Powered By Blogger
Tuesday, July 26, 2016
စိန်ခေါ်မှု့ တွေ..
စိန်ခေါ်မှု့ တွေ..
---
ဘ၀မှာ စိတ်ခေါ်မှု့ တွေကို စွန့် စား တိုက်ပွဲဝင်ခဲ့ ရတဲ့  အကြိမ်ရေက လက်ချိုးရေလို့ ရပါတယ်  အဲ့ ထဲမှာ ၁၀တန်းအောင်အောင် တိုက်ပွဲဝင်ခဲ့ ရတာလည်းပါပါတယ်.... စိန်ခေါ်တာက အဖေပေါ့   ( မိသားစုအတွင်း သိပ် အရေးကြီးတဲ့  ဆုံးဖြတ်ချက်တွေ ချဖို့ ဆိုတော့ မှ အဖေက ပါဝင် ပတ်သက်လာလေ့ ရှိတယ်  ပုံမှန်အခြေအနေတွေမှာတော့  အမေ နဲ့ တင်ပြီးတယ်ပေါ့ လေ)..
အခြေခံ မခိုင်ပဲ ယိုင်ထိုး ယိုင်နဲ့ နဲ့  ၁၀တန်းရောက်လာတော့  စာမေးပွဲနီးမှ  အာပူတိုက် ၀င်ဖြေယုံနဲ့  ဘယ်အောင်တော့ မလဲ  ၂ နှစ်ဆက်တိုက်ကျတော့ တာပေါ့ ...( ရန်တွေလည်းလိုက်ဖြစ်သေး ကျောင်းကလည်းပြေး  ရီးစားကလည်း ထားသေးဆိုတော့  ဗေဒင်မေးရင် ဆန်ကုန်တယ်ပဲ  )...
စတိတ် ရပီတာဘ၀မှာတောင်မအောင်တော့  စတိတ်ကထွက် အပြင်လူဖြစ်ခဲ့ ပြီပေါ့ ..အရွယ်က ဟိုမရောက် ဒီခိုင်းမရ လောက်လောက်လားလား မရှိသေးတဲ့  အရွယ်....ကျောင်းသားစိတ်က မပျောက်သေး အရပ်လူ စစ်စစ် မဖြစ်သေး ၃ နှစ်မြောက်ကို စာဆက်ဖတ်ချင်နေသလိုလို ( ကျောင်းသားဆိုတဲ့   ကာဗာ ယူပြီး အလုပ်စစ်စစ်မလုပ်ချင်သေးပဲ အပျော် ကဲချင်နေသေးတာကပိုများ...ငိငိ )..
အဲ့ မှာ ဘိုးတော် ၀င်လာတော့ တာပါပဲ...ဒီနှစ်ကို နောက်ဆုံး အနေနဲ့  ဘော်ဒါထားပေးမယ် ( ဘော်ဒါကြေး ငွေတွေ ဒလဟော သုံးရတော့ မှာ )  ဒီနှစ်မှ မအောင်ရင်တော့  ပညာရေးနဲ့ တစ်သက်လမ်းခွဲပြီတဲ့ ....
.( အတော်ဖြုံသွားတယ်...မအောင်ရင် အရပ်သား လုပ်ရတော့ မယ် အလုပ်လုပ်ရတော့ မယ်လေ...အဲ့ အချိန်က နိုး အလုပ်လုပ်ချင်စိတ်ကိုး  )
ခေါင်းတွေကို  ထူပူနေအောင် ရေရေလည်လည် တွေးလိုက်ရတယ်...ကဲဖေါ်ကဲဖက် တစ်ယောက် အောင်သွားတာကိုလည်း  နဲနဲလည်း ရှက်နေတယ်  ကျားမာန်လေးက ၀င်လာတယ် အောင်ကလည်း အောင်ချင်တယ.်...အဲ့ မှာ   အဲ့  စိန်ခေါ်ချက်ကို  သဘောတူလိုက်တော့ တာပေါ့ ဗျာ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..