'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, February 6, 2015
'''မကောင်းဘူးဆိုတာ ဘာမကောင်းတာလဲ'''
သယ်ချင်းတစ်ယောက်ရဲ့ အမေးက '' မဟာဘုတ် တိုင်ထိပ်မှာ ရှိတိုင်း မကောင်းဘူးဆိုတာ ဟုတ်ပါသလား မသိလို့ပါ ဥပမာ စနေအဓိပတိ '' လို့ မေးပါတယ်။ အမေးတိုသလောက် ဖြေရတာပာာ ပညာသဘောနဲ့ ဆိုရင် ကျယ်ပြန့် ပါတယ်..ဟုတ်တယ် မကောင်းဘူးလို့ အလွယ်ဖြေလိုက်ရင်တော့ ပြီးတယ်..ဒါပေမယ့်  မေးခွန်းတစ်ခုကို စစ်စစ် ပေါက်ပေါက် လိုက်မေးတတ်တဲ့ သူနဲ့ တိုးရင် လွယ်လွယ်ဖြေလိုက်မှု့ ဟာ ကိုယ့် အဖြေနဲ့ ကိုယ် အကျပ်တွေပြန်ရိုက်သွားနိုင်ပါတယ်..ဒါကို အကယ်၍ မကောင်းဘူးဆိုရင် ကျနော်သာဆိုရင် ဘယ်လိုတွေ မကောင်းတာလဲလို့ စပြီး ဆက်မေးမိတော့ မယ်လို့  တန်းစီပြီး မေးခွန်းတွေ တစ်ခုပြီး တစ်ခု ဆက်တိုက်ထုတ်ပြလိုက်တာပါ...ဝေ့ လည်ကြောင်ပတ်လုပ်တာမဟုတ်ဖူးလို့ ပါ. ဒိုင်ယာလက်တစ် ဆန်ဆန် ဆင့် ကဲ ဆင့် ကဲ မေးခွန်းထုတ်နည်းသဘောမျိုလည်းဖြစ်ပါတယ် ..ဟီးး
သူများလိုင်းတော့  သိပ်မသိပါဘူး ကျနော်တို့ ရဲ့ အဖြေတော်တော်များများက ကိုယ် ကိုင်သုံးနေတဲ့  ဗေဒင်အချုပ်မဟာဘုတ်နိဒါန်းပညာ လိုင်းက အခြေခံအယူအဆတွေ အောက်ကနေသာ ပြန်ပြန်ဖြေလေ့ ရှိပါတယ် ၊ မဖြေနိုင်တာကိုလည်း မဖြေနိုင်ပါဘူးလို့ ပဲပြောပါတယ် သိသလိုလိုမလုပ်ပါဘူး.။ ပြီးတော့  ဒီဂရုလေးလုပ်ထားတာက အရင်ကပြောခဲ့ သလိုပါပဲ..အရင်သူများဆရာတွေမှာ ဟောတာတွေ ယတြာတွေတက်လာရင် ကျနော်ကအဲ့ လိုတွေ မေးစရာတွေရှိလာလို ကြာရင် တိုက်ပွဲတွေဖြစ်လာတော့မှာပဲ ဆိုပြီး ရှောင်လိုက်တာရယ်..ဗေဒင်ဆရာတွေ မဟုတ်တဲ့ သူငယ်ချင်းတွေ ဗေဒင်ဆရာတွေရဲ့ အတွင်းသဘော အစစ်တွေကို ပြန်မျှဝေတာရယ် လောကထဲက အဖြစ်မှန်တွေကို ပြန်ရေးပြချင်လို့ ဂ၇ုလုပ်လိုက်တာဖြစ်ပြီး ကြော်ငြာဖို့ မဟုတ် ဟောပြဖို့ မရည်ရွယ်ခဲ့ ဘူး သင်တန်းပေးဆရာမဟုတ်ခဲ့ ဘူးလို့ ရေးဖူးပါတယ်နော်...လူများလွန်းလာလို့ အာရုံစားလာတာနဲ့ လျို့ ဝှက်ဂရု အဖြစ်တောင်ပြောင်းလိုက်ရပါတယ်..မပြောင်းရင် အခုဆို မန်ဘာ သောင်းချီနေနိုင်ပြီး ကျနော်လည်းထွက်ပြေးချင်စိတ်တောင် ပေါက်နေလောက်မှာပါ...ဟီးးး
အခု ကျနော်တို့ လိုင်းက မဟာဘုတ်အိမ် အခြေခံအယူအဆကို စတိဖြေပြပါမယ်..၊ ဆိုပါတော့  နေ့သား ၇ ယောက်ရှိလို့  အဓိပတိအိမ်ဆိုတာ ၇ အိမ် ရှိပါမယ်။ သီအိုရီအခြေခံက ကောင်းကျော် ဆိုးကျော်အမှားလို့ ဆိုပါတယ်.။ သဘောက အဓိပတိအိမ်ဟာ အကောင်းချွန်ရင် တော်တော်ချွန်တတ်ပြီးး အဆိုးချွန်ရင်လည်း အတော်ချွန်တာပါပဲ။ ဆိုပါတော့  ၃ကြွင်းမွေးတွေရဲ့  အဓိပတိအိမ်မှာ စနေနံ ရှိပါတယ်။ စနေနံဟာ ထင်ပေါ်မှု့  လောဘ ဂုဏ်သိက္ခာတွေကို ကိုယ်စားပြုတယ်၊ ဒီတော့  အဓိပတိအိမ်မှာ စနေနံ ထိုင်လိုက်ရင် ကောင်းတဲ့ ဖက်က ထင်ပေါ်ရင် ကောင်သတင်းနဲ့ ကျော်ကြားသူ ၊ လောဘဆိုရင် တဘို့ တည်းမကြည့် သူ ၊ သိက္ခာဆိုရင် မဟုတ်တာမလုပ်သူလို့  သတင်းပျံ့ ပါတယ်၊ အဆိုးအမှားသဘောက မဟုတ်တာ လုပ်ရင်လည်း ပုပ်လို့ ပေါ်တဲ့ သဘော လောဘကြီးပြီဆိုရင် ၀ိုက်ချက်က အမျိုးတောင်မချန်ချင်တော့  ၊ သိက္ခာဆိုရင် ကျော်ကြားရင်ပြီးရော ဖေါ်ချွတ်ရိုက်ရဲပြီ..ဒီလိုသွားပါတယ်..ဒီလိုသွားရင် အမှား ဟိုလိုသွားရင် ဂွတ်တယ်လို့ လို့ ဆိုတာပါ. အရှက်လည်းရှိပါ ရဲလည်းရဲတင်းရမယ်ပေါ့  ..။
နောက်တစ်ခါ အဲ့ ဒီ့  အဓိပတိအိမ်မှာပဲ ၅ ဂဏန်း ကြာသာပတေးနံကို ထည့် ရင် ကြာသာပတေးနံရဲ့  သဘော အပျော်အပါးနဲ့  ပညာဦးစီးသဘော ထွက်လာပါတယ် ..အပျော်အပါးဖက်သွားရင် အရက်သမားဖဲသမားဖွန်ကြောင် မဟုတ်တာအကုန်လုပ်ရဲသူ ရပ်ကွက်ထဲ လူမိုက်ဗိုလ် အဖြစ်ကျော်ကြားလာမယ်ပေါ့  ပညာဦးစီးနေရင် အတွေးအခေါ်သမား ဘရိမ်းသုံးသူ ချင့် ချိန်တတ်သူ ဘာသာရေးအားကောင်းသူ လူကောင်းဆရာအဖြစ် ကောင်းသတင်းနဲ့ ကျော်ကြားလာမယ်ပေါ့  ။ ဒါပေမယ့်  မဟာဘုတ်အိမ်တွေဟာ သူ့ ချည်းသီးသန့် လှုပ်ရှားနေတာမဟုတ်ပဲ မရဏအိမ်ကနေ ကိုင်လှုပ်နေတဲ့ အင်အားတစ်ခုကြောင့်  တစ်ခြားအိမ်တွေရဲ့  ကောင်းခြင်းဆိုးခြင်းသဘောတွေဖြစ်နေတယ်လို့ ဆက်စပ်ပါသေးတယ်...
မရဏအိမ်မွေးသူ မရဏဖွား ဆိုတာနဲ့ ဘ၀တော့ သွားပါပြီ မဟုတ်ပါဘူး...ခြူခြာပျော့ညံ့ သည်းမခံနိုင်မှု့ အမှားဆိုတာ...ဥပမာ ၁ကြွင်း ရဲ့  မရဏအိမ်မှာ ၄ ဆိုတဲ့  လူမှု့ ရေး ဂဏန်းရှိပါတယ်..သဘောက လူတွေရဲ့ ဆိုးမျိုးကို တစိမှ သည်းမခံတတ်ရင်လည်း မှားတယ်၊ အကန့် အသတ်မဲ့ သည်းခံနေရင်လည်း မှားတယ် ဆိုတဲ့ သဘောပါပဲ..။ ဒီတော့  ဒီမရဏ ၄ ဂဏန်း ကို အပေါ်က အဓိပတိအိမ်က ကြာသာပတေး နံ နဲ့ သွားပေါင်းလိုက်ရင် လူ့ ဆိုးမျိုးကို သည်းမခံနိုင်လွန်းတဲ့ ၁ကြွင်းတွေဟာ သူတို့ အတွေးအခေါ်ကို ဆင်ခြင်နိုင်တဲ့ သဘောကင်းကွာသွားချိန်မှာ ရမ်းချင်တိုင်းထရမ်းတတ်လို့ ဘ၀မှာပြင်ရခက်တဲ့ အမှားတွေဖြစ်လာတတ်ပြီး လူ့ ဆိုးမျိုးကို အကန့် အသတ်နဲ့ သည်းခံတတ်တဲ့ ၁ကြွင်းကတော့  ဆင်ခြင်စိတ်နဲ့  ခွာစစ် တိုက်စစ် ခုခံစစ်တွေ သုံးတတ်တဲ့ အကြံပေးကောင်းတဲ့ သဘောဖြစ်လာပါတယ်..။အလွန်အကျွံ သည်းခံလွန်းတဲ့  ၁ကြွင်းကတော့ ကြာသာပတေး အဓိပတိကြောင့်  သူတကာရဲ့ ခိုင်းဖတ် အကြံတုံးဥာဏ်တုံးကြီးလို့ အထင်ခံရပါတယ်.ဒီသုံးချက်စလုံးဟာ မရဏအိမ်နဲ့ အဓိပတိအိမ်ချိတ်ဆက်မှု့ ကဖြစ်လာတဲ့ သဘောပါပဲဗျာ..။
၃ကြွင်းတွေရဲ့ မရဏက ၆ သောကြာနံ စကား ဆိုပါတော့ ...စကားပြောချိုရင် ချိုလိုက်တာ ဆိုပြီး အဓိပတိစနေနံက ဂုဏ်သတင်းလွှင့် ပေးပါတယ် ကတိတည်ရင်တည်တယ်လို့ နာမည်ထွက်လာသလို နှုတ်ဆိုးတော့ လည်း စကားပြောကြမ်းလိုက်တာလို့ အပြောခံရပါတယ် ကတိပေးလိုက်ဖျက်လိုက်လုပ်ရင် သူ့ စကားဆိုမယုံနဲ့ သုံးခွက်တစ်ခွက်တင်လို့ သတင်းထွက်လာတာဟာ စနေနံ ဂုဏ်သဘော အဓိပတိထိုင်ထားတဲ့ ကောင်းကျော်ဆိုးကျော်သဘောပါ..
သဘောက မဟာဘုတ်အိမ်အားလုံးဟာ အရှင်တွေချည်းဖြစ်ပြီး တစ်ချို့ က မွေးရာပါကိုက ကောင်းပြီးသား ဆိုးပြီးသားတွေ ဖြစ်နေတတ်ပြီးတစ်ချို့ က ပညာသဘောကို သိသွားလို့ (သို့ ) တရားဓမ္မကြောင့် ကျွဲကူးရေပါ ပြုပြင်ပြီးသား ပြုပြင်နေဆဲသဘောတွေကို တွေ့ နိုင်ပါတယ် တွေ့ ရပါတယ်ဗျာ...။ ဒါတောင် ကျန်တဲ့  အိမ် ၆ အိမ်နဲ့ ချိတ်ဆက်လှုပ်ခတ်နေမှု့ တွေ မွေးချိန်မဟာဘုတ်က ဖြတ်ဖြတ်ဝင်လာတဲ့  စိတ်အခြေအနေတွေရှိပါသေးတယ်...
အဲဒီလို ကျယ်ပြန့် လွန်းလို့  အဟောတစ်ခုကို အလွယ်နဲ့ မဟောတော့ ပဲ တပွဲတိုးတွေသာ ပြော သက်ရောက်ကိုသာဇောင်းပေးပြ ယတြာလေးဘာလေးပေး နဲ့  နေရတော့ တာပါပဲဗျာ..ကိုယ်တောင် မကောင်းပါဘူးဆိုတဲ့ အချက်တွေကို သိပ်ပြင်နိုင်တာမဟုတ်သေးပါဘူးဗျား...
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..