Powered By Blogger
Tuesday, July 26, 2016
ပြည်မှာလေ..( ၁ ၂. ၃ )
ပြည်မှာလေ (၁)
---
အဲ့ တုန်းက  ပြည်က အဖွားမှာ သားသမီးတွေအများကြီး မွေးခဲ့ ပေမယ့်   နောက်ဆုံးတော့  ကျနော့်  အမေနဲ့  ကျနော့် ဦးလေး သား တစ်ယောက်ပဲ အဖတ်တင်ခဲ့ တယ်..အမေက အိမ်ထောင်ကျ ရန်ကုန်သူ ဖြစ်လာခဲ့ ပေမယ့်  အဖွားရဲ့ သား ကျနော့် ဦးလေးက အဖွားနဲ့  ပြည်မှာအတူနေ ဖြစ်ခဲ့ တယ်  ၊ ဦးလေးက အငယ်ဆုံးပီပီ  ဆိုးတယ်လို့  ဆိုနိုင်ပေမယ့်  မူလ စိတ်ရင်း သဘော သက္ကာယက ကောင်းသားလို့ တော့  ပြောလို့ ရပါတယ်
မိုက်ကန်းကန်းသဘောသာ ရှိတာ သူတစ်ပါးကို ပျက်ရာ ပျက်ကြောင်း  စိတ်ပုပ် စိတ်ယုတ်မျိုးတော့  မရှိပါဘူး  အဲ့  စိတ်ကောင်းလေးကြောင့်  ကျနော့် ဦးလေး အဖြစ်က  စားရမှာလဲ သဲတရှပ်ရှပ်နဲ့   ပစ်ရမှာကလည်း အမဲနှပ်တုံး လို ဘ၀မျိုးလေးပါ...
ဦးလေးသာ ဆိုတယ် ကျနော်တို့ နဲ့ ညီအစ်ကို လို ဆက်ဆံရေးမျိုး ဖြစ်နေလို့  ကျနော်တို့ က အမေ့မောင် ကို ဦးလေး လို့ မခေါ်ပဲ  ကို တပ်ခေါ်ကြတယ် ပြီးတော့  ကျနော်တို့ လည်း လူငယ်ပီပီ  မိုက်သွေးကြွ သဘောတွေ ရှိနေလို့  ဦးလေးရဲ့  မိုက်ကန်းကန်း အပြုအမူတွေကို  စိတ်ထဲက ကြိတ်သဘောကျပေါ့ လေ...သဘောကျလောက်စရာကလည်း  ကျနော့် ဦးက  ကရာတေးတွေ ဘာတွေ အတော်တတ်တဲ့ သဘောရှိခဲ့ တယ် သူ့ ရဲ့  လက် နဲ့  ကိုယ့် လက်ကောက်ဝတ်ကို အမှတ်တမဲ့  လာဆုတ်ထားတာတောင်  သူ့ လက်ဖျစ်အား လက်ကုတ်အားက အတော်နာ အတော်မြဲ တဲ့ သဘောရှိပါတယ်   အဖွားခြံထဲက  သရက်ပင် တစ်ချို့ ရဲ့  ပုံမှန် အရွယ်ရောက် လူ့ မျက်နှာနဲ့  လယ်ဘယ်ညီ  ပင်စည် တွေမှာ  အ၀တ်ထူတွေ ကြိုးတွေနဲ့  ပတ်ထားပြီး သူ  ခြေခတ် လေ့ ကျင့် ပြနေတာတွေကလည်း  ကျနော်တို့  ကလေးတွေအတွက်  အားကျလောက်စရာပေါ့ ...   😁
အဖွားအိမ်ဟာ အရပ်ထဲက တစ်ချို့ တွေရဲ့    ခြေတံရှည် အိမ်တွေလောက် မမြင့် ပဲ  ပုံမှန် မြန်မာ့ ရိုးရာ ကျေးလက်အိမ်တွေလောက်သာ အမြင့် ရှိပါတယ်  အိပ်ရှေ့  ကပြင်နားရောက်ရင် တင်ပဆုံပစ် ၀င်လှမ်းထိုင်လို့  ရတယ်ပေါ့   အိမ်အောက် ၀င်ရင် ခါးကုန်းဝင်ရတဲ့ အမြင့် လောက်ပေါ့   အဲ့ တော့  အိမ့် အမိုး တံစက်မြိတ် သက်ကယ်အစတွေက  လူ့ ခေါင်း လွတ်ယုံလေးပေါ့ လေ..အဲ့ တံစက်မြိတ် အနားစလေးတွေဟာ ကျနော့် ဦးလေးရဲ့  ခြေဖျားလှမ်းခပ် လေ့ ကျင့် ရာ ပစ်မှတ် လိုလိုလည်း ဖြစ်နေတာပါပဲဗျာ (  တံစက်မြိတ်ကို  ဦးလေးက ခြေဖျား လှမ်းခတ်တာ မြင်လိုက်ရင်  အဖွားက ဗျစ်တောက်ဗျစ်တောက်ပေါ့   )  နွေကျောင်းပိတ်ရက်တွေ  အဖွားအိမ်ရောက်သွားရင် ကျနော်လည်း ကျနော့် ဦးလေးဆီင်္က ဟိုတစ်ကွက် ဒီတစ်ကွက် တောင်တစ်ကွက်မြောက်တစ်ကွက် ကရာတေး သင်ပေါ့ လေ...တကယ်တော့  ယောက်ျားလေးတွေရဲ့  ဗီဇ သဘာဝအတိုင်း  သင်တာက နဲနဲ  ကမျင်းကြောဆွဲတာက များများလို့ ဆိုရမှာပါ...😁  ဦးလေးရဲ့  ပစ်ရမှာလည်း အဆီတ၀င်းဝင်း  စားရမှာလည်း သဲတရှပ်ရှပ် ဆိုးနည်းကား တစ်ချို့ ကတော့  နောက်တော့မှပေါ့ လေ... :P    😁
ပြည်တွင်းစစ် ပြေးနေရတဲ့  သဘောကြောင့် ရယ် ခေတ်က ခေတ်ဆေးပညာ သိပ်မထွန်းကားသေးတဲ့  သဘောရယ်ကြောင့် လားတော့ မဆိုတတ်
-----------------------------
ပြည်မှာလေ (၂)
--
ဒါနဲ့  အဲ့ ပြည်ကဦးလေးလုပ်သူရဲ့  ဆိုးမျိုးတွေကို အနီးကပ်တွေ့ လာရတဲ့ အထဲမှာပေါ့ လေ..တစ်ခါကပေါ့  ဦးလေးက ကရာတေးသမားပေါ့ လေ အဲ့ မှာ အဲ့ အရပ်ထဲမှာလည်း ထုံးစံအတိုင်း မိုက်သွေးကြွတွေလည်းရှိပေါ့  ၊
(ကရာတေးသမားလို့ ဆိုတဲ့ ဦးလေးရှိမှာ အဲ့ တုန်းက စမြင်ဘူးတာ လေးလေးစီးစီးရှိလှတဲ့  ခလုပ်ဓားရယ် သံလက်သီးကွင်းရယ် အမှတ်တမဲ့ ဆို တုတ်တစ်ချောင်းနဲ့ တူတဲ့  ( ဟိုတုန်းက ဂျပန်ဓားကား မျက်မမြင်သိုင်းသမ အိုအိချိ ကိုင်တဲ့  တုတ်ဓား ရယ် ကို ဦးလေးဆီမှာ စတွေ့ ဘူးတာပါပဲ )..
တစ်ခါတော့  စိတ်ခေါ်ကျသတဲ့  ဦးလေးကို သိုင်းတတ်တယ် သတ္တိရှိတယ် ဆိုရင် ကန်ဖက်ကိုလာခဲ့ လို့ ချိန်းသတဲ့  ( အဲ့ တုန်းက ခေတ္တရာမြို့ သစ်နားမှာ ရေကန်အကြီးကြီး တစ်ခု ရှိခဲ့ ဘူးတယ်  နေရာတော့  မမှတ်မိတော့ ဘူး)  အဲ့ မှာ  ညဖက်ကြီး ချိန်းရိုက်ကြတာ  ဟိုဖက်က မိုက်သွေးကြွတွေက လေးငါးယောက်နဲ့  ဦးလေးက သံလက်သီးစွပ်လေး တစ်ခုထဲနဲ့  သွားရင်ဆိုင်သတဲ့ ( သံလက်သီးကို အရင်စွပ် ပြီးမှ အပေါ်က ပတ်တီးလိပ်နဲ့ ဖုံးပြီးပတ်ထားတာတဲ့  )  အဲ့ မှာ ဟိုဖက် ဒီဖက် တစ်ယောက်နဲ့   လေးငါးယောက် ဖိုက်တင် ပလေးကြတာ  ဦးလေးဖက်က ဖိုးနီတို့  ကြွက်ကြီး တို့ က နောက်တော့  ၀င်ကူပေးသတဲ့ ) နောက်ဆုံးတော့  ဟိုဖက်က လေးငါးယောက်လုံး ကန်ဘောင်မှာ သေလုမျောပါး လဲကွဲပြီးကျန်ခဲ့ ပြီး ဦးလေးကတော့  အိမ်ပြန်လာနိုင်ပါရောတဲ့ ..၊ အိမ်ပြန်လာတယ်သာ ပြောတာ ခလုပ်မထိ ဆူးမငြိတာ မဟုတ်ဘူး
ဦင်္းလေးရဲ့ လက်ကောက်ဝတ်မှာ သေရာပါ အနာရွတ်ဖြစ်အောင်  အကွင်းလိုက် အသားစာတွေ ပဲ့ ပါသွားတာ ခေါင်းမှာ ဟက်တက်ကြီးနဲ့ ပြန်လာတာနဲ့ အတော်ဆေးကုယူလိုက်ရတယ်..စက်ဘီးချိန်းကြိုးစာ မိခဲ့ တာလို့ ဆိုတယ်..ချုပ်လိုက်တော့  ၂ ဖက်စလုံး  အလဲလဲ အကွဲကွဲသဘောပါပဲ ( အဲ့ ခေတ်က ညွန့် ဝင်းရဲ့  ဗန်တိုလူလေးနဲ့ သူဇာ ) လို ရုပ်ရှင်မျိုးတွေ ခေတ်စားနေတဲ့ ကာလပေါ့ )
အမေ့ ခမျာ တစ်ဦးတည်းသော မောင်အတွက်  ငယ်ထိပ်မြွေပေါက်ပြီလေ..မျက်ရည်တွေ တောက်တောက် ကျရင် ညတွင်းချင်း ကားနဲ့ ထလိုက်တော့ တာပါပဲ..( အဲ့ မှာ အဖေ့ ရဲ့ အမေ့ အပေါ် ချစ်စိတ်က ဘယ်လောက်ကြီးလည်းဆိုတာ အမြဲ တွေ့ ရတယ်  တကယ့် အရေးဆို မယား စိတ်ချမ်းသာ ပြီးရော  မင့် သဘော ရှိတာ  တစ်သက်ပါပဲ)
အဲ့ မှာ ပြည်ရောက်တော့  ဦးလေးရဲ့  ခေါင်းတစ်ခုလုံး ကြုံတဲ့ ပတ်တီးစနဲ့ ပတ်ထားတာ ပတ်တီးအဖြူက ပိတ်နီစလိုဖြစ်နေပြီ အဲ့ ကလူတွေက ရဲ အမှု့ ဖြစ်မှာကြောက်လို့ အိမ်တင်ထားပြီး သူ့ အစ်မရှိတဲ့  ရန်ကုန်ကို ဖုန်းဆက်တာ  ဦးလေး တအင်းအင်းနဲ့  ငြီးနေတုန်း..အဲ့ မှာ ကျနော့် အမေက ပြည်ဆေးရုံကြီးကို ချက်ချင်းကောက်တင် ငွေတွေသုံးတော့ မှ ဦးလေ အဲ့ တစ်ချီလည်း မသေပြန်ဘူးပြန်ဖြစ်လာပြန်တယ်..ဘယ်လိုက ဘယ်လိုဖြစ်ကြပြန်တာလည်းလို့  မေးလိုက်တော့  အဲ့ တော့ မှ  နင့် ဟယ်  အဲ့ ကတည်းက ပွဲချင်းပြီးသွားရမှာ လို့  ကရုဏာဒေါသောနဲ့  သူ့ မောင်ကို အပြစ်တွေတင်...မျည်ရည်တွေကျရင်းပေါ့ ....
သတ္တိကောင်းမကောင်း ထရေ မူးမူး နဲ့  သူငယ်ချင်း နှစ်ယောက် ထန်းပင်အောက်မှာ တစ်ယောက်ခေါင်း တစ်ယောက်  ဘယ်ကောင့်  ခေါင်းက ပိုမာလဲ ဆိုတာ  ထန်းပလပ်ပြား အရိုးနဲ့  တစ်ယောက် တစ်ချက် ရိုက်မယ် အရင်လဲတဲ့ ကောင် အရှုံးဆိုပြီးတော့ တဲ့  ပေါက်ခေါင်းဖက်က ( ထန်းတော) ထတောထဲမှာတဲ့ .. ( တကယ်က ထရေ မဟုတ်ဖူး အဲ့ ဒီက တောချက်အရက်တွေ  ).. အဲ့ မှာ နှစ်ယောက်စလုံး ခေါင်းသွေးချင်ချင်းနီပြီး လဲနေတာ ( ဒါတောင် ဦးလေးရဲ့  အကြွား ပိုချက်က ငါက နောက်မှ လဲတာကွတဲ့  အဲ့  ဒါကြောင့်  ဆေးရုံ ရောက်တာနေမှာ )  အဲ့ က လူတွေက ပေါက်ခေါင်းသားကို သူတို့ အိမ်သူတို့ ပြန်သယ် ( သူလဲ မသေဘူး အတော်တော့ ကုယူလိုက်ရတယ်) ဦးလေးကို ပြည်က ၀ါရုံထဲက အမျိုး ဦးကြီးဒေါ်ကြီးတွေ အိမ်ပို့ ပေးခဲ့ တာပေါ့ လေ..ဦးလေး လုပ်ပေါက်က အမေ ဆူလဲ ဆူစရာပဲ  အဲ  ပြန်တွေးကြည့် တော့  အဲ့ လူတွေဆိုးပုံက နဲနဲ တော့  ရယ်ရတယ်  ဟီးဟီး..ဒါပေမယ့်  အဲ့ ကိစ္စတွေကြောင့် ပြဿနာက ကျနော်တို့ ဖက်လှည်လာတာ ကျနော်တို့ သိုင်းတွေ ကရာတေးတွေ သင်မှာ သင်တန်းသွားမှာ အမေက မကြိုက်တော့ ဘူး ဖြစ်သွားပါရောဗျာ.
အဲ  ပြန်တွေးကြည့် တော့  အဲ့ လူတွေ ဆိုးပုံက နဲနဲ တော့  ရယ်ရသလားလို့  ...ဟီးဟီး..
-----------------------------------------------
ပြည်မှာလေ..(၃) ( တစ်ခါက အဖိုးနာရေး..)
----
အမေ့ ဖက်က အဖိုးအဖွား နဲ့ ဆွေမျိုးတစ်စုရဲ့  မူလဇာတိက ကျုံးပျော် ငသိုင်းချောင်းအင်းရဲကြီးလို့ တစ်ဆက်တည်းရောသုတ်ခေါ်တဲ့ အရပ်က ရွာတွေကပေါ့ လေ..၊ အဲ့ ခေတ်မှာ  ဧရာဝတီတိုင်းမှာ ပြည်တွင်းစစ်က ရှိနေ
ဒါနဲ့ ဒီလိုပဲ လွတ်အောင်နေရင်းက ပြည်တွင်းစစ်က အဖိုးတို့ အဖွားတို့ ရွာတွေဖက်ရောက်လာတော့  နဂိုကကို မြို့ အုပ်ချုပ်ရေးက ခတ်ယဲ့ ယဲ့  အခြေအနေကနေ ဘယ်သူ့ ဘယ်သူမှ အားကိုးရမယ့် ပုံ မပေါ်တော့ ဘူးဖြစ်လာတော့ မှာ အမေတို့ အဖိုးအဖွားတို့ တွေ အမျိုးတစ်ချို့ တွေ စိတ်ကူုးတည့် ရာအရပ်ကို ထွက်ပြေးကြရတော့ တာပဲ ၊ အဲ့ မှာ အဖိုးအဖွားတွေပါတဲ့ အမျိုးအုပ်စုတစ်စုက လှေကြီးနဲ့ ထွက်ပြေးရင်း ပြည်ဖက်ကို ရောက်လာတာလို့ ဆိုတယ် (ပြည်တွင်းဖြစ်  လှစီး ဒုက္ခသည်တွေပေါ့  ငိငိ )  ၊ တစ်ချို့ က ပုသိမ်မြို့ ပေါ်တက်ပြေးတယ် တစ်ချို့ ကတော့ ရန်ကုန်ကိုပြေးကြရတယ်တဲ့ ..ဒါက ပြည်ကို ဘယ်လိုစရောက်လာလဲရဲ့ ဇစ်မြစ်ပေါ့ လေ..
ကြားခဲ့ ကြုံခဲ့ တာတွေထဲက သတိရသလောက်တွေထဲမှာ တောနာရေးစတိုင်တစ်ခုကို အဖိုးနာရေးမှာ စကြုံဖူးခဲ့ တဲ့ အကြောင်းလေးပေါ့ ..ဒီလိုနဲ့  အဖိုးနဲ့ အဖွား နဲ့  အပေအတေ ဦးလေးတို့ ဟာ မြို့ သစ်မှာနေရင်း နောက်တော့  အဖိုးက နွေဦးပေါက်မှာ အရင်ကွယ်လွန်တယ်  အဲ့ တော့ ကျနော်ပါ ရောက်ဖူးသွားရောပေါ့ လေ.၊ အဲ့ မှာမှ စမြင်ဘူးတာက အလောင်းထားတဲ့ စတိုင်ဗျ ၊ ပထမက အိမ်ရှေ့ မှာတင် ကုတင်နဲ့  ကုတင်
ပေါ် အခေါင်းတင်ပြီးထားတာ ၊ ဇာပုဝါပါးပါးလေးတွေက ကုတင်တိုင်တွေနဲ့ ရံလို့ ပေါ့  ၊ ကုတင်ခြေရင်းမှာက ရေအိုးသေးသေး တစ်လုံး ကုတင်အောက်အလယ်လောက်မှာ ကျောက်ဖယုံသီးရှည်မျောမျောတစ်လုံနဲ့  ..
ညညဆို အိမ်ထဲကလှမ်းကြည့် ရင်တောင် အဲ့  အခေါင်းတလားပေါ်ကို လမ်းထဲက လျပ်စစ်ရှိတဲ့ အိမ်က သွယ်ထွန်းထားတဲ့  ပွင့် မှိန်ပြပြလေး ကျနေပုံ စမြိန်စာထမင်းထုတ် ဆေးပေါ့ လိပ်ကို သံပန်းကန်စောင်းနဲ့ ထည့် မီးကတို့ ပေးထားတော့  မြင်ကွင်းက ကြောက်စရာတောင် ကောင်းနေတော့ တာပေါ့ လေ ။ နာရေးက ၅ရက်ထားတယ် အမျိုးစုံနိုင်သလောက်စုံအောင်ဆိုပဲ ၊နွေခေါင်ခေါင် ဆိုတော့  ၃ ရက်မပြည့် ခင်ကို အပုပ်နံ့ လေးက လေ အပင့် အပင့် မှာ ခပ်သင်း ခပ်သင်းလေးနဲ့ ပေါ့ လေ..ဒါပေမယ့်  ဖဲဝိုင်းနဲ့ ထမင်းဝိုင်းနဲ့  အတင်းတုတ်တဲ့ ဝိုင်းနဲ့  ဒိုင်မလျှို့ တလျှို အရက်ပိုင်းလေးတွေ မော့ ကာ မော့ ကာ ကာလသားတွေနဲ့  အသုဘအိမ်က စည်နေတော့  သိပ်တော့ မကြောက်မိပါဘူး လူစည်နေကိုး..
ဒါနဲ့  ၅ ရက်မြောက်ကြတော့  မြေချမယ်ပေါ့ လေ၊ ဟိုတုန်းကတော့ မြေမြှတ်တာက ခပ်များများပါ ၊ မြို့ သစ်နဲ့ သုဿန်က တော်တော် လှမ်းတယ်၊ ကားရှားသေးတော့  လူတွေက လမ်းလျှောက်လိုက်ပို့ ရတာ များတယ်တစ်ချို့ က စက်ဘီးလေးတွေ တွန်းလို့ ပေါ့ ၊အဲ့ မှာ ထပ်စတွေ့ ဘူးပြန်တာက အလောင်းတင်တဲ့ နိဗ္ဗာန်ယာဉ်က ဘီး လေးဘီးတပ် လှည်းကြီး၊ အဲ့ လှည်းကြီးက နှစ်ထပ် ၊ မြင့် တာက
လူ နှစ်ရပ်နီးပါးမြင့် တယ် ၊ အမိုးပတ်လည်မှာ ပြဿဒ်လေး ကနုပ်လေးက ပတ်ထားသေးတယ်၊ အောက်ထပ်မှာ ဖျာလိပ်တို့ ကျောက်ဖယုံသီးတို့  စမြိန်စာထုပ်တို့ အိုးခွဲဖို့  ရေအိုးတို့ ဆေးပေါ့ လိပ်စီးတွေ အမွှေးတိုင်ထုပ်တွေက တင်လိုက်ပြီး အခေါင်းကြီးက အပေါ်ထပ်မှာတင်လိုက်ကြတာ ၊ အဲ့ ဒါကို အရပ်ထဲက  ကာလသားတွေ အမျိုးတွေ ရပ်ဆွေရပ်မျိုးတွေက ရှေ့ ကဆွဲသူ နောက်က တွန်းသူတွေနဲ့  သုဿန်ကို
သွားကြရတာ ..နွေခေါင်ခေါင်ကြီး ပင်ပမ်းပုံရကြပေမယ့်  ပင်ပမ်းကြပုံလည်း မပေါ်ပါဘူး အချင်ချင်း မေတ္တာရှိပြီဆို အဲ့ လို တက်ကြွနေတတ်ကြပြန်ရောဆိုတဲ့ လူတွေပေါ့ လေ..
လှည်းကြီးကို ပြေးဆွဲသွားလိုက်...ဟေးးး...ဆိုပြီး ညာသံပေး နောက်ဖက်ကို ပြန် ဆွဲလုလာလိုက်နဲ့  လုပ်ကြသေးတာ..။ အဲ့ လိုလုပ်ပြီဆို အရပ်ထဲ့ လူငယ် ကာလသားတွေချည်း လုပ်ကြတာ ၊ ဦးလေးက အပေအတေ
ဦးလေး ဆိုတော့  ကာလာသား ဘော်ဒါတွေ အတော်ပေါတယ် ပြီးတော့  ရီဝေမင်းသားတွေချည်းလိုလိုများတယ် ၊ အဲ့  မှာ မူးမူးနဲ့  အလောင်းကစားတာ လှည်းလည်း ခါယမ်းလို့  ဖယိုဖရဲတွေ ဖြစ်လာတဲ့ အထိ ပွဲကိုကြမ်းနေတော့ တာပါပဲဗျာ..။
အဲ့ မှာ ကတ္တရာလမ်းပေါ်ရောက်တော့  အလောင်းကစားလို့ ပိုကောင်းပေါ့  ရှေ့ နောက်ဆွဲယုံမကတော့ ဘူး အပေါ်အောက်ပါ ခါခါပြီးလှုပ်တော့ တာ ၊ နေပြင်းတော့ အပူသက်သာအောင်ထပ်မော့  ပိုမူး ပို အလောင်းကစားကြပေါ့ လေ..၊ အဲ့ မှာ ပြဿနာတက်တော့ တာပါပဲ.၊ တက်ပုံက   လှည်းကို ဆွဲပြေး ပြန်ဆွဲယူ နဲ့  ခါလွန်းလို့  ရှေ့ လှည်းဘီး ၀င်ရိုးက ကျိုးပြီး စောင်းသွားရော...
 အဲ့ မှာ ကောင်းကင်တင်ထားတဲ့  အခေါင်းက လျှောကနဲ လမ်းမပေါ်ပြုတ်ျ  အခေါင်း အဖုံးက ဗြန်းကနဲ ကွဲ...အခေါင်းထဲက လဲမွှေ့ တွေရောနဲ့  အပုပ်ရေ တစ်ချို့ က လမ်းမပေါ် စင်ဖိတ်ကျ အပုပ်နံ့ တွေဆို တထောင်းထောင်းနဲ့ ပေါ့ ...ဟီးဟီး..
လှည်းပေါ်ကနေ အခေါင်း လျှောကျ တာ လှည်းနောက်ကနေ နာရေးလိုက်ပို့ တဲ့ လူတွေ ဖက်ဆိုတော့  အဲ့ မှာ တစ်ချို့ လူတွေနဲ့  အပေအတေ ဦးလေးရဲ့ ဘော်ဒါ  ဆေးလိပ်ခုံက မဒီလေးတွေ လန့် ပြီး ထွက်ပြေးတာ မူးတာက ရှိသေး..ခိခိ.။  အဲ့ နားက အရပ်က လူတွေက ထွက်ပြဿနာရှာသေးလို့  နောက်တော့  အရပ်ကျေနပ်အောင် ကန်တော့ ပွဲလာပေးမယ် ဘာညာတွေ နဲ့ လုပ်လိုက်ရသေးတယ်..အဲ့ မှာ နောက်လှည်းတစ်စီးကို စောင့်  ပြောင်းတင် သုဿန်ကို ဆက်ချီတက်ပေါ့ လေ...အဲ့ တော့ မှ လမ်းတစ်လျှောက် အပုပ်နံ့ တထောင်းထောင်းနဲ့  လှည်းကို ဆက်တွန် ဆက်ဆွဲကြတာ  လူကြီးတွေကတော့  ပွစိပွစိပေါ့  အပေအတေဦးလေးနဲ့  ရီဝေတို့ တစ်သိုက်လည်းအဲ့ တော့ မှ ခပ်ငြိမ်ငြိမ် လှည်းတွန်းတော့ တယ်..အဖိုးရဲ့  နာရေးက ဆက်ဝမ်းနည်းရမလိုလို ရယ်ရမလိုလိုပေါ့ လေ....။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..