Powered By Blogger
Friday, February 6, 2015
မျိုးဆက်လိပ်..ပုံပျက်..
အဲ ဒါနဲ့  လဒ ၂ ကောင် အဲ သူ့ ဘော်ဒါကြီးတွေဖြစ်တဲ့  ဟင်္သာ ၂ ကောင် က သူတို့ ပါးစပ် ဘယ်ညာမှာ ကိုက်ချီထားတဲ့  တုတ်တန်းလေးအလယ်မှာ ပါးစပ်နဲ့ ကိုက်ပြီး ခို လိုက်သွားဖို့  ဖိုးရွှေလိပ်ဟာ ပြင်ဆင်ပါတော့ သတဲ့ ...
ဒီတစ်ခါတော့  သူ့ ဘိုးအေးလိပ်ဖိုးဖိုး လက်ထက်ကလို လမ်းမှာ တွေ့ ရမယ့်  လူတွေရဲ့  မြေပြင်ကနေ မကောမက အော်ပြော ဝေဖန်တာကို မြင်နေကြားနေလိုက်ရလို့ မခံချင်စိတ်နဲ့  ပြန်ပြောဖို့ ပါးစပ်ဟလိုက်ချိန်မှာ တုတ်တန်းကို ငုံခဲထားတဲ  နှုတ်က ပွင့် ပြီး မြေပေါ်ပြုတ်ကျ ဂန် သွားတာမျိုးမဖြစ်ရအောင်ဆိုပြီး......
.ပြင်ပက အသံတွေ မကြားအောင် အိုင်ဖုံး ဆစ် လမ်းဖုံး ရွှေရောင်လေးမှာ ပါလာတဲ့ နားကြပ်ပုံစံတူ အင်နားကြပ်လေးကိုတပ် အော့ ကြောလန် ဒီဂျေ အကျယ်ကြီးဖွင့် ၊ သင်္ကြန်မှာ ပဲထုပြီး ကဲဖို့  အတွက် လမ်းဘေးက ၀ယ်ထားတဲ့  အပြင်ကို မမြင်ရတော့ သလောက် မှောင်မဲနေတဲ့  ယူနန်ဖြစ် ပလတ်စတစ် ရေသဘင် မျက်မှန်အနက်ကြီးကို စတိုင်နဲ့ တပ်ပြီး ဘော်ဒါကြီးတွေဖြစ်တဲ့  ဖိုးဟင်္သာတို့  ၂ ကောင် ကိုက်ချီသွားမယ့်  တုတ်တန်း အလယ်မှာ ပါးစပ်နဲ့ ငုံပြီး မီးပုံပျံ ဦးဘယ်သူ ဆိုလား အဲ အဲ သူ ခိုစီးသွားသလို ကောင်းကင်ခရီးကနေ လိုက်သွားပါရောတဲ့ ....'ဒီနေရာမှာ ဒန်တီးဒန်ပေါ့ လေ...
ဂျူနီယာဖိုးရွှေလိပ်တောင် မျိုးဆက်လိပ်အဖြစ် မွေးလာခဲ့ မှတော့ မြေပြင်ကနေ မကောမက လိုက်လိုက်ဝေဖန်တတ်တါံ မျိုးဆက်ကလည်းရှိလာတာပါပဲလေနော့် 
ဒါပေသိပေါ့ လေ..ဖိုးရွှေလိပ်က မြေပြင်က မကော်မက ပြောသံ တွေဘာတွေ မကြားရ မမြင်ရလို့  ဘာ မခံချင်စိတ်မှ ဖြစ်မလာပေမယ့် တဲ့  မြင်ကြားနေရတဲ့  ဖိုးရွှေလိပ်ကလေးရဲ့  ဘော်ဒါ ဖိုးဟင်္သာတို့ ၂ကောင်က '' ငါတို့ ထက် ဘာမဟုတ်တဲ့ လိပ်စုတ် လိပ်ပဲ့ ကိုများ အရေးတယူ လုပ်ပြောရလား '' ဆိုတဲ့ မနာလိုတိုရှည်စိတ်တွေ မခံချင်စိတ်တွေ ၀င်လာပြီး မြေကြီးက လိုက်ပြီးဝေဖန်နေတဲ့  ငတိတွေကို ပြန်ဆဲဖို့  ပါးစပ်လဲ ဟမိလိုက်ရော....ဖိုးရွှေလိပ်ကလေး ခမျာ သူ့ ပါးစပ် မဟပေမယ့်  သူ့ ဘော်ဒါတွေ ပါးစပ် ဟတဲ့ ကောင်းမှု့ ကြောင့် ...အရင်လိုပဲ မြေပြင်ပ်ါကို..၀ှီးးး....အဲ..အရင်ပုံပြင်ထဲကလိုပဲ နိဂုံးချုပ်ပြန်တယ်ပေါ့ လေ...။.
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..