'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, July 26, 2016
တိုး ဒီ မြန်မာ..
တိုး ဒီ မြန်မာ..
---------
တိုးရစ်တွေ ကိုယ့် မြန်မာပြည်ဒေသပေါင်းစုံရဲ့  ဘုရားပုထိုးတွေ လူနေမှု့ သဘောတွေ ရိုးရာယဉ်ကျေးမှု့ သဘောတွေ လမ်းပမ်းဆက်သွယ်ရေးတွေ ရထားခရီးစဉ်တွေ မှတ်တမ်း တင်တင်သွားတဲ့  ဒေါကူမန်ထရီလေးတွေ ယူကျူ့ မှာ အများကြီးရှိတယ်..အများအားဖြင့်  ၂၀၁၆ မတိုင်ခင်က လာသွားတဲ့  သူတွေ တင်ထားတာက ပိုများတယ်...အများအားဖြင့် တော့  ရယ်ရွှင်ဖွယ်ရာလေးတွေ အပျော်ဝေဖန်ချက်လေးတွေသဘောကပိုများတယ်..၂၀၁၆ နှစ်ဆန်းပိုင်း လာသွားတဲ့  သူတွေရဲ့  မှတ်တမ်းတွေ သဘောက ယူကျူ့ မှာ တင်ထားတာ သိပ်မတွေ့ ခဲ့ ရဘူး...အခုရက်ပိုင်းမှာတော့ တင်လာတာတွေ့ ရပြီ...အာဏာရှင်တွေခေတ်နဲ့  အရပ်သားအစိုးရခေတ် အမြင် ဘာတွေများ ကွာခြားကုန်ပါလိမ့် လို့  ပြည်ပသား
( အနောက်သားတွေ)ရဲ့ အမြင်သိချင်လို့ ပေါ့ လေ...
အဲ့ မှာ နောက်ကွာခြားချက်တစ်ခုက ပြည်တွင်း ခရီးသွား တိုးကုမ္ပဏီတွေ ပြည်ပ တိုးကုမ္ပဏီတွေ အစိုးရ၀န်ကြီးဌာနတွေရဲ့  တိုးခရီးစဉ် ကြော်ငြာသဘောတွေက လွှင့် တင်ထားတဲ့  ရိုက်ပြချက်တွေနဲ့ 
အလွတ်ခရီးသွား တိုးရစ်တွေ ရိုက်ပြချက်က အတော့် ကို ကွာခြားတာ တွေ့ နိုင်တယ် ရိုက်ချက်ရှု့ ထောင့် တွေ ရိုက်ကွင်းနေရာတွေကိုက သိပ်ကွာတယ် အလွတ်ခရီးသွားတိုးရစ်တွေ အများစုဟာ စီးပွားရေးသဘောမဆန်ပဲ မြေပြင်ရဲ့  ပကတိ အခြေအနေတွေကို ချောင်ကျို ချောင်ကြားတွေထဲပါ စေ့ စေ့ ပေါက်ပေါက် ၀င်ပြီး ရိုက်ပြသွားကြတယ် မြင်ရခဲတဲ့  ရိုက်ချက်တွေပေါ့ 
အလွတ်ခရီးသွားတွေ ထဲတောင် မတူချက်ကတိုး ကုမ္ပဏီက စီစဉ်ပေးတဲ့  ( လူအိုတွေ အများစု ပါတတ်တဲ့ ) အုပ်စုလိုက် ခရီးသွားတွေ နဲ့  လူငယ်ပိုင်း သုံးလေးယောက်စုပြီး အလွတ်ခရီးသွားတွေ ရိုက်ပြချက်က မတူဘူး...လူအိုတွေ ဂရုကအားလုံးကောင်းပါသည် ခင်ဗျား စတိုင်နဲ့  စားကောင်းသောက်ကောင်းအောင် လေပစ်သွားပြတတ်ပြီး လူငယ်တိုးရစ်တွေကတော့  သူတို့  ကျင့် သုံးလာခဲ့ တဲ့  အနောက်လူနေမှု့ စတိုင်တွေနဲ့  ကွဲပြားနေလို့  အဆီအငေါ်မတည့် စရာတွေကြုံလဲ ဟာသတွေဖေါက် ပကတိ ပျော်ရွှင်စရာကောင်းပါတယ်သဘော ရိုက်ပြလေ့ ရှိတယ်.
အဲ့ ထဲမှာ ထူးခြား လူငယ်တိုး အုပ်စုလေးတွေက စက်ဘီးနဲ့  ပတ်တာပဲဗျ စက်ဘီကို အဝေးကြီးကို ..စီးတာ..ဆိုပါတော့  မကွေးကနေ ပုဂံ ဒေသကို စက်ဘီးနဲ့  ကစ်တာမျိုးပေါ့  ကားက မိုင်ချီ အဝေးကြီးမှာ နောက်က လိုက်ပေးရတယ် အဲ့ တော့  သူတို့ တွေက လမ်းခရီးက သိပ်လှတဲ့  အညာထန်းတောကြီးတွေ တမျှော်တခေါ် ကိုင်းခင်း ယာခင်းတွေ ရွာတွေရဲ့  ဓလေ့ သဘော အလုပ်အကိုင်တွေသဘောတွေပါ
ရိုက်ပြနိုင်ခဲ့ တာမျိုး..(ကိုယ်တောင် အဲ့ လို ပြိုင်ဘီးတစ်စီးနဲ့  တိုးဒီ မြန်မာ လုပ်ချင်စိတ်ပေါက်လာအောင်ပဲ)
ပြည်တွင်း စကားပြန်တွေနဲ့ ကြိုချိန်း ကြို ဒိတ်လုပ်ထားတာမျိုး မဟုတ်ပဲ လမ်းသင့် ရာ ကြုံတဲ့ ရွာတွေ ၀င်ချသွားတော့  လူတွေရဲ့  ပကတိ နေ့ တဓူဝသဘောတွေ ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရတဲ့  ရိုက်ချက်တွေပေါ့ 
အဲ့ က တစ်ချို့  ရှု့ ခင်း ရိုက်ချက်တွေဆို ပြက္ခဒိန်တွေ ဝေါရှစ်တွေတောင်ထုတ်လို့ ရလောက်တဲ့ အထိ ရိုက် ချက်တွေ သိပ်လှတယ် အခု နောက်ပိုင်း သူတို့ တွေ ဒရုန်းတွေ သုံးပြီး အပေါ်စီးမြင်းကွင်းတွေ ရိုက်ပြသွားတာ
အရင်က မမြင်ဘူးခဲ့ တဲ့ ရိုက်ချက်တွေနဲ့ ဆိုတော့  အားပါး... ကိုယ့် မြန်မာပြည် ဒီလောက်လှပါလား တွေ ဘာတွေ ဖြစ်ကုန်ရော ...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..