'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, July 26, 2016
အကြံတောင်း အကြံပြန်ပေး
အကြံတောင်း အကြံပြန်ပေး
-----
တွက်ချက်ပြောပြနေရင်းကနေ အကြံတောင်း အကြံပြန်ပေးသဘောပါတဲ့  မေးခွန်းတစ်ခုကို ဖြေတဲ့ အခါ ကာယကံရှင်ရဲ့  မွေးသက္ကရာဇ်လစိတ် သက်ရောက် တွေနဲ့  အပြန်အလှန်တွေ မေးစမ်းတီးခေါက်ပြီး ပြန် ချိန်ဖြေတာဟာ မှန်ကန်ပြီး အလုပ်ဖြစ်လေ့ ရှိတယ်...
နမူနာ တစ်ခုက ၇ လပိုင်း ၇၁ မွေး ၃ကြွင်း တနင်္ဂနွေသမီး အသက် ၄၅ ပြည့် ပြီး အသက် ၄၆ အ၀င် (စနေသက်ရောက်ကနေ ထွက်ပြီး ကြာသာပတေးသက်ရောက်ကို ၀င်ပြီ....) အဲ့ မှာ သူက မေးတယ် ( အကြံတောင်းတဲ့ သဘောပါတယ်) သူ့ အလုပ်ရုံက မဘယ်သူ က အလုပ်ထွက်မယ် ပြောနေတယ် အဲ့ တာ ပေးထွက်လိုက်ရကောင်းမလား ဆွဲထားရကောင်းမလား ဆိုပြီးမေးလာတယ်..
ဒီတော့ ကျနော်က ပြန်မေးတယ် အဲ့  မဘယ်သူ အလုပ်ဝင်တာ ကြာပြီလားလို့ ပေါ့  အဲ့ တော့  သူက တစ်နှစ်ကျော်လောက်ပဲရှိသေးတယ်လို့ ဆိုတယ်...ဒီတော့  ကျနော်က ဆုံးဖြတ်ပေးလိုက်တယ် ဆွဲမထားနဲ့  ပေးထွက်လိုက်ပါလို့  ..အဲ့ လို အပြင်....နောက်ထပ်တွေလည်း ၀င်စို့ ထွက်စို့ တွေ ကြုံလာနိုင်သေးတယ် ဒီနှစ်က ကံချိန်း နှစ်ဆိုတော့  နောက်ကြုံလာရင် ၄ နှစ်လောက် လုပ်သက်ရှိလာသူတွေ ဆို လစာ ဘောနပ်ဘာညာတွေနဲ့ 
ဆွဲထားကြည့်  မရမှ လွှတ်လိုက် နှစ်နှစ် သုံးနှစ်လောက်ပဲ လုပ်သက်ရှိသေးသူတွေက အလုပ်ထွက်မယ်ဆိုလာရင်တော့  တားမနေနဲ့ တော့  လူချိန်းတဲ့ နှစ်ရောက်နေပြီလို့  ပြောလိုက်တော့  အိုကေ..ပဲ..
ဒီအကြံပေးချက်တွေဟာ တနင်္ဂနွေသမီး ရဲ့  သက်ရောက်တွေကို ချိန်ပြီး ပြောတာပါ...နှစ်သုံးနှစ်လောက်ပဲ လုပ်သက်ရှိသေးသူတွေကို ဆွဲမထားနဲ့ ဆိုတာ အဲ့ တနင်္ဂနွေသမီးရဲ့  အသက် ပိုင်း အညံ့  ၄၃ ၄၄ ၄၅ တွေမှာ အလုပ်ဝင်လာသူတွေကို ပြန်ထွက်မယ်ဆို မတားနဲ့ လို့ ပြောတာဖြစ်ပြီး ၄ နှစ်လောက်ရှိလာပြီဆို နဲနဲ တားကြည့် ပါဆိုတာက အဲ့ တနင်္ဂနွေသမီး အသက် ၄၂ တနင်္လာသက်ရောက်မှာအကောင်းမှာ ၀င်လာတဲ့ သူတွေ ဖြစ်နေလို့ သဘော..
လူချိန်းတဲ့  နှစ်ရောက်နေပြီလို့ ရည်ညွှန်းတာဟာ ကြာသာပတေးသက်ရောက် မို့ ပြောတာပါပဲဗျာ... ကြာသာပတေးသက်ရောက်ဟာ ကိုယ့် ဘ၀အတွက် ရေမရှည် ကံ ဆိုလက်တွဲပြုတ်သွားတတ်ပြီး အနဲဆုံး ဂြိုလ်ကောင်းလေးငါးနှစ်လောက် ကံတူအကျိုးပေးတွဲရမယ့် သူတွေ ဆုံလာတတ်တဲ့ သဘောရှိတတ်လို့ ပါပဲ
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..