'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, July 26, 2016
ဒါ...ကျနော်တို့  ရိုးရာဂီတပေပဲ.
♫ ♪♫ '' မင်္ဂလာရယ်မှ မဏ္ဍိုင်....လေး...(ဟေ့  ဟေ့ ဟေ့  အောင်ပါစေ) ♫ ♪♫
ချယ်နယ်က လိုက်ဖ်ရှိုး ဇာတ်ပွဲလာနေတယ် အဲ့ မှာ မြူးမြူးကြွကြွ နဲ့  ဘာဆိုသသွားလဲဆိုတော့  ♫ ♪♫ ကိုကြီးကျော် ကိုကြီးကျော်...ဟေ့  တို့ ကိုကြီးကျော်...ဟေ့  တို့ ဖေဖေကျော်...♫ ♪♫ တဲ့ 
မြန်မာပြည်သား အများစု ကြားဖူးနေကြပြီး ဒီ နတ်ဒိုးသံ ကြားလိုက်ရင်ပဲ စိတ်တွေက ကြွတက်လာ ပျော်ရွှင်လာပြီး ဒူးလှုပ်ချင်လာသလိုလို ထ ကချင်ချင်သလိုလို...
♫ ♪♫ ညနေ ညနေ ရီတယ်လေ ရီတယ်လေ. တဲ့  .. ♫ ♪♫ ...။ ဓလေ့ ယဉ်ကျေးမှု့  အစဉ်အလာ တွေနဲ့  မြန်မာ့ ဂီတ နဲ့  ပေါင်းစပ်လိုက်တဲ့ အခါ.....
နတ်ကိုးကွယ်မှု့  ဓလေ့  ဟာ ဘယ်သူတွေက ဘာတွေ ပြောပြော ဟောဟောပါစေ.....အလွယ်နဲ့  မပျောက်နိုင်တော့ ပေဘူး.....
ရိုးရာအစဉ်အလာ ဇာတ်ပွဲတစ်ခုရဲ့  အစပမာဏ အဖွင့် မှာကိုက.... ♫ ♪♫ ခုနှစ်ခွေ...သီတာရေမှ ပတ်ကာစီး...သာတောင့်  သာတဲ့ လေ နတ်ပြည်တနင်း...တနင်း... ♫ ♪♫ ..
''' ♫ ♪♫ အတုလေးရယ်တဲ့ ယှဉ်ကာပြိုင် ယှဉ်ကာပြိုင်.. ပန်းမွေ့ ယာ ရွှေကောဇာ ရောနှောလို့ ထိုင် ''' ♫ ♪♫ သောက်တော်ဘူးရယ်နဲ့  အိုမကွာ အိုမကွာ...မင်းကျော်စွာလို့  မကျော်လား....ဝေးရာကရှား..
. ♫ ♪♫ တဲ့ .. ....သွေးတွေကို....ဆူတက်လာရော ပဲ...
ပြီးခဲ့ တဲ့ မဝေးသေးတဲ့ ကာလက နိုင်ငံတော်က ကြီးမှုး ကျင်းပခဲ့ တဲ့  အာစီယံ အာကစားပွဲတော်ကြီးရဲ့ အဖွင့် မှာကိုက....'' အပျိုတော်နတ်ချင်း '' နဲ့ 
♫ ♪♫ ဘုန်း ဘုန်းတန် ဘုန်းတန် တေဇာ..ဖြာဖြာရောင် လင်းပါလို့  မင်းမင်းမြတ် ထွတ်ခေါင်မွှေ......♫ ♪♫ ...
ကြည့် ကောင်းချက်... မြူးကြွချက် ဒါ...ကျနော်တို့  ရိုးရာဂီတပေပဲ......။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..