ကျနော်ကပြောပါတယ်..လူ့ သဘာဝက တစ်ခါတစ်ခါ အားငယ်တတ်တယ် အဲ့ တော့  တစ်ခုခု ယုံကြည်စရာလေးရှိမှ အားတွေတက်ပြီး နေသာထိုင်သာရှိတာ...တစ်ခုခုကိုမှ မယုံရရင် မနေနိုင်ဘူး ယုံကြည်နိုင်စရာတွေ တစ်ခုမှမရှိတော့ ဘူးဆိုရင် မတည်ငြိမ်တော့ သလိုလို အားကိုးရာမဲ့ သွားသလိုလိုကြီးနဲ့  ခံစားလာရတယ်..တစ်ချို့ များ ဘယ်သူ့ ကိုမှ ယုံနိုင်စရာမရှိ ကိုယ့် အနာဂတ်ကိုလည်း ပိုကောင်းလာလိမ့် မယ် ဒါမှမဟုတ် အခု သောကတွေကနေ လွတ်မြောက်မယ်လို့  ယုံနိုင်စရာမရှိတော့ လို့ ငါ့ ဘ၀တော့ မြွေကိုက်သွားပါပီ စေလာပဲ ကောင်းပါလယ်လေ ဆိုပြီး ဘာညာတောင် လုပ်သွား သေးမှုတ်လား...
အဲ့ ဒါကြောင့်  ယုံကြည်လောက်စရာလေးတွေ လိုက်ရှာရင်းက ယုံကြည်လောက်စရာတွေ ပေါ်လာပေးရတော့ တာမျိုးပဲ...တစ်ချို့ ကတော့  မွေးကတည်းကအယုံခိုင်းလိုက်တာတွေကို ယုံပြီး အားငယ်လာရင် အဲ့ ဒီ့ ဟာနဲ့ ဆွဲတင်တယ်။ တစ်ချို့ ကတော့  မွေးကတည်းက အယုံခိုင်းလိုက်တာတွေကို ဆက်မယုံတော့ ပဲ ကိုယ့် ဟာကိုယ် ယုံကြည့် မှု့ အသစ်တွေ လိုက်ရှာတယ်လေ. ဘယ်လောက်အထိကို တစ်ခုခုကို ယုံချင်နေသလဲဆိုရင် ဘယ်ဝါဒ ဘယ်စနစ်တွေမှ မယုံဘူး ငါ့ ကိုယ်ငါပဲ ငါယုံတယ် တို့  ဘာဘာ ဘာမှ ယုံနိုင်စရာမရှိပါဆိုတာကိုပဲ ဒါဟာ ငါ့ ယုံကြည်ချက်ပဲလို့ တောင် ပြောလာတဲ့ လူတွေတောင် ရှိလာတာကြည့် လေ...ဆိုတော့ ...အဲ့ ဒါ စကားကပ်ပြောတာတဲ့ .။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..