Powered By Blogger

Friday, February 6, 2015

'' ကောင်းခြင်း မကောင်းခြင်းနဲ့ ဗေဒင် ''


   ဆရာမဟာဘုတ်တိုင်ထိပ်မှာရှိတိုင်းမကောင်းဘူးဆိုတာဟုတ်ပါသလား မသိလို့ပါ ဥပမာ စနေအဓိပတိ

Na Win Thi Ha အဲ့ မကောင်းဘူးဆိုတာ ဘာမကောင်းတာလဲမှ မသိတာ..နောက်တစ်ခါ တစ်ခုခု မကောင်းဘူးလို့  သိပြီဆိုပါတော့ ဘယ်လောက် အတိုင်းအတာအထိ မကောင်းတာလဲ နဲနဲလား များများလား မွေးကတည်းကလား ကြီးမှလား မသေမချင်းမကောင်းတာလား ဆိုပြီး ထပ်မေးစရာထပ်ရှိလာမယ်၊ နောက်တစ်ခါ ဘာလုပ်မိလို့ မကောင်းဘူးလို့ ပြောတာလဲ သူ့ အလိုလိုမကောင်းတာလား ထပ်မေးရဦးမယ်...နောက်တစ်ခါ မကောင်းဘူးဆိုရင် ကောင်းအောင် လုပ်လို့ မရတော့ ဘူး လို့ ထပ်မေးစရာပေါ်လာဦးမယ်...နောက်တစ်ခါ ဆိုပါတော့  အဲ့ နှစ်ထဲမှာ စနေ အဓိပတိဖွားတွေ ကမ္ဘာတဟ်ခွင်မှာ ထောင်နဲ့ ချီမွေးလာတာ ဘယ်နှစ်ယောက်က မကောင်းဘူးလဲပေါ့ ..ကောင်းတဲ့ လူရောမရှိတော့ ဘူးလားပေါ့  .ပြီးတော့  စနေ အဓိပတိဖွားမှာ မိန်းမလည်းရှိမယ် ယောက်ျားလဲရှိမယ် ဒီတော့  ဘယ်သူက ပိုမကောင်းဘူးလဲလို့ ထပ်မေးစရာရှိလာမယ်...အဲဒါ အဟောတစ်ခုကို ကျနော် စ စဉ်းစားတဲ့ ပုံပါပဲဗျာ
---------------------------------------
ဒီလိုပါ မဟာဘုတ် အပေါ်လေးအိမ် အထွန်း၊သိုက်၊ရာဇ၊အဓိပတိ၊ဖွား ဖြစ်ယုံနဲ့ ကောင်းတယ် လို့ ယူတာ မဟုတ်သေးဘူး မကောင်းတာတွေလည်း ရှိတယ်။ မဟာဘုတ် အောက်တန်း၃အိမ် ဖြစ်တဲ့ မရဏဘင်္ဂပုတိဖြစ်လို့ မကောင်းဘူး ဆိုတာလည်း မဟုတ်သေးဘူး ကောင်းတာတွေလည်းရှိတယ်လို့  ဒီဖက်ခေတ်ကဗေဒင်ဆရာတွေက ချေဖျက် ပြောလာတာကို ဆိုလိုတာ..ဓမ္မာသောက သက်မရှည်ဆိုတဲ့ ပုံသေစာချိုးကို ဒီဖက်ခေတ်ကလူတွေငြင်းတယ် မြဲတဲ့ လူတွေရှိတယ်ပေါ့ 

ကျနော့် ကိုယ်ပိုင် အမြင်ကတော့  တကယ့် စိတ်ရင်းအတိုင်းသာပြောရရင် ဗေဒင်ဟောစားလို့ တောင် ရတော့ မှာမဟုတ်ဘူးလို့ ......တစ်ချို့ အဟောတွေဟာ မေးစရာ စောဒကတက်စရာတွေ ရှိတယ်လို့ ထပ်မေးပြတာ အဲ ဒီ့  '' ကောင်းတယ်ဆိုတာဘာလဲ မကောင်းဘူးဆိုတာဘာလဲ '' '''ကောင်းတယ်ဆိုတာက ဘာကို ကောင်းတယ်ပြောတာလဲ'' ''မကောင်းဘူးဆိုတာ ဘာကို မကောင်းဘူးပြောဘာလဲ '' ဘယ်သူက ကောင်းတယ်လို့ ပြောတာလဲ ဘယ်သူက မကောင်းဘူးလို့ ပြောတာလဲ စသဖြင့် တွေ ထပ်ထပ် မေးလာရင် ဖြေရခက်လိမ့် မယ် ဒါမှမဟုတ် ရန်ဖြစ်စရာတွေ ဖြစ်လာလိမ့် မယ်လို့ ဆိုလိုတာ ။ ''ဒူးရင်းသီး'''ကို ကောင်းတယ်လို့ ကြိုက်တဲ့ သူကပြောပြီး မကြိုက်တဲ့ သူက အနံ့ ရယုံနဲ့ ပျို့ တောင်တက်လာလို့  ဒူးရင်းသီးတစ်မျိုးထဲကပဲ မကောင်းဘူးဖြစ်သွားတယ်..အဲ့ ဒီ့ ဒူးရင်းသီးတစ်လုံးထဲကပဲ လူ ၂ယောက်အမြင်မှာ ကောင်းလိုက် မကောင်းလိုက်ဖြစ်နေတယ်...ဒီတော့  မဟာဘုတ်ဥာဉ်တစ်ခုကို မကောင်းဘူး ကောင်းတယ်ဆိုတာကလည်း တစ်ယောက်နဲ့ တစ်ယောက် မတူတော့ ပြန်ဘူးလို့ ပြောတာပါ...

ပြောချင်တဲ့ ဆိုလိုရင်းက အဲ့ ဒီလို အဟောမျိုးတွေကို စာတွေလိုက်ဖတ်ပြီး လိုက်ခံစားနေလို့ အလုပ် မဖြစ်ဖူးလို့ ပြောတာ ( တကယ့် အတွေ့ အကြုံတွေစုလိုက်ရင် ဗေဒင်က ဘာပြောပြော လူက ကိုယ့် မွေးရာပါ စိတ်စတိုင်ကို မပြင်သလောက်ပါပဲ..ဗေဒင်ဆရာရဲ့ ဗေဒင်ပညာကြောင့် ထက် ကိုယ့် ဟာကိုယ်သာ ကိုယ့် အတွက်သိပ်မကောင်းဘူးလို့ ထင်ရတဲ့  ကိစ္စလေးတွေ သတိကပ်ပြီးထိမ်းတာလောက်ပဲတွေ့ ပါတယ်..အဲ့ ဒီမကောင်းဘူးထင်လို့ ပြင်ကြည့် တယ်ဆိုတာကိုယ့် ဘ၀ထိခိုက်နိုင်တယ်ထင်မိလို့ ပြင်ကြည့် တာ ထမင်းမငတ်လောက်သေးရင် အများစုက စိတ်ရင်းအတိုင်းပဲ ဆော်စရာရှိဆော်ထည့် လိုက်တာပါပဲဗျာ...)

ချုပ်လိုက်ရင်ဗျာ.ဗေဒင်အကြောင်း စိတ်ဝင်စားရင် ကိုယ့် ဘ၀ခရီးအတွက် အဓိက ကိုင်ထားလိုက်သင့် တာက ''' ကိုယ့် အသက်က ဘယ်ဂြိုလ်ထဲ(ဘယ်သက်ရောက်ထဲ ) ရောက်နေသလဲ '''သိထားရင်ရပြီ .ကြိုက်တာလုပ် ကိုယ်ရောက်နေတဲ့ သက်ရောက်အခြေ အနေကြည့် လုပ် တစ်ခုခုကောင်းကျိုး ဆိုးကျိုးက ကိုယ်မှန်ကိုရင်စံ ကိုယ်မဟန် ကွကိုယ်ခံရမှာ လို့ ချုပ်တာ..ဒါတောင် ကံသတ္တိက ကျန်နေသေးလို့ တစ်ချို့ တွေများ မွေးရာကနေ သေတဲ့ အထိ ဘောစိဘ၀ နဲ့ အကြိုက်ဆိုး သွားတာတောင်တွေ့ ခဲ့ ရသေးတယ် (ကိုယ်ကသာဆိုးတယ်လို့ မြင်တာပါ.သူကတော့  သူ့ ဟာသူ သူလုပ်တာ အမှန်ချည်းပဲထင်တာပါပဲ) တစ်ချို့ ဆို အဇာတသတ်လို အဖသတ်သားလို့ အမည်တွင်ပေမယ့် သေတဲ့ အထိ ရှင်ဘုရင်လုပ်သွားတဲ့ တစ်ဘ၀စံတွေလည်းရှိသေးလို့ ဗေဒင်တွေ လောကီပညာတွေဟာ ကံသတ္တိရဲ့  အောက်မှာပဲ အကန့် အသတ်နဲ့ နေရတာပါလို့ ...ဟူးးးးး..ငိငိ....။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..