Powered By Blogger
Tuesday, July 26, 2016
တစ်ခါတုန်းက ကြံခင်းမှာ..( ၁. ၂.၃.၄ )
တစ်ခါတုန်းက ကြံခင်းမှာ..( ၁)
---------
ငယ်နုစဉ် ကလေးဘ၀မှာ နှစ်ဖက် အဖိုးအဖွားတွေကို မီလိုက်ခွင့်  အတူနေခွင့်  ပျော်ရွှင်စွာ ဆော့ ကစားခွင့် ရခဲ့ တာကလည်း ဓနအင်အား နဲခဲ့ ပေမယ့်  ရုပ်ရောစိတ်ပါ လွတ်လပ်မှု့ အပြည့် အ၀ ရခဲ့ လို့  ကိုယ့် ရဲ့ ကလေးဘ၀ကံလေးကလည်း မဆိုးပါဘူးလို့ ဆိုလို့ ရလောက်ပါရဲ့ လေ၊၊
အဖေ့ ဖက်က အဖိုးအဖွားဆွေမျိုးတွေက ကြံခင်းမြို့ ပေါ်နဲ့  ပတ်လည်က ရွာတွေမှာပေါ့  ကြံခင်းရဲ့ မြစ်ကမ်းပါးထိပ်ကနေဧရာဝတီ မြစ်ပြင်ကျယ်ကိုကျော်ပြီး ည ည လှမ်းမြင်နေရတဲ့  ဓါတ်ငွေ့ တွေ လေထဲ အမြင့် မှာ မီးရှို့ ထားတဲ့ အလင်းရောင် ရှိတဲ့ အရပ် ကွေ့ မ ရေနံမြေနားက ရွာတွေမှာတောင်အမျိုးတွေ ရှိနေတယ်ပေါ့ လေ၊ အမျိုးအတော် များများက ဧရာသောင်ပြင်ကြီးမှာ ယာသမား ကိုင်းသမားတွေများတယ် ဧရာဝတီမြစ်ကမ်းနဘေးက တမျှော်တခေါ်ကြီး မြင်နေရတတ်တဲ့ သဲသောင်ပြင်ပေါ်မှာ ဆေးရွက်ကြီးခင်းတွေနဲ့ ဘူးစင်လေးတွေပါတတ်တဲ့  အိမ်ယာလေးတွေနဲ့ ပေါ့  အဲ့ သဲသောင်ပြင်ကျယ်ကြီးပေါ် နဲ့ မြစ်ဧရာစပ်မှာ မြစ်ထဲရေဆင်းကူးခဲ့ တာတွေ ဖရဲခငိး ယာခင်းထဲလျှောက်ပျော်ဆော့ ခဲ့ ရတာတွေ အဖိုးရဲ့ နွားလှည်းစီးရင် နွားဖင်နောက်နားကပ်ထိုင် နွားဖင်ကို ကြိမ်နဲ့ လှမ်းလှမ်းတို့ ရလို့ သဘောတွေ ကျနေခဲ့ တာတွေ... တကယ့် ကို လွမ်းစရာ ကလေးဘ၀လေးပါ..
အဖိုးက ဂျပန့် ခေတ်က သူကြီးတွေဘာတွေ လုပ်ခဲ့ ဘူးပြီး ခေတ်ပျက်တော့ ကြံခင်းတစ်ဖက်ကမ်းရွာကနေ ကြံခင်းမြို့ ပေါ်ပြောင်းလာတာတဲ့  ( နောက် အမျိုးတစ်ချို့ က ကမ်းပါးတွေ ပြိုကျတဲ့ အထဲ အိမ်တွေပါကုန်လို့  မြို့ ပေါ်ပြောင်းလာတာလည်းရှိတယ်) အဖိုးက ရွှတ်တွတ်တွတ်တွေ ပြောတတ်လို့  လူပျော် လူနောက်ကြီးဆန်တယ် အဖွားက အနေတည်တယ် သားတွေချည်းး ၉ယောက်တန်းစီ မွေးခဲ့ တဲ့ အမေဖြစ်ပြီး သားတွေကို အထိမ်းကောင်းချက်က အကုန်လုံး ဟင်းချက် ထမင်းချက်ကောင်းကြတယ်၊ အ၀တ်အစား သေသေသပ်သပ်ဝတ်တတ် ပိုက်ဆံကို ကပ်စေးနည်း တတ်
( ဘကြီးတွေ ဦးကြီးတွေကတော့  ကျစ်ကျစ်ကျစ်လစ်လစ် သုံးတတ်တာပါလို့  ပြောတာပဲ ဟီးး) သားအကြီးဆုံးက ငယ်ဖြူရဟန်းဘ၀နဲ့ တစ်သက်တာ ကျောင်းထိုင်ဘ၀နဲ့ အရိုးထုတ်သွားတယ် အဖိုးအဖွားကရဟန်းခမည်းတော် ရဟန်းမယ်တော်ကြီးပေါ့ လေ။ နွေကျောင်းပိတ်ရက်တွေမှာ အမေ့ ဖက်က ပြည်က အဖိုးအဖွားတွေ အိမ်မှာ သွားနေလိုက် အဖေ့ ဖက်က ကြံခင်းက အဖိုးအဖွားတွေ အိမ်မှာ သွားနေလိုက်နဲ့ ပေါ့ လေ။ အဲ့ တုန်းက ကြံခင်းက တောမြို့ လေး သာသာလောက်ပဲ ရှိပြီး မြို့ ထဲမှာ အဖိုးတို့ နေတဲ့ မြို့ မရပ်မှာ လူ့ တစ်ရပ်ခွဲစာလောက်မြင့် တဲ့ တာရိုးက ရှိနေသေးတယ် မြို့ ကွက်က နဲနဲတော့ သရုပ်ပျက်တယ်ပေါ့ လေ
မြို့ က စက်ဘီးနဲ့ နဲနဲ ပတ်လိုက်တာနဲ့  မြို့ အရှေ့ အနောက် အတော်နေရာစုံသွားတယ်ပေါ့ လေ.မြို့ အောက်ဖက် မှာတော့ ဘုန်းကြီးကျောင်းတွေ ဘုရားတွေရှိပြီး အဖိုးရဲ့ သားအကြီးဆုံး ဘကြီးဘုန်းကြီး
ကျောင်းထိုင်တဲ့ ဘုန်းကြီးကျောင်းလဲရှိတယ် ..။
ဘကြီးဘုန်းကြီးရဲ့ ကျောင်းဝင်းကြီးက တော်တော့်ကိုကျယ်ပြီး သရက်ပင်ကြီးတွေ မရမ်းပင်တွေ နဲ့  ငှက်ပျော်ပင်အုပ်စုလေးပါ ရှိသေးတယ် ၀ါးရုံပင်ကြီးတွေရော ရှေးရေတွင်းကြီးရော ပေါ့  ကျောင်းင်္ကြီးက ရှေးက ကျောင်းတွေလိုပဲ အုပ်တစ်ဝက် ပျဉ်ထောင်တစ်ဝက်ပေါ့  လှေကားကြီးက နန်းတော်ဝက လှေကားပုံစံတွေလိုပါပဲ
ဘကြီးဘုန်းကြီးရဲ့  ကျောင်းက ကျောင်းတိုက်တွေရဲ့ အစွန်လိုဖြစ်နေတော့ ကျောင်းနောက် က ခြံစည်းရိုးကနေ မျှော်ကြည့် လိုက်ရင် စမ်းခင်းကြီးနဲ့  စိမ်းစို ယိမ်းနွဲ့ နေတဲ့ လယ်ကွင်းပြင်ကြီးက မျက်စိတစ်ဆုံးလိုမြင်နေရပြီး အဲ့ နားမှာ ၀ါးတစ်ပြန်ခွဲစာလောက် ဥာဏ်တော်မြင့် တဲ့ ထုံးဖြူဖြူနဲ့  စေတီလေးလဲရှိတော့ မြင်ကွင်းက သိပ်ကိုလှ သိပ်ကို လွမ်းစရာကောင်းတဲ့ မြင်ကွင်းကျယ်ပေါ့ လေ ပြီးတော့  အဲ့ စေတီလေး တည်ထားပုံလည်း လှေကားနဲ့ ပစ္စယံ အဆင့် လေးတွေ ပါလို့  တက်သွားရင် လူက တောင်ပူစာလေးထိပ်ရောက်သွားသလို လယ်တောကြီးကို အပေါ်စီးကမြင်နေရသလိုပါပဲ လယ်ကွင်းကို ဖြတ်တိုက် လာတဲ့  လေတဟူးဟူး နဲ့ စေတီလေးရဲ့  ထီးတော်က ခေါင်းလောင်းလေးတွေက ညောင်ရွက် ဆွဲလဲလေးတွေရဲ့  လှုပ်ခံသံ လေးတွေက တချွင်ချွင်နဲ့ ဆိုတော့  စေတီလေးပေါ်ညနေ နေချိုချိန်လေး တက်သွားရင် မှောင်စပျိုးလာတဲ့ အထိ ပြန်မဆင်ချင်လောက်အောင် သိပ်နေလို့ ကောင်းတဲ့ နေရာလေးပေါ့ လေ ..။
-----------------------------
တစ်ခါတုန်းက ကြံခင်းမှာ..( ၂ )
---------
ပထမဆုံး ကိုရင်ဝတ်တာက ၇တန်းလောက်မှာ လမ်းထဲမှာ ပေတစ်ရာရှည်တဲ့  မဏ္ဍတ်ကြီးထိုး  အဲ့ မဏ္ဍတ်ကြီးထဲမှာပဲ ၇ ရက်တိုင်တိုင် ညစဉ်တရားပွဲတွေ နဲ့ ပေါ့  လူဓမ္မကထိက က မန္တလေးက ရတနာပုံဆရာချစ်တဲ့ 
လူက ပလ္လင်ပေါ်တက်ထိုင်ပြီး တရားဟောတာ အဲ့ တော့ မှမြင်ဘူးတယ်  တရားဟောတော့  တော်တော်ကောင်းတယ်  အဲ့ တုန်းက နာမည်ကြီးတဲ့ ။ အလှုမှာကျွေးတာက ဒံပေါက်တွေ ကိုယ့် ဆီမှာပဲ လာ ချက်ကြတာ ဒံပေါက်ပဲ ချက်တဲ့ သီးသန့် အိုးကြီးတွေနဲ့ ပေါ့ လေ..ကိုရင်ဝတ် ပြီး တော့  ကြံခင်းက ဘကြီးဘုန်းကြီးဆီ အဲ့ ကိုရင်ဝတ်ကြီဲးနဲ့ ပဲ ကြွချီတော့ မူရတော့ တာပါပဲ...။ ကိုရင်ဘ၀ဆိုတာ အတော်တော့ သာယာစရာကောင်းသား
အဖိုးအဖွားတွေ အမျိုးတွေ မောင်နှမတွေနဲ့ လူတကာရဲ့ အလေးပေးတာ ဦးစားပေးတာခံရလို့ လေ..စားချင်တာလေးများဆို အဆင်သင့် လက်တင်စားယုံပဲဆိုတော့ လေ အဲ့ တော့ ပျော်စရာလည်းကောင်းပေါ့ ။
ကြံခင်းကို ချီတက်သွားကြတာ အဖိုးအဖွားတွေအပြန်မှာ လိုက်သွားပေးရတာ ဘကြီးဘုန်းကြီးကလည်း ငါ့ တူကြီး ကိုရင်ဝတ်တာ  မြင်ချင်သေးတယ် ဆိုသကိုး ။ အဖေ့ ဖက်က အမျိုးတွေထဲက သားယောက်ျားလေး ကိုရင်ဝတ် ကျကျနန စည်းစည်းကားကားနဲ့  နှစ်ဖက် အမျိုးတွေ စုံစုံညီညီ သိုက်သိုက်ဝန်းဝန်းနဲ့  အလှုတော်မင်္ဂလာပွဲင်္ကြီးခံတာ ကျနော်က အရင်ဆုံးဖြစ်နေလို့  ဘကြီးဘုန်းကြီးက ကြံခင်းမှာ ဂုဏ်ခံချင်နေပုံရပါ့  ။
အဲ့ ကြံခင်းသွားရတဲ့ လမ်းက အဲ တုန်းက ပြည်မှာ တံတား မထိုးရသေးဘူး ဒီတော့ လမ်းက ပြည်ကို အရင် ညကားစီးရသေးတယ် ပြည်ရောက်မှ ကြံခင်းကို မော်တော်စီးသွားရတာ ၊ တော်တော်ကြာအောင်ကိုစီးရတာ။
လမ်းမှာ အကောက်တောင်က တောင်နံရံတွေက ဘုရားတွေဆိုတာ အဲ့ တုန်းကတည်းက ဖူးရတာပေါ့ လေ. မျက်စိထဲ စွဲနေတဲ့ မြင်ကွင်းတစ်ခုက အဲ့ နေရာလေး မရောက်ခင် ကမ်းနဲ့ နီးနီး မော်တော်ခုတ်ရတဲ့ နေရာလေး
ကိုရင်ဝတ်ဘ၀နဲ့  အဖိုးအဖွားတွေဆီမှာ နဲ့  ဘကြီးဘုန်းကြီးကျောင်းမှာ ဟိုဖက်သွားနေလိုက် ဒီဖက်သွားဆော့ လိုက်နဲ့ ပေါ့ ၊ အဲ့ မှာ အဖိုးအဖွား အလိုလိုက်ချက်က.. ရောက်စ တစ်ညနေစောင်းမှာပေါ့ လေ ဗိုက်က ဆာလာတာ ဟန်ကိုမဆောင်နိုင်လောက်အောင်ဖြစ်နေတယ် ထန်းလျက်စား ရေသောက်လည်း မတင်းတိမ်နိုင်ဘူးဖြစ်နေတာ ပိုဆိုးချက်က အဖွားက အဲ့ ညနေ အမဲနှပ်ချက်နေတာ အဲ့ တုန်းက အမဲနှပ်က
ညနေစောင်း ပေါ်တဲ့ အမဲ အရပ်ထဲလှည့် ရောင်းတုန်း ၀ယ်ချက်တဲ့  အမဲဆိုတော့  လတ်ဆတ်လွန်းနေပြီး မဆလာနံ့ နဲ့ ပေါင်းပြီး လွှတ်မွေး လွှတ်သင်းပေါ့ လေ. ပြီးတော့  ကျနော်က အဲ့ ညနေစောင်းမှာ မြစ်ထဲရေက ဆင်းကူးမိလိုက်သေးတာ  အဲ့  အမဲနှပ် အနံ့ က ပိုဗိုက်ဆာလာပြီး ဒီညနေ ထမင်းမှ မစားရရင် သေဖွယ်ရာသာရှိတော့ တယ် စတိုင်ဖြစ်နေတာ မျက်နှာကိုက ရှုံ့ တွလို့ ပေါ့  ဒါပေမယ့်  ထမင်းစားချင်တယ်လို့ မပြောရဲဘူး...
အဲ့ လို ဖြစ်နေတာကို လူရွတ် လူနောက် လူပျော်ကြီးအဖိုးက ရိပ်မိပြီး ပြုံးစိစိ လုပ်နေပြီး..အမဲနှပ်အိုးလည်း ကျက်ရော '''ဟေ့  မယ်ရင် မင့် မြေး အတွက် အရင် ထမင်းခူးကျွေးလိုက်ကွာ''  တဲ့  ( အဖွားအမည်က ဒေါ်မယ်ရင် တဲ့  ) ကျနော့် လှမ်းကြည့် ပြီး အဖွားကို ပြောလိုက်တော့  အဖွားကလည်း အထာပေါက်ချက် အလိုလိုက်ချက်က ဇလုံထဲ ထမင်းထည့်  ဆီနဲနဲ ရေများများ နဲ့  ဆီကျန်ရေကျန် ချက်ထားတဲ့ ပူပူနွေးနွေး အမဲနှပ်ဟင်းတွေထည့်  အိမ်ပေါ်ထပ် ခေါ်ပြီး အရပ်က မမြင်အောင် ဒိုင်လျိုလေးကျွေးတော့ တာပါပဲဗျာ....တကယ်ပါပဲ  အဲ့  အမဲနှပ်နဲ့  အဲ့ ညနေက  စားရတဲ့ ထမင်းတစ်နပ်က တစ်သက် မမေ့ နိုင်အောင်ပဲ  ဆာဆာနဲ့ ရော ခိုးစားရတဲ့ သဘောလည်းပါတော့ လေ ၊ စားရတာ အရသာရှိချက်ကလည်း စာဖွဲ့ ရတာတောင်ခက်ပါ့ ပဲ..ဟီးဟီး..။
--------------------------
တစ်ခါတုန်းက ကြံခင်းမှာ..( ၃ )
------------------
အဲ့ အခေါက်က မောင်နှစ်မတွေအကုန်ပါပြီး အမေပါ ပါလာတာ ၊ ပို ပျော်စရာကောင်းတဲ့  အခေါက်ပေါ့ လေ ၊ ပြီးတော့  အဖွားမှာ သမီး မရှိလို့  သားအငယ်ဆုံးက မွေးတဲ့ သမီးကြီးကိုသမီးအဖြစ်မွေးစားထားတာလည်းရှိနေတယ် အသက်တူ သိပ်မကွာကျတဲ့ မောင်နှစ်မ ညီအစ်မတွေပေါ့ လေ ၊နောက် ဘေးအိမ်က အဖေါ်သူငယ်ချင်းတွေပါ ရှိတော့ ကလေးတစ်သိုက်ကြီးလို ဖြစ်နေပြီး အဖွားတို့  အိမ်ဆိုတာ ၀ုန်းဒိုင်းကိုကျဲနေတော့ တာပါပဲ...၊ အဲ့ မှာ မှတ်မှတ်ရရက အငြိမ့် ကကြတာ လူရွှင်တော်တော့ မပါဘူးပေါ့ လေ စောင်ကို လိုက်ကာလုပ်ပြီး ရေဒီယိုက သီချင်းကိုဆိုဆိုပြီး ကကြတာ ၊ ကျနော်က ကန့် လန့် ကာလေး ဖွင့် ပေးလိုက် ပိတ်ပေးလိုက် သစ်သားဖင်ထိုင်ခံလေး မှောက် ရေထမ်းတဲ့ သွပ်ပုံးလေးကို စောင်းလှဲပြီး  ဆိုင်း လိုတီးပေးလိုက်ပေါ့ ညီမတွေအစ်မတွေက သီချင်းဆို ကွေးနေအောင်ကကြပေါ့ လေ၊ မိန်းကလေး သဘာဝလားတော့ မသိဘူး အမြင်နဲ့ တင် အတော် ကကျိုး ညီအောင် ကတတ်ကြပါပေ့ ပဲ ၊
အဲ့ မှာ  ရေဒီယိုက ဖြစ်ဖြစ် ထီလှည်းက ဖြစ်ဖြစ်  ဖြတ်ကနဲ ကြားလိုက်ရရင်  ကျနော့် တစ်သက်မှာ ကျနော့်  ငယ်ဘ၀ကို ပြန်ပြန် သတိရစေတတ်တဲ့ သီချင်းတစ်ပုဒ် ရှိခဲ့ တယ်  အဲ့ သီချင်းလေးနဲ့  ၀ိုင်းဆိုကြ ကကြတာပေါ့   ကျနော်တို့ မောင်နှစ်မတွေအကုန်ရတဲ့  သီချင်းပေါ့  အဲ့ သီချင်းက ♫ ♪♫ နွေမိန်တပေါင်း..♫ နေရှိန်လောင်း ♫ ရွက်ဟောင်း ကြွေကျ မြေခခဲ့ လေပြီ ♫ ♪♫ တို့ ရွာသူ ပျိုဖြူတစ်သင်းရယ် သီချင်းသံပြိုင်သီကာရယ် ...♫ ♪♫ ဆိုတဲ့  သီချင်းလေးပါပဲ ၊ မောင်နှစ်မတွေ ၀ိုင်းဆို ကတဲ့ သူက တကယ့် မင်းသမီးလို ဟန်ကျပန်ကျနဲ့ ပေါ့ ။ ဒါကြောင့် ကျနော်တစ်ခါကရေးခဲ့ ဘူးတာ တစ်ချို့ သီချင်းတွေဟာ ပုံမှန် သီချင်းတစ်ပုဒ်သဘောထက် လွန်ပြီး ကိုယ့် ဘ၀ဖြတ်သန်းမှု့  ဘ၀မှတ်တမ်းထဲက အမှတ်တရ သင်္ကေတ သဘော အဖြစ်ကို ရောက်လာတတ်တယ်လို့ ပေါ့ လေ..ဘ၀ထဲမှာ ပြီးပြီးပျောက်ပျောက် မဆန်တဲ့ သီချင်းမျိုးတွေပေါ့ ၊
အဲ့ မှာတစ်ညနေတော့ မြစ်ထဲ ကျနော် ရေအရင်ဆင်းကူးနှင့် တယ်ပေါ့ လေ အမေတို့ လည်း ညနေတိုင်း ရေဆင်းချိုးတာပါပဲ..ကျနော်က ပိုကြာကြာ ရေကူးချင်လို့ စောဆင်းသွားတာ..အဲ့ မှာ အဖွားက ကမ်းပါးထိပ်က ငုတ်တုတ် ထိုင်ပြီး ကျနော့် ကို စောင့် ကြည့် ပေးနေတာ..အဲ့ မှာ ကျနော်က ရေနက်ဖက်ကူးတော့ အဖွားက ကမ်းပါးထိပ်ကနေ အသံသေးသေးလေးနဲ့  စိုးရိမ်တကြီးနဲ့  '' ဟဲ့ မောင်ဘယ်သူ  အဲ့ ဖက်မသွားနဲ့  လာ ဒီဖက်ပြန်ခဲ့ တွေ လာတော့  ''  '' တက်တော့ '' တွေ နဲ့  လှမ်းအော်တယ်..ကျနော်က အဖွားစိုးရိမ်နေတာက လှမ်းမြင်ရတော့ လျှာထုပ်ပြ ပိုကူးပြ အဖွားက နောက်တော့  လှမ်းအော်ချက်က ငိုသံပါ ပါလာရော...ဟီးဟီး..
...ဘာပြောကောင်းမလဲ  လန့် ပြီး ရေထဲက ခေါင်းပေါ်လာရင်  ကျနော်အော်ချက်က  အရပ်ပျက်မတတ်ပေါ့      ''  အောင်မလေး ကယ်ကြပါဦးဗျို့  ဒီမှာ အမေရယ် ကျနော့် ကို  ရေနှစ်သတ် နေပါတယ်ဗျိုး..၀ရူးဝရူး ၀ရူးဝရူး နဲ့ ရေမွန်းသံ ဗလုံးဗထွေးနဲ့ ပေါ့  အမေက ခေါင်း ထပ်ဖိ...ပြန်ပေါ်လာတော့ ..''အဖွားရေ အဖွားရေ ကျနော့် ကို ကပ်ပါဦး ကျနော်သေတော့ မယ်   '' နဲ့ ထပ်အော်.( အဟီး..) .အဲ့ မှာ အဖွားက အမေ အမည
''  ဟဲ့  မဘယ်သူရေ  တော်တော့ ဟဲ့  ကလေးမွန်းနေပြီ ''  နဲ့ လှမ်းအော်...ကမ်းပါးတစ်ခုလုံး ဆူညံလို့  ပေါ့   ၊   အမေက အဲ့ မှာ ခပ်တည်တည်နဲ့  သုံးလေးခါလောက် ကျနော့် ကို လက်ဆင်ပေးလိုက်ပြီး ကမ်းဖက် တွန်းလွှတ်လိုက်တော့ မှ....၀ှီး...မြစ်ဖက်တောင် .လှည့် တောင် မကြည့်  တော့ ဘူး ..ကမ်းပါးပေါ် တက်ပြေးတာ...အမေ့ လက်ဆင်က တစ်ခါတစ်ခါလည်း အဲ့ သလိုတွေပေါ့ လေ..  :P    😁
--------------------------------
တစ်ခါတုန်းက ကြံခင်းမှာ..( ၄ ) ( ရွာက သရဲပုံပြင်..)
--------------------
အဖေ့ ဖက်က ဘကြီးတစ်ယောက်က သရဲပုံပြင်တွေ အများကြီးပြောတတ်တယ်..ကြောက်ကြောက်နဲ့ နားထောင်ရတာ နားထောင်လို့ လည်းကောင်းတယ် ပျော်စရာလည်းကောင်းတယ်...အဲ့ ထဲမှာ ဘုန်းကြီးသရဲအကြောင်း ပြောတာများဆို မျက်စိထဲ မြင်လာအောင်ကို ပြောတတ်တယ်...ကြံခင်းအောက်ဖက်က အဲ့ တုန်းက ရှေးဟောင်း ဒီဇိုင်းတွေနဲ့ ထုံးဖြူတစ်ချို့  ကွက်တိကွက်ကြားဆေးပျက်ထုံးပျက် တစ်ချို့  မှန်စီတစ်ချို့ နဲ့  ဘုရားစေတီတွေ ကျောင်းအို ဇရပ်အိုတွေ အတော်များများရှိတယ်..အုပ်ခံကျောင်းတွေရဲ့ ဒီဇိုင်းတွေဆို ပျဉ်တွေက ရေနံချေးဝနေလို့ အပေါ်ပိုင်းမဲနေတတ်တဲ့  ရှေးကျောင်းအို ပုံစံမျိုးတွေ ၀ါးရုံပင်တွေ သစ်ပင်အိုတွေလည်း ပေါတယ်  ကိုင်းတော စုစု စုစု လေးတွေ ရေအိုးစင်တောင် အမိုးရှေ့ ကာ ဘေးကာတွေက ကနုတ်ပန်းတွေနဲ့ ရေအိုးစင်မျိုးတွေ လမ်းက မြေနီလမ်းသားတွေများ တယ်  ဓါတ်မီးတိုင်က မြို့ တွင်းကျကျ သာရှိပြီး အပြင်နားရောက်လေလေ ကျဲလေလေပေါ့   ထန်းပင်တွေကလည်း ရှိသေးတယ်  အဲ့ တော့  ညနေစောင်း လမ်းလျှောက်ထွက် ရင်တောင် ဘယ်ခြုံကြား ကိုင်းကြားက သရဲ ထွက်လာမှာပါလိမ့် လို့  ထန်းပင်ပေါ်ကများ ဆင်းလာမှာလား တွေးကြောက်လို့ ကောင်းတဲ့ နေရာတွေလိုပေါ့  ညဦးပိုင်းဆို လက်နှိပ်ဓါတ်မီးတစ်လက် တုတ်တစ်ချောင်းပါမှာ လမ်းလျှောက်ရဲ့ ဘကြီးဘုန်းကြီးကျောင်းကို သွားရဲတယ်ပေါ့ လေ..
အဲ့ လိုမြင်ကွင်းတွေမြင်ထားတော့  တစ်ခါကများ ဘကြီးပြောတဲ့  ဘုန်းကြီးသရဲ ပုံပြင်တစ်ပုဒ်ကို သရုပ်ဖေါ်ပုံက  အဲ့ ဖက်က ရွာတစ်ရွာမှာတဲ့  ရွာဦးဘုန်းကြီးကျောင်းရဲ့   ကျောင်းထိုင်ပျံလွန်တော်မူတော့  အဲ ဘုန်းကြီးက အစွဲဖြစ်မကျွတ်ပဲ ကျောင်းမှာ ပြန်ကပ်နေတဲ့ ပြိတ္တာကြီး ဖြစ်နေသတဲ့  အဲ့  သရဲပြိတ္တာကြီးပုံကလည်း သူ့ ကျောင်းပေါ်မှာ ကျောင်းပြူတင်းဝကနေ ရိပ်ကနဲ ရိပ်ကနဲ  အဝေးကလှမ်းမြင်ရရင် ပုံမှန် ဘုန်းကြီးတစ်ပါး လမ်းလျှောက်နေသလိုလို ရပ်နေသလိုလို မြင်ရသတဲ့ ၊ အဲ့ ကျောင်းမှာ အဲ့ သရဲက ခြောက်လွန်းလို့  ကျောင်းထိုင်သစ်တောင် လာထိုင်မယ့် ကိုယ်တော် မရှိဘူးတဲ့  အဲ့ တော့  ကျောင်းက လူ ဘုန်းကြီး တစ်ယောက် တစ်ပါးတောင်မရှိဘူးပေါ့ လေ  အဲ့ ဘုန်းကြီးသရဲ ကြမ်းချက်ကလည်း မနက်တွေ နေ့ ခင်းတွေတောင် လူယောင်ပြတာ ကျောင်းရှေ့ တံမျက်စီးထွက်လှဲပြနေတာတို့ တောင်လုပ်သတဲ့  အဲ့ တော့  ရွာခံတွေက  ကျောင်းရှေ့ ကလမ်းကနေ ဖြတ်အလျှောက်သွား   ကျောင်းထဲ ရိပ်ကနဲ  ဘုန်းကြီးသရဲ မြင်တာနဲ့  ဖိနပ်ချွတ် ဘုရားစာ ရွတ် ခြေကုန်သုတ် လစ်တော့ တာပါပဲတဲ့ ။   အဲ့ မှာ တစ်နေ့ တော့   မြို့ ပေါ်က သတ္တိကောင်းတဲ့ ကိုယ်တော် ငါးပါးက စုပြီး အဲ့ ကျောင်းမှာ ကမ္မ၀ါသွားဖတ်မယ် ပရိတ်သွားရွတ်မယ် ဘုန်းကြီးသရဲကို အစွဲချွတ်မယ် နှင်မယ် ဆိုပြီး ရွာရောက်လာသတဲ့ ...
အဲ့ မှာ ရွာခံတွေက တားတယ်ပေါ့ လေ ကိုယ်တော်တို့  မသွားကြနဲ့  ဘုန်းကြီးက ကြမ်းတယ် စာလဲ တတ်တယ်လို့  ပြောပြီးတားသတဲ့  ဒါပေမယ့်  ကိုယ်တော်ပျိုလေးတွေက သွားကို သွားမယ်ပေါ့  တားမရဘူးပေါ့ လေ..အဲ့ တော့ ရွာခံတွေက သတိပေးလိုက်တာက ကိုယ်တော်တို့ ကျောင်းပေါ်ရောက်ရင် ပြူတင်းပေါက်တံခါးတွေ အကုန်လိုက်ဖွင့် ထားနော်လို့ မှာလိုက်ပါရောတဲ့ လေ...ဘာကြောင့်  ဖွင့် ထားခိုင်းလိုက်မှန်းတော့ မသိဘူးပေါ့ လေ ..ဒါနဲ့   ဆွမ်းခံပြန်ချိန်လောက်မှာ အဲ့  ဘုန်းကြီး သရဲ ရှိတဲ့ ကျောင်းပေါ်တက်သွားကြပါရောတဲ့ ...ကျောင်းရှေ့ တံခါးမကြီးကို ဖွင့် လိုက်တော့  အနံ့ အသက်တွေကိုက ညှီစို့ စို့  အနံ့ တွေ ဖုံ နံ့ တွေ လင်းနို့ ချေးနံ့ တွေ နဲ့ တဲ့  ကျပ်ခိုးတွေလည်း ခေါင်းထုတ်တွေမှာ အများကြီးတဲ့  ဒါနဲ့   ကျောင်းထဲဝင်သွားရင်း ရွာခံတွေ မှာလိုက်တဲ့ အတိုင်း ဘေးပြူတင်းပေါက်တွေ လိုက်ဖွင့် ထားလိုက်တယ်ပေါ့ လေ..
ဒါနဲ့ ကျောင်းအလယ်မှာ ငါးပါး စက်ဝိုင်း ၀ိုင်းထိုင်ပြီး ကမ္မ၀ါလည်း စရွတ်ရော အဲ့ မှာ ပြဿနာကစတော့ တာပါပဲတဲ့ ဗျာ..ပြဿနာက ဆိုပါတော့  ကိုယ်တော်တွေက      ဣတိပိသောဘဂ၀ါ လို့ ဆိုလိုက်ရင် အဲ့ ဘုန်းကြီးသရဲ အသံကြီးက ဘေးကနေ  အသံသြသြကြီးနဲ့  အရဟံ သမ္မာ သမ္ဗုဒ္ဓေါ..ဆိုပြီး နောက်ကလိုက်ဆိုသတဲ့ ...အဲ့ လိုလိုက်လုပ်တော့  ကိုယ်တော်တွေ ရွတ်ရတာ မဖြောင့် တော့ ဘူးပေါ့ လေ  အသံတုန်တုန်ရီရီတွေ ဖြစ်လာသတဲ့ အဲ့ မှာ စာတွေက မှားကုန်ပြန်တော့  ခပ်လှမ်းလှမ်းကနေ  ''တောက် '' ဆိုပြီး တောက်ခေါက်သံ အကျယ်ကြီးနဲ့  '' ဟိတ်ကောင် တွေ စာမှားနေတယ်ကွ ပြင်ဆို '' ဆိုပြီး အသံသြသြကြီးက ထွက်လာပြန်ရောတဲ့ ..ကိုယ်တော်တွေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့် ပြီး   ဂနာမငြိမ်တော့ ဘူးပေါ့ လေ ၊ ဘုန်းကြီးသရဲ က အသံပဲကြားနေရတာ မမြင်ရသေးဘူး
 အဲ့ လို ဖြစ်နေတုန်း သူတို့ ဝင်လာတဲ့  တံခါးမကြီးက တံခါးရွက်တွေက အလိုလို ''၀ုန်း'' ကနဲ ပြန်ပိတ်သွားလို့  အကုန်လုံး လန့် သွားတုန်း ကိုယ်တော်တွေ ၀ိုင်းထိုင်နေတဲ့  အလယ်ခေါင်ထဲ ထုတ်တန်းပေါ်က သင်္ကန်းရောင် အ၀တ်စ ထုတ်ကြီး တစ်ထုတ် ''ဘုံး  ဆို သူတို့  မျက် စိရှေ့   ပြုတ်လဲ ကျလာတာ မြင်လိုက်ရပြန်ရောတဲ့  အဲ့ ဒီင်္မှာ အကြီးအကျယ်လန့် သွားတုန်း ခပ်လှမ်းလှမ်းမှာ ဘုန်းကြီးသရဲက ကိုယ်ယောင်ပြတာ လှမ်းကြည့် လိုက်ကြတော့  အဲ့ ဘုန်းကြီးသရဲက အရပ်က တစ်ဖြည်းဖြည်း ရှည်ထွက်လာလိုက်တာ ကျောင်းထုတ်တန်းနားအထိတောင်ရောက်လာရောတဲ့ 
အဲ့ လို သရဲပုံပြင်တွေကို  ညဦးပိုင်း လင်းတယ်ဆိုယုံလေး လင်းတဲ့  ရေနံဆီ ဖန်မီးအိမ်လေး အောက်မှာ မျက်နှာအမူအယာကလည်း ခပ်ပါပါနဲ့  ပြောတော့  အဟီး..အိမ်သာသွားချင်တာတောင် အဖေါ်ခေါ် ကြောချမ်းချမ်းနဲ့  ခပ်သုပ်သုပ် ကိစ္စရှင်း  နောက်ပြန်လှည့် မကြည့် ရဲဘူး  ခပ်မြန်မြန် အိမ်ရှေ့ လူကြီးတွေနား အမြန်ပြန်....ဟီးဟီး.။ 
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..