Powered By Blogger
Tuesday, July 26, 2016
ပယောဂ မဟုတ်ဖူးဆိုတာ ကိုက
သူ့ မအေနဲ့ လာတဲ့  တစ်ဦးတည်းသောသမီး ဖြစ်တဲ့  မအေလည်း ခပ်၀၀  သူလေးလည်း  ခပ်၀၀ အဲ့ ကောင်မလေး က စပြောလာတာက ခုတလော ငိုလည်း ငိုချင်နေတယ်  အလိုလို ၀မ်းနည်းပြီး  ခဏခဏလည်း
မျက်ရည်ကျတတ်နေတယ်  သတ်လည်းသေချင်စိတ်တွေ ပေါက်နေတယ်လို့  မအေ့ ရှေ့ မှာ ကိုယ်တိုင် ဆိုလာတယ် မအေက သမီးနောက်ကနေ သောက မျက်ဝန်းတွေနဲ့    ( ဂုရုတိုင်)   မွေးသက္ကရာဇ် လေးဆိုတော့  ၉၆ ၈လပိုင်းဖွား  ဗုဒ္ဓဟူးသမီး  ဗုဒ္ဓဟူးနေ့  မနက်  ၉ ခွဲ မွေး တဲ့  ၊ ရူပကာကို နဲနဲ လျှိုးလိုက်တော့  ပုံမှန် ဥပဓိရှင်လေးပဲ..စကားတွေသာလွှတ်နေတာ တကယ်လုပ်မယ့် ဟန်မရှိ ...( ဒါပေမယ့်  သုညတွေ ရဲ့  စိတ်ပိုင်းဆိုင်ရာသဘောကို လျှော့ တော့ မတွက်ပါဘူး )
( သိနေပြီ  သူ့ ကို တစ်ယောက်ယောက်က တစ်ခုခုနဲ့ များ လုပ်ထားသလား လို့ မသင်မကာ ဖြစ်လို့  လာမေးတဲ့ သဘော)
သုည ဗုဒ္ဓဟူးသမီး အဓိပတိဖွား စိတ်ဝါဒီတွေ မွေးချိန်သောရီတိုင်  သုညကြွင်းပဲဇာတိစိတ်သမားပဲ ထပ်ဖြစ်နေ  သဘောက မူလရော မွေးချိန် အရပါ  စိတ်ခံစားမှု့ အားကြီးတဲ့  နှစ်ထပ်ကွမ်း  ဗုဒ္ဓဟူး အဓိပတိဘွန်းလို ဖြစ်နေတာ မွေးလက ၈ လပိုင်းတဲ့  ဒါဆို အခု ၇ လပိုင်းဟာ မွေးလပြန်ဝင်ခါနီး တစ်လအလို အင်္ဂါ မရဏလစိတ် (  အသက်၂၀ ရာဟု ဆန်းပွင့် အပျော်သက်ရောက်ကနေ အသက် ၂၁ သောကြာလွတ်လပ်ဂြိုလ်ကို ၀င်ခါနီးကာလလေး  တစ်ဦးတည်းသော သမီးဘ၀လေးက ရုပ်ဘ၀ အဖေါ်မဲ့ အထီးကျန်သဘောကနေ  စိတ်က လွတ်လပ်ဖရီးပျံသန်းလွန်းချင်နေတဲ့  သဘော ဖီးလ်တွေက လူကိုတွေးလိုက်တိုင်းဝမ်းနေစတဲ့  သဘော.
ဘာပယောဂမှ မဟုတ်ပေဘူး
အဲ့ သဘောတရားတွေ သမီးရော  မအေပါ နားဝင်ချို အောင် နားလည်လွယ်အောင်  ဂြိုလ်ပြဿနာသက်သက်သာဖြစ်ကြောင်း နားသွင်း...ဖွင့် ဆို ရှင်းပြ မတွန့် စေရ ယတြာတွေပေး  လပိုင်းလေး  ယာယီသဘော အာရုံတွေ လွင့် ပျံ့ သဘောလေးလောက် ပါ မွေးလ ၈ လပိုင်း မွေးရင်ကျော်တာနဲ့  ပုံမှန် ဘ၀လေးထဲပြန်ရောက်သွားမှာပါပြော အားပေး ဒီဇာတာတွေက ဒီလိုပဲ တွေးယုံနဲ့ တင် မျက်ရည်က ကျတတ် တနုံ့ နုံ့ လည်း ခံစားတာ  အမှတ်အတေးလည်းကြီးတတ် စိတ်ဖိအားများစလာရင် သွေးပေါက်တောင်ကျတတ် သွေးပေါင်ကျလာရင် နှလုံးခုန်မှု့ က ပုံမမှန်တော့ တတ် ၀မ်းနည်းစရာများတွေမိရင် မျက်လုံးက မျက်ရည်တွေက သူ့ ဟာသူကျလာတတ်တဲ့  သဘောရှိတယ် ဘာမှမဟုတ်ဘူး  စိတ်ထွက်ပေါက်မရလို့ ဘာညာ ဘာညာ
မအေရော သမီးပါ ရယ်ရယ်မောမော ဖြစ်သွား  ပယောဂ မဟုတ်ဖူးဆိုတာ ကိုက စိတ်သက်သာရာရသွားပုံ
ခေတ္တရာမှာလေ....
ခေတ္တရာမှာလေ..(အပျိုး)
-------------------
ရုပ်ရှင်ထိုင်ကြည့် နေရင်းက ယူရိုပွဲ သတိရလို့ ချယ်နယ်ပြောင်းကြည့် လိုက်တော့  ပြင်သစ်ကော်ဖီက နိုင်နေတယ် ဂျာမဏီသင်တုန်းဓားတွေ ပိုးလိုး ပက်လက်ကို လန်လို့ ...အို..သနားစရာမူလာလေးရယ်......ငိငိ အဲ့ ဒါနဲ့ နိုင်တဲ့ အသင်း ကိုယ့် အသင်းလုပ်ပြီး ပြင်သစ်ဖက်က အားပေးလိုက်တာပေါ့  ဟဲဟဲ. :P
ဘောပွဲပြီးတော့ နောက်ချယ်နယ်တစ်ခု ရွှေ့ တော့ ဖိုးချစ်တို့ ဇာတ်ပွဲအကြောင်း ဒေါ်ကူလေး လာနေရော..အဲ့ ဒါ ဆက်ကြည့် .သူတို့ ပုံတွေ .ကြည့် ရင်း ကြည့် ရင်း နဲနဲ ရယ်ချင်လာ :P .ငိငိ.ဒါနဲ့  ဆက်.ကြည့် နေရင်း ကိုယ့် ကိုယ်ပြန်စဉ်းစားကြည့် တာ..ကိုယ့် တစ်သက်လုံး ဇာတ်ရုံထဲဝင်ထိုင်ပြီး ဇာတ်ပွဲကြည့် ဖူးတာ ဘယ်နှစ်ခါများ ရှိခဲ့ ပါလိမ့် လို့ .:).
ကောဇာမဟာဘုတ် မရဏနံ + သုံးတန်ပေါ်နိစ္စ. --
ကောဇာမဟာဘုတ် မရဏနံ + သုံးတန်ပေါ်နိစ္စ.
--
ကျနော်ဗေဒင်တွက်ရင် သုံးတန်ပေါ်နိစ္စပညာကို ထည့် ထည့် တွေးတယ်ဆိုတဲ့ အကြောင်းပါ ၊ အထူးသဖြင့်  ကောဇာမဟာဘုတ်က မရဏနံဟာ သုံးတန်ပေါ်နိစ္စပညာက တိုင်စဉ်မှာ ဘယ်နေရာက နံကို လာကပ်နေသလဲကို တစ်ချက် အကဲခတ်လိုက်တတ်တယ်ပေါ့ ဗျာ...သဘောက ကောဇာမဟာဘုတ်က မရဏအိမ်က နံ ရဲ့  ဆိုးကျိုးကို လျှော့ မတွက်ဖူးသဘောပါ  အဲ့ အတွက် ကိုယ်တိုင်ရဲ့ ဘ၀ဖြတ်သန်းမှု့ ကရော အများတွေရဲ့ ဘ၀တွေကပါ  ကောက်ချက် ချယူခဲ့ တာပါ ။ 
ဆိုပါတော့  ဒီ ၂၀၁၆ ရဲ့ ကောဇာမဟာဘုတ်ဟာ  ၆ ကြွင်းနှစ်ဖြစ်တယ်  ဒီတော့  ဒီနှစ်ဟာ တနင်္လာ နံနဲ့  ပတ်သက်သမျှ ပရိယာယ်တွေ အားမကောင်း  တစ်ခြား နံတွေထက် ဆိုးကျိုး ထိလွယ်တယ်က ပထမ အခြေခံ အချက် ...
တနင်္လာသားသမီးတိုင်းကို မဆိုလို  အသက်  ၂၁ ၊ ၂၉၊ ၃၇၊ ၄၅ ၊ ၅၃ စသဖြင့်   ကြာသာပတေး သက်ရောက် ဖြတ်နေတဲ့  တနင်္လာ သားသမီးတွေဟာ သုံးတန်ပေါ်နိစ္စပညာက တိုင်စဉ်မှာ ပြ ဆိုတဲ့ နေရာမှာ ရောက်နေတယ်  ပြ ဟာ အ၀င်အထွက် မတည်ငြိမ် ကစားတတ်တဲ့ နေရာဖြစ်တယ်  ၊  သုံးတန်ပေါ်နိစ္စပညာတိုင်စဉ်အရ  မူလ တိုင်ကို  ခွင်လွှဲထူရင်  တိုင်စဉ်အတူတူသာ ရတယ်  ဒီတော့  ခွင် လွှဲမှာလည်း ပြ အိမ်မှာ တနင်္လာနံ ရှိနေတယ်  အဲ့ ဒီ ခွင်လွှဲတိုင်က တနင်္လာနံဟာ  ကောဇာမဟာဘုတ်က မရဏအိမ်က တနင်္လာနံ သဘော ဖြစ်တယ် ဒီတော့  အသက် ၂၁ ၊ ၂၉၊ ၃၇၊ ၄၅၊ ၅၃၊ စသဖြင့်  ကြာသာပတေးသက်ရောက် ဖြတ်နေတဲ့ တနင်္လာ သားသမီးတွေကို  ကောဇာမဟာဘုတ်က မရဏတနင်္လာနံက လာ မြင်နေတယ်  (၀ါ) ရုတ်တရက် ဘ၀အလှည့် အပြောင်း အကျပ်အတည်း မကောင်းမှု့ တစ်ခုခုနဲ့ ကြုံနိုင်တယ် ဆိုတာ အဖြေတစ်ခုထွက်တယ်
( ကိုယ်နှုတ်စိတ်သုံးပါး  အရင်နှစ်တွေလို အမှားမခံဘူး) ။   ကောဇာမဟာဘုတ်က ၅ ကြွင်းနှစ်တို့  သုညကြွင်းနှစ်တို့  စသဖြင့်   ၆ကြွင်းနှစ်မဟုတ်တဲ့  တစ်ခြား ကောဇာမဟာဘုတ် ဖြစ်နေချိန်  ကြာသာပတေးသက်ရောက်ဖြတ်နေတဲ့ တနင်္လာသားသမီးတွေ ရဲ့ ကံကြမ္မာမျိုးနဲ့ မတူဘူး ။   ကောင်းကောင်းနေတာတောင် မထင်မှတ်ပဲ အဆိုးသဘောတွေ ကြုံတတ်တယ် အမှားပြုမိရင် ပြင်ရခက်တယ်ပေါ့ လေ.. ကြာသာပတေးသက်ရောက် ဖြတ်နေတဲ့  တနင်္လာတွေအတွက်  ကောဇာသက္ကရာဇ်အရ  ၆ ကြွင်းနှစ်ဖြစ်နေရင် ရုတ်တရက် အန္တရာယ်တွေ ကျရောက်လာတတ်တယ် ရုပ် စိတ်အကျပ်အတည်းတွေ ကျမ္မာရေးတွေ ပုံမှန်ထက် ဆိုးနေတတ်တာ စသဖြင့် ပေါ့ လေ...ဒါကို ကံသုံးပါးထိမ်းဖို့  သတိပေးရတယ်ပေါ့ လေ 
တစ်ခါတုန်းက ကြံခင်းမှာ..( ၁. ၂.၃.၄ )
တစ်ခါတုန်းက ကြံခင်းမှာ..( ၁)
---------
ငယ်နုစဉ် ကလေးဘ၀မှာ နှစ်ဖက် အဖိုးအဖွားတွေကို မီလိုက်ခွင့်  အတူနေခွင့်  ပျော်ရွှင်စွာ ဆော့ ကစားခွင့် ရခဲ့ တာကလည်း ဓနအင်အား နဲခဲ့ ပေမယ့်  ရုပ်ရောစိတ်ပါ လွတ်လပ်မှု့ အပြည့် အ၀ ရခဲ့ လို့  ကိုယ့် ရဲ့ ကလေးဘ၀ကံလေးကလည်း မဆိုးပါဘူးလို့ ဆိုလို့ ရလောက်ပါရဲ့ လေ၊၊
အဖေ့ ဖက်က အဖိုးအဖွားဆွေမျိုးတွေက ကြံခင်းမြို့ ပေါ်နဲ့  ပတ်လည်က ရွာတွေမှာပေါ့  ကြံခင်းရဲ့ မြစ်ကမ်းပါးထိပ်ကနေဧရာဝတီ မြစ်ပြင်ကျယ်ကိုကျော်ပြီး ည ည လှမ်းမြင်နေရတဲ့  ဓါတ်ငွေ့ တွေ လေထဲ အမြင့် မှာ မီးရှို့ ထားတဲ့ အလင်းရောင် ရှိတဲ့ အရပ် ကွေ့ မ ရေနံမြေနားက ရွာတွေမှာတောင်အမျိုးတွေ ရှိနေတယ်ပေါ့ လေ၊ အမျိုးအတော် များများက ဧရာသောင်ပြင်ကြီးမှာ ယာသမား ကိုင်းသမားတွေများတယ် ဧရာဝတီမြစ်ကမ်းနဘေးက တမျှော်တခေါ်ကြီး မြင်နေရတတ်တဲ့ သဲသောင်ပြင်ပေါ်မှာ ဆေးရွက်ကြီးခင်းတွေနဲ့ ဘူးစင်လေးတွေပါတတ်တဲ့  အိမ်ယာလေးတွေနဲ့ ပေါ့  အဲ့ သဲသောင်ပြင်ကျယ်ကြီးပေါ် နဲ့ မြစ်ဧရာစပ်မှာ မြစ်ထဲရေဆင်းကူးခဲ့ တာတွေ ဖရဲခငိး ယာခင်းထဲလျှောက်ပျော်ဆော့ ခဲ့ ရတာတွေ အဖိုးရဲ့ နွားလှည်းစီးရင် နွားဖင်နောက်နားကပ်ထိုင် နွားဖင်ကို ကြိမ်နဲ့ လှမ်းလှမ်းတို့ ရလို့ သဘောတွေ ကျနေခဲ့ တာတွေ... တကယ့် ကို လွမ်းစရာ ကလေးဘ၀လေးပါ..
ပြည်မှာလေ..( ၁ ၂. ၃ )
ပြည်မှာလေ (၁)
---
အဲ့ တုန်းက  ပြည်က အဖွားမှာ သားသမီးတွေအများကြီး မွေးခဲ့ ပေမယ့်   နောက်ဆုံးတော့  ကျနော့်  အမေနဲ့  ကျနော့် ဦးလေး သား တစ်ယောက်ပဲ အဖတ်တင်ခဲ့ တယ်..အမေက အိမ်ထောင်ကျ ရန်ကုန်သူ ဖြစ်လာခဲ့ ပေမယ့်  အဖွားရဲ့ သား ကျနော့် ဦးလေးက အဖွားနဲ့  ပြည်မှာအတူနေ ဖြစ်ခဲ့ တယ်  ၊ ဦးလေးက အငယ်ဆုံးပီပီ  ဆိုးတယ်လို့  ဆိုနိုင်ပေမယ့်  မူလ စိတ်ရင်း သဘော သက္ကာယက ကောင်းသားလို့ တော့  ပြောလို့ ရပါတယ်
မိုက်ကန်းကန်းသဘောသာ ရှိတာ သူတစ်ပါးကို ပျက်ရာ ပျက်ကြောင်း  စိတ်ပုပ် စိတ်ယုတ်မျိုးတော့  မရှိပါဘူး  အဲ့  စိတ်ကောင်းလေးကြောင့်  ကျနော့် ဦးလေး အဖြစ်က  စားရမှာလဲ သဲတရှပ်ရှပ်နဲ့   ပစ်ရမှာကလည်း အမဲနှပ်တုံး လို ဘ၀မျိုးလေးပါ...
ယာကွမ်းနဲ့  ကွမ်းကြမ်း
ယာကွမ်းနဲ့  ကွမ်းကြမ်း
----
ကိုယ့် ငယ်စဉ်ဘ၀ ကျင်လည်ခဲ့ ရာ ပတ်ဝန်းကျင်ရဲ့  လူနေမှု့  ဘ၀ကလည်း ကိုယ့် ရဲ့ အနေအထိုင်အပြုအမူတွေ တစ်ချို့ ကို ပုံသွင်းသွားတတ်တဲ့  သဘောရှိပါတယ်..
အတော်အရွယ်ရောက်တော့  မိဘ ပွဲရုံမှာ ၀င်ကူခဲ့ ရတယ် အလုပ်သမားတွေ အများကြီးနဲ့ ပေါ့  သူတို့ အားလုံးလိုလို ကွမ်းထုပ်တွေကိုယ်စီနဲ့ လေ ... အဆင့် မပါတဲ့  သတ္ထု တစ်လုံး ချိုင့် နဲ့  ဘုံကွမ်းခွက်လည်း ထားကြတယ် သူတို့ က ဆိုင်က ယာကွမ်းကို နေ့ တဓူဝ ၀ယ်မစားနိုင်ကြဘူး...:'(
ဒီတော့  သူတို့ ကွမ်းထုပ်ဆိုတာ ကွမ်းရွက် + ကွမ်းသီး+ ထုံး + ဗမာဆေးရွက်ကြီး လေးမျိုးသာ ဆောင်လာကြတယ် ၊ အဲ့ ဒါလေးကို အလုပ်ကြမ်းတွေ လုပ်ကြရင်း..ထမင်းစားပြီးတဲ့ အခါ အလုပ်ပါးလို့  ကျားထိုင်ထိုးကြတဲ့ အခါ သူတို့ ဟာ ကိုယ့် ဟာကိုယ် ယာစားကြ ၀ါးနေတတ်ကြ ငုံနေတတ်ကြလေ့ ရှိတယ်..
.
ဒီလို လေး မျိုးစပ် ကွမ်းယာကို ကျနော်တို့ က '' ကွမ်းကြမ်း'' လို့ ခေါ်ပါတယ်..
( ကွမ်းရွက်ပေါ် ထုံးပွတ်တာများသွားလို့ ကတော့  ထုံးပေါက်ပြီး ဘာမှမစားနိုင်တတ်တော့ သလို နဲသွားရင်လည်း ပါးစပ်ထဲ စပ်ချက် ချက်ချင်း ဖွမ် ကနဲပဲ ) ကျနော်တို့ လည်း အတုမြင်အတတ်သင်သဘော အရ.. 😁
ပွဲရုံက အလုပ်သမားတွေဆီက ကပ်ပြီး ယူ ယာကြည့်  စမ်းဝါးကြည့် ရင်းက ဒီလို ကွမ်းကြမ်းက စပြီး ကွမ်းယာကို စားတတ် ၀ါးတတ်သွားတော့ တာပါပဲဗျာ... :P 😁
( ညရေးညတာ တစ်ရေးနိုး ကွမ်းဝါးချင်စိတ်ပေါက်တဲ့ အခါ ဆိုင်က ( ထွေလီကာလီတွေ ပါတဲ့ ) ယာကွမ်း မရှိတော့ တဲ့ အခါ အိမ်မှာ အလုပ်သဘောအရ အဆင်သင့်  အမြဲရှိနေတတ်တဲ့  ကွမ်းရွက် +ကွမ်းသီး+ထုံး+ ဗမာဆေး လေးမျိုး နဲ့  ကွမ်းကြမ်းလေးကို ကိုယ့် ဟာကိုယ် ယာပြီး.......။
ဒါ...ကျနော်တို့  ရိုးရာဂီတပေပဲ.
 ♫ ♪♫ '' မင်္ဂလာရယ်မှ မဏ္ဍိုင်....လေး...(ဟေ့  ဟေ့ ဟေ့    အောင်ပါစေ)    ♫ ♪♫
ချယ်နယ်က လိုက်ဖ်ရှိုး ဇာတ်ပွဲလာနေတယ်  အဲ့ မှာ  မြူးမြူးကြွကြွ နဲ့  ဘာဆိုသသွားလဲဆိုတော့   ♫ ♪♫  ကိုကြီးကျော်  ကိုကြီးကျော်...ဟေ့  တို့ ကိုကြီးကျော်...ဟေ့  တို့ ဖေဖေကျော်...♫ ♪♫ တဲ့ 
 မြန်မာပြည်သား အများစု ကြားဖူးနေကြပြီး   ဒီ နတ်ဒိုးသံ ကြားလိုက်ရင်ပဲ  စိတ်တွေက ကြွတက်လာ  ပျော်ရွှင်လာပြီး    ဒူးလှုပ်ချင်လာသလိုလို  ထ ကချင်ချင်သလိုလို...
 ♫ ♪♫ ညနေ  ညနေ  ရီတယ်လေ  ရီတယ်လေ. တဲ့   ..  ♫ ♪♫ ...။  ဓလေ့ ယဉ်ကျေးမှု့  အစဉ်အလာ  တွေနဲ့  မြန်မာ့ ဂီတ နဲ့  ပေါင်းစပ်လိုက်တဲ့ အခါ.....
နတ်ကိုးကွယ်မှု့  ဓလေ့  ဟာ  ဘယ်သူတွေက  ဘာတွေ ပြောပြော ဟောဟောပါစေ.....အလွယ်နဲ့  မပျောက်နိုင်တော့ ပေဘူး.....
ရိုးရာအစဉ်အလာ ဇာတ်ပွဲတစ်ခုရဲ့   အစပမာဏ အဖွင့် မှာကိုက....  ♫ ♪♫  ခုနှစ်ခွေ...သီတာရေမှ  ပတ်ကာစီး...သာတောင့်  သာတဲ့ လေ နတ်ပြည်တနင်း...တနင်း... ♫ ♪♫ ..
'''     ♫ ♪♫ အတုလေးရယ်တဲ့ ယှဉ်ကာပြိုင် ယှဉ်ကာပြိုင်.. ပန်းမွေ့ ယာ ရွှေကောဇာ ရောနှောလို့ ထိုင် '''    ♫ ♪♫  သောက်တော်ဘူးရယ်နဲ့  အိုမကွာ အိုမကွာ...မင်းကျော်စွာလို့   မကျော်လား....ဝေးရာကရှား..
. ♫ ♪♫   တဲ့ .. ....သွေးတွေကို....ဆူတက်လာရော ပဲ...
ပြီးခဲ့ တဲ့ မဝေးသေးတဲ့ ကာလက နိုင်ငံတော်က ကြီးမှုး ကျင်းပခဲ့ တဲ့  အာစီယံ အာကစားပွဲတော်ကြီးရဲ့ အဖွင့် မှာကိုက....'' အပျိုတော်နတ်ချင်း ''  နဲ့
♫ ♪♫  ဘုန်း  ဘုန်းတန် ဘုန်းတန် တေဇာ..ဖြာဖြာရောင် လင်းပါလို့  မင်းမင်းမြတ် ထွတ်ခေါင်မွှေ......♫ ♪♫ ...
 ကြည့် ကောင်းချက်... မြူးကြွချက် ဒါ...ကျနော်တို့  ရိုးရာဂီတပေပဲ......။
တိုး ဒီ မြန်မာ..
တိုး ဒီ မြန်မာ..
---------
တိုးရစ်တွေ ကိုယ့် မြန်မာပြည်ဒေသပေါင်းစုံရဲ့  ဘုရားပုထိုးတွေ လူနေမှု့ သဘောတွေ ရိုးရာယဉ်ကျေးမှု့ သဘောတွေ လမ်းပမ်းဆက်သွယ်ရေးတွေ  ရထားခရီးစဉ်တွေ  မှတ်တမ်း တင်တင်သွားတဲ့  ဒေါကူမန်ထရီလေးတွေ ယူကျူ့ မှာ အများကြီးရှိတယ်..အများအားဖြင့် ၂၀၁၆ မတိုင်ခင်က လာသွားတဲ့  သူတွေ တင်ထားတာက ပိုများတယ်...အများအားဖြင့် တော့  ရယ်ရွှင်ဖွယ်ရာလေးတွေ အပျော်ဝေဖန်ချက်လေးတွေသဘောကပိုများတယ်..၂၀၁၆ နှစ်ဆန်းပိုင်း လာသွားတဲ့  သူတွေရဲ့  မှတ်တမ်းတွေ သဘောက ယူကျူ့ မှာ တင်ထားတာ သိပ်မတွေ့ ခဲ့ ရဘူး...အခုရက်ပိုင်းမှာတော့ တင်လာတာတွေ့ ရပြီ...အာဏာရှင်တွေခေတ်နဲ့  အရပ်သားအစိုးရခေတ် အမြင် ဘာတွေများ ကွာခြားကုန်ပါလိမ့် လို့  ပြည်ပသား
( အနောက်သားတွေ)ရဲ့ အမြင်သိချင်လို့ ပေါ့ လေ...
အဲ့ မှာ နောက်ကွာခြားချက်တစ်ခုက  ပြည်တွင်း ခရီးသွား တိုးကုမ္ပဏီတွေ ပြည်ပ တိုးကုမ္ပဏီတွေ  အစိုးရ၀န်ကြီးဌာနတွေရဲ့  တိုးခရီးစဉ် ကြော်ငြာသဘောတွေက လွှင့် တင်ထားတဲ့  ရိုက်ပြချက်တွေနဲ့ 
အလွတ်ခရီးသွား တိုးရစ်တွေ ရိုက်ပြချက်က အတော့် ကို ကွာခြားတာ တွေ့ နိုင်တယ်  ရိုက်ချက်ရှု့ ထောင့် တွေ ရိုက်ကွင်းနေရာတွေကိုက သိပ်ကွာတယ်  အလွတ်ခရီးသွားတိုးရစ်တွေ အများစုဟာ စီးပွားရေးသဘောမဆန်ပဲ မြေပြင်ရဲ့  ပကတိ အခြေအနေတွေကို  ချောင်ကျို ချောင်ကြားတွေထဲပါ  စေ့ စေ့ ပေါက်ပေါက် ၀င်ပြီး ရိုက်ပြသွားကြတယ်   မြင်ရခဲတဲ့  ရိုက်ချက်တွေပေါ့ 
အလွတ်ခရီးသွားတွေ ထဲတောင် မတူချက်ကတိုး  ကုမ္ပဏီက စီစဉ်ပေးတဲ့  ( လူအိုတွေ အများစု ပါတတ်တဲ့ ) အုပ်စုလိုက် ခရီးသွားတွေ နဲ့   လူငယ်ပိုင်း သုံးလေးယောက်စုပြီး အလွတ်ခရီးသွားတွေ ရိုက်ပြချက်က မတူဘူး...လူအိုတွေ ဂရုကအားလုံးကောင်းပါသည် ခင်ဗျား စတိုင်နဲ့  စားကောင်းသောက်ကောင်းအောင်   လေပစ်သွားပြတတ်ပြီး   လူငယ်တိုးရစ်တွေကတော့  သူတို့  ကျင့် သုံးလာခဲ့ တဲ့  အနောက်လူနေမှု့ စတိုင်တွေနဲ့  ကွဲပြားနေလို့  အဆီအငေါ်မတည့် စရာတွေကြုံလဲ ဟာသတွေဖေါက် ပကတိ ပျော်ရွှင်စရာကောင်းပါတယ်သဘော ရိုက်ပြလေ့ ရှိတယ်.
အဲ့ ထဲမှာ ထူးခြား လူငယ်တိုး အုပ်စုလေးတွေက စက်ဘီးနဲ့  ပတ်တာပဲဗျ စက်ဘီကို အဝေးကြီးကို ..စီးတာ..ဆိုပါတော့  မကွေးကနေ ပုဂံ ဒေသကို စက်ဘီးနဲ့  ကစ်တာမျိုးပေါ့  ကားက မိုင်ချီ အဝေးကြီးမှာ နောက်က လိုက်ပေးရတယ်  အဲ့ တော့  သူတို့ တွေက လမ်းခရီးက သိပ်လှတဲ့  အညာထန်းတောကြီးတွေ တမျှော်တခေါ် ကိုင်းခင်း ယာခင်းတွေ  ရွာတွေရဲ့  ဓလေ့ သဘော အလုပ်အကိုင်တွေသဘောတွေပါ 
ရိုက်ပြနိုင်ခဲ့ တာမျိုး..(ကိုယ်တောင် အဲ့ လို ပြိုင်ဘီးတစ်စီးနဲ့  တိုးဒီ မြန်မာ လုပ်ချင်စိတ်ပေါက်လာအောင်ပဲ)
ပြည်တွင်း စကားပြန်တွေနဲ့ ကြိုချိန်း ကြို ဒိတ်လုပ်ထားတာမျိုး မဟုတ်ပဲ  လမ်းသင့် ရာ ကြုံတဲ့ ရွာတွေ ၀င်ချသွားတော့  လူတွေရဲ့  ပကတိ နေ့ တဓူဝသဘောတွေ ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရတဲ့  ရိုက်ချက်တွေပေါ့  
စိန်ခေါ်မှု့ တွေ..
စိန်ခေါ်မှု့ တွေ..
---
ဘ၀မှာ စိတ်ခေါ်မှု့ တွေကို စွန့် စား တိုက်ပွဲဝင်ခဲ့ ရတဲ့  အကြိမ်ရေက လက်ချိုးရေလို့ ရပါတယ်  အဲ့ ထဲမှာ ၁၀တန်းအောင်အောင် တိုက်ပွဲဝင်ခဲ့ ရတာလည်းပါပါတယ်.... စိန်ခေါ်တာက အဖေပေါ့   ( မိသားစုအတွင်း သိပ် အရေးကြီးတဲ့  ဆုံးဖြတ်ချက်တွေ ချဖို့ ဆိုတော့ မှ အဖေက ပါဝင် ပတ်သက်လာလေ့ ရှိတယ်  ပုံမှန်အခြေအနေတွေမှာတော့  အမေ နဲ့ တင်ပြီးတယ်ပေါ့ လေ)..
အခြေခံ မခိုင်ပဲ ယိုင်ထိုး ယိုင်နဲ့ နဲ့  ၁၀တန်းရောက်လာတော့  စာမေးပွဲနီးမှ  အာပူတိုက် ၀င်ဖြေယုံနဲ့  ဘယ်အောင်တော့ မလဲ  ၂ နှစ်ဆက်တိုက်ကျတော့ တာပေါ့ ...( ရန်တွေလည်းလိုက်ဖြစ်သေး ကျောင်းကလည်းပြေး  ရီးစားကလည်း ထားသေးဆိုတော့  ဗေဒင်မေးရင် ဆန်ကုန်တယ်ပဲ  )...
စတိတ် ရပီတာဘ၀မှာတောင်မအောင်တော့  စတိတ်ကထွက် အပြင်လူဖြစ်ခဲ့ ပြီပေါ့ ..အရွယ်က ဟိုမရောက် ဒီခိုင်းမရ လောက်လောက်လားလား မရှိသေးတဲ့  အရွယ်....ကျောင်းသားစိတ်က မပျောက်သေး အရပ်လူ စစ်စစ် မဖြစ်သေး ၃ နှစ်မြောက်ကို စာဆက်ဖတ်ချင်နေသလိုလို ( ကျောင်းသားဆိုတဲ့   ကာဗာ ယူပြီး အလုပ်စစ်စစ်မလုပ်ချင်သေးပဲ အပျော် ကဲချင်နေသေးတာကပိုများ...ငိငိ )..
အဲ့ မှာ ဘိုးတော် ၀င်လာတော့ တာပါပဲ...ဒီနှစ်ကို နောက်ဆုံး အနေနဲ့  ဘော်ဒါထားပေးမယ် ( ဘော်ဒါကြေး ငွေတွေ ဒလဟော သုံးရတော့ မှာ )  ဒီနှစ်မှ မအောင်ရင်တော့  ပညာရေးနဲ့ တစ်သက်လမ်းခွဲပြီတဲ့ ....
.( အတော်ဖြုံသွားတယ်...မအောင်ရင် အရပ်သား လုပ်ရတော့ မယ် အလုပ်လုပ်ရတော့ မယ်လေ...အဲ့ အချိန်က နိုး အလုပ်လုပ်ချင်စိတ်ကိုး  )
ခေါင်းတွေကို  ထူပူနေအောင် ရေရေလည်လည် တွေးလိုက်ရတယ်...ကဲဖေါ်ကဲဖက် တစ်ယောက် အောင်သွားတာကိုလည်း  နဲနဲလည်း ရှက်နေတယ်  ကျားမာန်လေးက ၀င်လာတယ် အောင်ကလည်း အောင်ချင်တယ.်...အဲ့ မှာ   အဲ့  စိန်ခေါ်ချက်ကို  သဘောတူလိုက်တော့ တာပေါ့ ဗျာ...
ရွှေဘော်လီကြိုး.
ရွှေဘော်လီကြိုး...
--
အမျိုးထဲမှာ အငြိမ့် ထောင်သူ ရှိခဲ့ ဖူးတယ်..ဘကြီးက ရိုးသလောက် ကြီးဒေါ်က ဂေါ်လီ ဆန်တယ်..အဲ့ ခေတ်က နာမည်ကြီးအငြိမ့် တွေ ထောင်ခဲ့ လို ငွေကြေးရေး လန်းတယ်ပေါ့ လေ..အဲ့ မှာ ဘော်လီကြိုးကို
ရွှေကြိုး လုပ် ဇာပါးပါးနဲ့  အင်းကျီ ချုပ်ဝတ်  အငြိမ့် ပွဲ လက်ခံတဲ့ နေရာ မလှမ်းမကမ်းမှာထိုင် ရှိုးထုတ်တော့ တာပါပဲ  ...မှန်ဇာဖြစ်နေတော့  ရွှေဘော်လီကြီုးကြီးကို ဖေါက်မြင်နေရတာပေါ့  ...
အဲ့ မှာ ရွှေက လေးတော့  လက်နဲနဲ လှုပ်လိုက်တာနဲ့ ( ပွဲငှားတွေလာရင် အဲ့ လက်တွေက တအားလှုပ်တတ်တယ်  -_-  )  ရွှေ ဘော်လီကြိုးက လက်မောင်းရင်းဖက် အိအိ လျှောကျလာတတ်တယ် 
 နဲနဲတော့ ကြမ်းတယ်...ဟီးဟီး..😁 ..။  ကံတွေစောင်းလို့  စီးပွားတွေ လျှောသွားတော့  အဲ့ ရွှေဘောလီကြိုးကြီးလဲ ရေထဲမျောသွားထဲ ပါသွားရော.... :'(
အဲ့ မှာ ကြီးဒေါ်ကြီးမှာ ကျန်ခဲ့ တဲ့  အကျင့် က ...ဘာ ရွှေဘော်လီကြိုး မှ မရှိတော့လဲ  ပုခုံးကို အမှတ်တမဲ့  တွန့် တွန့်  ပင့် ပင့် လိုက်တဲ့  အကျင့် ပါပဲ...ငိငိ    :P    😁
အကြံတောင်း အကြံပြန်ပေး
အကြံတောင်း အကြံပြန်ပေး
-----
တွက်ချက်ပြောပြနေရင်းကနေ   အကြံတောင်း အကြံပြန်ပေးသဘောပါတဲ့  မေးခွန်းတစ်ခုကို ဖြေတဲ့ အခါ   ကာယကံရှင်ရဲ့  မွေးသက္ကရာဇ်လစိတ် သက်ရောက် တွေနဲ့  အပြန်အလှန်တွေ မေးစမ်းတီးခေါက်ပြီး ပြန် ချိန်ဖြေတာဟာ မှန်ကန်ပြီး အလုပ်ဖြစ်လေ့ ရှိတယ်...
ဒီတော့ ကျနော်က ပြန်မေးတယ် အဲ့  မဘယ်သူ အလုပ်ဝင်တာ ကြာပြီလားလို့ ပေါ့  အဲ့ တော့  သူက တစ်နှစ်ကျော်လောက်ပဲရှိသေးတယ်လို့ ဆိုတယ်...ဒီတော့  ကျနော်က ဆုံးဖြတ်ပေးလိုက်တယ်  ဆွဲမထားနဲ့  ပေးထွက်လိုက်ပါလို့  ..အဲ့ လို အပြင်....နောက်ထပ်တွေလည်း ၀င်စို့ ထွက်စို့ တွေ ကြုံလာနိုင်သေးတယ်  ဒီနှစ်က ကံချိန်း နှစ်ဆိုတော့  နောက်ကြုံလာရင် ၄ နှစ်လောက် လုပ်သက်ရှိလာသူတွေ ဆို လစာ ဘောနပ်ဘာညာတွေနဲ့ 
ဆွဲထားကြည့်  မရမှ လွှတ်လိုက်  နှစ်နှစ် သုံးနှစ်လောက်ပဲ လုပ်သက်ရှိသေးသူတွေက အလုပ်ထွက်မယ်ဆိုလာရင်တော့  တားမနေနဲ့ တော့  လူချိန်းတဲ့ နှစ်ရောက်နေပြီလို့  ပြောလိုက်တော့  အိုကေ..ပဲ..
ဒီအကြံပေးချက်တွေဟာ တနင်္ဂနွေသမီး ရဲ့  သက်ရောက်တွေကို ချိန်ပြီး ပြောတာပါ...နှစ်သုံးနှစ်လောက်ပဲ လုပ်သက်ရှိသေးသူတွေကို  ဆွဲမထားနဲ့ ဆိုတာ  အဲ့ တနင်္ဂနွေသမီးရဲ့  အသက် ပိုင်း အညံ့   ၄၃ ၄၄ ၄၅ တွေမှာ အလုပ်ဝင်လာသူတွေကို ပြန်ထွက်မယ်ဆို မတားနဲ့ လို့ ပြောတာဖြစ်ပြီး ၄ နှစ်လောက်ရှိလာပြီဆို နဲနဲ တားကြည့် ပါဆိုတာက အဲ့ တနင်္ဂနွေသမီး အသက် ၄၂ တနင်္လာသက်ရောက်မှာအကောင်းမှာ  ၀င်လာတဲ့ သူတွေ ဖြစ်နေလို့ သဘော..
လူချိန်းတဲ့  နှစ်ရောက်နေပြီလို့ ရည်ညွှန်းတာဟာ ကြာသာပတေးသက်ရောက် မို့ ပြောတာပါပဲဗျာ... ကြာသာပတေးသက်ရောက်ဟာ ကိုယ့် ဘ၀အတွက် ရေမရှည် ကံ ဆိုလက်တွဲပြုတ်သွားတတ်ပြီး အနဲဆုံး ဂြိုလ်ကောင်းလေးငါးနှစ်လောက် ကံတူအကျိုးပေးတွဲရမယ့် သူတွေ ဆုံလာတတ်တဲ့ သဘောရှိတတ်လို့ ပါပဲ
'' နွမ်းလျ မျော်လင့် ခြင်းတွေနဲ့ .''
'' နွမ်းလျ မျော်လင့် ခြင်းတွေနဲ့ .''
--------------
ပန်းညီလာ ကော်ဇောခင်းလို့ 
လှမ်းမည်လေ တို့ နှစ်ယောက် အနာဂတ်ဆီပေါ့ 
ရော်ရည်ကာမှန်း လမ်းဆင့် ချီ
လက်ဆင့် ညီခဲ့ ငြား..
စိမ်းရင့် ရင့်  နွေဦး
ဘေး လေရူးနဲ့  ဝေးလွင့် ခဲ့ 
နွမ်းပျက်ခဲ့ ပြီလေ...
ပန်းညီလာလမ်း....
လွမ်းရပြီလေ....
ပန်းအလှစီ သီကာ ခင်းထားခဲ့ ပေမယ့် 
စိတ် လမ်းမသင့် ပါလေ ပန်းညီလာလမ်းတွေက
အပြစ်လမ်းစကား တင်းဖွဲ့  ခနဲ့ ခဲ့ ပေမယ့် လဲ..
နွမ်းလျ မျော်လင့် ခြင်းတွေနဲ့ ..
လမ်းသင့် ရာ
အဝေးပြေး ထွက်ခဲ့  မင့် ကို...
မင်း.......
တစ်နေ့  ပြန်လာနိုးနိုးနဲ့ 
ငါလေ..
ပန်းညီလာတို့ နဲ့ 
ခင်းမြဲ ကြို...။  ( N.W.T.H)