'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, May 13, 2015
အဆဲ
အဆဲ
(^_^)
အဲ့ စာထဲမှာ တစ်ခါကတဲ့  တာဝတိံသာ အသူရာစစ်ပွဲမှာ တာဝတိံသာဘက်က နိုင်ရောတဲ့  အဲ့ မှာ ဝေပစိတ္တ အသူရိန် ကို သုဓမ္မာသဘင်ထဲမှာ တုတ်နှောင်ထားလိုက်တယ်တဲ့  ဖမ်းထားတယ်ပေါ့ လေ..အဲ့ လို ဖမ်းထားတဲ့ သုဓမ္မာသဘင်ကို သိကြားမင်း ၀င်တိုင်းထွက်တိုင်း အဲ့ ဝေပစိတ္တအသူရိန်က အမျိုးမျိုးဆဲသတဲ့ ...သူဘယ်လောက်ဆဲဆဲ သိကြားမင်းကလည်း သည်းခံတယ်တဲ့ ..
ဒီလိုသည်းခံတာကို ဝေပစိတ္တရဲ့  ဆဲသံကိုကြားနေရတဲ့ မာတလိက သိကြားမင်းကိုမေးတာက ကိုယ့် ကို ဒီလောက်ဆဲနေတာ ကြောက်လို့ လား အားနည်းနေလို့ လား လို့ မေးလိုက်တော့  သိကြားမင်းက ကြောက်လဲ မကြောက်ဘူး အားနည်းနေလို့ လည်း မဟုတ်ဘုး ငါ့ လိုပညာရှိဆိုတာ လူမိုက်နဲ့ ဘယ်ဖက်ပြိုင်ပါ့ မလဲ လို့ 
ဖြေလိုက်သတဲ့ ...( အဲ့ နေရရောက်တော့  အဟိ..ဖြစ်သွားသေးတယ်..ငါ့ လိုပညာရှိ ဆိုပဲ...မိုက်ယယ်.ခ်ခ်)...
အဲမှာ မာတလိက အစာမကြေဘူးနဲ့ တူပါရဲ့  လူမိုက်ကို မနှိပ်ကွပ်မတားမြစ်ရင် ပိုဆိုးလာမှာပေါ့ လို့  စောဒကတက်သလိုလိုပြောရောတဲ့  ( ဆိုလိုပုံက ဖွဘုတ်လိုသာ ဆိုရင် အဲ့ ဟိတ်စပိတွေ လွှတ်နေတဲ့ အကောင့် ကို ရပို့ ဝိုင်းထုကြပါပေါ့ လေ..ဟီးဟီး.) .အဲ့ မှာ သိကြားမင်းက ထပ်ပြောတာက သူတစ်ပါး အမျက်ထွက်နေတာသိလို့  အမျက်လိုက် မထွက်ပဲ အမျက်ငြိမ်းနေသူရဲ့  အဲ့ အငြိမ်းဓါတ်ကိုက အဲ့ လူမိုက်ကို မြစ်တားခြင်း ဖြစ်၏ တွေ ဘာညာပေါ့ လေ..
.
စာတွေရဲ့ ပေးနေတဲ့ မတ်စိ သဘောက ပေးချင်နေတာက လောကဓံသဘောတို့  ခန္တီစ သည် မြတ်သောအကျင့်  တို့ ဘာညာပေါ့ လေ...အဲ့ ဒါတွေ လျှောက်ဖတ်မိရင်းက..ထပ်ရလိုက်တဲ့ မတ်စိတွေက တလွဲတွေလား ဘေးထွက် မတ်စိလား သိတော့ ပါဘူး...''''' ဟ..သိကြားမင်းလည်း အဆဲ ခံရတယ် ..ဟ....ဟာားးး...နတ်တွေလည်း ငါတို့ လူတွေနဲ့  သိပ်မကွာဘူး ဆဲတတ်တယ်ဟ ဘယ်လန်းကွေ့ နဲ့  ဆဲလည်း မသိ...''''.....တွေ ဘာတွေ တွေးမိကုန်ပါရောဗျားးး.
.ဟီဟီး....
Labels:
အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..