'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, July 26, 2016
ခေတ္တရာမှာလေ....
ခေတ္တရာမှာလေ..(အပျိုး)
-------------------
ရုပ်ရှင်ထိုင်ကြည့် နေရင်းက ယူရိုပွဲ သတိရလို့ ချယ်နယ်ပြောင်းကြည့် လိုက်တော့  ပြင်သစ်ကော်ဖီက နိုင်နေတယ် ဂျာမဏီသင်တုန်းဓားတွေ ပိုးလိုး ပက်လက်ကို လန်လို့ ...အို..သနားစရာမူလာလေးရယ်......ငိငိ အဲ့ ဒါနဲ့ နိုင်တဲ့ အသင်း ကိုယ့် အသင်းလုပ်ပြီး ပြင်သစ်ဖက်က အားပေးလိုက်တာပေါ့  ဟဲဟဲ. :P
ဘောပွဲပြီးတော့ နောက်ချယ်နယ်တစ်ခု ရွှေ့ တော့ ဖိုးချစ်တို့ ဇာတ်ပွဲအကြောင်း ဒေါ်ကူလေး လာနေရော..အဲ့ ဒါ ဆက်ကြည့် .သူတို့ ပုံတွေ .ကြည့် ရင်း ကြည့် ရင်း နဲနဲ ရယ်ချင်လာ :P .ငိငိ.ဒါနဲ့  ဆက်.ကြည့် နေရင်း ကိုယ့် ကိုယ်ပြန်စဉ်းစားကြည့် တာ..ကိုယ့် တစ်သက်လုံး ဇာတ်ရုံထဲဝင်ထိုင်ပြီး ဇာတ်ပွဲကြည့် ဖူးတာ ဘယ်နှစ်ခါများ ရှိခဲ့ ပါလိမ့် လို့ .:).
အဲ သိပ်ကြာကြာ မစဉ်းစားလိုက်ရဘူး ..ငယ်တုန်းက ပြည်မှာ နွေကျောင်းပိန်ရက်တွေ သွားနေတုန်းက ပြည်မှာ လာကတဲ့  ပန်တျာကြည်လင် ဇာတ်အဖွဲ့ ကို အဖွားနဲ့ အဖွား အိမ်နီးနားချင်းတွေနဲ့ အတူတူ ဖျာလိပ်ချိုင်းကြားညှပ်ပြီး ဇာတ်ရုံထဲ လိုက်အိပ်ဖူးတာရယ်
( ကြည့် တာထက် အိပ်နေတာကများလို့  ဟီးး )
ပြဇာတ်ထဲ ၀ုန်းဒိုင်းနဲ့  လျပ်စစ်တွေ လျှော့ ရိုက် မီးခိုးတွေ ဖွားကနဲ အူထွက်လာတဲ့  တံတားကို မိုင်းဖေါက်ခွဲခန်းရောက်တော့  အလန့် တကြားထကြည့်  အဲ့ ပြဇာတ်က စစ်ပြဇာတ် အမည်တော့ မသိတော့ ဘူး စစ်ဝတ်စုံတွေ ချိုင်းထောက်တွေ ဘာတွေနဲ့ ဆိုတာတော့ သတိရသေးတယ် ( '' ဒီမယ် မ....အစ်ကိုတို့  တပ်မတော်သားတွေဆိုတာ ''.ဘာညာတွေပါတယ် ...) :P 😁
နောက်တစ်ခါကလည်း ပြည်မှာပဲ အထက်အညာကနေ မန္တလေး ကျောက်ပန်းတောင်း မကွေးတောင်တွင်းအောင်လံသရက် တစ်မြို့ ဝင်တစ်မြို့ ထွက် နဲ့  ပတ်ပြီး ပြန်ဆင်းလာတဲ့  ကြွေးသိမ်းခရီးစဉ် ရှည်ကြီးမှာ ပြည်ရောက်တော့  ညကြီး ၂နာရီကျော်လောက် ဖြစ်နေတော့  အချိန်က လင့် နေပြီ ..အမျိုးတွေ အသိတွေကုန်သည်မိတ်ဆွေတွေအိမ် ၀င်နှိုး ရမှာအားနာစရာ နာရီပိုင်းလေးအတွက် တစ်ညစာ တည်းခိုခန်းခပေးရမှာလည်း နှမျောစရာ.. ကားဂိတ်မှာ ခွေနေရင်လည်း ခြင်ကကိုက်က ကိုက်နဲ့  :P
အဲ့ အချိန်မှာ ပြည်ရွှေဆံတော်ဘုရားပွဲမှာ ဇာတ်ပွဲတစ်ပွဲက ၀င်နေတယ်..အတော်ပဲဆိုပြီး ဇာတ်ရုံထဲဝင်အိပ်လိုက်တာ တစ်ခါ ခရီးပမ်းလို့  အိပ်ငိုက်နေချက်က အဲ့ ဇာတ်ပွဲက ဘာဇာတ်ပွဲမှန်းတောင် သတိမထားမိဘူး..ဟီးဟီး...အိပ်ချက်က မိုးစင်စင်လင်းမှ နိုးတော့ တယ်...နိုးတော့  ကိုယ့် လို အိပ်ကျန်နေခဲ့ သူတွေက ဟိုတစ်စု ဒီတစ်စုနဲ့ .ကျန်နေသေးသား...:) တစ်သက်လုံး အဲ့  နှစ်ခါလေး ဇာတ်ရုံထဲ ရောက်ဖူးတာ နှစ်ခါစလုံး အိပ်ဖို့ ချည်းဖြစ်ခဲ့ တာ အဖြစ်က ယဉ်ကျေးမှု့ နဲ့  အဲ့ လို့ ရေစက်နီးပြီး...နီးစပ်တာ :P
------------------------------
ခေတ္တရာမှာလေ...
--
ဒါနဲ့ ပြည် အရောက် အချိန်လင့် နေတာနဲ့ ဇာတ်ရုံထဲ ၀င်အိပ်ခဲ့ တဲ့ အကြောင်းရေးပြီး သတိရလာတာက ငယ်တုန်းက ပြည်မှာ မိုးလင်းပေါက်နီးပါး ကြည့် ခဲ့ ရတဲ့  တပ်တွင်းလေဟာပြင် ရုပ်ရှင်အကြောင်းဗျ.. အဲ့လေဟာပြင်ရုပ်ရှင်စတိုင်က ဘာနဲ့ တူလည်းဆိုတော့  ဟောလီဝုဒ် ရုပ်ရှင်တွေထဲမှာပါတတ်တဲ့  ကွင်းပြင်ကြီးထဲ ပိတ်ကားကြီးထောင် လူတွေက ကိုယ့် ကားပေါ်ကနေ ကိုယ်ထိုင်ကြည့် ကြတဲ့ စတိုင်မျိုး ၊
ဒီမှာတော့ အရင်က ဇာတ်ပွဲကြည့် ကြသလိုပဲ ကိုယ့် ဖျာလိပ်နဲ့ ကိုယ် ညဦးပိုင်း သွားကြတာ..တစ်ပတ်တစ်ခါလာလာပြတာမျိုးနဲ့ တူပါရဲ့  အဲ့ တပ်တွင်းမှာ ရုပ်ရှင်ရှိတယ် ဒီည ၃ ကားတို့ ဘာတို့ ဆိုရင် မြို့ သစ်ထဲကလူတွေ အတော်များများ အဲ့ ရောက်ကုန်ရော ဘုရားပွဲ သွားကြသလိုပဲ ဖျာလိပ်တွေ သတ္ထုချိုင့် လေးတွေ ကိုယ်စီဆွဲလို့  ၄ယောက်သား ၅ယောက်သား အုပ်စုလေးတွေသွားကြတာ ၊ လမ်းက သဲကဆွဲဆွဲနဲ ဇီးပင်အုပ်တွေ ကန္တာရဆူးပင်တွေက များများ ခရမ်းချဉ်သီး အရောင်လောက်သာမြင်ရတဲ့ လမ်းမီးတိုင် ခပ်ကျဲကျဲ မှာ မှောင်နဲ့ မဲမဲ ..တုတ်မီးဆိုတဲ့  လက်နှိပ်ဓါတ်မီးလေးတွေနဲ့  ကြယ်ရောင်ကို အဖေါ်လုပ် သွားကြရတာ.လူအုပ်နဲ့ မို့  ပျော်စရာလည်းကောင်းတယ် အဲ့ တုန်းက ခေတ္တရာမြို့ သစ်က ခေါင်သေးတယ် ပြည် ဘူတာကြီးကဆိုရင်တောင် သုံးဘီးလေးတွေစီးရင်တောင် တမေ့ တမောကြီးစီးမှ ရောက်တဲ့ ရွာသာသာလောက်လိုဖြစ်နေသေးတော့  သဲထူချိုင့် ပေါ့  လျပ်စစ်မီးနဲ ညဆို မှောင် ဆိုတော့ သရဲကလည်း ကြောက်သေးပေါ့  လူအုပ်ကြားလိုက်သွားရင်း ဘယ်အမှောင်ထဲက သရဲထွက်လာမလဲလို့  အမှောင်ခြုံပုပ်တွေကြား ခိုးခိုးကြည့် ပြီး တွေးကြောက်ရတာကလဲ အရသာ တစ်မျိုးပဲ..တပ်တွင်း ကွင်းပြင်မှာ ပိတ်ကားကြီးထောင် ရုပ်ရှင်တွေ လာလာပြတာက အဲ့ တုန်းက နယ်လှည့် လူထုဆက်ဆံရေးနဲ့ စည်းရုံးရေး ဘာညာဆိုလား အဲ့ လိုက လာလာပြတာလို့ လို့ တော့ မှတ်မိတယ်..တပ်က မြို့ သစ်နဲ့ ဆို အတော်လှမ်းတယ် ပြည်ရန်ကုန်ရထားလမ်းကိုကျော်သွားရသေးတယ်..
ကျနော်တို့ အဖိုးအဖွားအိမ်က မြို့ သစ်တောင် အစွန်အဖျားဖက် ကျနေတဲ့ သဘောရှိတယ် ၃လမ်း၎လမ်းဆိုလားပဲ အဲ့ အခေါ်တွေက ခပ်ရှုပ်ရှုပ်မို့  မှတ်မနေတော့ ပါဘူး ဘူတာကြီးကနေ မြို့ သစ် ရောက်အောင် သွားတတ်ရင်ပြီးတာပဲပေါ့  အဲ့ အဖိုးအဖွားတွေလမ်းထိပ်ဖက်မှာ ခပ်မြင့်မြင့် တောင်ပူစာကြီးတစ်ခုရှိတယ် ဘုရားပျက်ကုန်းမြင့် ကြီးလားတော့ မသိဘူးပေါ့  အိမ်ကနေလှမ်းကြည့် ရင်မြင်နေရတယ်
အဲ့ တောင်ပူစာကြီးခြေရင်းမှာက ခြုံပုပ်တွေနဲ့ ရေတွင်း ပျက်ကြီးက ရှိသေး နွားတွေဘာတွေ တောင်ကျသေဘူးတယ်လို့ ဆိုတယ် ညနေစောင်းတို့  ညဦးပိုင်းတို့ ဆို အဲ့ တောင်ပူစာမဲမဲ ထီးထီးကြီးကိုက ကြောက်စရာကြီး လိုလိုဖြစ်နေတာ အဲ့ တော့  အဖွားတို့ မအိပ်သေး ကိုယ်မအိပ်ရဲသေး အဖွားတို့ အိပ်မှာ သူတို့ နားမလှမ်းမကမ်းမှာအိပ်ပေါ့ လေ..
တွေးကြောက်ချက်က ဦးကြီး ဘကြီးတွေ ပြောပြတဲ့  သရဲပုံပြင်တွေက ငယ်ငယ်ရွယ်ရွယ်နဲ့  အများကြီး နားထောင်ထားရတော့ ကိုယ့် အတွေးထဲ ကိုယ့် ဟာကိုယ် ဖန်ဆင်းတဲ့ သရဲ ကိုယ့် ဟာကိုယ်တွေးကြောက်တာပေါ့  အဲ့ တောင်ပူစာပေါ်ကနေမျက်လုံးနီနီရဲရဲကြီးနဲ့  ခွေးနက်ကြီးက ပြေးဆင်းလာမလားလို့ တွေးကြောက်တာ ခွေးတွေအူသံကြားရင် ပိုဆိုး..အဖွားတွေအိမ်အပါအ၀င်အိမ်အများစုက လျပ်စစ်မီး မရှိ ရေနံဆီမီးခွက်တွေသာ ရှိသေးချိန် ခပ်ကျဲကျဲ နဲ့ မှုန်ပြ့ပ လမ်းမီးတိုင်ကနေ တစ်ချို့ တွေ ယူသွယ်ထားတဲ့  လျပ်စစ်မီး တစ်ပွင့် နှစ်ပွင့်  သုံတဲ့ အိမ်က လမ်းထဲကြို့ တို့ ကျဲတဲဆိုတော့  .♫ ♪♫ ညမှောင်မှောင်..သြော်..လရောင်တွေ လင်းပါလို့ .♫ ♪♫ ချိန်းတဲ့ ည ...ဘာညာတွေ အဲ့ ကျေးလက်တွေမှာ ပေါက်တာလည်း မပြောနဲ့ ဆိုသလိုပါပဲ ည ည အမျိုးတွေ ရှိသေးတဲ့ လမ်းဖက်သွားရင် အဲ့ လို ဂန္တ၀င်ကြီးရဲ့  သီချင်းတွေ သရဲကြောက်ကြောက်နဲ့  အော်ဆို ရဲဆေးတင် ၀ါးတုတ် တစ်ချောင်းနဲ့ လျှောက်ရမ်းပြီး ကောင်းကင်က ကြယ်တွေသာ အားပြု လျှောက်ရတာမျိုး လသာတဲ့ ညတွေဆိုရင်တော့  ပိုးစိမ်းကြူးလေးတွေရဲ့ မှိတ်တုတ် မှတ်တုတ် အလင်းရောင်လေးတွေ တွင်းပုရစ်သံလေးတွေက ဟိုက ဒီက စီကနဲ ညံကနဲ အသံလေးတွေက လွဲရင် တော်တော့် ကို တိတ်ဆိတ်လွန်းလှတော့  ကြယ်တွေအများကြီးနဲ့ ကောင်းကင်မော့ ပြီး လျှောက်ကြည့် နေရတာ သိပ်ကို လွမ်းစရာကောင်းတာပါပဲ ..။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..