'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, May 13, 2015
အဆဲ
အဆဲ
(^_^)
အဲ့ စာထဲမှာ တစ်ခါကတဲ့  တာဝတိံသာ အသူရာစစ်ပွဲမှာ တာဝတိံသာဘက်က နိုင်ရောတဲ့  အဲ့ မှာ ဝေပစိတ္တ အသူရိန် ကို သုဓမ္မာသဘင်ထဲမှာ တုတ်နှောင်ထားလိုက်တယ်တဲ့  ဖမ်းထားတယ်ပေါ့ လေ..အဲ့ လို ဖမ်းထားတဲ့ သုဓမ္မာသဘင်ကို သိကြားမင်း ၀င်တိုင်းထွက်တိုင်း အဲ့ ဝေပစိတ္တအသူရိန်က အမျိုးမျိုးဆဲသတဲ့ ...သူဘယ်လောက်ဆဲဆဲ သိကြားမင်းကလည်း သည်းခံတယ်တဲ့ ..
ဒီလိုသည်းခံတာကို ဝေပစိတ္တရဲ့  ဆဲသံကိုကြားနေရတဲ့ မာတလိက သိကြားမင်းကိုမေးတာက ကိုယ့် ကို ဒီလောက်ဆဲနေတာ ကြောက်လို့ လား အားနည်းနေလို့ လား လို့ မေးလိုက်တော့  သိကြားမင်းက ကြောက်လဲ မကြောက်ဘူး အားနည်းနေလို့ လည်း မဟုတ်ဘုး ငါ့ လိုပညာရှိဆိုတာ လူမိုက်နဲ့ ဘယ်ဖက်ပြိုင်ပါ့ မလဲ လို့ 
ဖြေလိုက်သတဲ့ ...( အဲ့ နေရရောက်တော့  အဟိ..ဖြစ်သွားသေးတယ်..ငါ့ လိုပညာရှိ ဆိုပဲ...မိုက်ယယ်.ခ်ခ်)...
အဲမှာ မာတလိက အစာမကြေဘူးနဲ့ တူပါရဲ့  လူမိုက်ကို မနှိပ်ကွပ်မတားမြစ်ရင် ပိုဆိုးလာမှာပေါ့ လို့  စောဒကတက်သလိုလိုပြောရောတဲ့  ( ဆိုလိုပုံက ဖွဘုတ်လိုသာ ဆိုရင် အဲ့ ဟိတ်စပိတွေ လွှတ်နေတဲ့ အကောင့် ကို ရပို့ ဝိုင်းထုကြပါပေါ့ လေ..ဟီးဟီး.) .အဲ့ မှာ သိကြားမင်းက ထပ်ပြောတာက သူတစ်ပါး အမျက်ထွက်နေတာသိလို့  အမျက်လိုက် မထွက်ပဲ အမျက်ငြိမ်းနေသူရဲ့  အဲ့ အငြိမ်းဓါတ်ကိုက အဲ့ လူမိုက်ကို မြစ်တားခြင်း ဖြစ်၏ တွေ ဘာညာပေါ့ လေ..
.
စာတွေရဲ့ ပေးနေတဲ့ မတ်စိ သဘောက ပေးချင်နေတာက လောကဓံသဘောတို့  ခန္တီစ သည် မြတ်သောအကျင့်  တို့ ဘာညာပေါ့ လေ...အဲ့ ဒါတွေ လျှောက်ဖတ်မိရင်းက..ထပ်ရလိုက်တဲ့ မတ်စိတွေက တလွဲတွေလား ဘေးထွက် မတ်စိလား သိတော့ ပါဘူး...''''' ဟ..သိကြားမင်းလည်း အဆဲ ခံရတယ် ..ဟ....ဟာားးး...နတ်တွေလည်း ငါတို့ လူတွေနဲ့  သိပ်မကွာဘူး ဆဲတတ်တယ်ဟ ဘယ်လန်းကွေ့ နဲ့  ဆဲလည်း မသိ...''''.....တွေ ဘာတွေ တွေးမိကုန်ပါရောဗျားးး.
.ဟီဟီး....
ကိုယ်တွေ့  သူများတွေ့ ဆင်ခြင်တုံတရား နဲ့  အသက်...
ကိုယ်တွေ့  သူများတွေ့ ဆင်ခြင်တုံတရား နဲ့  အသက်...
------------
အရင်ကဖတ်ဖူးတဲ့  စာတစ်ပုဒ်အလိုအရ သေခြင်းမြန်ဆန်လွန်းတဲ့ အဆိပ်တစ်မျိုး (ဆိုက်ယာနိုက်အဆိပ်လို့ ပြောကြာတာပဲ) ရဲ့ အရသာ အစစ်ကို အသက်အသေခံပြီး ကိုယ်တိုင် လျှာပေါ်တင်မြည်းဖို့ ကြိုးစားသူ ဓါတုသမားတစ်ယောက်ဟာ အက်စ် ဆိုတဲ့  အက္ခရာလေးတစ်လုံးသာ လက်က အဆင်သင့် ကိုင်ပြီး စာရွက်ပေါ်မှာထောက်ထားတဲ့  ဖေါင်တိန်လေးနဲ့ ရေးသွားနိုင်ခဲ့ ပြီး ချက်ခြင်းလဲသေသွားပုံရတယ်လို့ ဆိုတာမျိုးဖတ်ခဲ့ ရဖူးတယ် အဆိပ်ပျံ့ နှုံးက မြန်လွန်းလွန့်  ချိုသလားငံသလား ဆိုတဲ့ စာတောင်အပြည့် ရေးမပြသွားနိုင်ဘူးပေါ့ လေ..ဒါဟာ ဟုတ်မဟုတ်တော့  သေခြာမသိပါဘူး..ဟုတ်ခဲ့ ရင်တောင် သိချင်တာကို သိဖို့ အသေခံပြီ့းကြိုးစားကြည့် တဲ့ စိတ်မျိုးသာဆိုရင် အတော် အံသြစရာစိတ်မျိုးနဲ့ လူပဲလို့ သာ......
တွဲဖက်မစားသင့် သောအစာများ အဖြစ်ရေးထားတဲ့  စာရင်းရှည်ကြီးတွေ ဖတ်ခဲ့ ဖူးပါတယ်၊ ဒါပေမယ့်  အဲ့ စာရင်းထဲကအတိုင်းလည်း တွဲပြီးစားလေ့ မရှိတော့  သိပ်ပြီး အလေးမထားခဲ့ ပါဘူး...တစ်ခါတစ်လေတော့  တွဲဖက်စားရင်းတွေရဲ့  အရသာတွေ အစားအစာဖွဲ့ စည်းပုံတွေ ကြည့် ပြီး ဖြစ်နိုင်လောက်တယ်လို့ သာ
တွေးပြီး ဖတ်ပြီး ပြီးသွား မေ့သွားတာများတာပါပဲ..ဆက်ပြီးစူးစမ်းကြည့် ဖို့  အာရုံမလာမိပါဘူး..ဒါကလည်း ရှင်းပါတယ်...ဘယ်သူမှတော့  တွဲ စားရင် သေတတ်တယ် မတည့် ဘူးဆိုမှာတော့  အသေခံပြီးတော့ တော့  မစမ်းလောက်ပါဘူးပေါ့ လေ.
Subscribe to:
Posts (Atom)