲ့ ဖူးတယ်လို့ ကြားဖူးခဲ့ တဲ့ ရွာလယ်လမ်းမကနေ ရွာကို ဖြတ်မသွားတော့ ပဲ ရွာရှောင်လမ်းကနေ ကွေ့ ပတ်ပြီး ခရီးဆက်ကြပါရောတဲ့ ...
အဲ့ ဒီမှာ..သနားစရာ့ သားအဖ နှစ်ယောက်ခမျာ ရွာအပြင် တောစပ်မှာ ပုန်းပြီးစောင့် နေတဲ့  ခိုးသားဓားပြတွေ လက်ချက်နဲ့  ပါလာသမျှလေးတွေလည်း လန်ကွပ်တီးလေးပါ မကျန် ဓားပြတိုက်လို့ ကုန်တဲ့ အပြင် မြည်းလေးကိုပါ ဂျော်နီလမ်းလျှောက်နဲ့ အမြည်းလုပ်ဖို့  ဖမ်းပြီး ယူသွားပါရောတဲ့ ခမျာ......
ဒီလိုပေါ့ လေ..ပြဿနာဆိုတာ ပုံစံအဟောင်းတွေအတိုင်း လာမယ်လို့ ဘယ်ပုံသေပြောလို့ ရမလဲနော့် .
Subscribe to:
Posts (Atom)