အမျိုးထဲကပေါ့ ..အဲ့ ဖအေက သိပ်ရိုးတယ်လည်း မဟုတ်ပါဘူး..ခေတ်လူပါပဲ....အဲ့ ဒါ သူ့ သမီး အကြီးဆုံးက အမေရိကား အခြေချသမားနဲ့  အိမ်ထောင်ကျပါရောဗျာ..ဟိုကို လိုက် အတူတူ နေပြီး ထုံးစံ အတိုင်း ကျောင်းတွေ တက်ကြ ငွေတွေ စုကြပေါ့ လေ အခု ဆောင်းဦးပေါက်မှာ မှ ဒီကို ခဏပြန်လာပြီး မင်္ဂလာဧည် ခံပွဲ လုပ်ကြတယ်ပေါ့ လေ...ပြန်လာတော့  မိသားစုတွေပြန်ဆုံပြီး သတို့ သမီးအဖေလည်း ပျော်လို့  ရွှင်လို့  တောက်လျှောက် အကောင်း... ဧည့် ခံပွဲနေ့ ဟိုသတို့ သား နဲ့ သတို့ သမီးနဲ့  တွဲထွက်လာကတည်းက အဲ့ ဖအေ နောက်ကနေ မျက်စိ မျက်နှာပျက်နေပုံများ သမီး မွေးထုတ်ထားတဲ့ မအေထက် ဆိုးနေပါရောဗျာ..အမှတ်တမဲ့ ဆို သဘော မတူပဲပေးစားရတာများလားထင်ရတယ်၊ ..အဲ စတိတ်စင်ပေါ်က.. သြဘာစာတွေဘာတွေ ဖတ်လို့  ပန်းကုံးတွေ လက်ထပ် လက်စွပ်တွေ ဘာညာ သာရကာတွေ လည်း လုပ်ပြီးလို့  နေရာအသီးသီးလည်း ယူပြီးရော ငြိမ်နေတဲ့  ခန်းမထဲ ရှိုက်သံကြီးက အကျယ်ကြီး ထွက်လာတော့ တာကိုးးး.
...လား လား..ကြည့် လိုက်တော့  သမီးရှင် အဖေရယ်လေ....ရှိုက်ကြီးတငင် ငိုနေချက်များ.ကလေး တစ်ယောက်လိုပါလားဗျား.....မိန်းမက ကြိတ်ကြိတ် ကြိတ်ကြိတ်နဲ့ တားယူရင်းက သူပါရော နှပ်ချေုး ထွက်လာရောဗျာ... မအေ ဖအေ နှပ်ချေး ထွက်တော့  စင်ပေါ်က သတို့ သမီးလည်း ဘာသား နဲ့ ထုထားတာ မှတ်လို့  မျက်ရည်က ဝေါကနဲပေါ့ ....သောက်ကျိုးနဲ သတို့ သား ခမျာ ခြေမကိုင်မိ လက်မကိုင်နဲ့ အောက်ပြေးဆင်းချော့ ရမှာလား သတို့ သမီးမျက်ရည်သုတ်ပေးရမလားနဲ့  ဗျာတွေများလို့ ..ယောက္ခမကြီးတွေ ကို ခမြည်းခမက် စုံတွဲက ၀င် ချော့ ...အဟား...သတို့ သမီးဖက်က အမျိုးတွေကပါ သူတို့ မိသားစု သရုပ်ပျက်နေပုံတွေကိုကြည့် ပြီး ရောပြီး နှပ်ချေးတွေထွက် မျက်ရည်တွေကျနဲ့ ...မင်္ဂလာဆောင်ဆိုတာ ကုလားကား ရိုက်နေသလာအောင့် မေ့ ရတယ်....တော်သေးတယ် သြဘာစာဖတ်တဲ့  ဘိသိတ်ဆြာက ဘာညာ ဘာညာတွေပြောလိုက်တဲ့ အသံကြီးကထွက်လာပြီး ပိတ်သတ် ကြီးလည်း လှုပ်လှုပ်ရှားရှးတွေ ဖြစ်လာလို့  သတို့ သမီး အဖေလည်း သူ့ ဟာသူ ဘရိပ်ပြန်အုပ်သွားလို့ ပေါ့ ...
စားကြသောက်ကြ စကားပြောကြနှုတ်ဆက်ကြလို့  .ပြီးလည်းပြီးရော စောစောက သူမဟုတ်တဲ့ အတိုင်းပဲ ဖြဲစပ်စပ်တွေ ဟိုဝိုင်းကူး ဒီဝိုင်းကူး.တ၀ါးဝါး တဟားဟား နဲ့  လျှောက်လုပ်နေတော့ တာ.....ရှက်ရှက်နဲ့ ပေါ့ လေ...
ဦးလေး တော်ပေမယ့်  အသက်တွေက အရမ်းကြီးမကွာလို့  ပွဲပြီးလို့  စမြုံ့ ဝိုင်းပြန်ရင်းက မေးကြည့် ရတယ် '''' ဘယ်နှာဖြစ်တာတုန်း မကြီးမငယ် နဲ့  မင်္ဂလာဆောင်မှာ ဧယဉ်များ ထကျူးတော့ မလားလို့ ..ငိုကြီးချက်မနဲ့ ''' ဆိုတော့ ...သတို့ သမီးအဖေက '''' ငါလဲ ထိမ်းထားတာပဲ ဘယ်နှယ့် ဖြစ်သွားမှန်း မသိဘူး...အစက ငါ့ သမီး..ကျောင်းသွားတက် နေသလိုလိုဘာလိုလိုချည်း...စိတ်ထဲမှတ်နေတာ...အခုမှ တကယ်အပြီး ပေးလိုက်ရတော့ မယ်လို့  တွေးမိလိုက်မိတာ ထိမ်းမရတော့ ဘူးဟ.''''...တဲ့ ..
..သြော်...ဖြစ်မှဖြစ်ရလေ သမီးရှင်ဖအေ.....သူ့ ပစ္စည်းကြတော့ လေ....ဟီးးး..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..